ကော်လိုရားဒိုးပြည်နယ် ။ ။ကော်လိုရားဒိုး ပြည်နယ်သည်အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိ တောင် တန်းဒေသ ပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်၏ အရှေ့ပိုင်းမှာ မြေပြန့်လွင်ပြင်များဖြစ်၍ အနောက်ပိုင်းတွင် အလွန် မြင့်မားသော ရော့ကီးတောင်တန်းကြီး တည်ရှိသည်။ ထို တောင်တန်းတွင် ပေပေါင်း ၁၄ဝဝဝ ကျော်မြင့်သောတောင်ထိပ်ပေါင်း များစွာရှိ၏။ အကြီးဆုံးသော မြစ်မှာ ကော်လိုရားဒိုးမြစ်ဖြစ်၍ ရော့ကီးတောင်တန်း၌ မြစ်ဖျားခံပြီးလျှင် အနောက်တောင်ဘက်တွင် ရှိသော အယ်ရီဇိုးနား ပြည်နယ်တွင်းသို့ စီးဝင်လေသည်။ ထိုမြစ်နှင့်တကွ ပြည်နယ်အတွင်းရှိ အားလုံးသော မြစ်များသည် ကျဉ်းမြောင်း နက်စောက်သော ကင်ညွန်ချောက်များကို ဖြတ်သန်း စီးဆင်း ကြသည်။ သို့ဖြစ်၍ ထိုမြစ်များ သည်ရေစီးသန်သည့် ပြင် ကျောက်စွန်းကျောက်ဆောင် ပေါများခြင်းကြောင့်ရေကြောင်း သွားလာရန်အတွက် […]
ကော်ကေးရှားနယ်
ကော်ကေးရှားနယ်အာရှတိုက်နှင့် ဥရောပတိုက် အကြားသဘာဝနယ်နိမိတ်သဖွယ်တည်နေသော ကော် ကေးဆပ် တောင်တန်းများရှိရာဒေသတစ်ဝိုက်ကို ကော်ကေး ရှားနယ်ဟူ၍ ခေါ်သည်။ ဂရိသမိုင်း ပုံပြင်လောကတွင် အလွန်ထင်ရှားသောဒေသဖြစ်၏။ ယခု ခေတ်တွင်လည်း တောင်စဉ်တောင်တန်းတို့ဖြင့် ရှုခင်းသာယာသည့်ပြင် အဖိုး တန် သဘာဝတွင်းထွက် ပစ္စည်းများဖြင့် ပြည့်စုံလှသည်ဖြစ် ရာ၊ ကမ္ဘာ့ရှေ့တန်း နိုင်ငံကြီးများ အထူးစိတ်ဝင်စားလျက်ရှိ လေသည်။ ထိုနယ်သည် စတုရန်းမိုင် ၁၈၁၁၇၃ မျှ ကျယ်ဝန်း၏။ ကော်ကေးဆပ် တောင်တန်းသည် ပင်လယ်နက်မှ ကက်စပျန်ပင်လယ်အထိ မိုင်ပေါင်း ၇၅ဝ ကျော်မျှ သွယ်တန်း တည်ရှိလေသည်။ အကျယ်မှာ အချို့နေရာ၌ မိုင် ၃ဝ ခန့် သာရှိသော်လည်း အချို့နေရာ၌မူ မိုင် ၁၄ဝ ခန့်သာရှိသည်။ […]
ကရိုင်းမီးယားနယ်
ကရိုင်းမီးယားနယ် ။ ။ဥရောပနှင့် ရုရှနယ်နမိတ်ရှိ ပင်လယ် နက်အတွင်းသို့ မြောက်ဘက် ကမ်းခြေဘက်မှ ထိုးဝင်လျက် ရှိသော လေးထောင့်သဏ္ဌာန် ကျွန်းဆွယ်ကလေးမှာ ကရိုင်းမီးယား ကျွန်းဆွယ် ဖြစ်၏။ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၉၉၅၂ ဖြစ်၍၊ ကုန်းမကြီးနှင့်ဆက်လျက် ရှိသော ပေးရေးကော့ကျွန်းဆက်ကလေးသည်သုံးမိုင်ခန့် သာ ကျယ်၏။ လေးထောင့်ပုံရှိ ကျွန်းဆွယ်၏ အရှေ့ ဘက်ထောင့် မှ ထိုးထွက်နေသော ကျွန်းဆွယ်ကလေးသည် ရုရှနိုင်ငံနှင့် ထိလုမတတ် ရှိနေ၍၊ ပင်လယ်နက်နှင့် အေးဇော့ ပင်လယ် တို့ကို ပိုင်းခြားထားသကဲ့သို့ရှိ၏။ ယခုအခါ မြောက်ဘက်မှ ကျွန်းဆွယ် ကို ဖြတ်၍ တူးမြောင်း ဖေါက်လုပ်ထားသောကြောင့်၊ ကရိုင်းမီးယားမှာ ကျွန်းကလေး တစ်ကျွန်း ဟုပင်ခေါ်ဆို […]
ကရင်ပြည်နယ်
ကရင်ပြည်နယ် ။ ။မြန်မာနိုင်ငံသည် လွတ်လပ်ရေးရ၍ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်လာသော အခါ၌ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကော်သူလေး ဟူသော အမည်ဖြင့် သံလွင်ခရိုင်ကို အခြေပြုကာ ကရင်ပြည်နယ်ကို လျာထားပေးခဲ့သည်။ ၁၉၄၉ ခုနှစ်မှစ ၍ ကေအင်ဒီအို အမည်ခံ ကရင် သူပုန်တို့၏ တော်လှန် သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့ သည့် တိုင်အောင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသည် ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေ (၁၉၅၁ ခုနှစ်အက်ဥပဒေအမှတ် ၆၁)ကို ပါလီမန်တွင် ပြဌာန်း၍၊ သံလွင် ခရိုင်ကို ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်ဖြင့်ဖွဲ့စည်း လျက် ကရင်ပြည်နယ်ဟု တွင်စေခဲ့သည်။ […]
ကယားပြည်နယ်
ကယားပြည်နယ် ။ ။ပြည်ထောင်စု မြန်မာနိုင်ငံတော် တွင်ပါဝင်သော ကယားပြည်နယ်သည် ရှမ်းပြည်နယ် တောင် ဘက်၊ ကရင်ပြည်နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်၊ မြောက်ဘက် လတ္တီတွဒ်၁၈ ဒသမ ၅ဝ ဒီဂရီနှင့် ၁၉ ဒသ မ ၅၅ဒီဂရီနှင့် အရှေ့ဘက် လောင်ဂျီတွဒ်၉၇ ဒသမ ၁၀ ဒီဂရီနှင့် ၉၇ဒသမ ၅ဝဒီဂရီတို့၏ ကြားတွင် တည်ရှိသည်။ မြောက်ဖက်တွင် ရှမ်းပြည်နယ်၏ မိုးဗြဲ၊ သထုံ၊ မောက်မယ် နယ်များ၊ အနောက်ဘက် တွင်မိုးဗြဲနယ်နှင့် ကရင်ပြည်နယ်၏ သံတောင်နယ် တောင်ဘက်တွင် ကရင်ပြည်နယ်၏ သံလွင် ခရိုင်နှင့် အရှေ့ဖက်တွင် ယိုးဒယားနိုင်ငံတို့ ရှိသည်။ ကယားပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်း […]
ကပိလဝတ်ပြည်
ကပိလဝတ်ပြည် ။ ။ကပိလဝတ်ပြည်သည် ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးစိုးစံတော်မူသော ပြည်ဖြစ်၏။ အိန္ဒိယနိုင်ငံတွင် ရှေးအခါက တိုင်းကြီး ၁၆ တိုင်း၊ ပြည်ကြီး ၂ဝ ဟုကျော် စောခဲ့သည့် အနက်၊ သက္ကတိုင်း ကပိလဝတ်ပြည်တွင် သာကီဝင်တို့ ကြီးစိုးခဲ့သည်။ ဥက္ကာကရာဇ်မင်းကြီးသည် သားတော်နှင့် သမီးတော် များကို ဟိမဝန္တာတောသို့ သွားရောက်နေထိုင်ရန် အမိန့် ရှိခဲ့ရာမှ သား တော်၊ သမီးတော်တို့သည် ကပိရသေ့ကြီး၏ ကျောင်းသင်္ခမ်းအနီးတွင် ရသေ့ကြီး၏ အဆုံးအမကို ခံယူကာ တိုင်းပြည် တည်ထောင်ခဲ့ကြသည်။ ထိုအချက်ကို အစွဲပြု၍ ကပိလဝတ်ပြည်ဟု ခေါ်တွင်သည်။ ကပိလဝတ် ပြည်ကို မြန်မာစာပေများ၌ ကပ္ပိလဝတ်၊ […]
