ကင်တပ်ကီးပြည်နယ်

ကင်တပ်ကီးပြည်နယ် ။       ။အပြာရောင် မြက်ပင်များ ထူးခြားစွာပေါက်ရောက်ရာ ဒေသဖြစ်၍ ဒမြက်ပြာပြည်နယ်” ဟုခေါ်စမှတ်ပြုကြသော ကင်တပ်ကီးပြည်နယ်သည် အမေရိကန် ပြည်ထောင်စု တောင်ဘက် အလယ်ပိုင်းပြည်နယ်တစ်ခုဖြစ်၏။ ထိုနယ်၏ မြောက်ဘက်တွင် အင်ဒီယားနားပြည်နယ်နှင့် အိုဟိုင်းအိုပြည်နယ်၊အရှေ့ဘက်၌ အနောက်ဗာဂျင်းနီးယားပြည် နယ် ၊တောင်ဖက်၌ တင်နက်ဆီပြည်နယ်၊ အနောက်ဘက်၌မိဇူးရီပြည်နယ်နှင့် အီလီနွိုင်
ပြည်နယ်များ ရှိကြသည်။အိုဟိုင်းအိုမြစ်သည် ဤနယ်၏ အနောက်မြောက်နယ်နိမိတ်ဖြစ်သည်။

ကင်တပ်ကီးပြည်နယ်သည်အကျယ်အဝန်းစတုရန်းမိုင်ပေါင်း ၄ဝ၃၉၅ ရှိ၍ လူဦးရေ ၂၉၄၄၈ဝ၆ ယောက်(၁၉၅ဝ) ရှိသည်။ကင်တပ်ကီးပြည်နယ်၏ မြေမျက်နှာပြင်သည်ပေ ၃ဝဝအမြင့်ရှိသော မစ်စစ်စပီမြစ်ဝှန်းမှ အက်ပလက်ချီယန်တောင်တန်းအနောက်ဘက်အထိ တစတစမြင့်တက်သွား၏။ နယ်
၏ အရှေ့တောင်ပိုင်းမှာ တောတောင်ထူထပ်သည်။ နယ်တစ်ခုလုံး၏ ပျမ်းမျှအပူချိန်သည် ဖာရင်ဟိုက် ၅၅ဒီဂရီဖြစ်၏။ကင်တပ်ကီးပြည်နယ်တွင် လယ်ယာစိုက်ပျိုးခြင်း လုပ်ကိုင်၍အများဆုံးစိုက်ပျိုးသော အသီးအနှံမှာ ဆေးပင်ဖြစ်၏။အခြား စိုက်ပျိုးသောအသီးအနှံများမှာ ပြောင်းဖူး၊ ဂျုံ၊ မုယော၊
ရိုင်းစပါး၊ အာလူးနှင့် သစ်သီးဝလံများဖြစ်သည်။

ကင်တပ်ကီးပြည်နယ်၏ အဓိကတွင်းထွက်ပစ္စည်းများမှာကျောက်မီးသွေး၊ ရေနံနှင့် ဘိလပ်မြေတို့ ဖြစ်၏။ နွား၊ သိုး၊ဆိတ်မွေးမြူခြင်းသည် ကင်တပ်ကီးပြည်နယ်၏ အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်၍ မြင်း၊ နွား၊ သိုး၊ ဆိတ်နှင့်ဝက်များကိုအကီးအကျယ်မွေးမြူကသည်။သစ်ထုတ်သစ်ခွဲလုပ်ငန်းသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ရပ်ပင် ဖြစ်၏။ကင်တပ်ကီးပြည်နယ်တွင် အထက်တန်းပညာသင်ကြားရေးဌာနပေါင်း ၃၇ ခု၊ တက္ကသိုလ် ၁၃ ခု၊ သက်မွေးမှုပညာသင်ကျောင်း ၅ ကျောင်းနှင့် ဆရာဖြစ်သင်ကျောင်း ၅ကျောင်းရှိလေသည်။

ကင်တပ်ကီးပြည်နယ်တွင် သွားရောက် လည်ပတ်ကြည့်ရှုစရာများစွာရှိ၏။ ဟော့ဂျင်ဗီးမြို့ကလေး တောင်ဘက်ရှိအေဗရာဟမ်လင်ကွန်းဖွားမြင်ခဲ့သောနေရာတွင် အေဗရာဟမ်လင်ကွန်း နေရှင်နယ်ပတ်ကို ပြုလုပ်ထားရာ၊ ဧက၁၁၀မျှ ကျယ်ဝန်းလေသည်။ ထိုပြင် ဧကပေါင်းများစွာကျယ်ဝန်းဂူကြီးများလည်းရှိ၏။

ကင်တပ်ကီးပြည်နယ်၏ မြို့တော်မှာ ဖရန်ဖို့မြို့ဖြစ်၍သောလူဦးရေ ၁၁၉၁၆ ယောက်ရှိသည်။ အခြားမြို့ကြီးမှာ လူစီဗီးနှင့် ကဗင်တန်မြို့များ ဖြစ်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *