ကဲဗော့ဂျေ (ခရစ် ၁၄၅ဝ-၁၄၉၈) ။ ။ဂျွန်ကဲဗော့သည် ဂျီနိုးဝါးမြို့သား အီတာလျံလူမျိုးဖြစ်၍ သူ၏အမည်ရင်းမှာ ဂျိုဗန္နီးကာဗိုးတိုးဖြစ်သည်။ အင်္ဂလန်သို့ ရောက်မှ ဂျွန်ကဲ ဗော့ဟု အမည်တွင်သည်။ ကဲဗော့သည် ၁၄၅ဝ ပြည့်နှစ် လောက်တွင် မွေးဖွားခဲ့သည်။ ၁၁ နှစ်သားအရွယ်တွင် ဗင်းနစ်မြို့သို့ သွားရောက် နေထိုင်ခဲ့ပြီးနောက် သင်္ဘောသား အဖြစ် အသက်မွေးခဲ့သည်။ တစ်ခါသော် ကဲဗော့လိုက်ပါသွား သောသင်္ဘောသည် အရောင်းအဝယ်အတွက် မက္ကာမြို့ သို့ရောက်ခဲ့၏။ ထိုစဉ်က မက္ကာမြို့မှာ အရှေ့တိုင်း မှလာသော ကုန်များနှင့် အနောက်တိုင်းမှကုန်များကို ဖလှယ်ရာ ဈေးမြို့ကြီးဖြစ်၍၊ အရှေ့တိုင်းမှကုန်များကို ကုန်းလမ်းရီးဖြင့် အဆင့်ဆင့် သယ်ယူကြရသည်။ ထိုကြောင့် ယင်းတို့ကိုရေ လမ်းမှ သယ်ယူနိုင်လျှင် ခရီးလည်းတို၊ […]
ကယ်လဗင် ဒ ဗျူ၊ တီ
ကယ်လဗင် ဒ ဗျူ၊ တီ (ခရစ် ၁၈၂၄-၁၉ဝ၇) ။ ယခုအခါ အမေရိကတိုက်နှင့် ဥရောပတိုက်အကြားရှိ ရေအောက် ကြေးနန်းဖြင့်အကြောင်းကြားဆက်သွယ်ဘူးသူတိုင်းသည် ရူပဗေဒ ပါရဂူကြီး လော့ကယ်လဗင်အား သတိရ ကျေးဇူးတင်သင့် ကြပေသည်။လော့ကယ်လဗင်ကား မီရာဂါလာဗာနိုမီတာခေါ် မှန်တပ်လျှပ် စစ်ဓါတ်စီးကြောင်းတိုင်း ကရိယာကို ထွင်ခဲ့သူဖြစ်သည်။ သူ၏ကရိယာသည် အလွန်သေးငယ်လှသည့် လျှပ်စစ်ဓါတ် စီးကြောင်းကိုပင် ပြစွမ်းနိုင်ပေသည်။ ပထမဆုံး ဥရောပတိုက် နှင့် အမေရိကတိုက်အကြား အတ္တလန္တိတ်သမုဒ္ဒရာရေပြင် အောက်၌ ကြေးနန်းကြိုးချ၍ ကြေးနန်း ရိုက်ကြားလိုက်ရာ တွင်၊ လျှပ်စစ်ဓာတ်စီးကြောင်းမှာ လွန်စွာသေးငယ် လှသဖြင့် အခြားလျှပ်စစ်ဓါတ်စီးကြောင်းတိုင်း ကရိယာတို့သည် လျှပ်စစ် စီးသည်ကို မပြနိုင်ကြပေ။ သို့ရာတွင် လော့ကယ်လဗင်၏ မီရာဂါလဗာနိုမီတာဖြင့် ထိုသေးငယ်လှသည့် […]
ကယ်လဗင်ဂျေ
ကယ်လဗင်ဂျေ (ခရစ် ၁၅ဝ၉-၁၅၆၄) ။ ဥရောပတိုက် သမိုင်းတွင် ထင်ရှားသော ခရစ်ယန်အယူဝါဒ အရေးတော်ပုံ ခေတ်က ကျော်ကြားသူ ပုဂ္ဂိုလ်ထူးများတွင် ဂျွန်ကယ်လဗင် လည်း အပါအဝင်ဖြစ်သည်။ ဂျွန်ကယ်လဗင်သည် ၁၅ဝ၉ ခု ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပစ်ကာဒီနယ် နွာယွန်မြို့၌ ဖွားမြင်သည်။ ပထမ တွင်သူ၏ဖခင်က သူအား ခရစ်ယန် ဘုန်းကြီး ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပါရစ်မြို့တွင် ပညာသင်ကြားပေး ခဲ့ပြီးလျှင်၊ ကြိုးပမ်းခဲ့ရာ အ ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်အောင် သက် ၁၂နှစ်အရွယ် ၁၅၂၁ခုနှစ်တွင် ကယ်လဗင်သည် နွာ ယွန်မြို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးထံ၌ သင်းအုပ် အဖြစ်ခန့် ထားခြင်းခံရ၏။ ထိုနောက် […]
ကရင်ပြည်နယ်
ကရင်ပြည်နယ် ။ ။မြန်မာနိုင်ငံသည် လွတ်လပ်ရေးရ၍ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်လာသော အခါ၌ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကော်သူလေး ဟူသော အမည်ဖြင့် သံလွင်ခရိုင်ကို အခြေပြုကာ ကရင်ပြည်နယ်ကို လျာထားပေးခဲ့သည်။ ၁၉၄၉ ခုနှစ်မှစ ၍ ကေအင်ဒီအို အမည်ခံ ကရင် သူပုန်တို့၏ တော်လှန် သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့ သည့် တိုင်အောင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသည် ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေ (၁၉၅၁ ခုနှစ်အက်ဥပဒေအမှတ် ၆၁)ကို ပါလီမန်တွင် ပြဌာန်း၍၊ သံလွင် ခရိုင်ကို ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်ဖြင့်ဖွဲ့စည်း လျက် ကရင်ပြည်နယ်ဟု တွင်စေခဲ့သည်။ […]
ကယ်လဆီယမ်
ကယ်လဆီယမ်။ ။ကယ်လဆီယမ် (ထုံးသတ္တု) သည် ပျော့၍ ငွေဖြူရောင်ရှိသော သတ္တုဒြဗ်စင်ဖြစ်သည်။ ထို သတ္တုကို ဓားဖြင့်လှီးနိုင်သည့်ပြင် နန်းကြိုးသေးသေးလည်း ဆွဲ၍ရနိုင်သည်။ ကယ်လဆီယမ်ကို သတ္တုသန့်သန့်အနေ ဖြင့် သဘာဝတွင် တွေ့ရခဲ၏။ သို့သော် အခြားပစ္စည်းများ နှင့် ရော၍ ကယ်လဆီယမ် ဒြဗ်ပေါင်းအဖြစ်နှင့်မူ အနှံ့အပြား တွေ့ရ၏။ ထင်ရှားသော ကယ်လဆီယမ် ဒြဗ်ပေါင်းတို့မှာ (၁)ကယ်လဆီယမ်ကာဗွန်နိတ် (ထုံးကျောက်၊ မြေဖြူ၊ စကျင်ကျောက်) (၂) ကယ်လဆီယမ်ဆာလဖိတ်(ဂျစ်ပ ဆမ်) (၃)ကယ်လဆီယမ်ဖေါ့စဖိတ် ( လူနှင့် တိရစ္ဆာန် အရိုးများတွင်ပါဝင်သော အဓိကပစ္စည်း) ဖြစ်ကြသည်။ ထုံးရည်ကြည်ထဲတွင် ကာဗွန် ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ လွှတ်လိုက်လျှင် ကယ်လဆီယမ်ကာဗွန်နိတ်သည် အနည် ဖြူများအဖြစ် ကျလာသည်။ […]
ကယ်လဂါရီမြို့
ကယ်လဂါရီမြို့ ။ ။ကနေဒါနိုင်ငံ အနောက်ပိုင်း၊ အယ်လ ဗားတားပြည်နယ်ရှိ ကယ်လဂါရီမြို့သည် ဗိုးမြစ်နှင့် အဲလဗိုး မြစ်တို့ ပေါင်းဆုံရာအရပ်တွင်တည်ရှိသည်။ ၁၈၈၃ ခုနှစ် တွင် ကနေဒီယန် ပစိဖိတ် မီးရထားလမ်း စတင်ဖေါက်လုပ် သည့်အခါကစ၍ တည်ခဲ့သောမြို့ကလေးဖြစ်သည်။ ရော့ကီးတောင်တန်းကိုဖြတ်ကျော်နိုင်သည့် တောင်ကြား လမ်းနှစ်ခု၏ အဝင်ဝတွင်တည်ရှိသဖြင့် အရေးပါသောမီး ရထားလမ်းဆုံမြို့ဖြစ်ရာ၊ ၁၈၉၄ ခုနှစ်တွင် မြို့ကြီးတစ်မြို့အဖြစ် သို့ ရောက်ရှိလာလေသည်။ အယ်လဗားတား ပြည်နယ်တွင် အက်ဒမန်တန်မြို့ကလွဲလျှင် အကြီးဆုံးမြို့ဖြစ်၏။ ကယ်လဂါရီမြို့သည် ဝင်နီပက်မြို့ အနောက်ဘက် ပရေရီ လွင်ပြင်ဒေသတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးဖက်၌ တွင်ကျယ်သော မြို့ကြီးဖြစ်သည်။ ထိုပြင် စတုရန်းမိုင် ပေါင်း ၁၅ဝဝဝဝ မျှ ကျယ်ဝန်းသော ဂျုံစပါးစိုက်ပျိုး၍ […]
ကရိုရှေးဇာထိုးနည်း
ကရိုရှေးဇာထိုးနည်း ။ ။ ကရိုရှေး´ ဆိုသော စကားမှာ ပြင်သစ်စကား ‘ကရော့’မှ ဆင်းသက်လာ၍ ‘ချိတ်’ ဟူသော အနက်ကိုဆောင်လေသည်။ ဤဇာထိုးနည်းတွင် အဖျား၌ ချိတ်ပါသော သံမဏိ သို့မဟုတ် အရိုး ဆံထိုးအပ်တစ်ချောင်းဖြင့် ဇာပန်းကွက်ပေါ် အောင် ဖေါ်ယူရလေသည်။ ဇာကြမ်းပေါက်များကို ဖေါက် ရန် အရိုးဖြင့် ပြုလုပ်သော ဇာထိုးအပ်ကိုအသုံးပြု၍၊ နုများကို ဖေါက်ရန် သံမဏိဇာထိုးအပ်ကို အသုံးပြုကြ သည်။ အိုင်ယာလန်ဇာများမှာ လက်ရာအလွန်နုသောဇာများဖြစ်၏။ ကရိုရှေးဇာထိုးရာ၌ အခြေခံ ကြိုးတန်း အဖြစ်ဖြင့် ရှေး ဦးစွာ ဖွတ်မြီးထိုး၍ စတင် မူတည်ရသည်။ ထိုနောက် လိုရာဇာပုံစံ ကွက်ပေါ်အောင်ဇာထိုးအပ် အဖျားရှိချိတ် ဖြင့် ချည်မျှင်ကို […]
ကရိုမီယမ်
