ကောက်တမန်း ဂျေ၊အက်(စ) (ခရစ် ၁၇၈၂-၁၈၄၂)

ကောက်တမန်း ဂျေ၊အက်(စ) (ခရစ် ၁၇၈၂-၁၈၄၂) ။              ။ အင်္ဂလိပ်လူမျိုး နာမည်ကျော် ရှုမျှော်ခင်းပန်းချီဆရာ ဂျွန်ဆဲကောက်တမန်းသည် ၁၇၈၂ ခု မေလ၁၆ရက်နေ့တွင် နော်ရစ်မြို့၌ ဖွားမြင်၍ ဖခင်မှာ ပိုက်ဆံချမ်းသာသော ပိုးကုန်သည်တစ်ဦး ဖြစ်သည်။

ကောက်တမန်းသည် လန်ဒန်မြို့တွင် အနုပညာရပ်များကိုဆည်းပူးခဲ့ရာ တားနား၊ ဂါတင်အစရှိသော နာမည်ကျော်ပန်းချီဆရာကြီးများနှင့် မိတ်ဆွေဖြစ်ခဲ့၏။ သူ၏လက်ရာများမှာသူအသက်ထင်ရှားစဉ်က နာမည်မထွက်ခဲ့သော်လည်း ယခုအခါ၌မူ သူ့ကိုထင်ရှားသော ပန်းချီဆရာကြီး
တစ်ယောက်အဖြစ် အသိအမှတ်ပြုကြသည်။ ကော်တမန်းသည် ရေဆေးရေးဆွဲရာတွင် အကောင်းဆုံးပန်းချီဆရာတစ်ဦး ဖြစ်လေသည်။

ဂျွန်ဆဲကောက်တမန်း၏ သားများဖြစ်ကြသော မိုင်းအက်ဒမန်ကောက်တမန်းနှင့် ဂျိုးဇက်ဂျွန်ကောက်တမန်းတို့သည်လည်း အင်္ဂလန်ပြည်၏ ရှုမျှော်ခင်း ပန်းချီဆရာကောင်းများ ဖြစ်ကြသည်။

ဂျွန်ဆဲကောက်တမန်းသည် ၁၈၄၂ ခု ဇူလိုင်လ ၂၄ရက်နေ့တွင် ကွယ်လွန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *