ကန့်ကူဆံ

ကန့်ကူဆံ ။                ။ကန့်ကူဆံမှာ ရှေးအခါက စာရေး ကရိယာကျောက်တံတစ်မျိုးပင်ဖြစ်သည်။ရှေးအခါက မြန်မာများသည် ပုရပိုက်နက်ဟုခေါ်သော အနက်ရောင် စက္ကူရွက်ချပ်အလွှာခေါက် များပေါ်တွင် ကန့်ကူဆံဖြင့် စာရေးကြရသည်။စာပေစတင်သင်ကြားသောအခါ ကန့်ကူဆံကိုကိုင်တွယ်ပုံက
အစ သင်ကြားရသဖြင့် ဆရာဦးများကို ဒကန့်ကူလက်လှည့်ဆရာ” ဟူ၍လည်း ခေါ်တွင်ကြသည်။
ကန့်ကူဆံသည် ကန့်ကူခေါ် တွင်းထွက်ပစ္စည်းတစ်မျိုးမှရရှိသော ကျောက်နုဖြစ်၍ အတုံးအခဲအစကလေးများဖြစ်သည်။ ထိုအစများကိုတုတ်ချောင်းငယ်သဏ္ဌာန်အဖျားချွန်၍ဖြစ်စေ၊ ကြေးပြွန်တံငယ်၏ ထိပ်တွင်တပ်၍ဖြစ်စေ ရေးသားကြရလေသည်။
ကန့်ကူဆံသည် အစိမ်းနုရောင်သန်း၍ ဆွတ်ဆွတ်ဖြူလည်း ရှိသည်။ ကန့်ကူအနက်ဟူ၍လည်းရှိသည်။ရှေးအခါက ကန့်ကူဆံများကို ဘုရင့်ဘဏ္ဍာတိုက်သို့ပို့အပ်ရ၍ ဘုရင်ကဆိုင်ရာ စုရေး၊ စုကိုင်၊ စာချီများသို့လည်းကောင်း၊ ရဟန်းသံဃာများသို့လည်းကောင်း ထုတ်ပေးလှူဒါန်းသည်။ မြန်မာရာဇဝင်တွင် ဆရာတော် ဦးကျည်ပွေ့သည်အသက်ကြီးရင့်မှ စာသင်လိုသဖြင့် နန်းတော်သို့ ကန့်ကူဆံအလှူခံသွားရာ ဘုရင်က ငရုတ်ကျည်ပွေ့ အတက်ပေါက်ဦးအံ့လော” ဟု ပြောဆိုကြောင်းနှင့် စကားစဉ် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *