ကုတ်မီးသွေး ။ ။ ကျောက်မီးသွေးမှ ကျောက်မီးသွေးကတ္တရာ၊ ကျောက်မီးသွေးဓါတ်ငွေ့၊ အမ်မိုးနီးယားဓါတ်ငွေ့စသော ပစ္စည်းများကို ထုတ်ယူ၍ ကျောက်မီးသွေးကိုရီတော့ပေါင်းအိုးကဲ့သို့သော ပေါင်းအိုးကြီး ထဲတွင်ထည့်ပြီးလျှင် မီးတိုက်ပေးရ၏။ ဤသို့ မီးပေး၍ ကျောက်မီး သွေးမှ
ထိုပစ္စည်းများ ထွက်လာသောအခါ ပေါင်းခံနည်းဖြင့်စုယူ ရသည်။ ထိုအဖိုးတန်ပစ္စည်းများ ထုတ်ယူပြီးနောက်ကျန်နေသော ကျောက်မီးသွေးကို ကုတ်မီးသွေး သို့မဟုတ်အဆီထုတ်ပြီးသော ကျောက်မီးသွေး ဟု ခေါ်၏။
ကျောက်မီးသွေးကို မီးဖုတ်ရာ၌ အသုံးပြုသော ဖို ၂မျိုးရှိသည်။ ပထမဖိုတစ်မျိုးမှာ အဖိုးတန်ပစ္စည်းများကို အဓိကထား၍ထုတ်ယူရင်း ကုတ်မီးသွေးကို ဘေးထွက်ပစ္စည်းအနေနှင့် ထုတ်ယူသောဖိုဖြစ်၏။ ထိုဖိုဖြင့်ရသော ကုတ်မီးသွေးသည် အချည်းနှီးဖြစ်မသွားသောကြောင့် ရရှိသော
ရာခိုင်နှုန်းမှာများ၏။ အခြားဖိုတစ်မျိုးမှာကား ပျားအုံနှင့်တူသော ကုတ်မီးသွေးဖိုကြီးဖြစ်သည်။သွေးကိုရရန် အဓိကထား၍ဖုတ်သဖြင့်၊ထိုဖိုတွင် ကုတ်မီး
ထွက်လာသောဓါတ်ငွေ့များနှင့် အခြားအငွေ့တို့သည် ဖိုထိပ်ဝတွင် အချည်းနှီးမီးလောင်ကုန်ကြ၏။ ထိုကြောင့် ရရှိသော ကုတ်မီးသွေးရာခိုင်နှုန်းမှာ နည်းသည်။
ကုတ်မီးသွေးသည် မာ၍ဆတ်ပြီးလျှင် အပေါက်ငယ်ကလေးများရှိ၏။ ကာဗွန်အများဆုံးပါ၍ အရောင်မှာ သံမဏိ ကဲ့သို့ ညိုပြာပြာဖြစ်၏။ တီးခတ်ကြည့်လျှင်သတ္တုကဲ့သို့အသံ သာသည်။ ကုတ်မီးသွေးသည် မီးလောင်သောအခါမီးခိုးမ ထွက်သည့်ပြင် မီးအရှိန်လည်းအလွန်ပြင်းသောကြောင့် အိမ်သုံးထင်းမီးအတွက်သော်၎င်း၊ သံရည်ကျိုရန်အတွက်သော်လည်းကောင်း အသုံးပြုကြသည်။ ဓါတ်ဆီသန့်သန့်ချက်ယူရာမှ ဘေးထွက်ပစ္စည်းအဖြစ်ရရှိသော ကုတ်မီးသွေးသည်အကောင်းဆုံး၊ အစစ်ဆုံးသောကာဗွန်ဖြစ်၍ ထင်းမီးအတွက်သော်လည်းကောင်း၊လျှပ်စစ်ဓါတ်မီး ကာဗွန်ချောင်းအတွက်သော်လည်းကောင်း၊ ဖိုကြီးများတွင်ဓါတ်သတ္တုများ ချေးချွတ်ရန်အသုံးပြုသော အီလက်ထရုတ် (ဓါတ်ခေါင်း) များအတွက်သော်လည်းကောင်းအမျိုးမျိုးအသုံးပြုကြ၏။ ခဲနှင့်သွပ်တို့ကို အရည်ကျိုရန် ခြယ်ဆေးများ ပြုလုပ်ရန်အတွက်လည်းကုတ်မီးသွေးကိုအသုံးပြုကြသည်။