လူမျိုးများ

ကမ်းယံလူမျိုး

Posted on:

ကမ်းယံလူမျိုး။                          ။အာရှတိုက် အလယ်ပိုင်းတွင် နေထိုင်ကြသောမွန်ဂိုလူမျိုးတို့သည် မိမိတို့ဒေသ၌ အစာရေစာရှားပါးသဖြင့် ရှေးနှစ်ပေါင်းများစွာကပင် တောင်ဖက်သို့တသုတ်ပြီး တသုတ် ပြောင်းရွှေ့လာကြရာ မြန်မာနိုင်ငံသို့ရှေးဦးစွာ ဝင်လာသူများမှာ မွန်ခမာလူမျိုးများ ဖြစ်၍ဒုတိယအသုတ်မှာ တိဗက်မြန်မာလူမျိုးများ ဖြစ်ကြသည်။ သူတို့သည် အရှေ့ဖက်လမ်း၊ အနောက်ဖက်လမ်း ဟူ၍ ရာလမ်းနှစ်သွယ်ဖြင့် ဝင်ရောက်လာကြသည်။ အရှေ့ဖက်လမ်းဖြင့် ဝင်ရောက်လာသူသည် မဲခေါင်မြစ်ကြောင်း၊ သံလွင်မြစ်ကြောင်းတို့ဖြင့် ဝင်ရောက် လာကြသည်။ အနောက်ဖက် အလမ်းဖြင့် ဝင်ရောက် လာသူတို့အနက် အချို့မှာဒီဟောင်း ခေါ် ဗြဟ္မပုတ္တရမြစ်ဝှမ်းအတိုင်း ဆင်းလာကြပြီးလျှင်အာသံနယ်၌ မြို့ပြတည်ထောင်နေထိုင်ကြသည်။ အချို့မှာ […]

လူမျိုး , သမိုင်း

ကမ်းပါးဂူအောင်းရှေးလူ

Posted on:

ကမ်းပါးဂူအောင်းရှေးလူ ။            ။ပပျောက်တိမ်ကောသွားပြီဟု ယူဆကြရသောရှေးဟောင်းလူမျိုးတစ်မျိုးမှာ ယခုခေတ်တွင်မြောက်အမေရိကတိုက်၌ နေထိုင်ကြသော ပွက်ဗလိုအင်းဒီးယန်းတိုင်းရင်းသားတို့၏ဘိုးဘေးဘီဘင်များဖြစ်သည်ဟု ယုံကြည်ပေသည်။ ထိုသူတို့သည်မြင့်မားမတ်စောက်သော ကျောက်ကမ်းပါးကြီးများတွင် အဆောက်အအုံများ တည်ဆောက် နေထိုင်ခဲ့ရာ ထိုအဆောက်အအုံများ၏ အကြွင်းအကျန်အစအနတို့ကိုယခုအခါမြောက်အမေရိကတိုက် ကောလိုရားဒိုးပြည်နယ်၊ မက္ကဆီကိုပြည်နယ်၊ အယ်ရီဇိုးနား ပြည်နယ်နှင့် ယူတားပြည်နယ်များတွင် တွေ့မြင်နိုင်သေးသည်။ ယင်းသို့အတက်အဆင်းလွန်စွာခက်ခဲသော တောင်စောင်း ကျောက်ကမ်းပါးများကို ရွေးချယ်၍ နေအိမ်များဆောက်လုပ်နေထိုင်ကြခြင်း အကြောင်းမှာ မိမိတို့ထက် ရိုင်းစိုင်း၍ရက်စက်ကြမ်းကြုတ်သော လူများ၏ ဝင်ရောက်တိုက်ခိုက်ခြင်းကိုကာကွယ်နိုင်ရန် ဖြစ်၏။ ထိုသူများသည် မိမိတို့ ထက် ရှေးကျသော လူများကဲ့သို့ရန်သူကို ခုခံနိုင်သော အရည်အခြင်း စွမ်းရည်သတ္တိနှင့် မပြည့်စုံကြခြင်းကြောင့် ဖြစ်ပေသည်။ သို့ရာတွင် ယဥကျေးမှုအရာ၌ ခေတ်ပြိုင် […]

အဖွ​ဲ့ ဌာန
Posted on:

ကမ်းခြေ စောင့်ရှောက်ရေး ။                        ။ပင်လယ်ကမ်းခြေ နေထိုင်သူတို့သည် ကမ်းခြေကို ရေတိုက်စားမည့်ဘေးမှတတ်စွမ်းသမျှကာကွယ်ကြရလေသည်။လယ်လှိုင်းများ၏ဒဏ်ကိုခံနိုင်စေရန်ထို့ကြောင့် ပင်ခိုင်မာ၍ ရေတွင်တာရှည်ခံမည့် သစ်သား တိုင်များ ရွေးချယ်လျက် ကမ်းခြေနှင့် ခပ်လှမ်းလှမ်းနေရာ၌ စိုက်ထူထားကြရလေသည်။ထိုကဲ့သို့ ပင်လယ်မှ ရိုက်ခတ်သည့် လှိုင်းတံပိုးများ၏အရှိန်ကို ကြိုတင်ကာကွယ်ထားခြင်းဖြင့် ကမ်းခြေမှရေ တိုက်စားသည့်ဘေးမှ သက်သာရာရလေသည်။ သဲသောင်ပြင်ရှိလျှင်လည်း ညီညာပျံ့ပျူးလျက်ရှိနေပေမည်။သင်္ဘောဆိပ်ဆိုလျှင် သောင်ထွန်းမည့်ဘေးမှ ကာကွယ်နိုင်ပေမည်။ ပင်လယ်ကမ်းစပ်အရပ်များ တွင်လှိုင်းများတိုက်စားခြင်းကြောင့်မြေများ ဆုံးရှုံးရလေသည်၊ကာများနှင့်ယခုအခါတွင် လှိုင်းသစ်သား၊ အုတ်၊ ကျောက်တုံး၊ ကျောက်ခဲတို့ဖြင့် ပင်လယ်ရေကာတံတိုင်းများကို ခိုင်ခံ့စွာ ဆောက်လုပ်ခြင်းအားဖြင့်၊ ကမ်းခြေကို ရေတိုက်စားသည့် ဘေးမှစောင့်ရှောက် […]

အဖွ​ဲ့ ဌာန

ကမ်းခြေကာကွယ်ရေးတပ်

Posted on:

ကမ်းခြေကာကွယ်ရေးတပ်။                    ။ကမ်းခြေ ကာကွယ်ရေးတပ်မှာ ဖွဲ့စည်းပုံအားဖြင့် ရေတပ်ကဲ့သို့ဖြစ်၍ အချို့တိုင်းပြည်များ၌ ဥပဒေနှင့် မညီသော လူဝင်လူထွက်ကိစ္စ၊ကူးသန်းရောင်းဝယ်မှုများ စသည်တို့ကိုဖမ်းဆီးရန်ဒုက္ခတွေ့ကြုံရတတ်သောလှေ၊ သင်္ဘောများကို ကယ်ဆယ်ရန် နှင့် ပင်လယ်၌ တွေ့ကြုံရတတ်သော လေမုန်တိုင်း အချက်ပြသတိပေးရန်စသော အလုပ်တာဝန်များကို ဆောင်ရွက်ရလေသည်။ ဥ ရောပတိုက်၌ နပိုလီယန်နှင့် ဖြစ်ရသော စစ်ပွဲများအပြီးတွင် မတရားကုန်သွယ်မှုများ ပေါများလှသဖြင့် ဗြိတိသျှကမ်းခြေတွင် တားမြစ်ပိတ်ပင်ရေးဌာနများ ဖွင့်လှစ်၍စောင့်ကြပ် ခဲ့ရလေသည်။ ၁၈၃၁ ခုနှစ်တွင် ထိုတားမြစ်ပိတ်ပင်ရေး ဌာနကို အုပ်ချုပ်ရန် ရေတပ်မတော် အုပ်ချုပ်ရေး အဖွဲ့ချုပ် လက်အောက်သို့ ပြောင်းရွှေ့၍ ကမ်းခြေကာကွယ်ရေးတပ်ဟူသော […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ) , သမိုင်း

