ကင်းဗဲ အမ် (ခရစ် ၁၈၈၅ ဖွား) ။ ။အမြန်စီးမော်တော်ကား ပြိုင်ပွဲများတွင် ဗိုလ်ဆွဲခဲ့သူ ဆာမယ်လကမ်ကင်းဗဲသည် အင်္ဂလန်ပြည် ကင့်နယ်သားတစ်ဦးဖြစ်သည်။ ၁၉ဝ၆ခုနှစ်တွင် ပထမအကြိမ် မော်တော်ဆိုင်ကယ် ပြိုင်ပွဲများ၌ဝင်ရောက်ယှဉ်ပြိုင်ခဲ့၏။ နောင်အခါတွင်မော်တော်ကား
နှင့် မော်တော်ဘုတ်ပြိုင်ပွဲများ၌လည်း ဝင်ရောက်ယှဉ်ပြိုင်စံချိန်သစ်များထွင်ခဲ့သည်။
ကင်းဗဲသည် အထူးသဖြင့်အပြိုင် မော်တော်ကားမောင်းသူအဖြစ် ထင်ရှားသည်။ ၁၉ဝ၉ ခုနှစ်တွင် လေယာဉ်ပျံမောင်း အတတ်ကိုသင်ကြားခဲ့၍၊ ပထမကမ္ဘာစစ်အတွင်းကဘုရင့်လေတပ်အဖွဲ့တွင် လေသူရဲတစ်ဦးအဖြစ် စစ်မှုထမ်းခဲ့၏။မော်တော်ကား ပြိုင်ပွဲများတွင် သူ၏ငှက်ပြာအမည်ရှိ အပြိုင်မော်တော်ကားများဖြင့် အလဲအလှယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့၏။ မော်တော်ကားအမြန်မောင်းရာ၌ကမ္ဘာ့စံချိန်ကို ၆ ကြိမ် မျှ ချိုးနိုင်ခဲ့သည်။၁၉၃၅ ခုနှစ်တွင် မိမိ စံချိန်ပြုခဲ့သော တစ်နာရီလျှင် ၂၇၆ မိုင်နှုန်းကို ၃၀၁ မိုင်နှုန်းရောက်အောင် တိုးမြှင့်လိုက်ခြင်းဖြင့် ကမ္ဘာ့စံချိန်သစ်ထွင်ခဲ့၏။ ၁၉၃၁ ခုနှစ်တွင် ဆာ
ဘွဲ့ဖြင့် ချီးမြှင့်သူကောင်းပြုခြင်း ခံရလေသည်။
ကင်းဗဲသည် မော်တော်ကား အမြန်စီးစံချိန်သစ်များ ကိုသာတီထွင်ခဲ့သည်မဟုတ်၊ရေကြောင်းတွင်လည်း သူ၏ ‘ငှက်ပြာ’အမည်ရှိ မော်တော်ဘုတ်ဖြင့် အမြန်စီး စံချိန်သစ်များကို ထွင်နိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် အီတလီနိုင်ငံ မတ်ဂျိုရေးရေအိုင်တွင်သူ၏ ငှက်ပြာ မော်တော်ဘုတ်ဖြင့် တစ်နာရီ ၁၂၉၅ မိုင်နှုန်းစံချိန်သစ်တစ်ခုကို ထွင်ခဲ့သည်။ တစ်ဖန် ၁၉၃၈ ခု စက်တင်ဘာလတွင် ဆွစ်ဇာလန်နိုင်ငံ ဟောလဝီးရေအိုင်၌ မော်တော်ဘုတ် အမြန်စီးစံချိန်ကို တစ်နာရီလျှင် ၁၃၀,၉၁ မိုင်နှုန်းအထိတိုးမြှင့် တီထွင်လိုက်ပြန်၏။ ၁၉၃၉ခု သြဂုတ်လတွင် အင်္ဂလန်ပြည် ကော်နစ္စတန် ရေအိုင်၌ ထပ်မံ၍ မော်တော်ဘုတ်
အမြန်ဆုံးစံချိန်ကို တီထွင်လိုက်ပြန်သည်။ ထို စံချိန်သစ်မှာတစ်နာရီလျှင် ၁၄၁.၇၄ မိုင်နှုန်း ဖြစ်လေသည်။