ကန်တော်မင်းကျောင်းဆရာတော်

ကန်တော်မင်းကျောင်းဆရာတော်။                  ။ကန်တော်မင်းကျောင်းဆရာတော်မှာ မြန်မာဂန္တဝင်တွင် ထင်ရှားသောကန်တော်မင်းကျောင်းမေတ္တာစာနှင့် လောကသာရပျို့များကိုရေးစီရင်ခဲ့သော ဆရာတော်ဖြစ်သည်။
အမှတ်အသားတွေ့ရသမျှဆရာတော်၏ အတ္ထုပ္ပတ္တိမှာဤသို့ဖြစ်သည်။ သက္ကရာဇ် ၈၄၂ ခုနှစ် အင်းဝ ရွှေနန်းကိုသိမ်းမြန်းစိုးစံသော ဒုတိယမင်းခေါင်၏ အရီးတော် ဖြစ်သည့်စစ်ကိုင်းမြို့စား မင်းလှထွတ်၏ဆရာဖြစ်၍ထိုမင်းလှထွတ်၏တူမလည်းဖြစ်၊ ချွေးမလည်း ဖြစ်သော ၈၆၃ ခုနှစ်တွင်
နန်းတက်သည့် ရွှေနန်းကြော့ရှင်၏ အရီးတော်လည်းဖြစ်သူဘိုးတော်ဖွားရှင်၏ ဆရာလည်းဖြစ်သည်။ မင်းလှထွတ်လက်ထက်မှ ဘိုးတော်ဖွားရှင်လက်ထက်တိုင် ဆက်လက်ကိုးကွယ်ခြင်းခံရသည်။                                                                                                                                                                      စစ်ကိုင်းမြို့ စီရင်စု မြင်းမူ မြို့မှ ၂ တိုင်ကွာဝေးသော ထီးဆောင်းရွာမြောက်ဖက်ရှိကန်တော် ရွာတွင် ဖွားမြင်သည်။ ထိုရွာ၌ပင် သာမဏေဝတ်ပြီးနောက် ရဟန်းဘဝသို့ တက်ရောက်သည်။ဒုတိယမင်းခေါင်လက်ထက်နှင့် သားတော် ရွှေနန်းကြော့ ရှင်လက်ထက်များတွင် ထင်ရှားကျော်ကြားသည်။ ဒုတိ
ယမင်းခေါင် ဆောက်လုပ်လှူဒါန်းသော ကန်တော်ရွာကျောင်းတွင် သီတင်းသုံးသဖြင့် ကန်တော်မင်းကျောင်းဆရာတော်ဟု တွင်သည်။“ကန်တော်မင်းကျောင်းမေတ္တာလောင်းသား” အစချီမေတ္တာစာကို ရေးသား၍ ရွှေနန်းကြော့ရှင်လက်ထက်တွင်သွင်းသည်။

Leave a Reply

Your email address will not be published. Required fields are marked *