လူသုံးကုန်

ကလပ်

Posted on:

ကလပ် ။ ။ဝါသနာချင်းတူညီကြသော ကိစ္စတစ်ခုကိုဆောင်ရွက်ရန်ဖြစ်စေ၊ အချင်းချင်း ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံ၍ စိတ်လက်ပျော်ရွှင်မှု ရရှိစေရန်ဖြစ်စေ၊ တည်ထောင်ဖွဲ့စည်းထားသော အသင်းအဖွဲ့မျိုးကို ကလပ်ဟု ခေါ်သည်။ ကလပ်မှာ အင်္ဂလိပ်စကားဖြစ်၍ လူစုဟု အနက်ရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ကလပ်ကို မိတ်ဆက်ရုံ ဟုမြန်မာမှုပြုခဲ့ဖူးသည်။ အစဉ်အလာအားဖြင့် ကလပ်တခုသည် ပြည်သူ လူအများနှင့် သက်ဆိုင်သော အဖွဲ့အ စည်းမျိုးမဟုတ်ဘဲ၊ မိမိတို့ အသင်းဝင်များနှင့်သာ တိုက်ရိုက်သက်ဆိုင်သော အသင်းအပင်းမျိုး ဖြစ်သည်။ ထိုကြောင့် ကလပ်စည်းမျဉ်း ဥပဒေများတွင် အသင်းဝင် ဖြစ်နိုင်သည့်အရည်အချင်းကို သတ်မှတ်ထားလေ့ ရှိသည်။ ကလပ်များ၏ သမိုင်းအစကို လေ့လာလျှင် ကလပ်များသည် ဂရိနှင့်ရောမလူမျိုးတိုခေတ်ကပင် စတင် ပေါ်ပေါက်ခဲ့ ကြောင်းတွေ့ရသည်။ […]

လူသုံးကုန်

ကလိုင်ဒိုစကုပ်

Posted on:

ကလိုင်ဒိုစကုပ်။ ။ကလိုင်ဒိုဆိုသည်မှာ လူကြိုက် များသောရုပ်စုံမှန်ပြောင်းကလေးပင်ဖြစ်၏။ ကြည့်နေစဉ် မှန်ပြောင်းကို လှည့်ပေးသောအခါ၊ တစ်ခုမှတစ်ခုသို့ပြောင်းသွားသော တောက်ပြောင် လှပသည့် ရောင်စုံပုံစံ အမျိုးမျိုးကိုတွေ့မြင်ရသည်။ ထိုကရိယာကို ဆာဒေးဗစ်ဗရူးစတား ဆိုသူက ၁၈၁၇ ခုနှစ်တွင် တီထွင်ခဲ့လေသည်။ ကလိုင်ဒိုစကုပ်သည် ကစားစရာ ဖြစ်သော်လည်းသိပ္ပံပညာနှင့်ယှဉ်သော ကစားစရာဟု ဆိုနိုင်ပေသည်။ အလျား ၁၂ လက်မ၊ အချင်း ၃လက်မခန့်ရှိသော ပြောင်းတစ်ခုရလျှင် ကလိုင်ဒိုစကုပ်ကို ပြုလုပ်နိုင်၏။ ထိုပြောင်း တွင် ရှည်လျားလျား ဖြတ်ထားသောကြေးမုံ (ကြည့်မှန်)သုံးချပ်ကို အနားချင်းထိ၍ ထည့်ထားပါ။ ထိုအခါ အဆိုပါ ကြေးမုံ သုံးချပ်သည် ပြောင်းအတွင်း၌ တြိဂံပုံ (သုံးမြှောက်ပုံ) ပြောင်းသဖွယ်ရှိနေလိမ့်မည်။ ပြောင်းဝတစ်ဖက်တွင် အတွင်းဖက်၌ ကြည်လင်သောမှန်တစ်ချပ်၊ အပြင်ဖက်၌ […]

လူသုံးကုန်

ကလောင်တံ

Posted on:

ကလောင်တံ ။ ။ကလောင်တံကို လူတိုင်းလိုပင် မြင်ဘူးကြသည်။ ကလောင်တံ သို့မဟုတ် မင်တံဟု ခေါ်သော ပစ္စည်းကား စာရေးရာတွင် အသုံးပြုသော ကရိယာဖြစ်သည်။ ကလောင်တံကို ရှေးခေတ်အခါကစ၍ ယခုခေတ် တိုင် အသုံးပြုလျက် ရှိကြသည်။ ယခုခေတ်တွင် အသုံးပြုလျက်ရှိသော ရိုးရိုးကလောင်တံများမှာ အဖျားတွင် ချွန် ထက်သောကလောင်သွားများ တပ်ဆင်ထားပြီးလျှင် မင်တို့၍ ရေးသားသော လူသုံးပစ္စည်း တစ်ခုဖြစ်၏။ ရှေးအခါက ကလောင်သွားဟူ၍ သီးခြားမရှိခဲ့ချေ။ ကလောင်တံပြုလုပ်သော ပစ္စည်းကိုသာ အဖျားချွန်အောင်ပြုလုပ်၍ အသုံးပြုခဲ့ကြသည်။ ကလောင်တံဖြင့် စာရေးခြင်းသည် ရှေးခေတ် အီဂျစ်နိုင်ငံ၌စတင်ပေါ်ပေါက်ခဲ့သည်။ဘီစီ ၂၀၀၀ ကျော်က အီဂျစ်လူမျိုးတို့သည် ပပိုင်းရပ်ခေါ် ကျူပင်တစ်မျိုး၏အူမှပြုလုပ်ထားသော စက္ကူပေါ်၌ စာရေးလေ့ရှိကြသည်။ စာ ရေးရာတွင် […]

လူသုံးကုန်

ကော်မှုန့်

Posted on:

ကော်မှုန့် ။ ။ကော်မှုန့် (ကစီ) သည် ဆန်၊ ပဲ၊ ပြောင်းဖူး၊ဂျုံ၊ အာလူး၊ မုန်လာဥဝါနှင့် အခြားသစ်ဥသစ်ဖု သစ်မြစ်များမှ အများဆုံး ထုတ်ယူရရှိနိုင်၍ လုပ်ငန်း၌လည်းကောင်း၊စားရာ၌လည်းကောင်း အသုံးဝင်သည်။ အရောင်မှာ ဖြူဆွတ် ဆွတ်ရှိ၍ အမှုန့်ကလေးများမှာ မွမွကလေးဖြစ်သည်။ လေထိသော်လည်း အရောင်မပျက်ဘဲ စားကြည့်လျှင်လည်း မည် သည့် အရသာမျှမရှိချေ။ ကော်မှုန့် ကို အင်္ဂလိပ်လို ဒစတာ့’ဟုခေါ်၍ ယင်း၏ဒ္ဓါတုသင်္ကေတမှာ C6H10O5, ဖြစ်သည်။ အာလူး၌ ကော်မှုန့် ၅ ပုံ ၁ ပုံပါ၍ ဂျုံ၊ အမျိုးမျိုးနှင့်ပြောင်းဖူးတို့တွင် ၃ပုံ ၂ ပုံပါပြီးလျှင် ဆန်တွင် ၁၀ ပုံ ၉ ပုံခန့် […]

လက်မှုပညာ , လူသုံးကုန်

ကော်ဖတ်

Posted on:

ကော်ဖတ် လွန်ခဲ့သောနှစ်ပေါင်း ၄၅ဝ ခန့်က ကမ္ဘာသစ်ကို တွေ့ရှိခဲ့သူ ကိုလံဗပ်သည် ဒုတိယအကြိမ် အမေရိကတိုက်သို့ ပြန်ရောက်စဉ်၊ တိုင်းရင်းသား အင်ဒီးယန်းလူမျိုးအချို့ မြေကြီး ပေါ်၌ ခုန်နိုင်သော အနက်ရောင် ဘောလုံးများနှင့်ကစားနေ သည်ကို တွေ့ရ၏။ ယခင်က မြေပေါ်တွင် ခုန်နိုင်သော အရာ ဝတ္ထုမျိုးကို မမြင်ဘူးသောကြောင့် အလွန် အံ့အားသင့်သွား သည့်အတိုင်း အဆိုပါ ဘောလုံးအချို့ကို အထူးအဆန်း အဖြစ် ဖြင့် ပြသရန် စပိန်နိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သို့သော် ထိုဘောလုံးများ၌ မည်သည့်ပစ္စည်းမျိုး ပါရှိသည်ကိုလည်း ကောင်း၊ ထိုပစ္စည်းသည် နောင်တစ်နေ့တွင် ဤကမ္ဘာ၌ အလွန် အသုံးဝင်သော ပစ္စည်းတစ်ခု ဖြစ်လာမည်ကိုလည်းကောင်း တွေးတောမိဟန် မတူချေ။ ကိုလံဗပ်လက်ထက်က ဥရောပတိုက် […]

လက်မှုပညာ , လူသုံးကုန်

ကနုကမာ

Posted on:

ကနုကမာ ။ ။ခုံး ကမာ ယောက်သွားစသော ခရုခွံ များတွင် အထပ် ၃ ထပ်ရှိသည့်အနက် အချို့သော ခရုခွံ တို့၌ အောက်ဆုံး သို့မဟုတ် အတွင်းဖက်အကျဆုံးအထပ်မှာ ချောမွှတ်ပြောင်လက်၍ ပုလဲရောင် ထနေသည်ကို တွေ့ဘူး ကြပေမည်။ ဤအထပ်မှာ ကနုကမာအထပ်ဖြစ်၍ ဤအထပ် မျိုး ပါရှိသည့်ခရုခွံများကို ကနုကမာဟုခေါ်ကြသည်။ ကနုကမာအထပ်တွင် ပါဝင်သောပစ္စည်းများမှာ ပုလဲတွင် ပါဝင်သောပစ္စည်းများနှင့် အတူတူပင်ဖြစ်သည်။ ထုံး ဓာတ်ပါသောပစ္စည်းနှင့် ဦးချိုကဲ့သို့မာသောပစ္စည်းတို့သည် အဆင့်ဆင့်အထပ်ထပ် တည်နေကြသည်။ ထိုအထပ်များ ပေါ်သို့ အလင်းကျရောက်သောအခါ အထပ်တို့၏ လွတ် နေသော အစွန်းများက အလင်းကို ယိုင်စေသောကြောင့် စိမ်း၊ နီ၊ ဝါ၊ ပြာစသော […]

လူသုံးကုန်

ကညင်ဆီတိုင်

Posted on:

ကညင်ဆီတိုင် ကညင်ဆီတိုင်သည် မြန်မာကျေးရွာ များ၌ မီးထွန်းရန်နှင့်မီးမွှေးရန်အသုံးပြုသောပစ္စည်းဖြစ် သည်။ကညင်ပင်မှရသော ကညင်ဆီဖြင့်ပြုလုပ်ထားသည်။ ကညင်ဆီကို ထုတ်ယူပုံမှာ တောတောင်၌ ပေါက်ရောက် သော လုံးပတ်၅တောင်မှ၈တောင် အထိကြီးမားသည့် ကညင်ပင်ကြီးတွင် အောက်ခြေအမြစ်မှ အထက်၃တောင် ကွာခန့်၌ ပြက်၂ တောင်၊ စောက် ၂ တောင်ခန့် ဓါးပုဆိန် နှင့် ထွင်းဖောက်၍ တွင်းဂလိုင်း တောင်ခန့် အကျယ်ရလျှင်၊ သစ်စသစ်ပေါက်များကို ဖယ်ရှင်း၍ သစ်ကိုင်းခြောက် များဖြင့်မီးတိုက်ရသည်။ တစ်နေ့နှင့်တစ်ညဉ့် တိုက်သော်မီး လောင်ပြီးတွင်းဂလိုင်ထဲသို့ ကညင်ဆီများ ယိုစီးကျသည်ကို ခပ်ယူရသည်။အပင်ကြီးလျှင် ၅ ပိသာမှ ၇ ပိသာအထိ ရရှိ၍အပင် ငယ်လျှင် ၂ပိသာမှ ၃ ပိသာအထိ ရရှိသည်။ ရသော […]