ကန္ဒီမြို့

ကန္ဒီမြို့ ။                    ။ကန္ဒီမြို့သည် သီဟိုဠ်ကျွန်း၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား၏ စွယ်တော်တိုက်ရှိသဖြင့်လည်းကောင်း၊ ရှေးသီဟိုဠ်ဘုရင်များ၏ အရိုးဂူသင်္ချိုင်းများရှိသဖြင့်လည်းကောင်း၊ အလွန်လှပသောပန်းဥယျာဉ်များ၊ဘုရားပုထိုး တန်ဆောင်းများ ရှိသဖြင့်လည်းကောင်း၊ထင်ရှားကျော်ကြားသော မြို့တစ်မြို့ဖြစ်၍ နှစ်စဉ် ခရီးသည်ပေါင်း များစွာလာရောက်လေ့ရှိသည်။
ကန္ဒီမြို့မှာ သီဟိုဠ်ကဒန်း ဗဟိုပြည်နယ်၏ မြို့တော်ဖြစ်၍ပင်လယ်ပြင်မှပေပေါင်း ၁၆ဝ၂ ပေ မြင့်သော ကုန်းပြင်၌တည်ရှိသည်။ မြို့အနီးတွင် ၁၈ဝ၆ ခုနှစ်က နောက်ဆုံး ကန္ဒီဘုရင် တူးဖေါ်ထားခဲ့သော လှပသည့် ရေကန်ကြီးရှိသည်။ကိုလံဗို မြို့မှ အရှေ့မြောက်ဘက် ၇၅ မိုင်
ကွာဝေးသည်။
ကမ္ဘာ့ဗုဒ္ဓ ဘာသာဝင်တို့ အထွတ်အမြတ်ပြုရာ စွယ်တော်တိုက်မှာ ဒါလဒမာလိဂဝကျောင်းတော်ကြီးတွင်တည်ရှိ၍ နှစ်စဉ် ကမ္ဘာအရပ်ရပ်မှ လာရောက်ဖူးမျှော်ကြသည် ။ကမ္ဘာ အရပ်ရပ်မှ ပါဠိနှင့် သက္ကဋဘာသာလာရောက်သင်ကြားသူများလည်း အလွန်ပေါများသည်။
မြို့နှင့် ၃ မိုင်ကွာပါရဒနိယ အရပ်တွင် လှပသောကမ္ဘာကျော်ပန်းခြံကြီးတည်ရှိသည်။၁၆ ရာစုနှစ်က ပေါ်တူဂီ လူမျိုးများသိမ်းပိုက်ခဲ့၍ ၁၈ ရာစုနှစ်အတွင်း ဒပ်ချလူမျိုးများ သိမ်းပိုက်ခဲ့ဘူး သော်လည်း ၁၈၁၅ ခုနှစ်တွင်ဗြိတိသျှတို့က သိမ်းယူသည်။
၁၉၄၁ ခုနှစ် သန်းခေါင် စာရင်းအရ ကန္ဒီမြို့၏လူဦးရေမှာ၃၆၅၄၁ ယောက်ဖြစ်သည်။ ကန္ဒီမြို့သို့ ကိုလံဗို မြို့မှ မီးရထားဖြင့်သွားရောက်နိုင်သည်။ မြန်မာ့လွတ်လပ်ရေးသမိုင်းတွင်ဒုတိယ ကမ္ဘာစစ်ပြီးသည့်နောက်မြန်မာ တပ်မတော် တည်မြဲရေးအတွက် အင်္ဂလိပ်ဖက်မှ လော့မောင့်ဗက်တန်အဖွဲ့နှင့်မြန်
မာဖက်မှ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အဖွဲ့တို့ထိုမြို့တွင် တွေ့ဆုံ ဆွေးနွေးရာမှ ကန္ဒီစာချုပ်ပေါ်ပေါက်ခဲ့သည်။ ကန္ဒီမြို့မှာ လက်ဖက်ခြောက်၊ လက်ဖက် စိုများတင်ပို့ရာ အချက်အခြာမြို့တစ်မြို့ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ဖွံ့ဖြိုးသည်။

Leave a Reply

Your email address will not be published. Required fields are marked *