ကော်ကေးရှားနယ်

ကော်ကေးရှားနယ်အာရှတိုက်နှင့် ဥရောပတိုက်
အကြားသဘာဝနယ်နိမိတ်သဖွယ်တည်နေသော ကော်
ကေးဆပ် တောင်တန်းများရှိရာဒေသတစ်ဝိုက်ကို ကော်ကေး
ရှားနယ်ဟူ၍ ခေါ်သည်။ ဂရိသမိုင်း ပုံပြင်လောကတွင်
အလွန်ထင်ရှားသောဒေသဖြစ်၏။ ယခု ခေတ်တွင်လည်း
တောင်စဉ်တောင်တန်းတို့ဖြင့် ရှုခင်းသာယာသည့်ပြင် အဖိုး
တန် သဘာဝတွင်းထွက် ပစ္စည်းများဖြင့် ပြည့်စုံလှသည်ဖြစ်
ရာ၊ ကမ္ဘာ့ရှေ့တန်း နိုင်ငံကြီးများ အထူးစိတ်ဝင်စားလျက်ရှိ
လေသည်။ ထိုနယ်သည် စတုရန်းမိုင် ၁၈၁၁၇၃ မျှ
ကျယ်ဝန်း၏။
ကော်ကေးဆပ် တောင်တန်းသည် ပင်လယ်နက်မှ ကက်စပျန်ပင်လယ်အထိ မိုင်ပေါင်း ၇၅ဝ ကျော်မျှ သွယ်တန်း
တည်ရှိလေသည်။ အကျယ်မှာ အချို့နေရာ၌ မိုင် ၃ဝ ခန့်
သာရှိသော်လည်း အချို့နေရာ၌မူ မိုင် ၁၄ဝ ခန့်သာရှိသည်။
ထိုတောင်တန်းသည် အချို့နေရာတွင် မိုင်ဝက်ခန့်သာမြင့်၍
ကျောက်နံရံကြီးသဖွယ် ဖြစ်နေပြီးသော် အချို့တောင်ထိပ်
များမှာ ပေ ၁၆ဝဝဝ ကျော်မြင့်သည်။ အမြင့်ဆုံးတောင်
ထပ်မှာ ပေပေါင်း ၁၈၄၈၁ မြင့်သော အဲလဗရူးတောင်
ထပ်ဖြစ်၏။ ယင်းမှာ ဥရောပတိုက်၏အမြင့်ဆုံး တောင်ထိပ်
လည်းဖြစ်သည်။ အခြား ထင်ရှားသော တောင်ထိပ်များမှာ
ဒိုက်ခတော တောင်ထိပ် (၁၇ဝ၅၄ ပေ)၊ ကော်ရှတန်
တောတောင်ထိပ် (၁၆၈၈ဝ ပေ) နှင့် ကပ်ဇဗျက် တောင်ထိပ်
(၁၆ယ၅၅၈ ပေ) တို့ ဖြစ်ကြ၏။ ထိုတောင်ထိပ်တို့မှာ
အမြဲလိုပင် နှင်းများဖုံးအုပ်နေသဖြင့် ရှုခင်းအလွန်သာယာ
သည်။ တောင်ကြား များတွင် ရေခဲမြစ်များပေါ်လျက်ရှိရာ
ရေခဲမြစ်ပေါင်း ၉ဝဝ ကျော်မျှ ရှိသည်။ တောင်ခြေ၊ ဆင်
ခြေလျောများတွင် သစ်တောကြီးများ ပေါက်ရောက်သည်ကို
တွေ့ရလေသည်။
ကော်ကေးရှားဒေသတွင် လူမျိုးပေါင်းစုံ နေထိုင်သော်
လည်း ရုရှ၊ အာမီးနီးယန်း၊ တားတား၊ ဆာကက်ရှန်နှင့်
ဂျော်ဂျီယန်လူမျိုးများမှာ အများဆုံးဖြစ်သည်။ ထိုနယ်
တွင် လူဦးရေ ၁၄ သန်းခန့် နေထိုင်ကြ၏။ ၁၈၆၄ ခုနှစ်တွင်
ရုရှနိုင်ငံသည် ထိုနယ်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ အတိုက်
အခိုက်ဝါသနာကြီးလှသော ဆာကက်ရှန်နှင့် ဂျော်ဂျီယန်လူမျိုးများ၏ရန်ကို စိတ်မချသဖြင့် ကိုဗီ တောင်ကြားလမ်းကို
ဖြတ်၍ စတပ်ဗရိုပါးမြို့မှ တစ်ဖလစ်မြို့သို့ စစ်လမ်းမကြီး
ဖေါက်ထား ခဲ့လေသည်။ ကော်ကေးရှားနယ်သူနယ်သား
များသည် ရုပ်ရှည်လှပချောမွေ့ခြင်းကြောင့် ကမ္ဘာပေါ် တွင်
အထူး နာမည်ကျော်သူများဖြစ်၏။ ဂျော်ဂျီယန်နှင့်
ဆာကက်ရှန်လူမျိုးများမှာ ရဲရင့်ခြင်းနှင့် တူရိယာဖက်တွင်
ကျွမ်းကျင်ခြင်း တို့ကြောင့် ကျော်စောကြသည်။
ကော်ကေးရှားနယ်၏ ကူးသန်း ရောင်းဝယ်ရေးမှာကက်
စပျန်ပင်လယ် ကမ်းခြေပေါ်ရှိ ဗားကူးနှင့် ဒယ်ပင့်မြို့များကို
ဖြတ်၍ လည်းကောင်း၊ ပင်လယ်နက်ကမ်းခြေပေါ်ရှိ ဗာတွမ်း၊
ပိုတီနှင့် နာဗါရပ်ဆိမြို့များ ကိုဖြတ်၍လည်းကောင်း ရောင်း
ဝယ်ကြသည်။ ဗာတွမ်းနှင့်ဗားကူးမြို့များကို မီးရထားလမ်းဖြင့်
ဆက်သွယ်ထားသည့်ပြင်၊ ရေနံပို့ရန် ရေနံပြွန်ကြောင်းကြီး
တစ်ခုကိုလည်း သွယ်တန်းထားလေသည်။
၁၉၁၇ ခုနှစ် ရုရှ တော်လှန်ရေးကြီးပြီးဆုံး အောင်မြင်
သောအခါ ကော်ကေးဆပ်တောင်တန်းမြောက်ဘက်ရှိ နယ်
ပယ်အားလုံးသည် ရုရှဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စု
သမ္မတနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သွား၍ ကော်ကေး
ဆပ်တောင်တန်း၏ တောင်ဖက်ရှိ နယ်ပယ်တို့သည် ထရန်စ
ကော်ကေးရှန်း ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတ
နိုင်ငံအဖြစ် ပူးပေါင်း ခံခဲ့ကြရသည်။ သို့ရာတွင် ၁၉၃၆ ခု
နှစ်၌ ထိုပြည်ထောင်စုနိုင်ငံ အဖွဲ့အစည်းကို ဖျက်သိမ်းလျက်
ဆိုဗီယက်ရုရှအစိုးရလက်အောက်ခံ ဆိုဗီယက်ဆိုရှယ်လစ်သမ္မတ နိုင်ငံငယ်ကလေးများကို သီးခြားဖွဲ့စည်းပေးခဲ့၏။
ယင်း တို့မှာ အဇာဗိုင်ဂျန်၊ ဂျော်ဂျီယာနှင့် အာမီးနီးယား
ပြည်နယ်များဖြစ်သည်။ ဂျော်ဂျီယာနှင့် အဇာဗိုင်ဂျန်ပြည်
နယ်တို့မှာ အစ္စလမ်အယူဝါဒကို ကိုးကွယ်သောနယ်များဖြစ်
ကြ၍၊ အာမီးနီးယား ပြည်နယ်ကလေးကား ခရစ်ယန်အယူ
ဝါဒကို ကိုးကွယ်သောနယ်ဖြစ်သည်။ ထို ၃နယ်သည် စတု
ရန်း မိုင်ပေါင်း ၇၁ဝဝဝ မျှ ကျယ်ဝန်း၍၊ စုစုပေါင်း လူဦးရေ
၇၁ဝဝဝဝဝ ခန့်ရှိ၏။
ကော်ကေးရှား ဒေသကား သဘာဝတွင်းထွက်ပစ္စည်း
တို့ဖြင့် … ကုံလုံကြွယ်ဝ၏။ ကြေးနီ၊ ငွေ၊ သံ၊ ကိုဗော့၊
ကန့်၊ ပြဒါး၊ မန်ဂနိစသော အဖိုးတန်ဓာတ်သတ္တုများအပြင်
ရေနံလည်း အကြီးအကျယ်ထွက်၏။ ဗားကူးနယ် ရေနံတွင်း
များကား ကမ္ဘာကျော်ဖြစ်ကြသည်။ တောင်ဘက်ပိုင်းတွင်
မိုးကောင်းသဖြင့် သစ်တောကြီးများရှိရာ သစ်များစွာထွက်
လေသည်။ ထိုဒေသ၏ ထွက်ကုန်များတွင် ကျော်ကြား
သော ထွက်ကုန်တစ်မျိုးကား ကော်ဇောဖြစ်၍ အရှေ့တိုင်း
ထွက် ကော်ဇောများအောက် မညံ့လှချေ။

Leave a Reply

Your email address will not be published. Required fields are marked *