ကန်တာဗာရီမြို့

ကန်တာဗာရီမြို့ ။              ။အင်္ဂလိပ်စာပေလောကတွင် ပုံပြင်ဝတ္ထုများကို လင်္ကာဖြင့်ရှေးဦးစွာရေးသားခဲ့သူ စာရေးဆရာကြီးဂျက်ဖရီချောစားသည် ကန်တာဗာရီသွားဘုရားဖူးများလမ်းခရီးတွင် အပျင်းပြေပြောကြဟန်ဖြင့် ဒကန်တာဗာရီပုံပြင်များ’ကို ရေးသားခဲ့လေသည်။ ကန်တာဗာရီမြို့သည်ရှေးအခါမှစ၍ ခရစ်ယန်တို့၏ အယူဝါဒရေးဆိုင်ရာ အထွတ်အမြတ်နေရာဖြစ်ခဲ့၏။ ဗြိတိန်ကျွန်းသို့ ဘီစီ ၅၅ ခုနှစ်တွငဂျူးလယပ်ဆီဇာ ချီတက်တိုက်ခိုက်စဉ်ကပင် ကန်တာဗာရီမြို့မှာ အတော်အတန် ထင်ရှားစည်ကားနေလေပြီ။ စိန်အော်ဂပ်စတင်းလက်ထက် အေဒီ ၅၉၇ ခုနှစ်မှစ၍ ကန်တာဗာရီမြို့သည် ရေဖျန်းဂိုဏ်း၏ အချုပ်အခြာ ဗဟိုဌာနဖြစ်ခဲ့လေသည်။ အင်္ဂလန်ပြည်လုံးဆိုင်ရာ အယူဝါဒရေးကိစ္စများကိုကန်တာဗာရီမြို့ရှိ ကန်တာဗာရီဂိုဏ်းချုပ်ကြီးက ကြီးကြပ်အုပ်ချုပ်ရလေသည်။
ကန်တာဗာရီမြို့သည် ကင့်နယ်၏ခရိုင် မဲဆန္ဒမြို့ဖြစ်လျက်လန်ဒန်မြို့၏ အရှေ့တောင်ယွန်းယွန်း ၆၂ မိုင်ကွာတွင်စတောင်ဝါမြစ်ကမ်းပေါ်၌တည်ရှိသည်။ ယခုခေတ်တွင်ကန်တာဗာရီအနီး စတောင်ဝါမြစ်ကမ်းတစ်လျှောက်၌ဂျုံစက်များ၊ သားရေနယ်စက်များနှင့် ဗြစ်ရည်ချက်ရုံများ
ထွန်းကားနေသည့်ပြင် မြို့ပေါ်၌လည်း သိုးမွေး၊ နွား၊ မြင်း၊ပြောင်းဖူးနှင့်ဟော့ခေါ် ဗြစ်ရည်ခတ်အသီးများကို အကြီးအကျယ် ရောင်းဝယ်နေကြ
သည်။ ကန်တာဗာရီမြို့ ကျက်သရေဆောင်ဖြစ်သော ကန်တာဗာရီ ကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးမှာ ထင်ရှာကျော်စောသော အဆောက်အအုံကြီးတစ်ခု ဖြစ်သည်။ ဝီလျံ- သ- ကွန်ကာရာ လက်ထက် ၁၇ဝဝ ပြည့်နှစ်တွင် ထိုဘုရားရှိခိုကျောင်းကြီးကို နော်မန် ဗိသုကာရှိခိုးဆရာများက စတင်တည်
ဆောက်ခဲ့၍ အနှစ် ၄ဝဝ ခန့်ကြာမှ အပြီးသတ်ခဲ့ လေ သည်။ ထိုဘုရားကျောင်းကြီး၏ အစဖြစ်သော မူလဘု ရားရှိခိုးကျောင်းဟောင်းကို ကန်တာ
ဗာရီဂိုဏ်းချုပ်ကြီး အော်ဂပ်စတင်းကတည်ဆောက်ခဲ့သည်။ သို့ရာတွင် ထိုဘုရား ရှိခိုးကျောင်းဟောင်းမှာ ၉ ရာစု နှင့် ၁၁ ရာစုနှစ်အတွင်းတွင်
ဒိန်းလူမျိုးများကြောင့် အတန်ပင်ပျက်စီးခဲ့ရသည့်ပြင်နောက်ဆုံး ၁ဝ၆၇ ခုနှစ်တွင် မီးသင့်ခဲ့လေသည်။ ဝီလျံဘုရင်လက်ထက်၌ ပြန်လည်တည်ဆောက်ခဲ့သော ဘုရားရှိခိုး ကျောင်းကြီးမှာလည်း အကြိမ်ကြိမ် မီးသင့်ခဲ့ဘူး၏။သို့ရာတွင် ပျက်စီးပြီး၍ ပြန်လည်တည်ဆောက်တိုင်းတိုးချဲ့မွမ်းမံခဲ့သဖြင့် တစ်ချိန်ထက်တစ်ချိန် ပို၍ကြီးကျယ်ခန့်ညားလာခဲ့သည်။ ဤသို့ဖြင့် မျက်မှောက်ခေတ်တွင် ထိုဘုရားရှိခိုးကျောင်းကီးမှာ ကန်တာဗာရီမြို့ပေါ်ရှိ အခြားအ
ဆောက်အအုံများကိုမိုး၍ မားမားမတ်မတ် တည်လျက်ရှိနေလေသည်။
ကျောက်ဖြင့်ပြီး၍ စိမ်းလန်းသော မြက်ခင်းများအလယ်တွင် ခန့်ညားစွာတည်ရှိသော ထိုအဆောက်အအုံကြီးမှာနှစ်ပရိစ္ဆေဒရှည်ကြာစွာ ရာသီဥတုဒဏ်ကိုခံခဲ့ရဖြင့် အတန်ငယ်ကြမ်းတမ်းရင့်ရော်နေသော်လည်း တင့်တယ်သောကျက်သရေကို ဆောင်လျက်ပင် ရှိသေး၏။ အနောက်ဘက်မျက်နှာစာတွင် လှပသော မျှော်စင်ကြီး ၂ ခုရှိ၏။ သို့ရာတွင်အလယ်ဗဟိုရှိ မြင့်မားသော ကောင်းကင်တမန်မျှော်စင်ကြီးမှာအချက်အခြာဖြစ်လျက် ခုံးချွန်ပြတင်းများ၊အမိုးချွန်ပြာသာဒ်များ၊ နုနယ်စွာ ထွင်းထုထားသည့် ပန်းနွယ်ပန်းပြောက်များဖြင့် မွမ်းမံထားသည့်အတွက် တင့်တယ်ပေ၏။ထိုဘုရားရှိခိုးကျောင်းကြီးအတွင်းတွင် အယူဝါဒရေးအာဇာနည်ဗိမာန်ရှိ၍ အရပ်ရပ်မှ လာရောက်ဖူးမျှော်ကြသည်။၁၂ ရာစုနှစ်အတွင်းက အသတ်ခံရသော ကန်တာဗာရီဂိုဏ်းချုပ်ကြီး သောမတ်ဗက်ကက်၏ ရုပ်ကလပ်ကို ဘုရားရှိခိုးကျောင်းအတွင်း ပလ္လင်၏နောက်၌ မြှုပ်နှံသင်္ဂြိုဟ်ထားခဲ့၏။
နောက်တွင် သောမတ်ဗက်ကက်အား စိန်သူတော်စင်စာရင်းသို့ သွတ်သွင်းလိုက်ရာ သူ၏သင်္ချိုင်းရှိသော ထိုဘုရားရှိခိုးကျောင်းကြီးသို့ အရပ်ရပ်မှ အဖူးအမျှော်လာရောက်ကြလေသည်။ ဖူးမျှော်သူများ များပြားလွန်းသဖြင့် ဗိမာန်သို့ယင်းတို့ ဒူးထောက်၍တက်သော ကျောက်လှေကားထစ်များ
မှာ အတန်နက်စွာ ခွက်နေသည်ကို တွေ့ရလေသည်။
ကန်တာဗာရီ ဘုရားရှိခိုး ကျောင်းကြီးမှတပါး အခြားရှေးဟောင်းအဆောက်အအုံများလည်းရှိသေး၏။ ယင်းတို့မှာဆက္ကဆွန် ခေတ်မတိုင်မီက ဆောက်လုပ်ခဲ့သော စိန်မာတင်ဘုရားရှိခိုးကျောင်း၊ ၁၅၄၁ ခုနှစ်တွင် အဋ္ဌမဟင်နရီဘုရင်တည်ထောင်ခဲ့သော ဘုရင့်စာသင်ကျောင်း၊ အလယ်ခေတ်
က ဆောက်လုပ်ခဲ့ဟန်တူသော ၂ မိုင်ရှည်လျားသည့်မြို့ရိုးဟောင်းကြီး စသည်တို့ပင် ဖြစ်ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်း၌ ကန်တာဗာရီမြို့သည် ဂျာမန်တို့၏ ဗုံးဒဏ်ကိုအထူးခံခဲ့ရသည်။ ဂျာမန်ဗုံးကြဲလေယာဉ်ပျံများ နှင့်ဗုံးပျံများကြောင့်များစွာ ပျက်စီးခဲ့ရ၏။ ကန်တာဗာရီ ကသီဒရယ်ဘုရားရှိခိုးကျောင်းကြီးမှာ အနည်းငယ်မျှသာ ထိခိုက်ခဲ့သော်လည်း အဖိုးတန် ပိဋကတ်တိုက်ကြီးမှာမူ
လုံးဝပျက်စီးသွားလေသည်။ ကဗျာကျော်ခရစ္စတိုဖါမားလိုး၏ နေအိမ်ဟောင်းနှင့် စိန်အော်ဂပ်စတင်း ကျောင်းတို့မှာလည်း အကြီးအကျယ် ထိခိုက်ခဲ့ကြ၏။ ကန်တာဗာရီမြို့၏လူဦးရေမှာ ၂၅၉၅ဝ ခန့်(၁၉၅၁ ခုနှစ်) ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *