ကောက်တမန်း ဂျေ၊အက်(စ) (ခရစ် ၁၇၈၂-၁၈၄၂) ။ ။ အင်္ဂလိပ်လူမျိုး နာမည်ကျော် ရှုမျှော်ခင်းပန်းချီဆရာ ဂျွန်ဆဲကောက်တမန်းသည် ၁၇၈၂ ခု မေလ၁၆ရက်နေ့တွင် နော်ရစ်မြို့၌ ဖွားမြင်၍ ဖခင်မှာ ပိုက်ဆံချမ်းသာသော ပိုးကုန်သည်တစ်ဦး ဖြစ်သည်။ ကောက်တမန်းသည် လန်ဒန်မြို့တွင် အနုပညာရပ်များကိုဆည်းပူးခဲ့ရာ တားနား၊ ဂါတင်အစရှိသော နာမည်ကျော်ပန်းချီဆရာကြီးများနှင့် မိတ်ဆွေဖြစ်ခဲ့၏။ သူ၏လက်ရာများမှာသူအသက်ထင်ရှားစဉ်က နာမည်မထွက်ခဲ့သော်လည်း ယခုအခါ၌မူ သူ့ကိုထင်ရှားသော ပန်းချီဆရာကြီး တစ်ယောက်အဖြစ် အသိအမှတ်ပြုကြသည်။ ကော်တမန်းသည် ရေဆေးရေးဆွဲရာတွင် အကောင်းဆုံးပန်းချီဆရာတစ်ဦး ဖြစ်လေသည်။ ဂျွန်ဆဲကောက်တမန်း၏ သားများဖြစ်ကြသော မိုင်းအက်ဒမန်ကောက်တမန်းနှင့် ဂျိုးဇက်ဂျွန်ကောက်တမန်းတို့သည်လည်း အင်္ဂလန်ပြည်၏ ရှုမျှော်ခင်း ပန်းချီဆရာကောင်းများ […]
ကက်ဒမန် (ခရစ် ၆၇၅ ခန့်ဆုံး)
ကက်ဒမန် (ခရစ် ၆၇၅ ခန့်ဆုံး)။ ။အင်္ဂလိပ်ကဗျာလောကတွင် ရှေးဦးပေါ်ကဗျာများအကြောင်းလေ့လာရာ၌ထိုကဗျာလောကကြီးကို တည်ဆောက်ခဲ့သူ ကဗျာဆရာကြီးကက်ဒမန်အကြောင်း မပါလျှင်မပြီးချေ။ ထိုကဗျာဆရာကြီးကက်ဒမန်ကား အခြေအနေအားဖြင့် သာမန်နွားကျောင်းသားတစ်ယောက်မျှသာဖြစ်သော်လည်း ကဗျာပါရမီဓါတ်ခံရင့်သန်ခဲ့သူဖြစ်ရာ၊ သူ၏ကဗျာများသည် ယခုခေတ်တိုင်အောင်ပင် ကဗျာအဆောက်အအုံကြီး၏ အုတ်မြစ်ကျောက်ချပ်များသဖွယ် ခိုင်မြဲတည်တံလျက် ရှိပေသည်။ ကက်ဒမန်သည် အင်္ဂလိပ်လူမျိုး ခရစ်ယန်အယူဝါဒီ ကဗျာဆရာများတွင် ရှေးအကျဆုံးသောပုဂ္ဂိုလ်ကြီးဖြစ်၍ ထိုခေတ်ထိုအခါကသီကုံးနှုန်းဖွဲ့သော ဘာသာစကားမှာလည်း အင်္ဂလို‘ဆက္ကဆွန်ဘာသာစကားဖြစ်လေသည်။ အင်္ဂလို- ဆက္ကဆွန် ဘာသာစကားသည် ယခုခေတ် အင်္ဂလိပ်ဘာသာစကားနှင့်မတူချေ။ ကက်ဒမန်သည် မိမိတည်ဆောက်အံ့သော ကဗျာလောကကြီးအတွက် ကြိုတင်ရည်မှန်းထားချက်မရှိသော်လည်းထိုလောကကြီး၏ လင်းအရုဏ်ရောင်ခြည်ကလေးပမာခဏမျှမက်လိုက်သော အိပ်မက်ကလေးတစ်ခုသည်ပင် သူ့အား ကဗျာအဆောက်အအုံ ဗိသုကာကြီးတစ်ဦးအဖြစ်ကိုပေးအပ်ခဲ့လေသည်။ ဖြစ်ပုံမှာကား တစ်နေ့သ၌သူသည် အိပ်ပျော်နေစဉ် တစ်စုံတစ်ယောက်သည် သူ့ထံသို့လာရောက်၍သီချင်းတစ်ပုဒ်သီဆိုပါမည့်အကြောင်း […]
ကိုးလားရစ် အက်(စ)၊တီ(ခရစ် ၁၇၇၂-၁၈၃၄)
ကိုးလားရစ် အက်(စ)၊တီ(ခရစ် ၁၇၇၂-၁၈၃၄) ။ ။ဆမ်မျူယယ်တေလာ ကိုးလားရစ်သည် အင်္ဂလန်ပြည်ဒက်ဗွန်ရှိုင်ယာနယ်ရှိ အော့ဘာရီစိန်မေရီရွာ ကလေး၌ ၁၇၇၂ခု အောက်တိုဘာလ ၂၁ရက်နေ့တွင် ဖွားမြင်သည်။အတန်ငယ်ဆင်းရဲသော သင်းအုပ်ငယ်တစ်ဦး၏ ၁၀ယောက်မြောက်သားဖြစ်လေသည်။ ကိုးလားရစ်သည် ကျောင်းသား အရွယ်ငယ်စဉ်ကပင်တွေးတောစိတ်ကူးနေတတ်သူဖြစ်သည်။ လယ်ပြင်ထဲ၌လျှောက်သွားရင်း ပေါင်းပင်များကို တုတ်ဖြင့် ပုတ်ခတ်ရိုက်နှက်သွားရသည်ကိုပင် လူစွမ်းကောင်းစိန်ဂျော့ကဲ့သို့ နဂါးကြီးကို သန်လျက်နှင့်ခုတ်ပိုင်း နေရသည်ဟုထင်တတ်၏။ ပညာဉာဏ်ထက်မြက်သူဖြစ်သည့်အလျောက် ၅နှစ်သားအရွယ်ကပင် သမ္မာကျမ်းစာကိုလည်းကောင်း၊ ‘ရော်ဗင်ဆန်ကရူးဆိုး´နှင့် ‘ပသီပုံပြင်” ဝတ္ထုများကိုလည်းကောင်း ဖတ်ပြီးဖြစ်လေသည်။၉ နှစ်သား အရွယ်တွင် ကိုးလားရစ်၏ဖခင် ကွယ်လွန်သဖြင့် သူ့အား လန်ဒန်မြို့ရှိ ခရိုက်စဟော့စပီတယ်ကျောင်းသို့ ပညာသင်ကြားရန်ပို့လိုက်သည်။ ကိုးလားရစ်သည် ရသမျှစာအုပ်များကို ဖတ်ရှုလေ့လာရုံမျှမက ဖတ်ခဲ့သောအကြောင်းအရာများကို စိတ်ကူး တွေးတောကာနေလေ့ရှိ၏။ထိုကျောင်းတွင် […]
ကိုးလဗား ဂျေ၊ဗီ
ကိုးလဗား ဂျေ၊ဗီ (ခရစ် ၁၆၁၉-၁၆၈၃)။ ပြင်သစ်နိုင်ငံ သုခမိန်ကြီး ဂျီအင်းဗာတီးကိုးလဗားသည် ကုန်သည် မျိုးရိုးမှ ဆင်းသက်သူ ဖြစ်၍ ၁၆၁၉ ခုနှစ်တွင်ရိမ်းမြို့၌ဖွားမြင်သည်။ ပြင်သစ်စစ်ဝန်ကြီးတစ်ဦးနှင့် ဆွေမျိုးတော်စပ်သည့်အပြင် သူ၏ထက်မြက်သော ဉာဏ်ပညာအမြော်အမြင်တို့ကြောင့် အသက် ၂ဝအရွယ်တွင် စစ်ဝန်ကြီး၏ အတွင်းရေးအတွင်းဝန် ဖြစ်လာသည်။ ၁၂ နှစ်ခန့်ကြာသောအခါ ဘုရင်၏ အားကိုးတစ်ဆူဖြစ်သော ကာဒင်နယ် ဂိုဏ်းချုပ်မာဇာရင်ကွယ်လွန်ခါနီးတွင် ကိုးလဗားသည် သူကဲ့သို့ပင် စွမ်းလွန်းတမံဆောင်ရွက်နိုင်သူဖြစ်ကြောင်း ထောက်ခံချက်ပေးခဲ့သောကြောင့် ၁၄ ဆက် မြောက် လူဝီဘုရင်ထံတွင်အမှုတော်ထမ်းခဲ့ရလေသည်။ ဤသို့ဘုရင့်အမှုတော်ကို ဝင်ရောက်ထမ်းရွက်ရသောအချိန်ကား ပြင်သစ်နိုင်ငံ၏ စီးပွားရေး ပျက်ပြားချိန်၊ နိုင်ငံရေးဆူပူလှုပ်ရှားချိန်ဖြစ်သဖြင့် တပ်ပျက်တွင်ဗိုလ်လုပ်ရသည်နှင့်တူလှ၏။ နိုင်ငံတော်၏ဘဏ္ဍာရေးတွင် ထွက်ငွေသည် ဝင်ငွေထက် အဆမတန်များနေခြင်းကြောင့် အခက်တွေ့လျက်ရှိသော လူဝီဘုရင်သည် ကိုးလဗားအား […]
ကိုးရိုးဂျေ၊ဗီ
ကိုးရိုးဂျေ၊ဗီ (ခရစ် ၁၇၉၆-၁၈၇၅) ။ ။ဂျီအင်းဗာတီးကာမီးကိုးရိုးသည် ကမ္ဘာကျော်ပြင်သစ်လူမျိုး ပန်းချီဆရာကြီးဖြစ်၍ ရှုမျှော်ခင်းပန်းချီကားများ ရေးဆွဲရာတွင်အထူး ကျော်ကြားသည်။ ကိုးရိုး၏ မိဘများမှာ ပါရစ်မြို့၌ဖွင့်ထားသော အပ်ချုပ်ဆိုင်ကြီးတစ်ဆိုင်ကို ပိုင်ဆိုင်၍၊ မိခင်ဖြစ်သူ မဒမ်ကိုးရိုးမှာ ပထမနပိုလီယန်ဘုရင်၏ နန်းတွင်းအပ်ချုပ်သည်ကြီးဖြစ်ရာ ငွေကြေးအတော်အတန် ပြည့်စုံကြွယ်ဝလေသည်။ကိုးရိုးကို ၁၇၉၆ ခု ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွားမြင်သည်။ ကျောင်းမှထွက်သောအခါ မိဘများက အထည်ကုန်သည်တစ်ဦးထံတွင်အပ်နှံပြီးလျှင် အရောင်းအဝယ်အတတ်ကိုသင်ယူစေသည်။ သို့ရာတွင် ပန်းချီဆရာလောင်း ကိုးရိုးမှာအရောင်း အဝယ်၌ စိတ်မဝင်စားဘဲ၊ အသက် ၂၆ နှစ်တွင်အထည်ကုန်သည်အလုပ်ကို စွန့်လွှတ်လိုက်ပြီးသော် ပန်းချီပညာဖြင့် အသက်မွေးရန် စိတ်ပိုင်းဖြတ်လိုက်၏။ ထိုနောက် ဗစ်တာဗာတင်အမည်ရှိ ပန်းချီဆရာတစ်ဦးထံတွင် စံတင်ရှေးလက်ရာပန်းချီရေးနည်းကို […]
ကိုးနက် အိုင်
ကိုးနက် အိုင် (ခရစ် ၁၈၉၇ ဖွား)။ ။ဒုတိယ ကမ္ဘာစစ်အတွင်းကထင်ရှားခဲ့သောပုဂ္ဂိုလ်ကြီးများတွင် ရုရှတပ်နီတော် စစ်သူကြီး အိုင်ဗန် ကိုးနက်လည်း ပါဝင်ခဲ့ပေသည်။ကိုးနက်သည် ရုရှနိုင်ငံ ကိန်းဂဲမြို့အနီး လဒီနိုရွာတွင် ၁၈၉၇ခုနှစ်၌ ဖွားမြင်သည်။ အသက် ၁၂ နှစ်အရွယ်အထိ ရွာစာသင်ကျောင်း၌ ပညာသင်ကြားခဲ့ပြီးနောက် သစ်စက်တွင်အလုပ်ဝင်၍ လုပ်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ခုနှစ်က စစ်ထဲသို့ ဝင်ရောက်ကာ ထူးချွန်စွာတိုက်ခိုက်ခဲ့၏။၁၉၁၅ ခုနှစ်ဦးတွင် ရုရှ တော်လှန်ရေးသမားများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့လေသည်။ ကိုးနက်သည် သူ၏ဇာတိ ကျေးရွာတွင် ဆိုဗီယက်အဖွဲ့ကိုတည်ထောင်ခဲ့သည်။ ၁၉၁၈ ခုမေလနှင့် ဇွန်လအတွင်း မောစကိုမြို့၌ကျင်းပသော ပြည်ထောင်စု ဆိုဗီယက်ညီလာခံသို့လည်း သူ၏ကျေးရွာအတွက် တက်ရောက်ခဲ့သည်။ ၁၉၁၉ခုနှစ်တွင် တပ်နီတော်သို့ဝင်၍ ထရန်စဗိုက်ကားလီးယားရှိရုရှဖြူစစ်တပ်များကိုလည်းကောင်း […]
