မြို များ

ကဲလေးမြို့

Posted on:

ကဲလေးမြို့ ။ ။ကဲလေးမြို့သည် ဒိုဗာရေလက်ကြားပေါ်၌ ရှိသော ပြင်သစ်ဆိပ်ကမ်းမြို့ဖြစ်၍၊ အင်္ဂလန် ပြည်ဒိုဗာကမ်း ခြေနှင့် ၂၂ မိုင်မျှသာကွာဝေးသည်။ တူးမြောင်းများ ဆုံရာတွင် တည်ရှိသည့်ပြင် ၁၈၅ မိုင်မျှကွာဝေးသော ပါရစ်မြို့တော် သို့လည်း မီးရထားလမ်းဖြင့် ဆက်သွယ်လျက်ရှိသည်။ နှစ် တစ်ရာစစ်ပွဲအတွင်း၌ ကဲလေးမြို့သည် အင်္ဂလိပ်တို့၏ အခြေ ခံစခန်း တစ်ခုဖြစ်ခဲ့၏။ ၁၃၄၇ ခုနှစ်မှ ၁၅၅၈ ခုနှစ်အထိအင်္ဂ လိပ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့လေသည်။ဆိပ်ကမ်းကောင်းရှိသည့်အလျောက် ယခုခေတ်တွင် စည် ကားတိုးတက်လျက်ရှိသည်။ ဒိုဗာမြို့သို့ မီးသင်္ဘော၊ရေ အောက်ကြေးနန်းတို့ဖြင့် ဆက်သွယ်ထားရာ ဥရောပတိုက်နှင့် အင်္ဂလန်ပြည် ဆက်သွယ်ရာခရီးလမ်းတွင် အရေးပါသော ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်နေလေသည်။ စက်ထိုးဇာလုပ်ငန်း၊ဖန် ထည်လုပ်ငန်း၊ အထည်ရက်လုပ်ငန်း၊ ငါးဖမ်းခြင်းလုပ်ငန်း […]

မြို များ

ကယ်လဂါရီမြို့

Posted on:

ကယ်လဂါရီမြို့ ။ ။ကနေဒါနိုင်ငံ အနောက်ပိုင်း၊ အယ်လ ဗားတားပြည်နယ်ရှိ ကယ်လဂါရီမြို့သည် ဗိုးမြစ်နှင့် အဲလဗိုး မြစ်တို့ ပေါင်းဆုံရာအရပ်တွင်တည်ရှိသည်။ ၁၈၈၃ ခုနှစ် တွင် ကနေဒီယန် ပစိဖိတ် မီးရထားလမ်း စတင်ဖေါက်လုပ် သည့်အခါကစ၍ တည်ခဲ့သောမြို့ကလေးဖြစ်သည်။ ရော့ကီးတောင်တန်းကိုဖြတ်ကျော်နိုင်သည့် တောင်ကြား လမ်းနှစ်ခု၏ အဝင်ဝတွင်တည်ရှိသဖြင့် အရေးပါသောမီး ရထားလမ်းဆုံမြို့ဖြစ်ရာ၊ ၁၈၉၄ ခုနှစ်တွင် မြို့ကြီးတစ်မြို့အဖြစ် သို့ ရောက်ရှိလာလေသည်။ အယ်လဗားတား ပြည်နယ်တွင် အက်ဒမန်တန်မြို့ကလွဲလျှင် အကြီးဆုံးမြို့ဖြစ်၏။ ကယ်လဂါရီမြို့သည် ဝင်နီပက်မြို့ အနောက်ဘက် ပရေရီ လွင်ပြင်ဒေသတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးဖက်၌ တွင်ကျယ်သော မြို့ကြီးဖြစ်သည်။ ထိုပြင် စတုရန်းမိုင် ပေါင်း ၁၅ဝဝဝဝ မျှ ကျယ်ဝန်းသော ဂျုံစပါးစိုက်ပျိုး၍ […]

မြို များ

ကရားကော့မြို့

Posted on:

ကရားကော့မြို့ ။ ။ကရားကော့မြို့သည် ပိုလန်နိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်၍ ဗစ္စတျူလမြစ်၏ လက်ဝဲဘက်ကမ်း ပေါ်တွင်တည်ရှိသည်။ ရေကြောင်း အသွားအလာဖြစ် သော မြစ်ရိုးဒေသ၏ ထိပ်တွင် တည်ရှိသဖြင့်၊ စီးပွားရေးဖက် နှင့် နိုင်ငံရေးဖက်တို့တွင် အရေးပါလေသည်။ မီးရထား လမ်း ဆုံမြို့ ဖြစ်သဖြင့်လည်း ကူးသန်းရောင်းဝယ်ရာ ဗဟိုဌာ နကြီးဖြစ်နေသည်။ ကရားကော့ မြို့နယ်၌ရှိသော ဗျေလိက ဆားတွင်း များမှာ ထင်ရှားကြ၏။ ကရားကော့မြို့ အနီးတစ် ဝိုက်တွင် သွပ်၊ ခဲ၊ ကျောက်မီးသွေးများ တွေ့ရှိလျက်၊ ဓါတ်ပစ္စည်းများ၊ လယ်ယာဆိုင်ရာကရိယာများ၊ စက် ကရိ ယာများနှင့် အထည်အလိပ်များကို ပြုလုပ်ရောင်းချ ကြသည်။ ဗစ္စတျူလမြစ်၏ အထက်ဖက်တွင် ရှိသော […]

မြို များ

ကရာချိမြို့

Posted on:

ကရာချိမြို့ ။ ။ကရာချိမြို့သည် အိန္ဒိယ ကျွန်းဆွယ် အနောက်ဘက်ပိုင်း သိန္ဓုနယ်ရှိသင်္ဘောဆိပ်မြို့ ဖြစ်၍၊ ပါကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီးလျှင် အိန္ဒုမြစ်ဝကျွန်းပေါ် ဒေသ၏ မြောက်ဘက်တွင် တည်ရှိ၏။ ထို့ကြောင့် အိန္ဒုမြစ်ထွက်သော ဝါဂွမ်း၊ ဆား၊ သားရေစိမ်း၊ သိုးမွေး အကြမ်းနှင့် ဂျုံစပါးတို့ကို ကရာချိမြို့မှတဆင့် အခြားမြို့နယ် နိုင်ငံများသို့ တင်ပို့လေသည်။ ထိုသို့ ကရာချိမြို့သည် အတွင်း ဖက်ရှိ နယ်များအတွက် ထွက်ပေါက်ဖြစ်သဖြင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရေး၌ ထင်ရှားသောမြို့ဖြစ်သည်။ ပါက စ္စတန် နိုင်ငံအတွက် ဥရောပတိုက်နှင့် အနီးဆုံး သင်္ဘောဆိပ် နှင့် လေဆိပ်စခန်းလည်းဖြစ်၍ အခြားမြို့ကြီးများနှင့် မီးရ ထားဖြင့် ဆက်သွယ်လျက်ရှိသည်။ ထိုမြို့မှ ဟိုက်ဒရဗတ် […]

မြို များ

ကဗင်ထရီမြို့

Posted on:

ကဗင်ထရီမြို့ ။ ။ကဗင်ထရီမြို့သည်အင်္ဂလန်ပြည် ဝါဝစ်ရှိုင်ယာနယ်တွင် ထင်ရှားသောမြို့တစ်မြို့ဖြစ်၏။ ဗာမင်ဂမ်မြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်အကွာ ရှာဗွန်းမြစ် ပေါ်တွင် တည်ရှိသည်။ ယခင်က သိုးမွေးထည်များ ရက်လုပ် ခြင်းကြောင့် ထင်ရှားခဲ့သော်လည်း၊ ယခုအခါတွင် ခေတ် သစ်စက်မှုလုပ်ငန်းနှင့် လျှပ်စစ်အလုပ်ရုံကြီးများဖွံ့ဖြိုး နေလေသည်။ ထင်ရှားသော ထွက်ကုန်များမှာ မော်တော် ကား၊ လေယာဉ်ပျံ၊ စက်ဘီး၊ အပ်ချုပ်စက်၊ လျှပ်စစ်ဓါတ်မီး ကရိယာ၊ ရေတပ်အသုံးအဆောင်၊ နာရီ၊ ပိုးတုနှင့် ကော်ဇော စသော ကုန်ပစ္စည်းများ ဖြစ်၏။ ကဗင်ထရီမြို့သည်ရှေးမြို့တစ်မြို့ဖြစ်၍ ယခင်က မြို့ရိုး များပင် ရှိခဲ့လေသည်။ သမိုင်းပုံပြင်များနှင့် ဆက်စပ် လျက်ရှိသည့်ပြင်၊ ရှေးကျသောအဆောက်အအုံများလည်း ပေါများသည်။ ၁၁ ရာစုနှစ်အတွင်း၌ […]