ကော်လိုရားဒိုးပြည်နယ်

ကော်လိုရားဒိုးပြည်နယ် ။ ။ကော်လိုရားဒိုး ပြည်နယ်သည်အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိ တောင်
တန်းဒေသ ပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်၏ အရှေ့ပိုင်းမှာ မြေပြန့်လွင်ပြင်များဖြစ်၍ အနောက်ပိုင်းတွင် အလွန်
မြင့်မားသော ရော့ကီးတောင်တန်းကြီး တည်ရှိသည်။

ထို တောင်တန်းတွင် ပေပေါင်း ၁၄ဝဝဝ ကျော်မြင့်သောတောင်ထိပ်ပေါင်း များစွာရှိ၏။ အကြီးဆုံးသော မြစ်မှာ
ကော်လိုရားဒိုးမြစ်ဖြစ်၍ ရော့ကီးတောင်တန်း၌ မြစ်ဖျားခံပြီးလျှင် အနောက်တောင်ဘက်တွင် ရှိသော အယ်ရီဇိုးနား
ပြည်နယ်တွင်းသို့ စီးဝင်လေသည်။ ထိုမြစ်နှင့်တကွ ပြည်နယ်အတွင်းရှိ အားလုံးသော မြစ်များသည် ကျဉ်းမြောင်း
နက်စောက်သော ကင်ညွန်ချောက်များကို ဖြတ်သန်း စီးဆင်း ကြသည်။ သို့ဖြစ်၍ ထိုမြစ်များ သည်ရေစီးသန်သည့်
ပြင် ကျောက်စွန်းကျောက်ဆောင် ပေါများခြင်းကြောင့်ရေကြောင်း သွားလာရန်အတွက် အသုံးမဝင်ချေ။ ထိုကင်
ညွန်ချောက်များမှာ အလွန်လှပသောတောတောင် ရှုမျှော်ခင်းများ ဖြစ်သဖြင့်ကမ္ဘာတွင်ထင်ရှား ကျော်ကြား
လေသည်။ ကော်လိုရားဒိုး ပြည်နယ်တွင် ကျောက်မီးသွေး၊ရွှေ၊ ငွေ၊ သံ၊ ခဲ၊ တန်စတင်နှင့် ကြေးနီတို့ကို တွင်ကျယ်စွာ
တူးဖေါ်လုပ်ကိုင်ကြ၏။ မြေပြန့်ပိုင်းတွင် လယ်ယာလုပ်ငန်းကိုအဓိကထား၍ လုပ်ကိုင်ကြလျက် သကြားမုန်လာကို အ
မြောက်အမြားစိုက်ပျိုးကြသည်။ သစ်တောများမှလည်းသစ်ကောင်း အမြောက်အမြား ရရှိ၏။

ဒင်ဗာမြို့မှာ မြို့တော် ဖြစ်၍ လူဦးရေ ၄၁၅၇၈၆ယောက်မျှ ရှိ၏။ မီးရထားလမ်းဆုံရာမြို့ဖြစ်သည့်အလျောက် ကော်
လိုရားဒိုးပြည်နယ်အတွက် ကုန်စည်စုဆောင်းဖြန့်ဖြူးရာအချက်အခြာ ဖြစ်လေသည်။ ထိုပြင် ပြည်နယ်အတွင်း၌ရှိသည့် သဘာဝ အလှစခန်းများဖြစ်သော ရော့ကီးတောင်၊ နေရှင်နယ်ပတ်၊ ရွိုင်ယယ်ဂေါ့ ချောက်၊ ပိုက်စပိတောင်ထိပ်၊ အက်ဗန်းတောင်ထိပ်နှင့် နတ်ဥယျာဉ်တို့သို့သွားရောက် ကြည့်ရှု့ လိုသော ခရီးသည်များအတွက်(အထောက်) စခန်းမြို့ လည်းဖြစ်သည်။ ရွိုင်ယယ်ဂေါ့
ချောက်ကိုဖြတ်၍ ဆောက်လုပ်ထားသော ကြိုးတန်တားမှာကမ္ဘာတွင် အမြင့်ဆုံးသောကြိုးတံတား တစ်ခုဖြစ်၏။

ပိုက်စပိတောင်ထိပ်မှာပေပေါင်း ၁၄၁၁ဝ မျှမြင့်၍ ထိုတောင်ထိပ်သို့အရောက် ခွေးသွားစိပ်မီးရထားလမ်းဖောက်
ခြည်လုပ်ထားသည်ကို အံ့သြဖွယ်ရာ တစ်ရပ်ပင်ဖြစ်သည်။အက်ဗန်းတောင်ထိပ်မှာ ပေပေါင်း ၁၄၂၆ဝ မျှ မြင့်၏။
ထို တောင်ထိပ်၌ ဒင်ဗာတက္ကသိုလ်၏ ကော့စမစ်ရောင်လက်တွေ့ စမ်းခန်း၊ တည်ရှိရာ ကမ္ဘာတွင် အမြင့်ဆုံး သော
လက်တွေ့စမ်းခန်း ဖြစ်သည်။ ထိုတောင်ထိပ်သို့ မော်တော်ကားဖြင့် သွားရောက် နိုင်အောင် လမ်းဖေါက်လုပ်
ထား၏။ နတ် ဥယျာဉ်ခေါ် ‘ဂါးဒင်း- အော့- ဂေါ့” တွင်အနီရောင်ပေါက်နေသော သဲကျောက် တို့သည် လေ၊ ရေ
တို့၏ တိုက်စားမှုကြောင့် လှပသောသဘာဝပုံအမျိုးမျိုး ဖြစ်ကြလေသည်။ ထိုသို့ လူမပြုမပြင်ဘဲ သဘာဝအ
လျောက် အဆန်းတကြယ်များဖြစ်နေသဖြင့် ‘နတ်ဥယျာဉ်”ဟု ခေါ်တွင်ဟန်တူသည်။ ကော်လိုရားဒိုပြည်နယ်၏
အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၁ဝ၄၂၄၇ ဖြစ်၍လူဦးရေမှာ ၁၉၅ဝ ပြည့်နှစ် သန်းခေါင်စာရင်းအရ
၁၃၂၅ဝ၈၉ ယောက်မျှရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *