ကသ္မီရပြည်နယ်

ကသ္မီရပြည်နယ် ။ ။ကသ္မီရပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဖက် ဟိမဝန္တာတောင်တန်းဒေသတွင်
တည်ရှိ၍ တောင်ထူထပ်သည့်ပြင် တောင်ထိပ်တောင်ထွတ်တို့မှာ နှင်းများဖုံးအုပ်လျက် ရှိသည်။ ကသ္မီရ ပြည်နယ်မှာ
အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက် တံခါးပေါက်နှင့် ဆက်စပ်နေသည့်ပြင် တိဘက်ပြည်၊ ဆိုဗီယက်နိုင်ငံ၊ ဥရောပတိုက်
အရှေ့ပိုင်းဒေသတို့နှင့်လည်း ကူးလူးဆက်ဆံရန် လွယ်သဖြင့်ပထဝီဝင်အရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ အ
ထူးအရေးပါသော ပြည်နယ်ဖြစ်သည်။ ထိုပြည်နယ်ကို ရှေးအခါက ဟိန္ဒူမင်းများနှင့်မွတ်စလင်မင်းများ နိုင်ရာနိုင်ရာ
အုပ်စိုးခဲ့ကြသည်။ ၁၅၈၆ ခုနှစ်တွင် မဘုရင် အက္ကဗါ၏လက်အောက်သို့ ကျရောက်ခဲ့သည်။ ၁၈၄၂ ခုနှစ်တွင် အမ္မရစ်ဆာ
စာချုပ်အရ ကသ္မီရပြည်နယ်ကို ဂူလပ်ဆင်း၏လက်သို့အပ်လိုက်သည်။ ထိုမှစ၍နောက်ဆုံးစိုးစံသော မဟာရာဇာ
ဆာဟရီဆင်းလက်ထက်အထိ သားစဉ်မြေးဆက် အုပ်စိုးခဲ့ကြသည်။ သို့သော် ဗြိတိသျှအစိုးရတို့၏ သြဇာလွှမ်းမိုးမှ
မကင်းသည့်အပြင် အိန္ဒိယဘုရင်ခံချုပ်နှင့်လည်း အသင့်အတင့် ဆက်ဆံရလေသည်။

ထိုပြည်နယ်၏ လျှိုမြောင်ချောက်ကမ်းပါးကြီးများ၊ ချိုင့်ဝှမ်း လွင်ပြင်ကြီးများနှင့် စိမ်းစိုသော သစ်တောကြီးများမှာ
ကြည်နူးဖွယ်ကောင်းသောရှုခင်းကြီးများ ဖြစ်ကြသည်။အိန္ဒုမြစ်နှင့် ယင်း၏လက်တက်များ ဖြတ်သန်းစီးဆင်းသဖြင့်မြစ်ဝှမ်းတစ်လျှောက်၌ မြေသြဇာ ကောင်းမွန်သည်။ ကသ္မီရပြည်နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၈၂၂၅၈
ခန့်ရှိ၍ ၁၉၅ဝပြည့်နှစ်သန်းခေါင်စာရင်းခန့်မှန်းခြေအရလူဦးရေ ၄၃၇ဝဝဝဝခန့်မျှရှိသည်။ မြို့တော်မှာ ဆရီနဂါ
ဖြစ်၍ လူဦးရေ ၂ သိန်း ၇ထောင်ကျော်မျှ မှီတင်းနေထိုင်သော ကြီးကျယ်စည်ကားသည့် မြို့ကြီးဖြစ်သည်။

ကသ္မီရပြည်နယ်တွင် အောက်တိုဘာလမှ မတ်လအထိနှင်းများကျတတ်သည်။ နွေဦးပေါက်လများတွင် မိုးများ
စွာရွာသွန်းလေ့ရှိသည်။ ရာသီဥတုမှာ အပူအအေးမျှတ ညီညွတ်၍ ကျန်းမာရေးအတွက် သင့်လျော်သည်။ လှပသာ
ယာသော ရှုခင်းများကြောင့်၎င်း၊ မျှတညီညွတ်သော ရာသီဥတုကြောင့်၎င်း၊ ကသ္မီရပြည်နယ်သို့ ဥရောပတိုက်သား များ
နှင့်လူချမ်းသာတို့ အများအပြားပင် သွားရောက် အပန်းဖြေလေ့ရှိကြသည်။ ထိုအကြောင်းများကြောင့် ကသ္မီရ ပြည်နယ်
ကို ‘ပျော်စရာချိုင့်ဝှမ်း´ဟူ၍လည်းကောင်း၊ ‘အိန္ဒိယကြငှန်းနတ်ဘုံနန်းဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။

ပြည်နယ်အတွင်းတွင် မွတ်စလင်ဦးရေမှာ အများဆုံးဖြစ်၍ ဟိန္ဒူအယူဝါဒ၊ ဗုဒ္ဓအယူဝါဒနှင့် ဆစ်အယူဝါဒီတို့လည်း
ရှိကြသည်။ အုပ်ချုပ်ရေးဖက်တွင်ကား ဟိန္ဒူများကြီးစိုးသည်။ ဆန်စပါး၊ နှံစားပြောင်း၊ မုယော၊ ရှရီမန်နှင့်သစ်သီး
ဝလံများ စိုက်ပျိုးဖြစ်ထွန်းသည်။ ထွက်ကုန်များအနက်ရှောစောင်မှာ ကမ္ဘာတွင် ကျော်စောခဲ့သည်။ ၁၈၇ဝ ပြည့်နှစ် ပြင်သစ်-ပရပ်ရှားစစ်ပွဲကြောင့်အငတ်ဘေး ဆိုက်ခဲ့ရာ ရှောစောင်လုပ်ငန်းကို အကြီးအကျယ် ထိခိုက်ခဲ့လေသည်။ သို့သော်ကော်ဇောလုပ်ငန်းဖြင့် အစားထိုးလုပ်
ကိုင်ခဲ့ကြသည်။ယခုအခါ ကသ္မီရပြည်နယ်တွင် ပိုးထည်လပ်ငန်းမှာ တိုးတက်လျက်ရှိသည်။ ပန်းပု၊ ငွေထည်နှင့်
စက္ကူလုပ်ငန်းများလည်း တွေ့နိုင်သည်။

ကသ္မီရလူမျိုးတို့သည် အနုပညာရပ်များတွင် ဝါသနာထုံ၍ရှေးဟောင်းအနုပညာရပ်များကို ဖေါ်ထုတ်ခြင်း၊ ထိန်း
သိမ်းခြင်းများပြုကြသည်။ ရှေးရိုးသီချင်းများကိုလည်း နှစ်ခြိုက်စွာ သီဆိုတတ်ကြသည်။ ၁၉၄၅ ခုနှစ်ခန့်က အနုပညာ
ကောလိပ်ကျောင်း ၄ ကျောင်းနှင့် အရှေ့တိုင်းပညာကောလိပ်ကျောင်းများ ဖွင့်လှစ်ခဲ့သည်။တက္ကသိုလ်ကျာင်းကြီး
ကိုမူ ၁၉၄၉ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့လေသည်။

ယခင်က အိန္ဒိယနိုင်ငံဟုတွင်ခဲ့သော နိုင်ငံကြီးကို ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဟု ခွဲခြားသတ်မှတ် လိုက်ပြီးနောက်
ထိုနှစ်နိုင်ငံစလုံးကပင် ကသ္မီရပြည်နယ်ကို မိမိတို့နိုင်ငံတွင်းသို့သိမ်းသွင်းလိုကြသည်။ ပြည်နယ်သားအချို့က အိန္ဒိယ
နှင့် အချို့ကပါကစ္စတန်နှင့်ပူပေါင်းလိုကြသည်။

၁၉၄၇ ခုနှစ်တွင် ပြည်နယ်တွင်း ဆူပူမှုများ စတင်လာခဲ့သည်။ အနောက်မြောက် နယ်ခြားအရပ်မှ မွတ်စလင်များ
သည် ပြည်နယ်တွင်းရှိ မွတ်စလင်များကို ကူညီရန်ဟု အကြောင်းပြလျက် ချင်းနင်းဝင်ရောက် ကြသည်။ ထိုနောက်လုယက်သတ်ဖြတ် ဖျက်ဆီးခြင်းများပြုကြသည်။ နောက်ဆုံး ဆရီနဂါမြို့တော်ကိုပင် ထိပါးမည့်လက္ခဏာများ ထင်ရှားလာသောအခါ ထိုနှစ် အောက်တိုဘာလ ၂၇ရက်နေ့တွင်
အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းလိုက်ကြောင်း ကြေညာ၍ မဟာရာဇာ စော်ဘွားသည် ဂျမ္မူးနယ်သို့ တိမ်းရှောင်နေလေ
သည်။ ထိုနောက် ကသ္မီရ ပြည်နယ်၏လုံခြုံရေးအတွက်အိန္ဒိယ တပ်မတော်က တာဝန်ယူ၍ ကာကွယ် စောင့်ရှောက်
ခဲ့သည်။ ထိုအတောအတွင်း အိန္ဒိယကို လိုလားသော အစ္စလမ် အယူဝါဒီသမား ရှိတ်မဟာမက်အပူဒူလာ ခေါင်းဆောင်
၍ အုပ်ချုပ်ခဲ့၏။ တစ်ဖန် ပါကစ္စတန်နှင့် ပူးပေါင်းလိုသူဆာဒါမဟာမက်အီဗရာဟင်က အဇတ်ကသ္မီရအစိုးရအဖွဲ့ကို
စင်ပြိုင် ဖွဲ့စည်းလေသည်။ သို့ဖြင့် နယ်ခြားဒေသတွင် အိန္ဒိယတပ်မတော်နှင့် ကျူးကျော်သူတို့ တိုက်ခိုက်မှုများ ဆက်
လက်ဖြစ်ပွားကြသည်။ ဤသို့ ကျူးကျော်စော်ကားခြင်းပြုသူတို့မှာ ပါကစ္စတန်အစိုးရနှင့် အဆက်အသွယ်မကင်းဟု
ကသ္မီရအစိုးရနှင့် အိန္ဒိယအစိုးရတို့က စွပ်စွဲခဲ့သည်။ ၁၉၄၈ခု ဇန်နဝါရီလတွင်အိန္ဒိယအစိုးရက ဤကိစ္စကို ကုလသမဂ္ဂလုံ
ခြုံရေးကောင်စီသို့ တိုင်တန်းတင်ပြခဲ့သည်။ ကုလသမဂ္ဂမှပုဂ္ဂိုလ် ၅ ဦးပါဝင်သော စုံစမ်းရေးအဖွဲ့တစ်ခုကို စေလွှတ်ခဲ့
လေသည်။ ကုလသမဂ္ဂ၏ကြိုးစားချက်ဖြင့် ပစ်ခတ်မှုရပ်စဲရေးကို ဒီဇင်ဘာ ၃၁ ရက်နေ့မှစ၍ ပါကစ္စတန်၊ အိန္ဒိယ
နှစ်နိုင်ငံစလုံးကပင် လိုက်နာလက်ခံကြသည်။ သို့သော်အခြားကျန်ရှိသော ပြဿနာများကား မပြီးပြတ်သေးချေ။

