မြို များ

ကဲလေးမြို့

Posted on:

ကဲလေးမြို့ ။ ။ကဲလေးမြို့သည် ဒိုဗာရေလက်ကြားပေါ်၌ ရှိသော ပြင်သစ်ဆိပ်ကမ်းမြို့ဖြစ်၍၊ အင်္ဂလန် ပြည်ဒိုဗာကမ်း ခြေနှင့် ၂၂ မိုင်မျှသာကွာဝေးသည်။ တူးမြောင်းများ ဆုံရာတွင် တည်ရှိသည့်ပြင် ၁၈၅ မိုင်မျှကွာဝေးသော ပါရစ်မြို့တော် သို့လည်း မီးရထားလမ်းဖြင့် ဆက်သွယ်လျက်ရှိသည်။ နှစ် တစ်ရာစစ်ပွဲအတွင်း၌ ကဲလေးမြို့သည် အင်္ဂလိပ်တို့၏ အခြေ ခံစခန်း တစ်ခုဖြစ်ခဲ့၏။ ၁၃၄၇ ခုနှစ်မှ ၁၅၅၈ ခုနှစ်အထိအင်္ဂ လိပ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့လေသည်။ဆိပ်ကမ်းကောင်းရှိသည့်အလျောက် ယခုခေတ်တွင် စည် ကားတိုးတက်လျက်ရှိသည်။ ဒိုဗာမြို့သို့ မီးသင်္ဘော၊ရေ အောက်ကြေးနန်းတို့ဖြင့် ဆက်သွယ်ထားရာ ဥရောပတိုက်နှင့် အင်္ဂလန်ပြည် ဆက်သွယ်ရာခရီးလမ်းတွင် အရေးပါသော ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်နေလေသည်။ စက်ထိုးဇာလုပ်ငန်း၊ဖန် ထည်လုပ်ငန်း၊ အထည်ရက်လုပ်ငန်း၊ ငါးဖမ်းခြင်းလုပ်ငန်း […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ) , လူ

ကဲလားအိပ်

Posted on:

ကဲလားအိပ် (ခရစ် ၁၈၈ဝ ဖွား)။ ငယ်စဉ်မှစ၍ စက္ခုနှစ်ကွင်းအလင်းမရသည့်ပြင် နားလည်းပင်း စကား လည်း မပြောတတ်အောင် အနေသူတစ်ဦးသည် အသက်အရွယ်မလွန်မီ အတွင်း ဝိဇ္ဇာဘွဲ့ရအောင် ယူနိုင်သည်ဆိုလျှင် လူတိုင်း အံ့သြကြပေလိမ့် မည်။ ထိုသို့လူတိုင်း အံ့သြလောက်အောင်ဝိဇ္ဇာဘွဲ့ထူးကိုသာမက အယ်၊ အယ်၊ဒီဘွဲ့ကိုပင် ဆွတ်ခူးနိုင်စွမ်းခဲ့သူကား ဟယ်လင်ကဲလား ဆိုသူ အမေရိကန်အမျိုးသမီးပင် ဖြစ်လေသည်။ဟယ်လင် ကဲလားသည် ၁၈၈ဝ ပြည့်နှစ် ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု အယ်လဗါးမား ပြည်နယ် တပ်စကမ်းဗီးယားမြို့၌ မွေးဖွားခဲ့ လေသည်။ ၁ နှစ်နှင့် ၇ လ သမီး အရွယ်ရောက်သောအခါ စကားလက်ဖျားရောဂါ ပြင်းထန်စွာစွဲကပ်၍ မိဘများက သမီးချစ်၏ […]

အတ္ထုပ္ပတ္တိ

ကရန်းမားတီ

Posted on:

ကရန်းမားတီ(ခရစ်၁၄၈၉-၁၅၅၆) ဗြိတိသျှနိုင်ငံ သမိုင်းတွင် ထင်ရှားသော ကန်တာဗာရီ ဂိုဏ်းချုပ် သောမတ်ကရန်းမားသည် ၁၄၈၉ ခု ဇူလိုင်လ၂ ရက် နေ့တွင် နော့တင်ဂမ်ရှိုင်ယာ နယ်တွင် ဖွားမြင်သည်။ ကိမ်းဗရစ်တက္ကသိုလ်၊ ဂျီးဆပ်ကောလိပ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်၊ ၁၅၂၃ ခုနှစ်တွင် ဗရင်ဂျီ ဘုန်းကြီးအဖြစ်ကို ခံယူပြီးသော် များမကြာမီ အယူဝါဒ ပညာ ရပ်ဆိုင်ရာ ပါရဂူဘွဲ့ကို ရလေသည်။ ထိုအခါတွင် တက္ကသိုလ်၌ အယူ ဝါဒပညာရပ်ဆိုင်ရာစာစစ်သူဖြစ်လာ၏။ ၁၅၂၉ ခုနှစ်တွင် ကရန်းမားသည် နယ်တစ်နယ်သို့ သွား ရောက်ခဲ့ရာ၌ အဋ္ဌမ ဟင်နရီဘုရင်နှင့် ကံအားလျော်စွာ တွေ့ဆုံခဲ့သည်ဟု ဆို၏။ ထိုအခါ အဋ္ဌမ ဟင်နရီ ဘုရင်သည် ပထမမိဖုရား အာရဂွန် […]

အားကစား

ကရစ်ကက်ကစားခြင်း

Posted on:

ကရစ်ကက်ကစားခြင်း ။ ။ကရစ်ကက် ကစားခြင်း သည် အင်္ဂလိပ်လူမျိုးတို့၏ အမျိုးသားကစားနည်းဖြစ်၍ ထိုကစားနည်းကိုပင် ဂုဏ်ယူကြလေသည်။ အင်္ဂလန်တစ်ပြည် လုံးနှင့်တကွ၊ သြစတြေလီးယား၊ နယူးဇီလန်၊ တောင်အာ ဖရိကပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံများတွင် ကရစ်ကက် ကစားခြင်းသည် လွန်စွာ ခေတ်စားလျက်ရှိသည်။ ကရစ် ကက် ကစားခြင်းမှာ နွေရာသီ ပြင်ပကွင်း ကစားခြင်းတစ်မျိုး ဖြစ်၍၊ ညီညာသော ကစားကွင်းတွင် ကစားကြလေသည်။ ကရစ်ကက် ကစားကွင်းတွင် မြက်ခင်းကိုညီညာစွာ ညှိထား ၍၊ တစ်ဖက်နှင့်တစ်ဖက် ၂၂ကိုက်အကွာတွင် ဝစ်ကက်တိုင်များ ကို စိုက်ထူထားသည်။ ဝစ်ကက်တိုင် တစ်ခုလျှင် ၂၇လက်မ အမြင့်ရှိသော သစ်သားတိုင်ဖြောင့် ကလေးသုံး တိုင်ပါ၏။ ထိုတိုင်ကလေးသုံးတိုင်ကို စီ၍ စိုက်ထားရာ၊ […]

ပုံပြင်

ကဲရောအယ်

Posted on:

ကဲရောအယ် (ခရစ် ၁၈၃၂-၁၈၉ )။ “အဲလစ်ကလေး၏ ထူးဆန်းသောအမည်ရှိ စာအုပ်နှင့်ဒကြေးမုံ ပြင်ထဲဝယ်” အမည်ရှိ စာအုပ်နှစ်အုပ်ဖြင့်အင်္ဂလိပ်စာပေလောကတွင် ထင်ရှားလာခဲ့ သောလူးဝစ် ကဲရောကား အင်္ဂလန်ပြည် ချက်ရိုင်ယာနယ် ဒဲရီးစဗါရီမြို့ ၌ ၁၈၃၂ခု ဇန်နဝါရီလ၂၇ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ ချားဒေါ့ဂျဆန် _ အမည်ရှိအင်္ဂလိပ်ဘုန်းကြီးတစ်ပါးဖြစ်လေသည် လူးဝစ်ကဲရောကလောင်အမည်မှာ ဖြစ်၍ နာမည်ရင်းမှာချားလတ်ဝစ် ဒေါ့ဂျဆန်ဖြစ်သည်။ သူသည် ရပ်ဂဗီကျောင်းနှင့်ခရိုက်စချပ် ကောလိပ် ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထိုကောလိပ်ကျောင်းမှာ အောက်စဖို့တက္ကသိုလ်တွင် ပါဝင် ၏။ ဒေါ့ဂျဆန်သည်သင်္ချာပထမတန်း ဂုဏ်ထူးနှင့် အောင်မြင်ပြီးနောက် ၁၈၅၅ခုနှစ်ကစ၍ ထိုကောလိပ်ကျောင်းတွင်ပင် သင်္ချာကထိက ဖြစ် ခဲ့လေသည်။ဒေါ့ဂျဆန်စာပေပို့ချသော ခရိုက်စချပ်ကော လိပ်ကျောင်း၏ မဟာဌာနမှူးတွင် သမီးကလေး၃ယောက် ရှိ၏။ […]

ပြည်နယ်

ကရိုင်းမီးယားနယ်

Posted on:

ကရိုင်းမီးယားနယ် ။ ။ဥရောပနှင့် ရုရှနယ်နမိတ်ရှိ ပင်လယ် နက်အတွင်းသို့ မြောက်ဘက် ကမ်းခြေဘက်မှ ထိုးဝင်လျက် ရှိသော လေးထောင့်သဏ္ဌာန် ကျွန်းဆွယ်ကလေးမှာ ကရိုင်းမီးယား ကျွန်းဆွယ် ဖြစ်၏။ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၉၉၅၂ ဖြစ်၍၊ ကုန်းမကြီးနှင့်ဆက်လျက် ရှိသော ပေးရေးကော့ကျွန်းဆက်ကလေးသည်သုံးမိုင်ခန့် သာ ကျယ်၏။ လေးထောင့်ပုံရှိ ကျွန်းဆွယ်၏ အရှေ့ ဘက်ထောင့် မှ ထိုးထွက်နေသော ကျွန်းဆွယ်ကလေးသည် ရုရှနိုင်ငံနှင့် ထိလုမတတ် ရှိနေ၍၊ ပင်လယ်နက်နှင့် အေးဇော့ ပင်လယ် တို့ကို ပိုင်းခြားထားသကဲ့သို့ရှိ၏။ ယခုအခါ မြောက်ဘက်မှ ကျွန်းဆွယ် ကို ဖြတ်၍ တူးမြောင်း ဖေါက်လုပ်ထားသောကြောင့်၊ ကရိုင်းမီးယားမှာ ကျွန်းကလေး တစ်ကျွန်း ဟုပင်ခေါ်ဆို […]

ကရင် , ဘာသာစကာ

ကရင်သြသံ

Posted on:

ကရင်သြသံ ကရင်သြသံမှာ ကရင်လူမျိုးတို့၏ဘာ သာဘာဝ ပြောဆို ဟစ်ကြွေးသော အသံများကိုမှီ၍ သာယာဖွယ် ဖြစ်အောင် ရေးဖွဲ့ထားသော မြန်မာသီချင်း ကြီး အဖွဲ့အနွဲ့ တစ်မျိုး ဖြစ်လေသည်။ ထိုသီချင်းမျိုးကိုဇာတ်သဘင်များတွင် ကရင်လူမျိုးများ အကြောင်းကို ကပြရာ၌ ထည့်သွင်း တီးမှုတ် လေ့ရှိသည်။ အဖွဲ့အနွဲ့ စာသားမှာလည်း ကရင် လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် စပ်ဆိုင်သည့်အကြောင်းအရာများသာ အများဆုံးပါဝင်သည်။ မြန်မာ သီချင်းကြီးများတွင် အသံကို ရှည်ကြာစွာ ဆွဲငင်၍ သီဆိုရသော သိင်္ဂါသံ၊ အလောင်းပိုက်၊ တပ်ပို့၊ စသော သီချင်းများနှင့် သီဆိုပုံချင်း အနည်းငယ် ဆင်တူ သော်လည်း၊ ကရင်သြသံတွင် တီးကွက် အသစ်အဆန်းများ ဖွဲ့သွင်း ပါရှိသဖြင့် အသံရှည် […]

ကုန်းနေသတ္တဝါ , တိရစ္ဆာန်

ကဲရီးဗူးသမင်

Posted on:

ကဲရီးဗူးသမင်။ ။မြောက် အမေရိကတိုက်ရှိ သမင်တစ်မျိုး ကို ကဲရီးဗူးဟု ခေါ်သည်။ အခြား သမင်များနှင့် မတူပေ။ ကြီးမားသော ဦးခေါင်း၊ တိုတုတ်သောလည်ပင်း ခြေထောက် တို့ဖြင့် သန်မာသောအသွင်ကို ဆောင်၏။ ဦးချိုတရမ်းရမ်း နှင့် ကဲရီးဗူးသမင် အုပ်ကြီးများ တောတောင်ခရီးတွင်သွား နေစဉ်ကြည့်လိုက်လျှင် ရှုမငြီးဖွယ်ရာပင်ဖြစ်တော့သည်။ အဖိုနှင့်အမနှစ်ကောင်စလုံး၌ ဦးချိုများရှိသည်။ သို့ သော်အမ၏ဦးချိုမှာ ပို၍သေးသွယ်သည်။ ဦးချိုများ မှာအရင်း၌ ကားထွက်၍ နဖူးပေါ်သို့ကုပ်ကျလျက်ရှိ၏။ တဖြည်းဖြည်း ရှည်လာသောအခါ အပေါ်သို့အတက် အလက်များ တိုးထွက်လာသည်။ခြေထောက်တို့မှာလည်း အတော်ပင် ထူးဆန်းလှသည်။ နွားများကဲ့သို့ခွာနှစ်ခြမ်းကွဲနေ၍ မြေပေါ် နင်းသောအခါ ဘေးသို့ ကားထွက်သွား၏။ ရေခဲဖုံးလွှမ်းရာ အရပ်ဒေသတို့၌ ခြေမချော်စေရန် ဖန်တီးပေးသကဲ့သို့ရှိသည်။ မြောက်အမေရိကတိုက်အပြင် […]

