ကိုင်ရိုမြို့။ ။ကိုင်ရိုမြို့သည် ခေတ်သစ်အီဂျစ်နိုင်ငံ၏ မြို့တော်ဖြစ်၍ အာဖရိကတိုက်တွင် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည်။ နိုင်းမြစ်၏အရှေ့ဘက်ကမ်း မြစ်ဝကျွန်းပေါ်ဒေသထိပ်ခွဆုံ၏အထက် ၈ မိုင်အကွာတွင် တည်ရှိသည်။ အယ်လက်ဇန္ဒြီးယားမြို့မှ အရှေ့တောင်ဘက်သို့ မိုင် ၁၃ဝ ကွာဝေး၍စူးအက်မြို့မှ အနောက်ဘက်သို့မိုင် ၈ဝ ခန့်ကွာဝေးသည်။အာဖရိကတိုက်တွင် အကျယ်ပြန့်ဆုံးမြို့ဖြစ်၍ နိုင်းမြစ်အရှေ့ဘက်ကမ်းတွင် ၅မိုင်ခန့်ရှည်လျားစွာတည်ရှိသည်။ မြို့တစ်ပိုင်းမှာ နိုင်းမြစ်ဝှမ်း၏ နုံးတင်မြေနုကွင်းပြင်ပေါ်တွင် ကျရောက်နေ၍ တစ်ပိုင်းမှာ မိုကက်တမ် ထုံးကျောက်တောင်များ၏ဆင်ခြေလျှောပေါ်တွင် ကျရောက်နေသည်။ အလယ်ခေတ်အတွင်းက ကိုင်ရိုမြို့သည် ထင်ရှားခဲ့၏။၇ရာစုနှစ်အတွင်းက အာရပ်လူမျိုးတို့ အီဂျစ်နိုင်ငံကို တိုက်ခိုက်အောင်မြင်သောအခါ၊ မွတ်စလင်ဗိုလ်ချုပ်သည် သူ၏ခံတပ်အနီး နိုင်းမြစ်ကမ်းပါးတစ်နေရာတွင် မြို့တစ်မြို့တည်ဆောက်၍အယ်-ဖော့စတတ်မြို့ဟု အမည်ပေးခဲ့၏။ ၁ဝ ရာစုနှစ်သို့ […]
ကောင်းတုံမြို့
ကောင်းတုံမြို့ ။ ။ဗန်းမော်ခရိုင်၊ ရွှေဂူမြို့နယ်တွင် ပါဝင်သော မြို့ဖြစ်သည်။ကောင်းတုံမြို့သည် မန္တလေးမြို့မှ ၂၆၃ မိုင်၊ ဗန်းမော်မြို့မှ ၁၂ မိုင်မျှ ဝေးကွာသော ဧရာဝတီမြစ် လက်ဝဲဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ယခုအခါ ကောင်းတုံ မြို့သည် ထင်ပေါ်ကျော်စောသောမြို့မဟုတ်သော်လည်း ရှေးအခါက ကုန်းလမ်းကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် ဖွံ့ဖြိုးခဲ့သည်။ ဤမြို့မှနေ၍ ကုန်းလမ်းခရီးဖြင့် တရုတ်နိုင်ငံသို့လည်းကောင်း၊ ရေလမ်းခရီးဖြင့်ရန်ကုန်မြို့သို့လည်းကောင်း၊ ကူးလူးဆက်ဆံနိုင်ခဲ့သည်။ အ ထူးသဖြင့် ၁၇ ရာစုနှစ်နောက်ပိုင်းတွင် ဗန်းမော်မြို့၌ ဒပ်ချလူမျိုးနှင့် အင်္ဂလိပ်လူမျိုးတို့၏ အလုပ်ရုံကြီးများ ဖွင့်လှစ်လုပ်ဆောင်သောအချိန်များတွင် ပိုမိုစည်ကား၍ လာခဲ့သည်။ရှေးမြန်မာနိုင်ငံ ရေလမ်းကုန်စည်ရောင်းဝယ်ဖောက်ကားမှုနှင့်စပ်လျဉ်း၍ ဒအထက်ကောင်းတုံ၊ အောက်ရန်ကုန်နှင့် စုန်ဆန် ထက်အောက် ဟုပြောဆိုရေးသားလေ့ရှိသည်။ ရှေးမြန်မာမင်းများလက်ထက်က […]
ကိုလံဗိုမြို့
ကိုလံဗိုမြို့ ။ ။ ကိုလံဗိုမြို့သည် သီဟိုဠ်ကျွန်း၏ မြို့တော်ဖြစ်၍ ကျွန်း၏အနောက်ဘက်ကမ်းခြေ ကလျာဏီမြစ် ဝအနီး၌ တည်ရှိသည်။ အေဒင်မြို့မှ သြစတြေးလီးယားတိုက်သို့၎င်း၊ကရာချိမြို့မှ စင်ကာပူမြို့သို့၎င်း သင်္ဘောခရီးလမ်းတွင် ကိုလံဗိုမြို့သည် ဗဟိုဒေသဖြစ်သည့်အလျောက် ထင်ရှားသောသင်္ဘောဆိပ်မြို့ကြီးလည်းဖြစ်သည်။ သီဟိုဠ်ကျွန်းတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက်ကိုလံဗိုမြို့သည် အချက်အခြာမြို့ကြီးဖြစ်၏။ အများ ဆုံးတင်ပို့ရောင်းချသော ထုတ်ကုန်မှာ လက်ဖက်ခြောက် ဖြစ်သည်။ကိုလံဗိုသင်္ဘောဆိပ်၏ အကျယ်အဝန်းမှာဧက ၆ဝဝကျော်မျှရှိ၍၊ ကမ္ဘာပေါ်တွင် လူတို့ဆောက်လုပ်သော အကြီးဆုံး သင်္ဘောဆိပ် တစ်ခုဖြစ်ပေသည်။ ကိုလံဗိုမြို့ တွင် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ၊ သီဟိုဠ်တက္က သိုလ်ကျောင်းတိုက်၊ ဘုရင်ခံအိမ်တော်၊ ပန်းဥယျာဉ်များရှိ၏။ကိုလံဗိုမြို့မှ သီဟိုဠ်ကျွန်းအရပ်ရပ်သို့ အလွယ်တကူသွားနိုင်ရန် လူသွားလမ်းများ၊ မီးရထားလမ်းများဖောက်လုပ်ထားသည်။ […]
ကိုလုန်းမြို့
ကိုလုန်းမြို့ ။ ။ ကိုလုန်းမြို့သည်ဂျာမနီနိုင်ငံ ရိုင်းမြစ် လက်ဝဲဖက်ကမ်းပေါ်ရှိ မြို့ကြီးတစ်မြို့ဖြစ်၏။မီးရထားလမ်းများဆုံရာ ဌာနဖြစ်သည့်ပြင် ဥရောပတိုက်တွင်အရေးပါသော လေယာဉ်စခန်းတစ်ခုလည်း ဖြစ်သည်။ မြို့၏မြောက်ဘက် မိုင် ၂ဝခန့် အကွာတွင် ကျောက်မီးသွေးတွင်းနှင့်စက်မှုလက်မှုလုပ်ငန်း ထွန်းကားသော ရူးဝါး မြစ်ဝှမ်းဒေသရှိသည့်ပြင်၊ တောင်ဘက်၌လည်းIသံနှင့် ကျောက်မီးသွေးထွက်သော ဆားနယ်နှင့် လိုရိန်းနယ် များရှိသဖြင့် ကိုလုန်းမြို့သည် ဂျာမနီနိုင်ငံ၏ ပို့ဆောင်ရေးလမ်းဆုံမြို့ကြီးနှင့် စက်မှုလက်မှုလုပ်ငန်း ထွန်းကားသောမြို့ကြီး ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းမှာ များပြားကြီးကျယ်၍၊ သကြား၊ ချောကလက်၊ ဆပ်ပြာ၊ ဆေး၊ ကော်၊ အရက်၊ဘိလပ်ရည်၊ ကတ္တီပါ၊ ပိုးထည်၊ သိုးမွေးထည်၊ ချည်ထည်၊ဓာတ်ပစ္စည်းများ၊ မော်တော်ကားနှင့် စက်ကရိယာပစ္စည်းများမှာ ထင်ရှားလေသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် […]
ကိုပင်ဟားဂင်းမြို့
ကိုပင်ဟားဂင်းမြို့။ ။ကိုပင်ဟားဂင်းမြို့သည် ဒိန်းမတ်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ဗောလတစ်ပင်လယ်ကမ်းခြေတွင် ဇိလန်ကျွန်းနှင့် အမာဂါကျွန်း ၂ ကျွန်းကို ခွလျက်တည်ရှိ၍၊ ကျွန်း ၂ ကျွန်းအကြားရှိ ရေလက်ကြားကြီးမှာ ဗောလတစ်ပင်လယ်တွင် အကောင်းဆုံးသင်္ဘောခိုရာ ဆိပ်ကမ်းဖြစ်သည်။ ဗောလတစ်ပင်လယ်ဝတွင်တည်ရှိ၍ ဆိပ်ကမ်း လုံခြုံကောင်းမွန်သဖြင့်၊ ကိုပင်ဟားဂင်းမြို့သည် ၁၂ရာစုနှစ် အလယ်လောက်တွင် တံငါရွာ ကလေးမှ အရောင်းအဝယ်စည်ကားသော ပင်လယ် ဆိပ်ကမ်းမြို့ကြီးအထိတိုးတက်လာသည်။ အလယ်ခေတ်တစ်လျှောက်လုံးတွင် လက်နက်နိုင်ငံများစွာတို့သည်ကိုပင်ဟားဂင်းဆိပ်ကမ်းကိုကြီးစိုး ပိုင်ဆိုင်ကြရန်စစ်ပြိုင်ခဲ့ကြသည်။ ၁၄၄၃ ခုနှစ်တွင် တတိယခရစ္စတိုဖါ ဘုရင်သည် ကိုပင်ဟားဂင်းမြို့ကို ဒိန်းမတ်နိုင်ငံ ၏မြို့တော်ပြုလုပ်ခဲ့၏။ ၁၈ဝ၇ ခုနှစ်တွင် ပြင်သစ်တို့လက်တွင်းသို့ ဒိန်းမတ်ရေတပ် ကျရောက်သွားမည်စိုးသဖြင့် ထိုရေတပ်ကိုပေးအပ်ရန် ကိုပင်ဟားဂင်းမြို့ကို […]
ကောလင်းမြို့
ကောလင်းမြို့။ ။ကောလင်းမြို့သည် အထက်မြန်မာပြည်ကသာခရိုင်အတွင်းကောလင်းနယ်ပိုင် ရုံးစိုက်ရာမြို့ဖြစ်၏။ ကောလင်းမြို့မှာ ထီးချိုင့်မြို့ အနောက်ဘက် မိုင်၄၀ ကွာတွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်၌ရှိသည်။ မြေပြန့်ပေါ်၌ တည်ရှိသော်လည်း ပတ်ပတ်လည်၌တောင်များ ဝန်းရံလျက်ရှိ၏။ ကောလင်းမြို့ သည် ၂၁၇ဧက ကျယ်ဝန်း၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရလူဦးရေ ၃၇၃၅ ယောက်ခန့် ရှိသည်။ မြို့တစ်ဝိုက်တွင်ကျယ်ပြန့်သော စပါးလယ်ကွင်းများကို ကောလင်းကွင်းဟုခေါ်ကြသည်။ ကောလင်းမြို့နယ်ကို ရှေး မြန်မာမင်းများလက်ထက်ကမြို့ဝန်များခန့်ထား၍ အုပ်ချုပ်စေသည်။ မြို့ဟောင်း နေရာမှာ ယခုကောလင်းမြို့၏ အနောက်ဘက် တစ်မိုင်ခန့်ဝေးကွာသော ရွာမ ပင်ဖြစ်သည်။ ယခုကောလင်းမြို့မှာတောင်အင်း နှင့် မြောက်အင်းခေါ် ရွာ ၂ ရွာကို စုပေါင်း၍တည်ခဲ့သော […]
ကီးယက်မြို့
ကီးယက်မြို့ ။ ။ကီးယက်မြို့သည် နီးပါးမြစ်၏ လက်ယာဖက်ကမ်းပေါ်တွင် တည်ရှိ၍ လူဦးရေ ၈၅ဝဝဝဝ မျှရှိသောမြို့ကြီးဖြစ်ပြီးလျှင်၊ ဆိုဗီယက် ဆိုရှယ်လစ် ယူကရိန်း သမ္မတ နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ဆိုဗီယက် ရုရှနိုင်ငံတွင် ရှေးအကျဆုံးသောမြို့ကြီးဖြစ်၍ ထိုမြို့ကို ‘မြို့များမိခင်”ဟုရုရှတို့ခေါ်ကြသည်။ လယ်ယာနှင့်စက်မှုလုပ်ငန်းများထွန်းကားသောဒေသတွင် တည်ရှိသည့်ပြင် မီးရထားလမ်းဆုံရာ မြို့ကြီးလည်း ဖြစ်သဖြင့် ရုရှနိုင်ငံတွင် တတိယအကြီးဆုံးမြို့ဖြစ်၏။ ကုန်တင်ကုန်ချ ရှုပ်ရှက်ခတ်မျှစည်ကားသော ဆိပ်ကမ်းများ၊ သတ္တုရည် ကျိုရုံများ၊ ဂျုံ စက်၊ သကြားစက်၊ သားရေနယ်စက်၊ အရည်ချက်စက်၊ဖန်ချက်စက်စသည်တို့အပြင် ဓါတ်ခွဲခန်းများ၊ စက်မှုလက်မှုပညာသင်ကျောင်းများ၊ ပြတိုက်များ၊ တက္ကသိုလ်ကျောင်းကြီးများနှင့် အမျိုးသားစာကြည့်တိုက်၊သိပ္ပံပညာတံခွန်အသင်းတို့လည်း ရှိသဖြင့်၊ ကီးယက်မြို့သည် ယခုအခါ ခေတ်မှီသော မြို့ကြီးလည်း ဖြစ်လေသည်။ ကီးယက်မြို့တွင်အပိုင်းကြီးသုံးပိုင်း ထင်ရှားခြားနားစွာတည်ရှိ၏။ပထမပိုင်းမှာ […]
ကားသေ့နိုင်ငံ
ကားသေ့နိုင်ငံ ။ ။ရှေးနှစ်ပေါင်း ၂ဝဝဝ ကျော်လောက်က တန်ခိုးထွားခဲ့သော ကားသေ့နိုင်ငံတော်၏ မြို့တော် ဖြစ်သည့် ကားသေ့မြို့သည် မြေထဲပင်လယ်ထဲတွင် ရောမမြို့နှင့်ခေတ်ပြိုင် ထွန်းကားခဲ့ပေသည်။ ထိုစဉ်ကအရောင်း အဝယ် ဖွံ့ဖြိုး၍ ခမ်းနားကြွယ်ဝသော မြို့တစ်မြို့ဖြစ်ခဲ့၍၊ယင်းမြို့ကြီး၏နေရာဟောင်းမှာ အာဖရိကတိုက် မြောက် ဘက်ကမ်းခြေရှိ ယခုခေတ်တျူးနစ်မြို့နှင့် ၃ မိုင်ကွာတွင်တည်ရှိလေသည်။ ကားသေ့မြို့ တည်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အဆိုများ ကွဲပြားနေကြ၏။နိုင်ငံသမိုင်းအရဆိုသော် ကားသေ့မြို့သည်ရှေးဖီနီရှန်လူမျိုးတို့ ကောင်းစားစဉ်က ဘီစီ ၈၁၃-၈၁၄ ခု နှစ်လောက်တွင် ဆိပ်ကမ်းမြို့ ကလေးအဖြစ် တည်ရှိခဲ့၏။ ရှေးသူဟောင်းတို့၏ စကားအရဆိုသော် ဘီစီ ၈၅ဝပြည့်နှစ်လောက်တွင်တိုင်ယာမြို့မှထွက်ပြေးလာသောဖီနီရှန် မင်းသမီးဒိုင်ဒို တည်ခဲ့သောမြို့ဖြစ်လေသည်။ ရောမ စာဆိုတော်ဗာဂျီ၏ ‘အီးနီးယစ် ကဗျာတွင် ထရိုဂျန် မင်းသား […]
ကာမိုင်းမြို့
ကာမိုင်းမြို့ ။ ။ မိုးကောင်းမြို့မှအထက်သို့မိုးကောင်းချောင်းအတိုင်း ဆန်တက်သော် ရေလမ်းခရီး မိုင် ၇ဝ ခန့် အကွာတွင် ကားမိုင်းမြို့ကိုတွေ့ရပေမည်။ သို့သော် ကားလမ်းမှဆိုလျှင် ၂၅ မိုင်မျှသာ ဝေးလေသည်။ ကားမိုင်းမြို့ မှာကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၌ပါဝင်၍ ကာမိုင်းတောင်တန်းနယ်၊ မိုးကောင်းတောင်တန်းနယ်၊ မိုးညှင်း တောင်တန်းနယ်၊ ဟူးကောင်း ပယင်း တွင်းနယ်၊ နာဂတောင်တန်းနယ်နှင့် ကျောက်စိမ်းတွင်းနယ်များ ဆိုင်ရာ တောင်တန်းဝန်ထောက် ရုံးစိုက်ရာမြို့ ဖြစ်သည်။ မြို့မှာ စတုရန်းတစ်မိုင်ကျယ်ဝန်း၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆၁၁ ယောက်မျှရှိ၏။ မြို့သူ မြို့သားများမှာ အများအားဖြင့် တံငါနှင့် တောင်သူလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ မိုးကောင်းချောင်းဖျားရှိ ကော်ဖတ်ခြံများမှ ကော်ဖတ်များနှင် […]
ကားဒစ်မြို့
ကားဒစ်မြို့ ။ ။ကားဒစ်မြို့သည် ဂလာမော်ဂန်ရှိုင်ယာ ခရိုင်၏ရုံးစိုက်ရာမြို့ဖြစ်၍ ဝေလပြည်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကျောက်မီးသွေး အများဆုံး သင်္ဘောတင်ထုတ်ရောင်းရာ မြို့တစ်မြို့ ဖြစ်သဖြင့် ဗြိတိသျှ ကျွန်းစုရှိ ထိပ်တန်း ဆိပ်ကမ်းမြို့ကြီးများတွင် အပါအဝင် ဖြစ်လေသည်။ဝေလပြည်တောင်ပိုင်း ဆက်ဗန်းမြစ်ဝကျယ် ပေါ်တွင် ရေလက်ကြားကြီးမှ ၃ မိုင်မျှတည်ရှိ၍ ဗရစ္စတိုကွာဝေးသည်။ ၁၇၉၄ ခုနှစ်တွင် မာသာတစ်ဗီးမြို့သို့ တူး မြောင်း ဖေါက်လုပ်လိုက်သဖြင့်လည်းကောင်း၊ ၁၈၃၉ ခုနှစ်တွင် သင်္ဘောကျင်းများ တည်ဆောက်လိုက်သဖြင့် လည်း ကောင်း၊ ကာဒစ်မြို့မှာ သိသိသာသာ တိုးတက်စည်ကားလာလေသည်။ မာသာတစ်ဗီးမြို့သို့ ကူးပြောင်းမဖွင့်လှစ်မီက ကာဒစ်မြို့၏ ကျောထောက်နောက်ခံ နယ်များမှာ ကျောက်မီးသွေးများကို လားများဖြင့် ကာဒစ်မြို့ဆိပ်ကမ်းသို့ အရောက် […]