ကလေးဝမြို့

ကလေးဝမြို့။ ။အထက်ချင်းတွင်းခရိုင် မြစ်သာမြစ် နှင့်ချင်းတွင်းမြစ်တို့ ပေါင်းဆုံရာအရပ်၌ ကလေးဝမြို့ တည်
ရှိသည်။ ချင်းတွင်းမြစ်ကြောင်းအားဖြင့် ကလေးဝမြို့မှာကင်းတပ်မြို့မှ တောင်ဘက် မိုင် ၄၀ အကွာ ချင်းတွင်း
မြစ်၏ လက်ယာကမ်းတွင် တည်ရှိ၍ ကလေးဝနယ်နှင့်ကလေး ဝမြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ကလေးဝ မြို့နယ်
တစ်ခု လုံးမှာ အနောက်ရိုးမ တောင်ခြေပေါ်တွင် တည်ရှိ၍တစ်နှစ် လျှင် ပျမ်းမျှမိုးရေချိန် လက်မ ၇ဝခန့် ရွာသွန်း
လေသည်။ ကလေးဝ မြို့နယ်ကို ၁၉ဝ၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်မှ မြို့နယ်အဖြစ်အသိအမှတ်
ပြုခဲ့၏။ ကလေးဝမြို့၏ လူဦးရေမှာ ၂၂၃၀ (၁၉၅၃ ခု)ဖြစ်သည်။

မြစ်သာမြစ်မှာ ချင်းတောင် ဒေသများမှ စီးဆင်းလာရကား ကလေးဝမြို့မှ ရေလမ်းခရီးဖြင့် အထက် အောက်
ချင်းတွင်း ခရိုင်များနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ကူးသန်းသွားလာနိုင်သည်သာမက၊ချင်းတောင်ဒေသ
များနှင့်လည်း အလွယ်တကူ ကူးလူးဆက်ဆံနိုင်သည်။ ထိုမတစ်ပါး မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သော
တမူးတောင်ကြားလမ်းခေါ် မဏိပူရ တောင်ကြားလမ်းမှာကလေးဝမြို့မှ တမူးနှင့်ပုလဲအရပ်များကို ဖြတ်၍ မဏိပူရ
ပြည်နယ် အင်ဖါမြို့တော်သို့ ရောက်နိုင်သည်။ ထိုတောင်ကြားလမ်းကို ၁၉၄၂ ခုနှစ် မှစ၍ မော်တော်ကားလမ်း
အဖြစ်သို့ ပြုပြင်ဖေါက်လုပ်ခဲ့သည်။

ဒု တိယကမ္ဘာစစ်အပြီးတွင် ကလေး၀မြို့သည်ပြည်တွင်းပြည်ပ ကူးသန်းရောင်းဝယ်မှုများ တိုးတက်လာ ခဲ့သဖြင့်အထက်ချင်းတွင်း ခရိုင်တွင်စည်ပင်ဖွံ့ဖြိုးသော မြို့ ကြီးတစ်မြို့ဖြစ်လာသည်။ မြို့နယ်လူထုမှာ လယ်ယာကိုင်း ကျွန်းလုပ်ကိုင်စားသောက်ကြ၍ ငွေကြေး တတ်နိုင် သူများကား
သစ်လုပ်ငန်းကို လုပ်ကိုင်ကြလေသည်။

Leave a Reply

Your email address will not be published. Required fields are marked *