ကနေဒါအနောက်မြောက်နယ်များ
ကနေဒါအနောက်မြောက်နယ်များ ။ ။ကနေဒါနိုင်ငံ အနောက် မြောက်ဘက်ရှိ နယ်များကို စုရုံး၍ အနောက် မြောက်နယ်များဟု ခေါ်သည်။ ယင်းသည် ပရေရီခေါ် မြက်ခင်းလွင်ပြင်ဒေသများမှအာတိတ်သမုဒ္ဒရာအထိ ကျယ် ပြန့်၍ အနီးအနား တဝိုက်ရှိ ကျွန်းစုကြီးများ ပါဝင်သည်။ ထိုနယ်များမှာ ကနေါတစ်ပြည်လုံး၏သုံးပုံ တစ်ပုံခန့်ရှိ၍ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃ဝ၄၉ဝ၃ ခန့် ရှိသည်။ အနောက်မြောက်နယ်များကို ကီဝါတင်၊ မက္ကဇီနှင့် ဖရန်ကလင်ဟူ၍ နယ်သုံးနယ်ခွဲခြားထားသည်။ ထိုဒေသ အားလုံးကို ၁၈၇ဝ ပြည့်နှစ် အထိ ဟဒ်ဆန် ဗေးကုမ္ပဏီက ပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါ ကနေဒါအစိုးရက ခန့်ထား သော တိုင်းမင်းကြီးက စီမံအုပ်ချုပ်သည်။ အနောက်မြောက်နယ်များ၏ လူဦးရေမှာ၁၉၅၁ ခုနှစ်က ၁၆ဝဝ၄ […]
ကချင်ပြည်နယ်
ကချင်ပြည်နယ်၊ ။မြောက်ဖက် သမပိုင်းဇုန်အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ရှိသော ကချင်ပြည်နယ်မှာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားမြစ်ဝှမ်း ဒေသမြေပြန့် များနှင့်တောတောင် ရောပြွမ်းလျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မြင့်မားညို့မှိုင်းသော တောင် ထွတ်တောင်တန်းကြီးများ နက်ရှိုင်းသော ထူထပ်သောသစ် တောကြီးများ၊ ကြည်လင်အေးမြသော မြစ်ချောင်းရေတံခွန်များ၊ အင်းအိုင်ကြီးများနှင့် တန်ဆာဆင်ထားလျက်ရှိ ပေရာ သဘာဝအားဖြင့်စိမ်းလန်း သာယာလှပေသည်။ မြောက်ဘက်လတ္တီတွဒ် ဘက်လောင်ဂျီတွဒ် ဒီဂရီ၉၆° ၄၇ ဒီဂရီ၂၃၃၇နှင့် ၂၈၂၅အရှေ့ တို့၏အကြား၊ မြောက်ဘက်နှင့်အရှေ့ဘက်တွင် တရုတ်နိုင်ငံ အနောက်ဘက်တွင် ကသာခရိုင်၊ အထက်ချင်းတွင်းခရိုင် နာဂတောင်တန်း နှင့် အာသံပြည်တို့ ဝန်းရံလျက်တည်ရှိသည်။ ပြည်နယ်အ တွင်းတွင်မြစ်ကီးနားခရိုင်နှင့်ဗန်းမော်ခရိုင်တို့ပါဝင်၍ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၉၉ဝဝခန့်ရှိသည်။ မြေမျက်နှာပြင်နှင့်ရာသီဥတု ကချင်ပြည်နယ်မှာ ကုန်းမြင့်ဒေသဖြစ်သည်အလျောက် […]