ကန်တာဗာရီလွင်ပြင်။ ။ကန်တာဗာရီ လွင်ပြင်သည်နယူးဇီလန်တောင်ကျွန်းရှိ ကန်တာဗာရီနယ်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထိုလွင်ပြင်ကြီးသည်အဲ့လပတောင်ခြေမှ အရှေ့ဘက်ပစိဖိတ် ကမ်းခြေအထိမိုင် ၄ဝ မျှကျယ်ပြန့်၍အကျယ်အဝန်းမှာ စတုရန်းမိုင် ၄ဝဝဝ ခန့်ရှိသည်။ မြေဩ
ဇာကောင်းမွန်ထက်သန်၍ မြက်ပေါသော စားကျက်ကြီးဖြစ်သည့်အလျောက် ထိုလွင်ပြင်ကြီးတွင် သိုးများကိုအကြီးအကျယ်မွေးမြူကြသည်။ နယူးဇီလန်ကျွန်းရှိ ၃၄ သန်းမျှသော သိုးတို့အနက် အားလုံးလိုလိုကိုပင် ထိုလွင်ပြင်ကြီး၌ ထိန်းကျောင်းမွေးမြူ ကြသည်။ သိုးမွေးနှင့် သိုးသားများကိုနိုင်ငံခြားသို့ အထူးသဖြင့် အင်္ဂလန်ပြည်သို့ တင်ပို့ရောင်းချကြသည်။
‘ကန်တာဗာရီသိုးပျိုသား’ မှာ အလွန်အရသာနှင့် ပြည့်စုံသဖြင့် အင်္ဂလိပ်လူမျိုးများအထူးနှစ်သက်ကြ၍ ပွဲသဘင်အခမ်းအနားများတွင်အမြတ်တနိုး အသုံးပြုကြသည်။