ကညင်ပင်

ကညင်ပင် ။ ။ကညင်ပင်မျိုးတွင်ကညင်နီ၊ ကညင်ဖြူ၊
ကညင်ပျံ၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင်ဝက်
တောင်းဟူ၍ အမျိုးမျိုးကွဲပြားလျက် ရှိသောကြောင့် အပင်
ကိုလည်းကောင်း၊ ခွဲစိတ်ပြီးကညင်သားကိုလည်းကောင်း၊
မြင်ရုံမျှဖြင့်မည်သည့် ကညင်ပင်မျိုး ဖြစ်သည်ကို တိကျစွာ
ခွဲခြားသိနိုင်ရန် ခဲယဉ်းသည်။ အထက်မြန်မာပြည်၌ ကညင်
နီပင်များကို အများအပြား တွေ့ရ၍ အောက်မြန်မာပြည်၌
ကညင်ဖြူပင် မျိုးကို အများအပြား တွေ့နိုင်သည်။ ခြုံ၍
ပြောရလျှင် ကညင်ပင်တို့သည် အလွန်ကြီးမားသော အ
ပင်မျိုးဖြစ်သည်။ အချို့သည် အမြင့်ပေ ၁၅ဝ ခန့်၊ ပင်စည်လုံး
ပတ် ၁၅ ပေခန့်အထိရှိတတ်သည်။ ထိုကဲ့သို့မြင့်မားသောအ
ပင်ကြီးများတွင် အရင်းပိုင်း ပေ၇ဝ မှ ပေ၁ဝဝ လောက်အ
ထိမှာ အကိုင်းအခက်များ ကင်းစင်ကာ ဖြောင့်စင်း နေတတ်
သည်။ အခေါက်အပွေးမှာ အလွန်ချောမွတ်၏။ ကညင်
ပင်သည် အစုလိုက်မပေါက်ဘဲ ပြောက်ကျား ပေါက်လေ့ရှိ၍
မြန်မာနိုင်ငံ၌ အမြဲစိမ်းတောများတွင် တွေ့မြင်နိုင်သည်။
ကညင်သားသည် နီညစ်ညစ် အရောင်ရှိ၍ အင်သားထက်
အနည်းငယ်ညံ့သည်။ အသားကြမ်း၍ အတော်အတန် ခိုင်
ခံ့သော်လည်း မြန်မာနိုင်ငံ ရာသီဥတုဒဏ်ကို ခံနိုင်ရည် မရှိချေ။
ခြလည်း အစားလွယ်သည်။ ထိုကြောင့် အသားသေအောင်
ပြုလုပ်ပြီးမှ အသုံးချသင့်သည်။ မြန်မာနိုင်ငံတွင် ကညင်
သားကို လှေများနှင့် သေတ္တာများ လုပ်ရာ၌ အသုံးများသည်။ကညင်သားကို သစ်ကွက်လှခင်းခြင်းအတွက်သုံးနိုင်သည့်
အပြင်ကရီအိုစုတ်ဆီ သုတ်ပေးလျှင် ကြာရှည်ခံသောကြောင့်
နိုင်ငံခြားသို့ရောင်းချနိုင်ဖွယ်ရာ အလားအလာများစွာရှိသည်။
ကညင်ပင်မှရရှိသောအဆီကိုအချို့တောရပ်များ၌ ရေနံဆီ
အစားမီးထွန်းကြသည်။ ကညင်ဆီတိုင်များအမည်ဖြင့်မီးမွှေးရန်ရောင်းချသော ကောက်ညင်းကျည် တောက် ရွယ်ရှိ
ထန်းရွက်စသည်နှင့် ထုပ်စည်းထားသည့် အတောင့်ကို
တွေ့ဖူးသုံးဖူး ကြပေမည်။ ထိုကညင်ဆီတိုင်မှာ သစ်ဆွေး
အစကလေးများကို ကညင်ဆီနှင့် နယ်ထားသည့် ပစ္စည်းပင်
ဖြစ်သည်။  ကညင်ဆီတိုင်ကို မီးရှူး
မီးတိုင်အဖြစ်လည်း သုံးနိုင်သည်။ ယဉ်းနေသော အနာများ
ကို သုတ်လိမ်းပေးနိုင်သဖြင့် ဆေးဖက်လည်း ဝင်သည်။
ထားဝယ်နယ်တွင် ကညင်ဆီကို အောက်ပါ နှစ်နည်းဖြင့်
ထုတ်ယူကြသည်။ ပထမနည်းမှာ ကြက်ပေါင်စေး ထုတ်ယူ
သကဲ့သို့ ၃ရက်တစ်ကြိမ် ၄ရက်တစ်ကြိမ် ပင်စည်ကို ဓါးဖြင့်
ထစ်၍ ဆီထုတ်ယူနည်းဖြစ်သည်။ တစ်နှစ်အတွင်း ကညင်
ပင်တစ်ပင်မှ လေးလခန့် ထိုကဲ့သို့ ဆီထုတ်နိုင်၍ စုစုပေါင်း
ကညင်ဆီပျမ်းမျှ ၁၅ ပိသာခန့် ရနိုင်သည်။
ဒုတိယနည်းမှာ ပင်စည်ကို ဒါးဖြင့် ထစ်ပြီးသကာလ
ယိုထွက် လာသော ကညင်ဆီနှင့် သစ်ရွက်ခြောက်များကို
ရော၍ အပင်ရင်းကို မီးမြှိုက်ပေးရသည်။ မီးမြိုက်ပြီး ၂ရက်
အကြာတွင် ထိုအပင်မှ ယိုထွက်လာသော ဆီများကို စုသိမ်း
ရသည်။ ထို့နောက် ၂ရက်မျှ အနားပေးပြီးလျှင် တစ်ဖန်မီး
မြိုက်၍ ဆီထုတ်ယူပြန်သည်။ ထိုနည်းအတိုင်း ဒီဇင်ဘာလမှ
မေလအထိ ကညင်ဆီကို ထုတ်ယူနိုင်သည်။ သို့သော်
ပထမနည်းလောက် သန့်စင်ခြင်း မရှိပေ။

 

Leave a Reply

Your email address will not be published. Required fields are marked *