ကန့်ပလာပင် ။ ။မြန်မာနိုင်ငံ၌ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ပင်လယ်ကမ်းတစ်လျှောက် လမုတော၊ လမဲ့တောတို့တွင် ကန့်ပလာပင်များ ကိုတွေ့ရသည်။ ကန့်ပလာပင်သည် ပေ ၈ဝ ကျော်အထိမြင့်တက်သဖြင့် အဆိုပါလမုတော၊ လမဲ့တောများတွင် အမြင့်မားဆုံးဖြစ်၏။ ကန့်ပလာပင်သည် ယူကလစ်တပ်ပင်နှင့် ခပ်ဆင်ဆင်တူ၍ အကိုင်းဖျားသည် အောက်ဘက်သို့ ညွတ်ကျလျက်ရှိတတ်သည်။ကန့်ပလာသား၏အရောင်မှာ နီညိုရောင်ဖြစ်၍ အသားအတော်အသင့်မာသည်။ ခြအဖျက်လွယ်သော်လည်း အသင့်အတင့် တာရှည်ခံသဖြင့်၊ အိမ်ဆောက်ရန်အပြင် သေတ္တာ၊အိမ်သုံး ပစ္စည်းနှင့် လှေများလုပ်ရာ၌ အသုံးဝင်သည်။