အပင်

ကျီးပေါင်း

Posted on:

ကျီးပေါင်း။                 ။ကျီးပေါင်းသည် အခြားသစ်ပင်၏ပင်စည်နှင့် အကိုင်းအခက်များပေါ်တွင် တွယ်ကပ်မှီခို၍ ရှင်သန်ကြီးပွားရသော ချုံပင်မျိုးဖြစ်သဖြင့်၊ အပင်လောက၌အလွန်ထူးဆန်းသော အပင်ဟုဆိုရပေမည်။ ကျီးပေါင်းသီးတို့ကိုကျေးငှက်များ ကိုက်ချီစားသောက်ယင်း သစ်တစ်ပင်မှ တစ်ပင်သို့ လူးလာပျံသန်းစဉ်၊ သစ်ကိုင်းပေါ်တွင် နှုတ်သီးမှတွယ်ကပ် ကျန်ရစ်ခဲ့ သောအစေ့များမှ ကျီးပေါင်းပင်များပေါက်လာခြင်းဖြစ်သည်။ လူနှင့်တိရစ္ဆာန်ကိုယ်ပေါ်ရှိ သန်းနှင့်လှေးတို့သည်၎င်း၊ကိုယ်တွင်းရှိတုတ်ကောင်၊ သံကောင်တို့သည်၎င်း၊ လူနှင့်တိရစ္ဆာန်တို့၏ သွေးသားကိုမှီ၍ ရှင်သန်ကြီးပြင်းရသဖြင့်၊ယင်းတို့မှီခိုရာ လူနှင့်တိရစ္ဆာန်တို့၏ ကျန်းမာရေးကို ထိခိုက်စေ၏။ ထို့အတူ၊ ကျီးပေါင်းတို့သည်လည်း မိမိတို့ရှင်သန်ကြီးပွားမှုအတွက် လိုအပ်သောအာဟာရဓာတ်အချို့ကို ပင်မသစ်ပင်မှ စုပ်ယူရရှိသဖြင့်ထိုအပင်၏ ကြီးပွားဖွံ့ဖြိုးရေးကိုနည်းနှင့်အများထိခိုက်စေသည်။ ကျီးပေါင်းပင်တို့သည် ရုက္ခဗေဒအလိုအရ “လိုရန်သေစီ”မျိုးရင်းတွင်ပါဝင်၍ မျိုးကွဲပေါင်း ၃ဝ ထက် မနည်းရှိသည်ဟု ခန့်မှန်းရသည်။ […]

ငှက်များ

ကျီး

Posted on:

ကျီး ။                 ။ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသော ငှက်များတွင် ကျီးသည် ရှောင်၍မလွတ်၊ နေရာတကာတွင် တွေ့မြင်ရသော ငှက်ဖြစ်သည်။ ငှက်အပေါင်းတွင် ကျီးသည် လူ့လောကနှင့် အနီးကပ်ဆုံးဟု ဆိုရပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူအချင်းချင်း စကားပြောရာတွင်၊ ကျီးကိုဘုတ်ရိုသေ၊ ဘုတ်ကိုကျီးရိုသေ”၊ “နတ်ကရာကျီးမော” စသည်ဖြင့် ပြောဆိုသုံးစွဲ ကြသည်။ ကျီးပါဝင်သော ပုံဝတ္ထုများတွင် အထင်ရှားဆုံးကားဘုရားဟောတိကနိပါတ် ဥလူကဇာတ်၌ပါရှိသော ကျီးနှင့်ခင်ပုပ်တို့၏ကမ္ဘာရန်အကြောင်းပင်တည်း။ ကမ္ဘာဦး၌ လူများ၊ ခြေလေးချောင်းတိရစ္ဆာန်များ၊ ငါးများသည် စည်းဝေးကြ၍၊ မဟာသမတ၊ ခြင်္သေ့၊ ငါးကြီးအာနန္ဒာတို့ကို အသီးသီးမိမိတို့ဆိုင်ရာဆိုင်ရာ မင်းမြှောက်ကြရာ၊ ငှက်များကလည်းအားကျမခံ မင်းမြှောက်ရန် စည်းဝေးကျင်းပကြသည်။ […]

ကုန်းနေသတ္တဝါ

ကျားသစ်

Posted on:

ကျားသစ်။             ။ကျားသစ်သည် ကြောင်မျိုးတွင်ပါဝင်၍ကျားနှင့်ခြင်္သေ့မှ လွဲလျှင် ကြောက်မက်ဖွယ် အကောင်းဆုံးသော သတ္တဝါဖြစ်သည်။ ကိုယ်ပေါ်တွင် နှင်းဆီပွင့်များသဖွယ် အဝါခံတွင်မည်းနက်သော အကွက်များ ရှိခြင်းကြောင့် အထူးလှပသည်။ ကျားသစ်တို့သည် ပျမ်းမျှခြင်းအားဖြင့် ပခုံး၌ ၂ ပေ ၄ လက်မခန့်မြင့်၍၊ နှာဖျားမှအမြီးဖျားအထိ ၇ ပေခွဲခန့်ရှည်တတ်ကြသည်။ အချို့သောကျားသစ်ထီးတို့မှာ ၉ ပေအထိပင်ရှည်ကြ၏။ အထီးသည် ပိဿာ ၃ဝ မှ ၅ဝ အထိ အချိန်စီး၍ အမသည် ၂၅ ပိဿာခန့်သာရှိတတ်သည်။ ကျားသစ်အမသည်တစ်ကြိမ်လျှင် ၂ကောင်မှ ၄ ကောင်အထိ သားပေါက်တတ်၏။ ကျားသစ်သည် ခုန်နိုင်လွှားနိုင်၍၊ သစ်ပင်များ ပေါ်သို့လည်းအထူးလျင်မြန်ပေါ့ပါးစွာ […]

ပညာရေး

ကျား-မ ပညာရေး

Posted on:

ကျား-မ ပညာရေး ။                  ။ကျား-မ ပညာရေးမှာ ကျောင်းများတွင် ယောက်ျားကလေးနှင့်မိန်းကလေးများကို တတ်နိုင်သမျှအတူတူရောပြီး တစ်ချိန်တည်း၌ စာသင်ခန်း တစ်ခုတည်းတွင် သင်အံစာတစ်မျိုးတည်းကို သင်ရိုးသင်တမ်းကုန်ဆုံးသည်အထိ အတူသင်ကြားခြင်းကို ဆိုလို သည်။ရှေးအခါများက မိန်းကလေးများ၏ ပညာသင်ကြားရေးကို ဂရုမပြုခဲ့ကြချေ။ မိန်းကလေးဆိုလျှင် ပညာကို ထူးချွန်အောင် သင်ရန်မလို၊ ယောက်ျားများကို ဖျော်ဖြေရန်အတွက် သူတို့၏ရုပ်ရည်လှပမှု၊ ကိုယ်ဟန်ကြော့ရှင်းမှုတို့လောက်ကို ဂရုစိုက်ကာ ပြုပြင်နေရန်သာ ရှိသည်ဟူသောရှေးခေတ် တစ်ယူသန်ဝါဒစွဲကြောင့် မိန်းမပညာတတ်များခေါင်းပါးခဲ့လေသည်။ သို့သော်တဖြည်းဖြည်း ခေတ်ပြောင်းလာသည်နှင့်အမျှ ပေါင်းသင်း ဆက်ဆံရေးသဘောထား၊ငွေရေးကြေးရေး အခြေအနေနှင့် သာသနာရေး အယူအဆစသည်တို့မှာလည်း ပြောင်းလဲလာလေရာ၊ မိန်းကလေးများအား ပညာသင်ကြားပေးရန် […]

အိမ်တွင်းကစား မှု

ကျားထိုးခြင်း

Posted on:

ကျားထိုးခြင်း။          ။ကျားထိုးခြင်းသည် လွန်စွာရှေးကျသော အိမ်တွင်းကစား မှုတစ်ခုဖြစ်၍၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းလိုလိုမှာပင် တွေ့ရှိနိုင်လေသည်။ ယခုရေးသားသည့် ကျားထိုးခြင်း အကြောင်းမှာ အင်္ဂလိပ် ကျားထိုးခြင်း ဖြစ်သည်။ကျားထိုးရန်ခုံမှာစစ်တုရင်ခုံကဲ့သို့ အဖြူအနက်ကွက်ကျားဖော်ထားသည့်အကွက် ၆၄ ကွက်ပါရှိသော စက္ကူချပ်ထူသို့မဟုတ်သစ်သားခုံဖြစ်လေသည်။ ကျားများမှာ သစ်သားသို့မဟုတ် အမာခံဝတ္ထုဖြင့် ပြုလုပ်ထားသည့်အပြားဝိုင်းကလေးများဖြစ်လျက် အဖြူအနက် ခွဲခြားထားလေသည်။ကျားထိုးခြင်းကို လူနှစ်ယောက်သာ ကစားနိုင်သည်။ စ၍ကစားရာတွင် တစ်ယောက်ကကျားအဖြူ ၁၂ ကောင်ကိုယူ၍၊ အခြားတစ်ယောက်က ကျားအနက် ၁၂ ကောင်ကိုယူပြီးလျှင် မိမိဖက် နောက်ဆုံးသုံးတန်းရှိ အနက်ကွက်များ ပေါ်တွင် ချထားရသည်။ ကျားထိုးသည့်အခါ မိမိနှင့်ဆိုင်ရာကျားများကို တစ်လှည့်စီတစ်ကွက်ကျ ရွေ့သွားရသည်။ ကျားအနက်ကို ယူသောသူသည် ဦးဆုံးစတင်၍ ရွေ့ရ၏။ […]

ကုန်းနေသတ္တဝါ

ကျား

Posted on:

ကျား။                ။ခြင်္သေ့ကိုသာလျှင် ကျွန်ုပ်တို့သည် ရဲစွမ်းသတ္တိနှင့်ပြည့်ဝသည်ဟု ယူဆကိုးကားလေ့ရှိကြ၏။သို့ရာတွင်ခြင်္သေ့နှင့်သတ္တိတွင်မခြားသောကျားကိုလည်းလျစ်လျူရှုထားရန် မသင့်ပေ။ ခြင်္သေ့သည် အာဖရိကတိုက်တောများတွင် စိုးမိုးနေသည်ကို တွေ့ရသကဲ့သို့ ကျားသည်လည်း အာရှတိုက်တစ်ခွင်တွင် သားကောင်တို့အပေါ်၌ မင်းမူလျက်ရှိသည်ကို တွေ့ရသည်။ အကယ်စင်စစ် ကျားမှာ ကျားဆရာကြောင်ဟူသောဆိုရိုးစကားအတိုင်း ကြောင်မျိုးတွင်ပါဝင်သည်။ အိမ်တွင် လက်သတ်မွေးထားသော ကြောင်နှင့် နှိုင်းစာကြည့်ပါမူအရွယ်အစားကြီးမားခြင်းမှလွဲ၍ ခြားနားချက်များစွာမရှိလှသည်ကို တွေ့ရမည်။ ကျားသည် တောက်ပြောင်လှပသော အသွေးအမွေး၊အချိုးအစားကျနပြေပြစ်သော ကိုယ်လုံးကိုယ်ထည်၊ ဖျတ်လတ်ပေါ့ပါးသော ကိုယ်ဟန်တို့ကြောင့်၊ ကြောင်မျိုးဝင်တိရစ္ဆာန်အပေါင်းတို့တွင် အလှပဆုံးနှင့် အချိုးအကျဆုံးဖြစ်သည်။ အာရှတိုက်တစ်ခွင်လုံးတွင် ကျားအမျိုးမျိုး ရှိသည့် အနက်၊ ဗင်္ဂလားကျားမျိုးမှာ လူသိအများဆုံးဖြစ်သည်။အခြားအတော်အသင့် လူသိများသော ကျားမျိုးတို့မှာမန်ချူးရီးယားကျား၊ ကော်ကေးရှား […]

ခုံတော်မောင်ကျဘမ်း၊

ကျဘမ်း၊ မောင်၊ ခုံတော်

Posted on:

ကျဘမ်း၊ မောင်၊ ခုံတော်။                              ။မောင်ကျဘမ်းကို သက္ကရာဇ်၈၂ဝ ပြည့်နှစ်တွင် ပုဂံမြို့၌မွေးဖွားသည်။ ဖခင်မှာ ဦးဉာဏ်လင်း၊ မိခင်မှာ  ဒေါ် နှင်းဇံဖြစ်သည်။ ဦးဉာဏ်လင်း ဒေါ်နှင်းဇံတို့တွင် သား ၅ ဦး ဖွားမြင်သော်လည်း တစ်ယောက်မျှအဖတ်မတင်ခဲ့ချေ။ မိဖနှစ်ပါးတို့သည် သားသမီးအဖတ် တင်စေသောငှာအမျိုးမျိုးသော ယာယီယတြာနှင့်တကွကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ခဲ့ပြီးနောက်၊ သားတစ်ယောက်ထွန်းကားလာပြန်ရာ ထိုသားငယ်ကို ယာယီယတြာ နည်းများစွာတို့ဖြင့် ကြံဖန်ဖမ်းယူရသောကြောင့် မောင်ကြံဖမ်းဟုအမည်မှည့်ခေါ်သည်။ မောင်ကြံဖမ်းကို ပုဂံမြို့၊ ရွှေဂူကျောင်းဆရာတော်ထံတွင် အပ်နှံ၍ ပညာသင်ကြားစေသည်။ရှင်သာမဏေဘဝမှ ရဟန်းဘောင်သို့ […]

ပုဂံမင်းများ

ကျစွာမင်း

Posted on:

ကျစွာမင်း။                   ။မြန်မာနိုင်ငံသမိုင်းတွင် ကျစွာမင်းအများရှိသည်အနက်၊ ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းသည် ပုဂံ နေပြည်တော်၌ ပုဂံခေတ် ကျောက်စာများအရ ကောဇာသက္ကရာဇ်၅၉၇ ခု၊ နံကာလ ဆန်း ၁၄ ရက်၊ ကြာသပတေးနေ့တွင်နန်းတက်သည်။ ခမည်းတော်မှာ နန်းတောင်းများဟုတွင်နေ သော နားတောင်း များမင်းဖြစ်သည်။ ကျစွာမင်း၏ဘိုးတော်နရပတိစည်သူမင်းနှင့် ခမည်းတော် နားတောင်းများမင်းတို့၏လက်ထက်တော်တို့တွင် မြန်မာနိုင်ငံ မြောက်ဖျားနှင့်တောင်ဖျားဒေသတို့ကို စစ်ဆင်အောင်နိုင်ခဲ့ပြီးဖြစ်သည်သာမက၊ သီဟိုဠ်ကျွန်းနှင့် နိုင်ငံခြားဆက်သွယ်ရေးကောင်း မွန်စွာရှိနေပြီး ဖြစ်ရကား ကျစွာမင်း စိုးစံသောအချိန်သည်နိုင်ငံငြိမ်းချမ်းသာယာ၍ ယဉ်ကျေးမှုအချက်အလက်များကောင်းစွာ တိုးတက်ဆဲဟု ဆိုနိုင်သည်။ ပုဂံခေတ် မင်းတို့၏ နန်းစံသက္ကရာဇ်များနှင့် စပ်လျဉ်း၍ရာဇဝင်ကျမ်းအများ ကွဲလွဲနေကြသည်။ ကျောက်စာပါသက္ကရာဇ်တို့နှင့်အနီးစပ်ဆုံး […]

ပန်းဝတ်ဆံ

ကုံကုမံ

Posted on:

ကုံကုမံ။              ။ကုံကုမံသည် အဖိုးတန်သော ပန်းဝတ်ဆံတစ်မျိုးဖြစ်၍ ယင်းတို့ကို ရှေးရောမနှင့် ဂရိလူမျိုးတို့ လက်ထက်မှအစပြုကာ လိမ္မော်ဝါရောင်ဆိုးဆေးအဖြစ်လည်းကောင်း၊အမွှေးနံ့သာအဖြစ်လည်းကောင်း၊ ဘယဆေးအဖြစ်လည်းကောင်း၊ အစဉ်အဆက်အသုံးပြုလာခဲ့ကြသည်။ ရှေးခေတ် ဂရိနှင့်အိုင်ယာလန်နိုင်ငံတို့တွင် ကုံကုမံသည် အထက်တန်းကျလှသော ထီးနန်းသုံး ဆိုးဆေးဖြစ်ခဲ့ဘူး၏။ အိန္ဒိယနှင့်မြန်မာနိုင်ငံတွင် ဒန်ပေါက်ထမင်း၌ ထည့်လေ့ရှိသဖြင့် လူသိများသည်။ ဤကဲ့သို့ ထမင်း ဟင်းလျာများ၌ ထည့်သည့်အခါကုံကုမံတွင် အပူဓါတ်ပါသောကြောင့် အစာကြေစေသည်ဟုဆိုသည်။ ကုံကုမံကို ကိတ်မုံ့၊ ချိုချင်သကြားလုံးစသည်များ၌လည်း ထည့်သွင်းအသုံးပြုကြသည်။ ဆေးဖက်ဝင်သည်ဆိုသော်လည်း အမှန်စင်စစ်ကုံကုမံ၌ ရောဂါများကိုပျောက်ကင်းစေနိုင်သော သတ္တိမရှိဟု သိရသည်။ကုံကုမံပင်များ ပေါက်ရာမူလဒေသမှာ ဥရောပ အနောက်တောင်ပိုင်း၊ ဂရိနိုင်ငံနှင့် အီရန် (ပါရှား)နိုင်ငံများ ပါဝင်သော မြေထဲပင်လယ် […]

မြို များ

ကိမ်းဗရစ်မြို့

Posted on:

ကိမ်းဗရစ်မြို့ ။              ။ကိမ်းဗရစ်မြို့သည် ကိမ်းဗရစ်ရှိုင်ယာနယ်၏ မြို့တော်ဖြစ်၍ လန်ဒန်မြို့မြောက်ဘက် ၅၆ မိုင် အကွာကမ်းမြစ်ပေါ်တွင် တည်ရှိသည်။ သို့သော် ၁၁ရာစုနှစ်လောက်မှစ၍ ယနေ့ထက်တိုင် ကိမ်းဗရစ်မြို့၏ အမည်မှာ ထင်ရှားဘဲ ကိမ်းဗရစ်တက္ကသိုလ်လျှင် ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောလျက် ရှိလေသည်။ ကိန်းဗရစ်မြို့တွင် လူဦးရေ၇၆၂၆ဝ (၁၉၄၅) မျှ ရှိသည်။ အင်္ဂလန်ပြည်ရှိ အောက်စဖို့မြို့သည်လည်း ကိမ်းဗ၈ရစ် မြို့နည်းတူ မထင်ရှားပေ။အောက်စဖို့ တက္ကသိုလ်သာလျှင် လူသိများလေသည်။ အင်္ဂလန်ပြည်ရှိ ထင်ရှားကျော်စောသော တက္ကသိုလ်ကြီးနှစ်ခုအနက် တခုဖြစ်သော ကိမ်းဗရစ်တက္ကသိုလ်မှာ ၁၂ရာစုနှစ်လောက်တွင် မထင်ရှားလှသေးဘဲ ၁၃ ရာစုနှစ်သို့ရောက်မှ တိုးတက်ထင်ရှားလာလေသည်။ ၁၂ဝ၉ ခုနှစ်တွင်အောက်စဖို့တက္ကသိုလ်မှ […]