၁၉၄၈-၄၉ ခုနှစ်တွင် ကသ္မီရပြည်နယ်၌ လယ်ယာမြေပြုပြင်ပြောင်းလဲရေးအတွက် လယ်မြေ ၂၂ဧက ခွဲထက်ပို
မိုပိုင်ဆိုင်သော မြေပိုင်ရှင်တို့၏လယ်မြေကို သိမ်းယူ၍ ထွန်ယက်စိုက်ပျိုးသူစစ်စစ်တို့အားသာ ဝေငှပေးရန် စီမံထား
လေသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ မဟာရာဇာစော်ဘွားကြီးနှင့်ဝန်ကြီးချုပ်ရှိတ်အပူဒူလာတို့ သဘောကွဲလွဲကြရကား
စော်ဘွားကြီးသည် ဘုံဘိုင်မြို့သို့ ထွက်ခွာသွားလေသည်။

၁၉၅၂ ခု နိုဝင်ဘာလတွင် ကသ္မီရပြည်နယ်၌ အစဉ်အလာအရ စောဘွားအုပ်ချုပ်မှုစံနစ်ကို ပယ်ဖျက်၍ ပြည်နယ်
ဥက္ကဋ္ဌကို ၅ နှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ရန် တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ခဲ့လေသည်။ ပထမဆုံးအ
ကြိမ် ပြည်နယ်ဥက္ကဋ္ဌအဖြစ် ရွေကောက်တင်မြှောက်ခြင်းခံရသူမှာ တိုင်းပြည်မှထွက်ခွာသွားသော မဟာရာဇာစော်ဘွား
ကြီး၏သား အသက် ၂၁ နှစ်သာရှိသေးသည့် ကာရန်ဆင်းဖြစ်သည်။ ၁၉၅၃ခု သြဂုတ်လ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်ရှိတ်
အပူဒူလာနှင့် အပေါင်းပါတစ်စုတို့သည် ကသ္မီရပြည်အားသီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရန်ကြိုးစား
သည်ဟူ၍လည်းကောင်း၊ ပြင်ပလက်နက်နိုင်ငံကြီးများ၏သြဇာကိုခံယူရန် ကြံစည်သည်ဟူ၍လည်းကောင်း စွပ်စွဲဖမ်း
ဆီးခံကြရသဖြင့် ပါတီအင်အား အကောင်းဆုံးဖြစ်သူ ဗက်ရှီဂူလမ်မဟာမက်က အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်လေသည်။

ကသ္မီရပြဿနာကို ဆေးအေးစွာ ဖြေရှင်းနိုင်ရန် အိန္ဒိယဝန်ကြီးချုပ်နေရူးနှင့် ပါကစ္စတန် ဝန်ကြီးချုပ်မဟာမက်
အလီတို့ မကြာခဏတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကသ္မီရဝန်ကြီးချုပ်အဖမ်းခံရပြီးနောက် ဝန်ကြီးချုပ်နှစ်ဦးတို့သည်
နယူးဒေလီမြို့၌ တွေ့ဆုံဆွေးနွေကြပြန်သေးသည်။ ဆွေးနွေးမှုများအပြီး ၁၉၅၃ ခုစက်တင်ဘာလ ၂၁ရက်နေ့တွင် ကျေ
ညာချက်တစ်စောင်ကို ပူးတွဲထုတ်ဝေခဲ့သည်။ ထိုကျေညာချက်တွင် ကသ္မီရပြည်နယ် အုပ်ချုပ်ရေးကို လလူထုဆန္ဒပွဲဖြင့်
ဆုံးဖြတ်ရန် သဘောတူကြသည့်အပြင်၊ ဆန္ဒပေးပွဲ ကြီးကြပ်ရေး အရာရှိကို ၁၉၅၄ ခု ဧပြီလကုန်တွင် ခန့်အပ်မည်ဟု
ဖေါ်ပြထားလေသည်။

Leave a Reply

Your email address will not be published. Required fields are marked *