မြန်မာ , မြို များ

ကော့သောင်းမြို့

Posted on:

ကော့သောင်းမြို့ ။ ။ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း၌ပါဝင်၍ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံး ဖြစ်သော ဝိတိုရိယအငူ ပင်လယ်ကမ်း စပ်၌ တည်ရှိသည်။ ကော့သောင်း နယ်ပိုင်၏ ရုံးစိုက်ရာမြို့ လည်းဖြစ်၏။ ကော့သောင်း နယ်မှာ တနင်္သာရီနယ်၏ တောင်ဘက်တွင် ကပ်လျက်ရှိ၍ ကော့သောင်းမြို့နယ်နှင့် မလိဝန်း မြို့နယ်များ ပါဝင်သည်။ ဘင်္ဂလားအော် အတွင်းသို့ စီးဆင်းသော ပတ်ချန်မြစ်သည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံးနှင့် ယိုးဒယားနိုင်ငံ စပ်ကြားတွင် သဘာဝနယ်နိ မိတ်အဖြစ်ဖြင့် တည်ရှိ၍၊ မြို့အရှေ့ဘက်ရှိ ပတ်ချန်မြစ်ဝမှာ လုံခြုံကျယ်ဝန်းသဖြင့် သင်္ဘောကြီးများ ဝင်ရောက်ဆိုက် ကပ်နိုင်၏။ မြိတ်ကျွန်းစု တောင်ဖက်ရှိ ကျွန်းငယ် ကလေးများမှာ ကော့သောင်းနယ်အတွင်းတွင်ပါဝင်၏။ ကော့သောင်းမြို့ […]

မြန်မာ , မြို များ

ကော့ကရိတ်မြို့

Posted on:

ကော့ကရိတ်မြို့ (ကရင်: ကီၢ်ကရံၣ်ဝ့ၢ်ဖိ) သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ မော်လမြိုင်မြို့၏ အရှေ့ဘက် မိုင် ၅ဝ ခန့်အကွာတွင် တည်ရှိ၏။ မော်လမြိုင်မြို့မှ ဂျိုင်းမြစ်အတိုင်း မိုင် ၄ဝ ခန့်ဆန်တက်ကာ ဟောင်သရောမြစ်လက်တက်ဖက်သို့ ချိုးဝင်ပါက ကျုံဒိုးမြို့သို့ရောက်၍၊ ထိုမှတစ်ဆင့်မော်တော်ကားဖြင့် ကော့ကရိတ်မြို့သို့ ၁၅ မိုင်ခန့်သွားရသည်။ ကော့ကရိတ်မြို့သည် ထိုင်း မြန်မာနယ်စပ်ဖြစ်သော မြဝတီမြို့နှင့် ၄၁ မိုင်မျှသာကွာဝေး၍ ကားလမ်းဖြင့်ဆက်သွယ်ထား၏။ သို့ဖြစ်၍ ကော့ကရိတ်မြို့မှာ ထိုင်းနှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေးတွင် အချက်အချာဌာနတစ်ခု ဖြစ်လေသည်။ ယိုးဒယား၊ ရှမ်း၊ မွန်၊ မြန်မာ၊ ကရင်၊ပအိုဝ်း‌၊ တရုတ်၊ အိနၵိယစသည်ဖြင့် လူမျိုးပေါင်းစုံနေထိုင်၍ တောင်သူလယ်သမား အဖြစ် အသက်မွေးမြူသူများသည်။ ကော့ကရိတ်မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၃.၂ ခန့်ရှိ၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ […]

မြန်မာ , လူမျိုး

ကချင်လူမျိုး

Posted on:

ကချင်လူမျိုး ။ ။ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကချင်လူမျိုးတို့ နေထိုင်ရာအချက်အချာဒေသမှာ ချင်းတွင်း မြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ဖြတ်သန်းစီးဆင်း ရာ ဒေတစ်ဝိုက်ဖြစ်၏။ မြောက်ဖက်လတ္တီတွဒ်၂၃၃၇ဒီဂရီ နှင့် ၂၈ံ၂၅ဒီဂရီတို့အကြား အရှေ့ဘက် လောင်ဂျီတွဒ် ၉၆ဒီဂရီနှင့် ၉၈ံ၄၇ဒီဂရီ အကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်မြန်မာ နယ်စပ် အလွန် ဒေသများတွင် ပျံ့နှံ့နေထိုင်ကြသည်။ ကချင် C တို့၏ လူဦးရေမှာ တဖြည်းဖြည်းတိုးတက်များပြားလာ ခဲ့ရာ မိုးကုတ်နယ် ကိုးတောင်ဒေသ ရွှေလီမြစ်ဝှမ်းဒေသ လားရှိုးနယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတောင်ဖက်ကျိုင်း တုံနယ်အထိပျံ့နှံ့လျက်ရှိကြသည်။ မြန်မာနိုင်ငံ၏ အပ ဖြစ်သော အာသံပြည် ပတ်ကွိုင်တောင်၏ အနောက်ဖက် တောင်စောင်းဒေသနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အရှေ့ဖက်လောင်ဂျီတွဒ် […]