ကောတက်အိပ် (ခရစ် ၁၄၈၅-၁၅၄၇)။ ကမ္ဘာသစ်ဟုခေါ်ကြသော အမေရိကတိုက်ကို ကိုလံဗပ်တွေ့ပြီးသည့် နောက် မက္ကဆီကိုနိုင်ငံသို့ ပထမဆုံးစွန့်စား သွားရောက်၍တိုက်ခိုက် သိမ်းယူခဲ့သူကား ဟာနန်ဒိုကောတက် ဆိုသူ စပိန်လူမျိုးတစ်ယောက်ဖြစ်သည်။ ကောတက်သည် ၁၄၈၅ ခုနှစ်တွင် စပိန်နိုင်ငံ မက်ဒလင်းမြို့၌ဖွားမြင်သည်။ ငယ်စဉ်က ဆာလာလန်းကားတက္ကသိုလ် တွင် ဥပဒေပညာကိုသင်ကြားခဲ့၏။ သို့သော် တစ်ရပ်တကျေးသို့ စွန့်စားသွားရောက်လိုသောစိတ် ပြင်းပြရကား ဥပဒေ ပညာကို ဆုံးခန်းတိုင်မသင်ဘဲ အိမ်သို့ပြန်သွားခဲ့ပြီးနောက်၊ ၁၅ဝ၄ ခုနှစ်တွင် ဆနဒိုမင်းဂိုးသို့ ခရီးထွက်ခဲ့ သည်။ ဆဒိုမင်းဂိုးတွင် တိုင်းရင်းသားတို့ ပုန်ကန်ထကြွရာ၌ ရွပ်ရွပ်ချွံချွံဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့်၊ ကျူး ဗားကျွန်း စပိန်ဘုရင်ခံက သူ့အားသင်္ဘော ၁၁ စင်းပါဝင်သော သင်္ဘောတပ်တွင် တပ်မှူး အဖြစ် […]
ကော်ရုပ်စကို တီ
ကော်ရုပ်စကို တီ (ခရစ် ၁၇၄၆-၁၈၁၇) ။ ။ကော်ရုပ်စကို တီသည် ပိုးလူမျိုး မျိုးချစ်စစ်ဗိုလ်တစ်ယောက်ဖြစ်၍ ၁၇၄၆ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လစ်သွေးနီးယား ပြည်နယ်၌ဖွားမြင်သည်။ သူ၏ဖခင်မှာ တရားရုံးတော်အရာရှိ တစ်ဦးဖြစ်၏။ လူလားမြောက်သောအခါ ပိုလန်စစ်တပ်တွင် ဝင်ရောက်အမှုထမ်းသည်။ သူသည် အမြောက်တပ်ဗိုလ်ကြီး အဖြစ်အမှုထမ်းလျက်ရှိစဉ် အချစ်ကိစ္စကြောင့် စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ် တစ်ခုနှင့် တွေ့ကြုံရသဖြင့် ၁၇၇၇ခုနှစ်၌ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားလေသည်။ ထိုအချိန်၌အမေရိကန် လွတ်လပ်ရေးစစ်ပွဲ ဖြစ်ပွား လျက်ရှိရာ ကော် ရုပ်စကိုသည် အင်ဂျင်နီယာအဖြစ် ပါဝင်အမှုထမ်းခဲ့၍မကြာမီ ဗိုလ်ချုပ်ဝါရှင်တန်၏ စစ်ရေးလက်ထောက် ဖြစ်လာလေသည်။ ၁၇၈၄ ခုနှစ်တွင် ပိုလန်နိုင်ငံသို့ ပြန်သွား၍ ၅ နှစ်ခန့်ကြာသော် အသစ်ပြန်လည်ဖွဲ့စည်းထားသော […]
ကော်နေးယီး ပီ
ကော်နေးယီး ပီ (ခရစ် ၁၆ဝ၆-၁၆၈၄) ။။ ပီယဲကော်နေးယီးသည် နာမည်ကျော် ပြင်သစ်လူမျိုး ပြဇာတ်ရေးဆရာတစ်ယောက်ဖြစ် သည်။ သူသည် လက်ဦးတွင် ရှေ့နေတစ်ယောက်ဖြစ်ခဲ့ သော်လည်း၊၁၆၂၉ ခုနှစ်၌ ရေးခဲ့သော ဒမေလိ’ ခေါ်ပြဇာတ်ဖြင့် နာမည်ကျော်လာရကား ရှေ့ နေမလိုက် တော့ ဘဲပြဇာတ်ကုိ သာရေးသားလေသည်။ထိုနောက် သူသည် ကာဒင်နယ်ဂိုဏ်းချုပ်ရစ်ရှလျူး၏ နိုင်ငံရေး သဘောတရားများကို ပြဇာတ်ဖြင့် ဝါဒဖြန့်ပေးခဲ့သည်။ သို့ရာတွင် လွတ်လပ်စွာရေးသား တတ်သဖြင့် ၁၆၃၄ ခုနှစ်၌ အလုပ်မှ နုတ်ထွက်လိုက်ပြီး နောက် ၂ နှစ်ခန့်အကြာတွင် အလွန်ထူးခြားကောင်း မွန်သော ဒဆစ်” ခေါ် ပြဇာတ်ကို ရုံတင်သောအ ခါ ပါရစ် တစ်မြို့လုံး၏ အသည်းစွဲဖြစ်လာခဲ့သည်။ […]
ကော့ဗဒင်
ကော့ဗဒင်, အာ (ခရစ် ၁၈ဝ၄-၁၈၆၅) ။ ။အင်္ဂလိပ်လူမျိုး နိုင်ငံပြုသုခမိန်ကြီး ရစ်ချတ်ကော့ဗဒင်သည် အင်္ဂလန် ပြည်ဆပ်ဆက်နယ်မစ်ဒဟတ်မြို့အနီးဒန်းဖို့လယ်တော၌ ဖွားမြင်သည်။ မိဘများသည်သားသမီး ၁၁ ယောက် ရှိ၍ ဆင်းရဲနွမ်းပါးသော လယ်သမားများဖြစ်ကြသည်။ ကော့ဗ ဒင် ငယ်စဉ်ကပင် ဖခင်ကွယ်လွန်သောကြောင့် ဆွေမျိုးများ က ကျွေးမွေးစောင့်ရှောက်ခဲ့ရ၏။ အသက်၉နှစ်အရွယ်တွင် ညံ့ဖျင်းလှသည့် အလွတ်ပညာသင်ကျောင်း၌ ကျောင်းအိပ် ကျောင်းစားနေခဲ့ရ၍ ၁၅နှစ်ရွယ်တွင် ဦးလေးတစ်ယောက်က လန်ဒန်မြို့ကုန်လှောင်ရုံတစ်ခု၌ စာရေးခန့်ထား၏။ ထို ကုန်သိုလှောင်ရုံ၌ အလုပ်လုပ်ပြီးနောက်သူ့ဦးလေးလုပ်ငန်း အတွက် နယ်လှည့်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည်။ အသက် ၂၄ နှစ် အရွယ်တွင် မိတ်ဆွေ ၂ ဦးနှင့်စပ်တူ သရက်ထည်ပိတ် ကုန်သည်ကြီးများအဖြစ် လုပ်ကိုင်ခဲ့၍ ၃ […]
ကလမန်းစိုးဂျီ၊အီ
ကလမန်းစိုးဂျီ၊အီ(ခရစ် ၁၈၄၁-၁၉၂၉) ။ ။ပြင်သစ် နိုင်ငံ ပြု သုခမိန်ကြီး ဂျော့ယူဂျင်းကလမန်းစိုးသည် ၁၈၄၁ ခု စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ဗရစ်တန္နီနယ် လာဗန်းဒေးမြို့တွင် ဖွားမြင်သည်။ မိဖမျိုးရိုးအလိုက် ဆေး ပညာကို သင်ကြားတတ်မြောက်ခဲ့ပြီးလျှင်၊ ပါရစ်မြို့တွင် ဆရာ ဝန်အဖြစ်ဖြင့် အသက်မွေး နေထိုင်ခဲ့သည်။ ကလမန်းစိုး သည် နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့၍၊ သမ္မတနိုင်ငံကို သ ဘောကျနှစ်သက်သူ ဖြစ်၏။ သူသည် မှန်သည်ထင်လျှင် မကြောက်မရွံ့ ထင်ရာကို ပြောရဲ၊ လုပ်ရဲ၊ ရေးရဲသော သတ္တိရှိ သူ ဖြစ်သည်။ ဧကရာဇ် တတိယနပိုလီယန် လက်ထက် တွင် သမ္မတနိုင်ငံ လိုလားသူတဦးအဖြစ် […]
ကရွမ်းဝဲအို
ကရွမ်းဝဲအို(ခရစ် ၁၅၉၉-၁၆၅၈) အော်လီပါကရွမ်းဝဲကို အင်္ဂလန်ပြည်၏ သရဖူမဆောင်းသော ဘုရင်ဟု ခေါ်ကြ၏။ ကရွမ်းဝဲသည်သူ့ကို အင်္ဂလန်ပြည်၏ ဘုရင်အဖြစ် အုပ်စိုးရန် တင်မြှောက်ခဲ့ ကြသော်လည်း လက်မခံခဲ့ ပေ။ အင်္ဂလန်၊ စကော့တလန်နှင့် အိုင်ယာလန်တို့ ပါဝင်သည့် ဓနသဟာယနိုင်ငံကို ကာကွယ်ထိန်းသိမ်းသူ လော့ပရိုတက် တာ’ဟူသော ဘွဲ့ကိုသာ ခံယူခဲ့လေသည်။ ကရွမ်းဝဲ၏ မိဖဘိုးဘေးတို့မှာ အင်္ဂလိပ် ဘုရင်များ မြှောက် စားခြီးမြှင့်ခြင်းခံရသော မြေပိုင်ရှင်များ ဖြစ်ကြသည်။ ကရွမ်းဝဲသည် ဟန် တင်ဒန်တွင် မွေးဖွား၍ တောနယ်တွင် အနေများသည့် အကြောင်းမှတစ်ပါး၊ သူ၏ ငယ်စဉ်ကအဖြစ် အပျက်များကို သေချာစွာ မသိကြရချေ။ ရပ်ရွာသဒ္ဒါကျောင်း တွင် ပညာသင်ကားခဲ့၍ ကိမ်းဗရစ်တက္ကသိုလ်တွင် ၂ […]
ကဲလားအိပ်
ကဲလားအိပ် (ခရစ် ၁၈၈ဝ ဖွား)။ ငယ်စဉ်မှစ၍ စက္ခုနှစ်ကွင်းအလင်းမရသည့်ပြင် နားလည်းပင်း စကား လည်း မပြောတတ်အောင် အနေသူတစ်ဦးသည် အသက်အရွယ်မလွန်မီ အတွင်း ဝိဇ္ဇာဘွဲ့ရအောင် ယူနိုင်သည်ဆိုလျှင် လူတိုင်း အံ့သြကြပေလိမ့် မည်။ ထိုသို့လူတိုင်း အံ့သြလောက်အောင်ဝိဇ္ဇာဘွဲ့ထူးကိုသာမက အယ်၊ အယ်၊ဒီဘွဲ့ကိုပင် ဆွတ်ခူးနိုင်စွမ်းခဲ့သူကား ဟယ်လင်ကဲလား ဆိုသူ အမေရိကန်အမျိုးသမီးပင် ဖြစ်လေသည်။ဟယ်လင် ကဲလားသည် ၁၈၈ဝ ပြည့်နှစ် ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု အယ်လဗါးမား ပြည်နယ် တပ်စကမ်းဗီးယားမြို့၌ မွေးဖွားခဲ့ လေသည်။ ၁ နှစ်နှင့် ၇ လ သမီး အရွယ်ရောက်သောအခါ စကားလက်ဖျားရောဂါ ပြင်းထန်စွာစွဲကပ်၍ မိဘများက သမီးချစ်၏ […]
ကဲဗော့ဂျေ
ကဲဗော့ဂျေ (ခရစ် ၁၄၅ဝ-၁၄၉၈) ။ ။ဂျွန်ကဲဗော့သည် ဂျီနိုးဝါးမြို့သား အီတာလျံလူမျိုးဖြစ်၍ သူ၏အမည်ရင်းမှာ ဂျိုဗန္နီးကာဗိုးတိုးဖြစ်သည်။ အင်္ဂလန်သို့ ရောက်မှ ဂျွန်ကဲ ဗော့ဟု အမည်တွင်သည်။ ကဲဗော့သည် ၁၄၅ဝ ပြည့်နှစ် လောက်တွင် မွေးဖွားခဲ့သည်။ ၁၁ နှစ်သားအရွယ်တွင် ဗင်းနစ်မြို့သို့ သွားရောက် နေထိုင်ခဲ့ပြီးနောက် သင်္ဘောသား အဖြစ် အသက်မွေးခဲ့သည်။ တစ်ခါသော် ကဲဗော့လိုက်ပါသွား သောသင်္ဘောသည် အရောင်းအဝယ်အတွက် မက္ကာမြို့ သို့ရောက်ခဲ့၏။ ထိုစဉ်က မက္ကာမြို့မှာ အရှေ့တိုင်း မှလာသော ကုန်များနှင့် အနောက်တိုင်းမှကုန်များကို ဖလှယ်ရာ ဈေးမြို့ကြီးဖြစ်၍၊ အရှေ့တိုင်းမှကုန်များကို ကုန်းလမ်းရီးဖြင့် အဆင့်ဆင့် သယ်ယူကြရသည်။ ထိုကြောင့် ယင်းတို့ကိုရေ လမ်းမှ သယ်ယူနိုင်လျှင် ခရီးလည်းတို၊ […]
ကယ်လဗင် ဒ ဗျူ၊ တီ
ကယ်လဗင် ဒ ဗျူ၊ တီ (ခရစ် ၁၈၂၄-၁၉ဝ၇) ။ ယခုအခါ အမေရိကတိုက်နှင့် ဥရောပတိုက်အကြားရှိ ရေအောက် ကြေးနန်းဖြင့်အကြောင်းကြားဆက်သွယ်ဘူးသူတိုင်းသည် ရူပဗေဒ ပါရဂူကြီး လော့ကယ်လဗင်အား သတိရ ကျေးဇူးတင်သင့် ကြပေသည်။လော့ကယ်လဗင်ကား မီရာဂါလာဗာနိုမီတာခေါ် မှန်တပ်လျှပ် စစ်ဓါတ်စီးကြောင်းတိုင်း ကရိယာကို ထွင်ခဲ့သူဖြစ်သည်။ သူ၏ကရိယာသည် အလွန်သေးငယ်လှသည့် လျှပ်စစ်ဓါတ် စီးကြောင်းကိုပင် ပြစွမ်းနိုင်ပေသည်။ ပထမဆုံး ဥရောပတိုက် နှင့် အမေရိကတိုက်အကြား အတ္တလန္တိတ်သမုဒ္ဒရာရေပြင် အောက်၌ ကြေးနန်းကြိုးချ၍ ကြေးနန်း ရိုက်ကြားလိုက်ရာ တွင်၊ လျှပ်စစ်ဓာတ်စီးကြောင်းမှာ လွန်စွာသေးငယ် လှသဖြင့် အခြားလျှပ်စစ်ဓါတ်စီးကြောင်းတိုင်း ကရိယာတို့သည် လျှပ်စစ် စီးသည်ကို မပြနိုင်ကြပေ။ သို့ရာတွင် လော့ကယ်လဗင်၏ မီရာဂါလဗာနိုမီတာဖြင့် ထိုသေးငယ်လှသည့် […]
ကယ်လဗင်ဂျေ
ကယ်လဗင်ဂျေ (ခရစ် ၁၅ဝ၉-၁၅၆၄) ။ ဥရောပတိုက် သမိုင်းတွင် ထင်ရှားသော ခရစ်ယန်အယူဝါဒ အရေးတော်ပုံ ခေတ်က ကျော်ကြားသူ ပုဂ္ဂိုလ်ထူးများတွင် ဂျွန်ကယ်လဗင် လည်း အပါအဝင်ဖြစ်သည်။ ဂျွန်ကယ်လဗင်သည် ၁၅ဝ၉ ခု ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပစ်ကာဒီနယ် နွာယွန်မြို့၌ ဖွားမြင်သည်။ ပထမ တွင်သူ၏ဖခင်က သူအား ခရစ်ယန် ဘုန်းကြီး ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပါရစ်မြို့တွင် ပညာသင်ကြားပေး ခဲ့ပြီးလျှင်၊ ကြိုးပမ်းခဲ့ရာ အ ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်အောင် သက် ၁၂နှစ်အရွယ် ၁၅၂၁ခုနှစ်တွင် ကယ်လဗင်သည် နွာ ယွန်မြို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးထံ၌ သင်းအုပ် အဖြစ်ခန့် ထားခြင်းခံရ၏။ ထိုနောက် […]