ကဝမြို့

ကဝမြို့ ။ ။ပဲခူးမြို့ တောင်ဘက် ပဲခူးမြစ်အရှေ့ဘက်ကမ်းနဖူးပေါ်တွင် ကဝမြို့တည်ရှိ၍ မြို့ပိုင်ရုံးစိုက်သည်။ ရန်ကုန်-ပဲခူး မီးရထားလမ်းမှသွားလျှင် ထုံးကြီးဘူတာမှဆင်း၍ တစ်မိုင်ခန့် ကတ္တရာစေးလမ်းအတိုင်း သွားပြီးနောက် ကဝမြို့ဘက်သို့ ကူးတို့နှင့် ကူးသွားနိုင်သည်။ မြို့၏လူဦးရေ
မှာ၁၉၅၃ ခုနှစ် ခန့်မှန်းခြေ သန်းခေါင် စာရင်းအရ ၂၃၃၆ယောက်မျှ ရှိသည်။

ကဝမြို့နယ်တွင် သူကြီးပိုင်ကျေးလက် ၉၃ ပိုင်ရှိသည်။ကဝမြို့နယ်၏ အရှေ့ဘက်အကျဆုံး နေရာတစ်နေရာဖြစ်
သည့် သမ္ဗန်ဆိပ်ရွာမှာ ပင်လယ်ကမ်းနှင့် ကပ်လျက်ရှိနေသည်။ ထိုရွာသည့် သထုံခရိုင်မှ ကျိုက်ထီးရိုးတောင်၊ ကေ
လာသ တောင်များနှင့် မျက်နှာချင်းဆိုင် တည့်လျက်ရှိသည်။ကဝမြို့နယ် တစ်ခွင်လုံးမှာ မြေပြန့် ကွင်းဖြစ်၍ စပါးအ
ကြီးအကျယ် စိုက်ပျိုးသည်။ ကဝမြို့နယ်မှာ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်အကြားတွင်တည်ရှိသည်။ ပင်လယ်ကမ်းခြေနှင့်
နီးကပ်သွားသော နေရာများတွင် ဆားအသင့်အတင့် ချက်လုပ်သည်။ ကဝမြို့မှ လွယ်အိတ်နှင့် ချည်လုံချည်များ ထွက်၍
ကဝလွယ်အိတ်ကို လူသိများသည်။

Leave a Reply

Your email address will not be published. Required fields are marked *