ကန့်ကူ ။ ။ ကန့်ကူ (တာလက) သည် အပျော့ပျောင်းဆုံးသော တွင်းထွက်ပစ္စည်းများအနက် တစ်ခုအပါအဝင်ဖြစ်၍ ရေပါသောမက်ဂနီဇီးယမ် ဆီလီကိတ်ဖြစ်သည်။ ကန့်ကူဆံမှာ ကန့်ကူအညံ့စားပင်ဖြစ်၏။
ကန့်ကူသည် အလွန်ပြင်းသော အပူဒဏ်ကိုခံနိုင်သည့်ပြင်ကြာရှည်စွာလည်း ထိန်းထားနိုင်၏။ လေသလပ်ခံထားသောအခါ ပိုမိုမာလာတတ်သည်။ ကန့်ကူကို ပါးလွှာသောအဖတ်ကလေးများအဖြစ် ခွဲထုတ်နိုင်၍ ထိုအဖတ်ကလေးများသည် ငွေရောင်သို့မဟုတ် ငှက်ပျောညွန့် ရောင်ရှိပြီးလျှင်
ပုလဲအသွေးကဲ့သို့ တောက်ပြောင်၏။
ကန့်ကူသည် အလွန်ပျော့သဖြင့် အခြားတွင်းထွက်ပစ္စည်းများ၏ အပျော့အမာကို နှိုင်းရှည့် စမ်းသပ်ရန် စံအဖြစ်သုံးသည်။ မည်မျှပျော့ပျောင်း၍ ညက်ညောသနည်းဟူမူ လက်သည်းဖြင့် ထိရုံမျှနှင့် ခြစ်ရာထင်စေနိုင်ကြောင်းကို တွေ့ရ၏။ပြင်သစ်မြေဖြူ ဆိုသည်မှာလည်း ညက်ညောသောကန့်ကူ
မှုန့်ပင်ဖြစ်၏။ ကန့်ကူကိုကိုယ်လိမ်း ပေါင်ဒါ၊ ကျောက်တံ၊စက္ကူနှင့်ချောဆီစသည်တို့ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ရှိကြသည်။
မြောက် အမေရိကတိုက်တွင် ကန့်ကူကို အနှံ့အပြားတွေ့ရ၍ ကနေဒါ၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဩစေတြးယားနိုင်ငံတို့မှလည်း တူးဖော်ရရှိသည်။