ကိုလံဗပ်စီ
ကိုလံဗပ်စီ(ခရစ် ၁၄၅၁ ခန့်-၁၅ဝ၆)။ ။၁၄၉၂ခုနှစ်၌ ရွက်သင်္ဘော ၃စင်းသည် အတ္တလန္တိတ်သမုဒ္ဒရာထဲတွင်အနောက်စူးစူးသို့ ရှေးရှုလျက် သွားနေကြ၏။ သင်္ဘောသားများမှာ ဥရောပတိုက်သား များထဲမှ အနောက်ဘက်သို့ ပထမဆုံးစွန့်စားထွက်ခွာလာကြသူများ ဖြစ်လေသည်။သူတို့သည် အပြောကျယ်စွာ မဟာသမုဒ္ဒရာကြီးထဲ၌ ကမ်းမမြင်လမ်းမမြင်၊ တစ်နေဝင်တစ်နေထွက်၊ နေ့စဉ်ရက်ဆက်သင်္ဘော လွှင့်ခဲ့ရသည်မှာ အတော်အချိန်ကြာညောင်းပြီဖြစ်၍ စိတ်ပျက်အားငယ်စပြုလာကြလေပြီ။ သူတို့၏ သင်္ဘောသူကြီးအား ရှေ့သို့ဆက်မသွားဘဲ ဥရောပတိုက်သို့ ပြန်လှည့်ရန်တောင်းပန် ကြသည်။ သို့သော် သင်္ဘောသူကြီးကား သူတို့ကဲ့သို့ သတ္တိပျော့ညံ့သူမဟုတ်ချေ။ သူမြှော်မှန်းထားသောပန်းတိုင်သို့ မရောက်ရောက်အောင်သွားရန် သန္နိဋ္ဌာန်ချမှတ်ထားသူဖြစ်၍၊ မလျော့သော ဇွဲသတ္တိဖြင့် ရှေ့သို့သာဆက်လက်သင်္ဘောလွှင့်ခဲ့သည်။ ဤဇွဲသတ္တိကောင်းသောသင်္ဘောသူကြီးကား အမေရိကတိုက်ကို ပထမစတင်တွေ့ရှိသည့် နာမည်ကျော်ခရစ္စတိုဖာကိုလံ ဗပ်ပင်ဖြစ်ပေသည်။ […]
ကောလင်းဝု စီ
ကောလင်းဝု စီ(ခရစ် ၁၇၅ဝ-၁၈၁ဝ) ။ ။ဗြိတိသျှရေကြောင်းဗိုလ်ချုပ်ကြီး လော့ကပ်သဗတ်ကောလင်းဝုသည် ၁၇၅ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်အင်္ဂလန်ပြည် နျူးကပ် ဆဲ-အပွန်-တိုင်းမြို့၌ဖွားမြင်သည်။ငယ်စဉ်က သဒ္ဒါကျောင်းတွင် ပညာသင်ခဲ့၍ အသက် ၁၁နှစ်အရွယ်တွင် ရေတပ်သို့ ဝင်ခဲ့ပြီးနောက် အစ်ကိုဝမ်းကွဲတော်သူ ရေကြောင်းဗိုလ်မှူးကြီးတစ်ဦး၏ အစောင့်အရှောက်ဖြင့် ရေကြောင်းခရီးထွက်ခဲ့သည်။ အသက်၂၄ နှစ်တွင် မြောက်အမေရိကတိုက် ရေတပ်စခန်းတစ်ခု၌ဆက်လက် အမှုထမ်းခဲ့၍ ဗန်းကားတောင်ကုန်းတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့ရာ သူ၏ထူးချွန်မှုကြောင့် ဗိုလ်အဆင့်အတန်းကို ရရှိလေသည်။ ၁၇၉၁ ခုနှစ်တွင် ရေကြောင်းဗိုလ်ချုပ်တစ်ဦး၏ မြေးနှင့်လက်ထပ်ခဲ့သည်။ ထိုနောက် မြေထဲပင်လယ် ရေတပ်စခန်းသို့ ထွက်ရလေသည်။ ရေကြောင်းဆိုင်ရာတွင် နှလုံးရည်လက်ရုံးရည်နှင့် ပြည့်စုံသူဖြစ်၍၊ သူပါဝင် တိုက်ခိုက်သောတိုက်ပွဲတိုင်းတွင် […]
ကောလက်ဂျေ (ခရစ် ၁၄၆၇-၁၅၁၉)
ကောလက်ဂျေ (ခရစ် ၁၄၆၇-၁၅၁၉)။ ။ဂျွန်ကောလက်သည် စိတ်ထားအလွန်မြင့်မြတ်ဖြူစင်၍ စိန်ပေါကျောင်းကို စတင်တည်ထောင်ခဲ့သူ ဖြစ်သည်။ ဤသို့ စိန်ပေါ ကျောင်းကြီးကို တည်ထောင်လိုက်ခြင်းအားဖြင့် ပညာရေးကို အားပေးလိုသူများ ပေါ်ပေါက်လာလေရာ၊ ဆဋ္ဌမအက်ဒွပ်ဘုရင်နှင့် အယ်လစ်ဇဗက် ဘုရင်မကြီးတို့ကိုယ်တိုင် အလားတူ အင်္ဂလိပ်သဒ္ဒါကျောင်းများကိုအင်္ဂလန်ပြည် တစ်ဝှန်းလုံး၌ တည်ထောင်ခဲ့ကြ၏။ ကောလက်သည် ၁၄၆၇ ခုနှစ် လောက်တွင် လန်ဒန်မြို့၌ဖွားမြင်သည်။ သူ၏ဖခင် ဆာဟင်နရီ ကောလက်မှာ လန်ဒန်မြို့တော်ဝန် ၂ ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဘူးသည်။ ကောလက်သည် အောက်စဖို့တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၁၄၉ဝ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့၏။ သို့သော်ထိုအချိန်မတိုင်မီကပင် ကောလက်သည် သင်းအုပ်ဆရာဖြစ်နေလေပြီ။ ထိုနောက် ကောလက်သည် ဥရောပတိုက်၌ လှည့်လည်လျက် အယူဝါဒဆိုင်ရာ […]
ကေးတိုး အမ်ပီ (ဘီစီ၁၄၉-၁၄ ၉ )
ကေးတိုး အမ်ပီ (ဘီစီ၁၄၉-၁၄ ၉ )။ရှေးခေတ်ရောမနိုင်ငံတွင် ထင်ရှားကျော်ကြားခဲ့သော နိုင်ငံပြုသုခမိန်များတွင် မားကပ်ပေါရုပ်ကေးတိုးသည်လည်း တစ်ဦးအပါအ ဝင်ဖြစ်ခဲ့သည်။ဘီစီ ၂၃၄ ခုနှစ်တွင် တပ်စကျူလမ်မြို့၌ မွေးဖွား၍ ဖခင်မှာတောင်သူလယ်သမားတစ်ဦးဖြစ်သည်။ ဓကေးတိုးသည် ၁၇ နှစ်သား အရွယ်ကပင် စစ်မှုထမ်းခဲ့၍၂၁၈-၂ဝ၁ ခုနှစ်များအတွင်းဖြစ်ပွားသော ဒုတိယ ပျူးနစ်စစ်ပွဲ၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ဘီစီ ၁၉၈ ခုနှစ်တွင်ပရီတာလူကြီးအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ဆာဒင်းနီးယားတွင် ဘုရင်ခံအဖြစ် ထမ်းရွက်ခဲ့သည်။ ကေးတိုးသည်အုပ်ချုပ်ရေးတွင် တော်တည့် မှန်ကန်သောကြောင့်ထင်ရှားလာသည်။ ဘီစီ ၁၉၅ ခုနှစ်တွင် ကွန်ဆာလူကြီးအဖြစ်ခန့်အပ်ခြင်း ခံရသည်။ ကေးတိုးခေါင်းဆောင်၍ အုပ်ချုပ်သောခေတ်တွင် ရောမနိုင်ငံသားတို့သည် ပလွှားကြွားဝါနေထိုင်ခြင်း၊ ဇိမ်ခံပစ္စည်းများကိုမက်မောခြင်းစသည်ဖြင့် အပျော်အပါးတို့နှင့်သာ အချိန်ကုန်လေရာ ကေးတိုးက ထိုအကျင့်ဆိုးများကို အပြင်းအထန် နှိပ်ကွပ်သည်။ […]