ကရိုမီယမ် ။ ။ကရိုမီယမ်သည် မာ၍ ငွေရောင်ကဲ့သို့ ဖြူပြာပြောင်လက်သော သတ္တုဖြစ်၏။ မိုလစ်ဒီနမ်၊ တန်စတင် နှင့် ယူရေးနီးယမ်း ဒြပ်စင်များ အစုတွင်ပါဝင်၍ သတ္တုစပ် များ ပြုလုပ်ရာ၌ များစွာပင် အသုံးဝင်၏။ ကရိုမီယမ်ကို သယံဇာတ အဖြစ်ဖြင့် ရရှိ၍၊ ဥက္ကာ များတွင်လည်း အနည်း ငယ်မျှတွေ့ရတတ်သည်။ သို့သော် ကရိုမိုက်ခေါ် ကရိုမီယမ် သတ္တုရိုင်းများတွင် အများအပြား တွေ့ရ၏။ ကရိုမီယမ် သတ္ထုကို သတ္ထုရိုင်းမှ ထုတ်ယူရာ၌ အလွန်ခက်ခဲ၍ စရိတ်စခ လည်း အလွန်များ သောကြောင့် ဤသတ္တုမှာ မထင်ရှားဘဲ ရှိခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်လောက်ကမှ ကရိုမီယမ်ကို လူသိများလာ ကြပြီးလျှင် စက်မှု […]
ရေးဆီးတိုက်ပွဲ
ကရေးဆီးတိုက်ပွဲ ။ ။ကရေဆီးတိုက်ပွဲသည် ပြင်သစ်နှင့် အင်္ဂလိပ်တို့ ဖြစ်ပွား ကြသည့် နှစ်တစ်ရာစစ်ပွဲမှ တိုက်ပွဲ တစ်ပွဲဖြစ်၍၊ ၁၃၄၆ ခု သြဂုတ်လ ၂၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အရှေ့မြောက်ဘက် မေးမြစ်ကမ်းပေါ်ရှိ ထိုစဉ်က က ရေဆီးရွာ ကလေးအနီးတွင် ဖြစ်ပွားခဲ့၏။ ယခုအခါတွင်မူထိုရွာကလေး မှာ မြို့ကလေးတစ်မြို့ ဖြစ်နေပြီးလျှင်၊ ကရေဆီးတိုက်ပွဲကြောင့် ထင်ရှားလေသည်။ ထိုတိုက်ပွဲမှာ အင်္ဂလန်ပြည့်ရှင် တတိယ အက်ဒွပ် ဘုရင် နှင့် ပြင်သစ်ပြည့်ရှင် ဆဌမ ဖိလစ်ဘုရင်တို့ လက်ထက်တွင် ဖြစ်ပွားသော စစ်ပွဲ ဖြစ်သည်။ အက်ဒွပ်ဘုရင်သည် မိမိ၏ တပ်များကို နော်မန်ဒီနယ်မှ ဖြတ်၍ချီတက်စေပြီးလျှင်၊ သြ ဂုတ်လ ၂၅ […]
ကရူးဆိတ်စစ်ပွဲများ
ကရူးဆိတ်စစ်ပွဲများ ဗုဒ္ဓ အယူဝါဒီတို့သည် မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို အထွတ်အမြတ်ထား ၍ ဘုရားဖူး သွားကြသကဲ့သို့၊ ခရစ်ယာန်တို့သည်လည်း သခင်ယေရှု ဖွားမြင်တော်မူရာဒေသဖြစ်သော ဂျရူးဆလမ်း မြို့ ကို အထွတ်အမြတ်ထားလျက် ဘုရားဖူးသွားလေ့ရှိကြသည်။ အလယ်ခေတ်အတွင်း ဥရောပတိုက်သားတို့ ဂျရူးဆလမ်းမြို့ သို့ ဘုရားဖူးသွားကြစဉ်က၊ ဂျရူးဆလမ်းမြို့တည်ရှိရာ ပါ လက်စတိုင်းပြည်ကို အုပ်စိုးလျက်ရှိသော အာရပ်မွတ်စလင် တို့သည် ခရစ်ယာန်ဘုရားဖူးများကို အနှောင့်အယှက် မပြုခဲ့ ချေ။ သို့သော် ၁၁ ရာစုနှစ်တွင် ဂျရူးဆလမ်းမြို့သည် ထိုခေတ်က ဆာရဆင်ခေါ်သည့် ဆဲလဂျွတ်တရက်တို့ လက် အောက်သို့ ကျရောက်သွားသဖြင့် ခရစ်ယာန် ဘုရားဖူးများမှာ အာရပ်မွတ်စလင်တို့ လက်ထက်ကကဲ့သို့ မဟုတ်မူဘဲ ညှဉ်း ပန်းနှိပ်စက်ခြင်းကိုခံကြရ၏။ […]