ကင့်နယ်

ကင့်နယ်။                ။ဗြိတိန်ကျွန်း၏ အရှေ့တောင်ဘက်စွန်း၌အင်္ဂလန်ပြည်၏ ဥယျာဉ်” ဟု အမည်တွင်သော ကင့်နယ်သည် သိမ်းမြစ်ဝကျယ်နှင့် ဒိုဗာရေလက်ကြားတို့အကြားတွင် တည်ရှိ၏။

ထိုနယ်သည်အင်္ဂလန် ပြည့်ရှင်ဘုရင်များ၏ဆွေတော်မျိုးတော်များ၊ မြို့စားနယ်စားကြီးများ အစဉ်အဆက်နေထိုင်ခဲ့ရာဒေသဖြစ်၍ ဗြိတိသျှကျွန်းစုတွင် အထူးထင်ရှားလေသည်။ ထိုပြင် ဥရောပတိုက်နှင့် အနီးကပ်ဆုံးဖြစ်၍ယခင်က အင်္ဂလန်ပြည်သို့လာရောက် တိုက်ခိုက်သူများပထမဆုံး ခြေကုပ်ပြုရာစခန်းလည်း မကြာခဏ ဖြစ်ခဲ့ရသဖြင့်ဗြိတိသျှ နိုင်ငံသမိုင်းတွင် ထင်ရှားခဲ့လေသည်။

မြောက်ဖက်တွင် ဒေါင်းခေါ် မြေဖြူတောင်တန်းသည်အရှေ့မှအနောက်သို့တန်းလျက် တည်ရှိသည်။ အရှေ့တောင်ဘက်နှင့် သိမ်းမြစ်ကမ်းခြတစ်လျှောက်တွင် ညွန်ပျောင်းဒေသရှိ၏။ မက်ဒဝေးမြစ်၊ စတောင်ဝါမြစ်နှင့် ဒဲရင့်မြစ်တို့သည်ထိုနယ်အတွင်း ဖြတ်သန်း စီးဆင်းလေသည်။ မက်ဒဝေးမြစ်သည် ကင့်နယ်ကို အရှေ့ပိုင်း၊ အနောက်ပိုင်း၊ ၂ ပိုင်းခွဲခြား၍ဖြတ်သန်းစီးဆင်းသည်။ ကင့်နယ်သည် စတုရန်းမိုင် ၁၅၂၅ခန့်ကျယ်ဝန်း၍ မြေသြဇာထက်သန်းပြီးလျှင် ရာသီဥတုမျှတသည်။ ဒေါင်းမြေဖြူတောင်တန်း၏ အောက်ဖက်တွင် ဝီးလဒခေါ် ဒေသတည်ရှိ၏။ ထိုဒေသမှာ လယ်ယာစိုက်ပျိုးလုပ်ကိုင်ရာဒေသဖြစ်၍ သစ်သီးခြံများ၊ ဟော့ပင်စိုက်ပျိုးထားသောခြံများနှင့် ဟင်းသီးဟင်းရွက် ခြံများရှိလေသည်။ထိုမျှ ဥယျာဉ်များ၊ ခြံများပေါများလှသောဝီးလဒေသကို
အစွဲပြု၍ ကင့်နယ်ကို ဒအင်္ဂလန်ပြည်၏ဥယျာဉ်”ဟုအမည်ပေးခဲ့ခြင်း ဖြစ်ပေသည်။

ထိုနယ် အရှေ့တောင်ပိုင်းရှိ ရွမ္မနီညွန်ပျောင်းဒေသတွင်သိုးအကြီးအကျယ်မွေးမြူသည်။ အထူးသဖြင့် ကင့်နယ်တွင်မွေးမြူသည့်သိုးမျိုးမှာ အင်္ဂလန်ပြည်တွင် ထင်ရှားလေသည်။ကင့်နယ် အရှေ့မြောက်ပိုင်းတွင် မကြာမီကမှတွေ့ရှိတူးဖေါ်လုပ်ကိုင်နေသော ကျောက်မီးသွေးတွင်းရှိလေသည်။

ကင့်နယ်တွင် ပျားမွေးသည့် လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်၏။ ထိုပြင် အခြား လုပ်ငန်း ဆောင်တာများမှာအုတ်ဖုတ်ခြင်း၊ အိုးခွက်လုပ်ခြင်း၊ ဘိလပ်မြေလုပ်ခြင်း၊စက္ကူလုပ်ခြင်း၊ စက္ကူအိတ် လုပ်ခြင်း၊ ယမ်းမှုန့်ချက်ခြင်းစသည်တို့ဖြစ်ကြ၏။ ထိုမှတစ်ပါး အရက်ချက်ရုံကြီးများ၊အင်ဂျင်နီယာ အလုပ်ရုံကြီးများ၊ သင်္ဘောကျင်းကြီးများလည်း ရှိလေသည်။

မိတ်စတုန်းမြို့မှာ ကင့်ခရိုင်၏မြို့တော်ဖြစ်၍ အခြားအရေးပါသောမြို့များမှာ အက်ရှဖို့၊ ဂရေ့ဗဇင်း၊ ဝှစ်စတေဗယ်၊ရော့ချက်စတာ၊ ကန်တာဗာရီ၊ ဝူးလစ်၊ ဒိုဗာနှင့်ဆင်းဒဝစ်စသော သင်္ဘောဆိပ်မြို့များနှင့် စစ်သင်္ဘောကျင်းကြီးရှိသည့် ချက်တမ်မြို့တို့ဖြစ်သည်။ ဟန်းဗေး၊ မားဂိတ်၊ဗရော့စတဲယား၊ ရမ်းဇဂိတ်နှင့် ဖုတ်စတုန်းမြို့ များမှာအပျင်းပြေ သွားရောက်လည်ပတ်ရာ မြို့များဖြစ်ကြ၏။ကင့်နယ်၏ လူဦးရေမှာ၁၉၅၁ ခုနှစ်တွင် ၁၅၆၃၂၈၆ဟု ခန့်မှန်းရလေသည်။

Leave a Reply

Your email address will not be published. Required fields are marked *