ကဆုန်လပြည့်နေ့ ||ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာ
သနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏
ထူးခြားချက်များကား
၁။ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒ
ကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့်
ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရား
ထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။
၂။မဟာသက္ကရာဇ် ၆၈ခုကဆုန်လပြည့်နေ့တွင် ဂေါတမ
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်
မူခြင်း။
၃။မဟာသက္ကရာဇ် ၁၀၃ခုကဆုန်လပြည်နေ့အရုဏ်တက်ချိန်တွင် ဂေါတမဘုရား အလောင်းတော်သည် သဗ္ဗညု
တဉာဏ်တော်ကို ရရှိတော်မူခြင်း။
၄။မဟာသက္ကရာဇ် ၁၄၈ခုကဆုန်လပြည့်နေ့တွင် မလ္လာ
မင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်
တော်မူခြင်းတို့ ဖြစ်လေသည်။
ထိုကဲ့သို့ဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်
သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု
ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွတ်အမြတ် ထားကြ
လျက် ဂေါတမဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ
ရွှေဉာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြု
တော်မူသော ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော
ကုသိုလ်ကောင်းမှုတို့ကိုပြုကြကုန်သည်။ (ဗောဓိပင်-
လည်းရှု။) ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင်
ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်း
ဆန်းစိုပြည်စေရန်အတွက်ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်
ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်
လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများပြုလုပ်လျက် ရှိကြ
လေသည်။