ကံရာဇာငယ်

Posted on:

ကံရာဇာငယ် ။               ။ကံရာဇာငယ်သည် မဇ္ဈိမဒေသ ကပိလဝတ်ပြည်မှ ပထမဦးစွာ မြန်မာနိုင်ငံတွင်းသို့ရွှေ့ပြောင်းလာသော သကျသာကီဝင်မင်း အဘိရာဇာ၏သားငယ်ဖြစ်သည်။ အဘိရာဇာမှာ သင်္ကဿရဋ္ဌတကောင်းပြည်ကြီးကိုစတင်တည်ထောင်သော မင်းဖြစ်သည်။ သားတော် ကံရာဇာငယ်သည် ခမည်းတော် အဘိရာဇာနတ်ရွာစံသောအခါ နောင်တော် ကံရာဇာကြီးနှင့် ထီးမွေနန်းမွေ လုကြရာ ရန်စစ်မထိုးဘဲ ကုသိုလ်စစ် ထိုးကြရာတွင်အရေးသာရသဖြင့် တကောင်းပြည်ကို ဆက်ခံစိုးအုပ်ရသည်။ ထိုမင်း၏ သားတော်မှာ ဇမ္ဗူ ပရာဇာဖြစ်သည်။ ကံရာငယ်၏ သား၊ မြေး၊ အစဉ်အဆက်တို့သည် ၃၃ ဆက်တိုင်တကောင်းပြည်၌ပင် ဆက်လက် အုပ်စိုးကြ၍ နောက်ဆုံးဘိန္နကရာဇမင်း လက်ထက် စိန့်ပြည်မှ တရုပ်တရက်တို့နှောင့်ယှက်သဖြင့် ကံရာဇာငယ်စိုးစံခဲ့သော တကောင်းပြည် ကြီး […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ) , သမိုင်း

ကံရာဇာကြီး

Posted on:

ကံရာဇာကြီး။                   ။ကံရာဇာကြီးသည် မဇ္ဈိမဒေသကပိလဝတ်ပြည်၌ ပထမဦးစွာ မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသောသကျသာကီဝင်မင်း အဘိရာဇာ၏သားကြီး ဖြစ်သည်။အဘိရာဇာသည် ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ၊မြန်မာနိုင်ငံမြောက်ပိုင်း ရှေးအကျဆုံးမြို့တော်ဖြစ်သည့် သင်္ကဿဋ္ဌ တကောင်းပြည်ကို စတင်တည်ထောင်သည်။သားတော် ကံရာဇာကြီးသည် ခမည်းတော် အဘိရာဇာနတ်ရွာစံသောအခါ ညီတော်ကံရာဇာငယ်နှင့် ထီးမွေနန်းမွေလုကြရာ ရန်စစ်မထိုးဘဲကုသိုလ်စစ်ထိုးကြရာတွင် အရေးနိမ့်သဖြင့် ဗိုလ်ပါတို့ကို စုရုံးခေါ်ဆောင်ကာ သလ္လာဝတီ မြစ်ကိုဆန်တက်၍ ကလေးတောင်ညိုအရပ်တွင် ရာဇဂြိုဟ် မြို့တော်ကိုတည်ထောင်သည်။ ထိုမြို့တွင်၆ လကြာမျှ ဗိုလ်ပါစုဆောင်းနေသည်။ ထိုမှတဖန် ကစ္ဆပနဒီမြစ် အရှေ့ဖက်သို့ ရွှေ့ပြောင်းပြန်ကာ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်ပြန်သည်။ ထိုမြို့တွင် ၇၄ နှစ်တိုင်စံနေသည်။ထိုမှတဖန် ရှေးမာလာယုမင်းတို့တည်ထောင်ခဲ့သော ဓညဝတီမြို့ဟောင်းကို […]

ပြည်နယ်

ကမ္မရွန်းနယ်

Posted on:

ကမ္မရွန်းနယ်။                ။ကမ္မရွန်းနယ်သည် အာဖရိကတိုက်အနောက်ဖက် ကမ်းခြေတွင် ဂင်းနီပင်လယ်ကွေ့မျက်နှာမူလျက်ရှိသည်။ ပင်လယ်ကမ်းစပ်ရေတိမ်တလျှောက်တွင်ပုဇွန်ကျော့များ အလွန်ပေါများရာ ၁၅ ရာစုနှစ်တွင် ထိုနယ်ဒေသို့ ရှာဖွေတွေ့ရှိ ကြသော ပေါ်တူဂီလူမျိုးများသည်ယင်းတို့၏ ဘာသာအားဖြင့် ကမ္မရိုးဟုခေါ်ဝေါ်ခဲ့ကြ၏။ဆိုလိုသည်မှာ ပုဇွန်ကျော့ ပေါများရာဒေသဟူ၍ ဖြစ်၏။၁၆ ရာစုနှစ်မှ ၁၉ ရာစုနှစ်တိုင်အောင် ဂင်းနီပင်လယ်ကွေ့၏ဝန်းကျင်ဒေသတို့သည် ငွေဝယ်ကျွန် ကုန်ကူးသူတို့၏ ကျက်စားရာအရပ် ဖြစ်ခဲ့လေသည်။ ထိုဒေသတစ်ဝိုက်မှ တိုင်းရင်းသားလူမဲများကို နိုင်ထက်စီးနင်း ဖမ်းဆီး၍ သင်္ဘောကြီးငယ်တို့ဖြင့် အမေရိကတိုက်နှင့်အနောက်အိန္ဒိယကျွန်းစုတို့သို့ တင်ဆောင်ပြီးနောက် စိုက်ခင်း ခြံပိုင်ရှင်ကြီးများထံ ရောင်းစားခြင်းဖြင့် ကျွန်ကုန်သည်တို့သည် စီးပွားလမ်းဖြောင့်ခဲ့ကြလေသည်။ ထိုအခြင်းအရာတို့ကြောင့် ရှေးအခါကမ္မရွန်းနယ် အပါအဝင်ဖြစ်သော အနောက်အာဖရိကသည် အာဖရိကတိုက်မှောင်တွင် […]

ဘုရား

ကမ္ဘာအေးစေတီ

Posted on:

ကမ္ဘာအေးစေတီ ။                         ။ကမ္ဘာအေးစေတီမှာ ရန်ကုန်မြို့ရေကူးရပ် သီရိမင်္ဂလာကုန်းတွင် တည်ရှိသော စေတီတော်ဖြစ်သည်။ ဘွဲ့တော်အားဖြင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီဟုတွင်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းအဓိဌာန်ဖြင့် ဝန်ကြီးချုပ် ဦးနုခေါင်းဆောင်သော သာသနာရေးခေါင်းဆောင်ပုဂ္ဂိုလ်ကြီး များ စုပေါင်း မတည်ကာရပ်ရပ် ကုသိုလ်ရှင်များ၏အလှူငွေများဖြင့် တည်ထားသောစေတီတစ်ဆူဖြစ်သည်။ စေတီတော်ကြီးမှာ မြန်မာနိုင်ငံတွင် တည်ထားပြီးသောစေတီတော်များနှင့် လုံးမဝတူဘဲ ခေတ်မှီ ပိသုကာပညာအရသံထုတ်တန်း ကြီးများဖြင့် အတွင်း၌ လိုဏ်ဂူသဖွယ် ဌပနာတိုက်ကို အုံထပ်၍ တည်ထားသည်။ စေတီတော်၏ လိုဏ်တွင်း၌ အလယ်ဌပနာတိုက်ကိုပတ်၍ ဘဒ္ဒကမ္ဘာတွင်ပွင့် တော်မူပြီးနှင့် ပွင့်တော်မူဆဲ ဘုရားငါးဆူတို့ကို […]

ကမ္ဘာဦးတိရစ္ဆာန်များ

ကမ္ဘာဦးတိရစ္ဆာန်များ

Posted on:

ကမ္ဘာဦးတိရစ္ဆာန်များ။       ။ ကျွန်ုပ်တို့မှီတင်းနေထိုင်သော ကမ္ဘာကြီး၏သက်တမ်းသည်မည်ရွှေ့မည်မျှ ရှိခဲ့ပြီဟုမည်သူမျှ မခန့်နိုင်သေးချေ။ သို့ရာတွင် ကမ္ဘာတည်လာသည်မှာ နှစ်ပေါင်းသိန်း၊ သန်းမက ကြာရှည်လာပြီ ဖြစ်ကြောင်းကားထင်ရှားပေသည်။ ယနေ့အခြေအနေမျိုးသို့ရောက်ရှိအောင် နှစ်ပေါင်းမည်မျှ၊ ခေတ်ပေါင်းမည်မျှသဘာဝတရားက ဖန်တီး ပြုပြင်ပေးခဲ့ရသည်ကို မှန်းဆ၍သာကျေနပ်ရလေသည်။ ယခုခေတ်တွင် တိုးတက်နေသောခေတ်ဖြစ်၍ လူများသည်လည်း အစစအရာရာတွင် တိုးတက်နေကြသည့်အလျောက် ရှေးကမသိဘူးသောအရာများကို သိရှိနိုင်ကြ၏။ အတတ်ပညာအမျိုးမျိုး ထွန်းကားနေသဖြင့်လည်းအစစအရာရာ၌ လက်တွေ့စုံစမ်း ရှာဖွေကြ၏။ သို့ဖြစ်လေရာ မိမိတို့နေထိုင်ကြသော ကမ္ဘာကြီး၏ နောက်ကြောင်းကိုလည်း ပြန်လည်သုံးသပ်ကြ၏။ ကမ္ဘာဦးအခါက လူများမည်ကဲ့သို့နေထိုင်ကြသည်၊ ကမ္ဘာပေါ်တွင် မည်ကဲ့သို့သော အခြေအနေမျိုးဖြစ်ပေါ်သည်၊ မည်သို့မည်ပုံ တိုးတက်ပြောင်းလဲလာသည် စသောပြဿနာရပ်များကိုအဖြေရှာကြ၏။ အထူးသဖြင့် နိုင်ငံသမိုင်းဆရာတို့သည်အကြောင်းအကျိုးအမျိုးမျိုးကို တွေးတောဆင်ခြင်၍လည်းကောင်း၊ မြေကြီးများကိုတူးဖေါ်၍လည်းကောင်း၊ ရှေးဟောင်းပစ္စည်းများကိုဆက်စပ်၍လည်းကောင်း၊ […]

စစ်ပွဲများ , ဒုတိယကမ္ဘာစစ်၊

ကမ္ဘာစစ်၊ ဒုတိယ (ခရစ် ၁၉၃၉-၁၉၄၅)

Posted on:

ကမ္ဘာစစ်၊ ဒုတိယ (ခရစ် ၁၉၃၉-၁၉၄၅) ။                                  ။ဒုတိယကမ္ဘာစစ်သည် တစ်ကမ္ဘာလုံးရှိ နေရာအနှံ့အပြားသို့ဂယက်ရိုက် ပြန့်နှံ့သွားသော တကယ့်ကမ္ဘာစစ်ဖြစ်သည်ဟုဆိုရပေမည်။ ၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်တိုင်အောင်ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်ကြီးမှာ နိုင်ငံအများအပြား ပါဝင် သည့် စစ်ပွဲကြီးပင်ဖြစ်သော်လည်း ကမ္ဘာစစ်ဟူ၍စင်စစ်ခေါ်နိုင်လောက်အောင် ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံတိုင်း၊ လူမျိုးတိုင်းကို ထိခိုက်ခြင်းမရှိခဲ့ချေ။ ၁၉၃၉ ခုနှစ်တွင် ဖြစ်ပွားသောစစ်ကြီးမှာမူ ကမ္ဘာစစ်ဟုအမည်ပေးလောက်အောင် နိုင်ငံတကာသို့ ကူးစက်ပြန့်နှံ့ခဲ့လေသည်။ ထိုစစ်ဘေးမှ ကင်းလွတ်ခဲ့သော နိုင်ငံကားမရှိသလောက်ပင် ရှားလှသည်။ သို့ရာတွင် […]