ကုန်းနေသတ္တဝါ , တိရစ္ဆာန်

ကဲရကယ်

Posted on:

ကဲရကယ်သည် ပါးရှင်းကြောင်မြီးတိုဟူ၍ လည်း ခေါ်သည့် တောကြောင်တစ်မျိုး ဖြစ်သည်။ ထိုတော ကြောင်ကြီးမျိုးသည် အရွယ်အားဖြင့် မြေခွေးထက် ယောင် ယောင်မျှကြီးသည်။ ကိုယ်အပေါ်ပိုင်းမှာနီညိုရောင်ဖြစ်၍ အောက်ဘက်တွင် ဖြူယော်ယော်အဆင်းရှိသည်။ ထူးခြား ချက်မှာနားရွက်များ သည်နက်၍ အဖျားတွင် ပန်းပွားသ ဖွယ်ရှည်သော အမွေးစုများရှိခြင်းဖြစ်သည်။ ထိုပြင် မျက် လုံးအပေါ် တစ်ဖက်တစ်ချက်တွင် အဖြူပြောက် ၂စက်စီရှိ ၏။ အမြီးရှည်သည်။ ထိုတောကြောင် ကြီးမျိုးကို အာရှတိုက် တောင်ပိုင်းဒေသ များနှင့် အာဖရိကတိုက်တွင် အနှံ့အပြားတွေ့ရှိရသည်။ ထိုတိရစ္ဆာန်မျိုးသည် မြက်တောနှင့် ချုံဖုတ် များထဲတွင် နေလေ့ရှိ၍၊ ဒရယ်ကလေးများ၊ ယုန်၊ ဥဒေါင်းနှင့်အခြား ငှက်ကလေးများကို ဖမ်းယူစားတတ်သော အသားစားသတ္တ ဝါမျိုးဖြစ်သည်။ သို့ရာတွင် […]

လူမျိုး

ကရင်လူမျိုး

Posted on:

ကရင်လူမျိုး ကရင်အစုဝင် ဘာသာစကား ပြော ဆို သော လူမျိုးတို့မှာ မြန်မာ နိုင်ငံရှိ တိုင်းရင်းသားတို့အနက် ဒုတိယ လူဦးရေအများဆုံးဖြစ်သည်။ ၁၉၃၁ခုနှစ် သန်းခေါင် စာရင်းအရ ကရင်လူမျိုး ဦးရေမှာ ၁၃၆၇၆၇၃ ဖြစ်၏။ ၁၉၁၁ ခုနှစ်က တစ်သန်းမျှသာရှိခဲ့ရာ ကရင်လူမျိုး ဦးရေ တိုးတက်လျက် ရှိသည်ဟု ဆိုရမည်။ ကရင်လူမျိုးတို့သည် ပြည်ခရိုင်မှတောင်ဘက်သို့ ပင်လယ် ထိ၎င်း၊ရမည်းသင်းခရိုင်နှင့် ရှမ်းပြည်တောင်ပိုင်းမှ တနင်္သာ ရီတိုင်း မြိတ်ခရိုင်ထိ၎င်း၊ ပျံ့နှံ့နေထိုင်ကြသည်။ ယခု ကယား ပြည်နယ်ခေါ် ကရင်နီနယ်နှင့် ယခုကရင်ပြည်နယ်တွင် ပါဝင်သော သံလွင်ခရိုင်တို့မှတစ်ပါး အခြားခရိုင်တို့တွင် ကရင် တို့မှာ လူနည်းစုများ ဖြစ်ကြသည်။ ကယားပြည်နယ်တွင် ၄၅ဝဝဝ […]