ကန့်ဘလူမြို့

ကန့်ဘလူမြို့ ။            ။ကန့်ဘလူမြို့သည် ရွှေဘိုခရိုင် ကန့်ဘလူနယ်၏ ရုံးစိုက်ရာမြို့ဖြစ်၍၊ ရွှေဘိုမြို့၏မြောက်ဘက် ၄၆မိုင်ကွာ စစ်ကိုင်း-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ တောင်ဘက်တွင် ခင်ဦးမြို့နယ်နှင့် ဆီဆုံကြီးရွာ၊မြောက်ဘက်တွင် ဒေါင်းယူးချောင်း၊ အရှေ့ဘက်တွင် ဧရာ
ဝတီမြစ်၊ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်နှင့် အထက်ချင်းတွင်းနယ်စပ်တို့ တည်ရှိသည်။ မီးရထားဌာနတွင် အရေးပါသော ဘူတာရုံတစ်ခုဖြစ်၍ မီးရထားဖက်ဆိုင်ရာ အရာရှိကြီးငယ်နှင့် အမှုထမ်းများစွာ နေထိုင်ပြီးလျှင် စက်ခေါင်းရုံကြီးများလည်းရှိသည်။ ထိုပြင်မီးရထားရဲဌာနာနှင့် မီးရထားဌာ
န ဆေးရုံများ လည်းရှိသည်။ နယ်အုပ်ချုပ်ရေးဆိုင်ရာတွင်လည်း နယ်ပိုင်ဝန်ထောက်ရုံး၊ မြို့ပိုင်ရုံး၊ ရဲဌာနာ၊ စာပို့တိုက်၊ ဆေးရုံ၊ နိုင်ငံတော် မူလတန်းကျောင်း၊ ဈေးနှင့်နယ်စီး တောအုပ်ရုံးများရှိသည်။ မြို့မှာသစ်တောအတွင်း၌တည်ရှိ၍ ကျောထောက်နောက်ခံနယ်တွင် သီးနှံစိုက်ပျိုးလုပ်ကိုင်မှု များစွာ မရှိချေ။ သစ်လုပ်ငန်း (မီးရထားလမ်းဇလီဖါးတုံးလုပ်ငန်း) သာလျှင် တွင်ကျယ်လေသည်။
ကန့်ဘလူနယ်တွင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များပါဝင်၏။ ကန့်ဘလူမြို့နယ်မှာ စတုရန်းမိုင် ၁၅၃၆ကျယ်ဝန်း၏။ မြို့နယ်၏ လူဦးရေမှာ ၇၃၅၂၁ ခန့်ရှိ၍ ၁၃၅၈၅ခန့်မှာ မြန်မာမွတ်စလင်များဖြစ်ကြသည်။ ကန့်ဘလူမြို့ပေါ်တွင်အိမ်ခြေ ၆ဝဝ ခန့်ရှိ၍ လူဦးရေ ၃ဝဝဝ ခန့်နေထိုင်သည်။
မြေဒူး၊ ဆားကုန်း၊ ဆားကိုင်း၊ ထူးကြီး၊ ဝက်တိုး၊ ခြင်မြစ်ကျင်း၊ ကျီစုနှင့်ငါးရာနဲ၊ သဗွတ်ကုန်း၊ ကျောက်တိုင်ရွာများတွင် မြန်မာမွတ်စလင်အများ နေထိုင်ကြသည်။ မြေဒူးမြို့တွင် ထင်ရှားသော ရွှေဂူကြီးစေတီတော်ရှိ၍ ဘုရားပွဲတော်ကိုနှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိ၏။                                               စိုက်ပျိုးလုပ်ကိုင်ကြသော သီးနှံများမှာ စပါး၊ ပဲ၊ ပြောင်း၊နှမ်း၊ မြေပဲ၊ လူး၊ ဆပ်၊ ခရမ်းချဉ်၊ ခရမ်းချို၊ အုန်း၊ ထန်းတို့ဖြစ်၏။ သစ်လုပ်ငန်းမှာ အတွင်ကျယ်ဆုံး ဖြစ်လေသည်။ကန့်ဘလူမြို့နယ်အတွင်း ပဉ္စာလ ၅မြို့မှ ရှေးက ကျောက်မီး သွေးထွက်သည်ဟု အဆိုရှိ၏။ သို့ရာတွင် တတ်ကျွမ်းသူ
များကမူ ကျောက်မီးသွေးနုလွန်းသေးသဖြင့် အသုံးပြုရန်မသင့် သေးဟုဆိုသည်။ရွှေဘိုတစ်ခရိုင်လုံး၏ အသက်သွေးကြောတစ်ရပ် ဖြစ်သော
ကဘိုရေလွှဲဆည်မှာလည်း ကန့်ဘလူနယ်အတွင်း၌ တည်ရှိသည်။ ထို ဆည်ကိုအမှီပြု၍ ဆန်စပါးစိုက်ပျိုးကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *