ကိတ်မုန့်

ကိတ်မုန့် ။                      ။ကိတ်မုန့်ဟုဆိုလိုက်လျှင် အညိုရင့်ရောင်အကာခွံနှင့် အတွင်းမှ အဝါနုရောင်မုံ့သားများပါရှိ၍ အလွန်နူးညံ့ပြီးလျှင်အရသာရှိလှသော အနောက်နိုင်ငံသားများ၏ပလိန်းကိတ်ခေါ် ကိတ်မုန့်မျိုးကိုပြေး၍ မြင်ယောင်မိသူများကြပေမည်။
ပလိန်းကိတ်ခေါ် ရိုးရိုးကိတ်မုန့်အပြင် ကိတ်မုန့်စုံများလည်းရှိပေသေးသည်။ ကိတ်မုန့်စုံမှာ အဝိုင်း၊ လေးထောင့်စသည်ဖြင့်ပုံသဏ္ဌာန် အမျိုးမျိုးရှိ၍ အလွန်လှပအောင် မွမ်းမံခြယ်လယ်ထားသောမုန့်များဖြစ်သည်။ ထိုပြင် စပျစ်သီးခြောက်၊ သစ်သီးဆန်စသော အပိုအဆာများထည့်၍ အနံ့အရသာထူးအောင် ပြုလုပ် ထားသော ကိတ်မုန့်များလည်းရှိပေသေးသည်။
ကိတ်မုန့်များသည် အနောက် နိုင်ငံများတွင်လူတို့နေ့စဉ်နေ့တိုင်းစားသုံးသော အစာအာဟာရဖြစ်သော်လည်း အချို့ကိတ်မုန့်မျိုးကိုသက်ဆိုင်ရာအခမ်းအနားပွဲများ၌သာအသုံးပြုကြ၏။ လက်ထပ်မင်္ဂလာပွဲများ၊ မွေးနေ့များတွင် အထူးတလည် အဆန်း တကြယ် စီမံပြုလုပ်ထားသော မင်္ဂလာ
ဆောင်ကိတ်မုန့်၊ မွေးနေ့ကိတ်မုန့်များဖြင့် ဧည့်ခံကြသည်။
များသောအားဖြင့် ကိတ်မုန့် များမှာ ဂျုံမှုန့်၊သကြား၊ထောပတ်၊ ကြက်ဥစသည်တို့ဖြင့် ပြုလုပ်ထား၍ လူတိုင်းကြိုက်နှစ်သက်သော အမွန်အမြတ်စားစရာဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *