ကသာခရိုင်

ကသာခရိုင် || ။ကသာခရိုင်သည် အထက်မြန်မာပြည်စစ်ကိုင်းတိုင်း အပါအဝင်ဖြစ်၏။ ခရိုင်၏အကျယ်အဝန်းမှာ
စတုရန်းမိုင်ပေါင်း ၅၉၄၁ ရှိသည့် အနက်၊ စတုရန်းမိုင်၃၇ဝဝ ခန့်မှာ ရှေးကသီးခြားနယ် ဖြစ်ခဲ့သော ဝန်းသိုနယ်
ဖြစ်သည်။ အင်္ဂလိပ်တို့ အထကမန်မာပြည်ကို သိမ်းယူသည့်အခါ၊ ဝန်းသိုစော်ဘွား ပုန်ကနခြားနားရာ အင်္ဂလိပ်အစိုး
ရကနှိမ်နင်းအောင်မြင်ခဲ့၍ ဝန်းသိုနယ်ကိုသိမ်းယူပြီးလျှင်၁၈၉ဝ ပြည့်နှစ်တွင် ကသာခရိုင်အတွင်းသို့ သွတ်သွင်းခဲ့လေ
သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ရှေးက ပတ္တမြားကျောက်တွင်းခရိုင်ဟုခေါ်သော မိုးကုတ်နယ်ကိုလည်း ကသာခရိုင်အတွင်း
သို့ထည့်သွင်းခဲ့၏။ သို့သော် မိုးကုတ်နယ်ကို ဒုတိယကမ္ဘာစစ်ပြီးသောအခါ ရွှေဘိုခရိုင် အတွင်းသို့ ပြောင်းလဲ ထည့်
သွင်းခဲ့လေသည်။

ကသာခရိုင်၏မြောက်ဘက်တွင် ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်၊တောင်ဘက်တွင် ရွှေဘိုခရိုင်နှင့် အနောက်ဘက်
တွင် အထက်ချင်းတွင်းခရိုင်တို့ ရှိလေသည်။

ကသာခရိုင်ကို ဖြတ်သန်းနေသောတောင်တန်း ၃ ခုမှာမင်းဝံ၊ ဂန့်ဂေါနှင့် မှန်ကင်းတောင်တန်းတို့ ဖြစ်၏။ ထိုတောင်
တန်း သုံးခုသည် ဧရာဝတီမြစ်၊ မဲဇာမြစ်နှင့်မူးမြစ်တို့၏အကြား၌ တည်ရှိလေသည်။ မင်းဝံတောင်တန်းမှာ ပေပေါင်း
၁၅ဝဝမှ ၂ဝဝဝ အထိမြင့်၍တောင်နှင့်မြောက်တန်းလျက်ရှေးကသာခရိုင်နှင့် ရှေးဝန်းသိုနယ်တို့ကို ပိုင်းခြားလျက်
ရှိ၏။ ဂန့်ဂေါတောင်တန်းမှာ မြောက်ဘက်မှ ဆင်းလာ၍ထီးချိုင့်မြို့အနီး ဧရာဝတီမြစ်ကမ်းပေါ်ရှိ မြသိန်းတန်ဘုရား
တွင် ဆုံးသည်။ ဂန့်ဂေါတောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်မှာ ပေ ၄၄ဝဝ မြင့်သော်လည်း တောင်တန်းတစ်ခုလုံးမှာ
ပျမ်းမျှပေ ၅ဝဝမှ ၂ဝဝဝ အတွင်းသာမြင့်လေသည်။ မှန်ကင်းတောင်တန်းမှာ ဝန်းသိုနယ်ဘက်တွင် ရှိ၍ ပေ ၅၄၅ဝ
မြင့်သော မိုင်းသုံတောင်ထိပ်မှာ အမြင့်ဆုံးဖြစ်၏။ ကသာခရိုင်အတွင်း ထင်ရှားသောမြစ်များမှာ ဧရာဝတီမြစ်၊ မဲဇာမြစ်၊ရွှေလီမြစ်၊ ဒေါင်း ယူးမြစ်နှင့် မူးမြစ်တို့ဖြစ်ကြ၏။ ဒေါင်းယူးမြစ်ကား မြစ်ပင်ဖြစ်သော်လည်း ဒေါင်းယူးချောင်းဟု တွင်၍မူးမြစ်ထဲသို့စီးဝင်သည်။

ကသာခရိုင်၏ အလယ်လောက် နဘားအနီးတွင် အလျား ၃မိုင်၊ အနံတစ်မိုင်ခန့်ကျယ်သော အင်းတော်ရှိသည်။
ထိုအင်းတွင် တံငါလုပ်ငန်းတွင်ကျယ်၍ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်လည်း တံငါလုပ်ငန်း အနည်းငယ်စီ ရှိလေ
သည်။

ကသာခရိုင်သည် မြေအောက်အဖိုးတန် တွင်းထွက်ပစ္စည်းများဖြင့် ကြွယ်ဝ၏။ ဝန်းသိုနယ်ဘက်တွင် ရွှေ၊ ကြေးနီ၊
သံနှင့် ခဲထွက်သည်။ မော်နိုင်၊ မော်ခါး၊ ကဗါး၊ နယ္စား၊မော်ဟိုင်း၊ မော်ခွင်၊ မော်အင်း၊ မန်စီနှင့် ဆုံတောတစ်ဝိုက်တွင်
ရှိသောချောင်းများမှရွှေနှင့် မော်လူးအနီးမှ ကျောက်စိမ်းထွက်သည်။

ကသာခရိုင်၏လူဦးရေမှာ နောက်ဆုံးခန့်မှန်းခြေ သန်းခေါင်စာရင်းအရ ၂၄၁၄၂၂ မျှရှိ၏။ လူဦးရေ တစ်ဝက်ခန့်
မှာ မြန်မာလူမျိုးဖြစ်၍ ကျန်တစ်ဝက်မှာ ရှမ်းနှင့် သက်(လွီ)လူမျိုးများဖြစ်ကြသည်။ ခရိုင်၏ အဓိကလုပ်ငန်းမှာ လယ်
ယာ စိုက်ပျိုးရေးဖြစ်၍ ဆန်စပါးအမြောက်အမြားစိုက်သည်။တောင်ကုန်းဒေသတို့၌ လက်ဖက်၊ ဝါဂွမ်းနှင့် နှမ်းစိုက်ပျိုး
ကြ၏။ သစ်တောထူထပ်၍ ကျွန်း၊ ပျဉ်းကတိုး၊ ယမနေစသော အဖိုးတန်သစ်များလည်း ထွက်လေသည်။

ကသာခရိုင်အတွင်းရှိ တန်ခိုးကြီးဘုရားနှင့် စေတီများမှာကသာမြို့ရှိ မြစေတီ၊ ရွှေဂူကြီးစေတီနှင့် အလယ်ရွာ (မိုး
တား) ၏အရှေ့မြောက် ဧရာဝတီ မြစ်ကမ်းပေါ်ရှိ အိုင်တလူးစေတီ တို့ဖြစ်ကြသည်။ ဂန့်ဂေါတောင်တန်းအစွန်၌ တည်ထားသော
မြသိန်းတန်စေတီမှာ ထင်ရှား၏။ ထီးချိုင့်မြို့တွင် ရှေးမြန် မာမင်းများလက်ထက် တရုတ်စစ်သည်များ
တပ်စွဲစဉ်က တည်ခဲ့သော မြို့ရိုးပျက်ကြီးမှာ သမိုင်းတွင်ထင်ရှားလေသည်။

ကသာခရိုင်ကိုကသာ၊ အင်းတော်၊ ထီးချိုင့်၊ ဗန်းမောက်၊ကောလင်း၊ ပင်လယ်ဘူးနှင့် ဝန်းသိုမြို့နယ် ၇နယ်ခွဲ၍ အုပ်
ချုပ် လေသည်။

Leave a Reply

Your email address will not be published. Required fields are marked *