ကချင်လူမျိုး

ကချင်လူမျိုး ။ ။ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း
ကချင်လူမျိုးတို့ နေထိုင်ရာအချက်အချာဒေသမှာ ချင်းတွင်း
မြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ဖြတ်သန်းစီးဆင်း ရာ
ဒေတစ်ဝိုက်ဖြစ်၏။ မြောက်ဖက်လတ္တီတွဒ်၂၃၃၇ဒီဂရီ
နှင့် ၂၈ံ၂၅ဒီဂရီတို့အကြား အရှေ့ဘက် လောင်ဂျီတွဒ်
၉၆ဒီဂရီနှင့် ၉၈ံ၄၇ဒီဂရီ အကြားဖြစ်သော အာသံပြည်
အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်မြန်မာ
နယ်စပ် အလွန် ဒေသများတွင် ပျံ့နှံ့နေထိုင်ကြသည်။ ကချင် C
တို့၏ လူဦးရေမှာ တဖြည်းဖြည်းတိုးတက်များပြားလာ
ခဲ့ရာ မိုးကုတ်နယ် ကိုးတောင်ဒေသ ရွှေလီမြစ်ဝှမ်းဒေသ
လားရှိုးနယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတောင်ဖက်ကျိုင်း
တုံနယ်အထိပျံ့နှံ့လျက်ရှိကြသည်။ မြန်မာနိုင်ငံ၏ အပ
ဖြစ်သော အာသံပြည် ပတ်ကွိုင်တောင်၏ အနောက်ဖက်
တောင်စောင်းဒေသနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်
အရှေ့ဖက်လောင်ဂျီတွဒ် ၉၉ဒီဂရီခန့် အထိဒေသတို့တွင်
လည်း ကချင်လူမျိုးများကို တွေ့ရပေသည်။

=၁၉၃၁ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းအရ မြန်
မာနိုင်ငံအတွင်းနေ ထိုင်ကသောကချင်ဦးရေမှာ ၁၅၃ဝဝဝ
ကျော်ရှိ၏။ ထိုအရေအတွက်မှာ သန်းခေါင်စာရင်းမ
ကောက်ယူနိုင်ခဲ့သေးသော ပူတာအိုနယ် ဟူးကောင်းနယ်
ဝနယ်မေခနှင့် မလိခမြစ်စပ်ကြားရှိ တြိဂံနယ်တို့တွင်ရှိ
သောကချင်ဦးရေများ မပါဝင်ခဲ့ပေ၁၉၃၁ခုနှစ်ကမြန်
မာနိုင်ငံအတွင်း ကချင်ဦးရေ ၂၁၄ဝဝဝ မျှရှိလိမ့်မည်ဟု
ကျွမ်းကျင်သူတို့က ခိုင်လုံစွာ ခန့်မှန်းခဲ့ကြသည်။
အခါက အာသံပြည်တွင်ကချင်အမျိုးသားပေါင်း၃ဝဝဝ မျှ
ရှိသည်ဟု အာသံသန်းခေါင်စာရင်းတွင်
ထိုစဉ်
ဖေါ်ပြထား
သည်။ ဗန်းမော် နှင့်မြစ်ကီးနားခရိုင်များအပါအဝင်ဖြစ်
သောကချင်ပြည် နယ်ဒေသအတွင်း၌ပင် ၁၉၄၈ခုနှစ် သန်
ခေါင်စာရင်းအရ ကချင်ဦးရေ ၂၂၁၉ဝ၁ယောက်ရှိသည်
ဟုသိရသဖြင့် ကချင်လူမျိုးတို့မှာ တဖြည်းဖြည်းလူဦးရေ
တိုးတက်လျက်ရှိသည်ကို သိသာနိုင်သည်။

ကချင်တို့၏မူလဇာစ်မြစ်
ကချင်လူမျိုးတို့မှာ တိဗက်မြန်မာ အနွယ်ဝင်များဖြစ်
ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ်ဘောင်ဆက်မှစ၍ မျိုး
ရိုးတစ်ခုတည်း ကဆင်းသက်လာသူတို့ ဖြစ်ကြသည်။ သူတို့၏
မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟုမိရိုးဖလာ
မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပာယ်မှာ သဘာဝ
အားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်
ပြူးနေသော တောင်ထိပ်မှာ တိဗက်ပြည်ရှေ့ဘက်
နှင့် စူချွန်နယ်အကြားရှိ ကုန်းမြင့်ဒေသပင်ဖြစ်ဟန် တူ
လေသည်။

ရွှေ့ပြောင်းနေထိုင်လာပုံ
တောင်ဘက် ဒေသများသို့ … ရွှေ့ပြောင်းလာကြရာတွင်
ကချင်တို့သည် တရုတ်၊မြန်မာ၊တိဗက်နှင့် အာသံပြည်တို့၏
နယ်စပ်များဆုံရာ တောတောင်ထူထပ်လှသော ဒေသ
တစ်ဝိုက်တွင် ရောက်ရှိလာပြီးနောက်၊ ထိုဒေသမှအခွင့်
သာလျှင် သာသည့်အလျောက် တောင်ဘက်မြန်မာနိုင်ငံ
အတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန် တူသည်။
သူတို့၏ ရွှေ့ပြောင်းရာခရီးလမ်းမှာ ခက်ခဲလှ၍တစ်ကြောင်း၊
ထိုမှတစ်ပါး သူတို့၏အလျင်က ရွှေ့ပြောင်းသွားခဲ့ကြသော
မွန်ခမာအနွယ်ဝင်များနှင့် အခြားအနွယ်တူ လူမျိုးများက
ရွှေ့ပြောင်းရာလမ်းတွင် ပိတ်ဆို့ဟန့်တားဘိသကဲ့သို့ ရှိ
နေခဲ့သောကြောင့်တစ်ကြောင်း ကချင်တို့မှာ မြန်မာနိုင်ငံ
တွင်းသို့ ရွှေ့ပြောင်းဝင်ရောက်ရာတွင် အတန်နောက်ကျ
သူများဖြစ်ကြသည်။ မြန်မာနိုင်ငံ တွင်းသို့ဝင်ရောက်
ခဲ့ကြပြီးနောက် တြိဂံနယ်(မေခနှင့်မလိခမြစ်၂သွယ်စပ်
ကြားရှိသုံးထောင့် ဒေသ)သို့ ရောက်သောအခါတွင်ရှေ့
သို့ ဆက်လက် ရွှေ့ပြောင်းခြင်း မပြုနိုင်ဘဲကာလအတန်
ကြာ အခြေစိုက်နေထိုင်ခဲ့ကြရဟန် တူသည်။ အကြောင်းမှာထိုစဉ်က မြန်မာနိုင်ငံမြောက်ဖျားကို မောရှမ်းတို့ကြီး
စိုးခဲ့ကြသောကြောင့်ဟုဆိုဖွယ်ရာရှိသည်။ မောရှမ်းတို့
အင်အား ယိမ်းယိုင်သောအခါမှ ရှေ့သို့ဆက်လက်ရွှေ့
ပြောင်း၍ ယခုနေထိုင်ရာ ဒေသများသို့တဖြည်းဖြည်း
ရောက်လာခဲ့ကြသည်။ တရုတ်သမိုင်းကျမ်းများကို ထောက်
ထားခြင်း အားဖြင့်တြိဂံနယ်မှ တောင်ဘက်သို့စတင်ရွှေ့
ပြောင်းသည်မှာ ခရစ်နှစ်၁၅ရာစု အလယ်လောက်ကဟု
ခန့်မှန်းနိုင်သည်။ မြန် မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက်
သည်မှာကား ၁၁ရာစုနှစ်လောက် ဖြစ်တန်ရာသည်ဟု ယူဆနိုင်ပေသည်။

၁၅ရာစုနှစ်အလယ်လောက်ကစ၍ လူတစ်ဆက်ပြီးတစ်ဆက်
ရွှေ့ပြောင်းလာကြစဉ်တွင်
သော ရှမ်းနှင့်မြန်မာတို့၏
ကချင်တို့မှာ ရောက်ရှိပြီးဖြစ်
ယဉ်ကျေးမှု အချက်အလက်များ
ကို စတင်ရရှိခဲ့ကြသည်။ ထိုမှတစ်ပါး မိမိတို့နေရာရရှိရေး
စသည်တို့အတွက် ရောက်ရှိပြီးသော ရှမ်းမြန်မာစသော
သူတို့နှင့် မကြာခဏ ဆိုသကဲ့သို့ တိုက်ခိုက်မှုများဖြစ်ပွား
ခဲ့၏။ အင်အားနည်းသည့် ရောက်ရှိပြီးလူမျိုးများကို
တောင်ဘက်သို့ တွန်းထုတ်နိုင်ခဲ့ကြ၏။ ဤသို့ဖြင့် ဆဒုံးနယ်
တွင် နေခဲ့သော ပလောင်တို့မှာ တောင်ဘက်ရွှေလီမြစ်ဝှမ်း
ဘက်သို့ ရွှေ့ပြောင်းလာခဲ့၍ ကချင်တို့မှာမူ ဆဒုံးနယ်တွင်
အင်အားနှင့် အခြေစိုက်နေလျက်ရှိကြလေပြီ။ ကချင်
တို့မှာရွှေ့ပြောင်းကြရာ တွင်တောင်ရိုးကိုလိုက်ကြ၏။
အခြေစိုက်နေထိုင် ကြရာ၌လည်း များသောအားဖြင့် တောင်
ရိုး တောင်စွယ်တို့ကို ပိုမိုနှစ်သက်ကြသည်။ မြန်မာနိုင်ငံတွင်းသို့ ရောက်ပြီးနောက် တောင်တန်းများတစ်လျှောက်
တောင်ဘက် ဆွန်ပရာဘုံသို့၊ ဆွန်ပရာဘုံမှသည် တောင်ဘက်
တောင်ရိုးအတိုင်းလည်းကောင်း၊ အနောက်တောင်ဘက်
ဒရုချက်သို့လည်းကောင်း၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ်၊
တြိဂံနယ်အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍
မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာခဲ့သည်
လမ်းတစ်သွယ် ဤသို့လမ်းနှစ်သွယ်ကွဲပြားကာ ရွှေ့ပြောင်း
ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆဖွယ်ရှိ၏။

အမည်
ကချင်ဟူသောဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ် သော
ဝေါဟာရသာဖြစ်သည်။ ကချင်လူမျိုးတို့၏ စကား
မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုမိမိတို့ ‘ဂျင်း
ဖေါလူမျိုးများဟုသာ ပြောဆိုကြသည်။ လူတစ်ယောက်
ဟုအဓိပ္ပါယ်ရှိသည်။ တရုတ်လူမျိုးများကမူ ကချင်လူမျိုး
များကို‘ယေဂျင်”ဟုခေါ်ဆိုကြသည်။ အဓိပ္ပါယ်မှာလူ ရိုင်း
ဟုရရှိသည်။ ယဉ်ကျေးသော တရုတ်အမည်တခုမှာ
ရှန်ထိုဖြစ်၏။ တောင်ထိပ်သားဟု အဓိပ္ပါယ်ရသည်။
အာသံပြည်တွင် ကချင်တို့ကို ‘စင်ဖိုး’ဟုခေါ်ဝေါ်ကြသည်။
မြန်မာမှတ်တမ်းများ၌ သိမ်းဖေါ”ဟုပါရှိသည်။ ရှမ်းလူမျိုး
တို့က ကချင်လူမျိုးကို ‘ခန်ဂ’ဟု ခေါ်ဝေါ်ကြသည်။ ယခုအ
ခါလူအများကပင် ဂျင်းဖေါလူမျိုးကို ကချင်လူမျိုး ဟု
သာသိရှိနားလည်ကြသည်။ အလွန်ရှေးကျသော မြန်မာ
ကျောက်စာများတွင် ကချင်ဆိုသောစကား သုံးနှုန်းထား
သည်ကိုမတွေ့ရပေ။ သို့ရာတွင်သက္ကရာဇ် ၈ဝ၄ခုနှစ်ထိုး
ညောင်ဦးရွှေစည်းခုံ ဥညံနဝကျောက်စာတွင် ‘ကခြင်”ဟု
ရေးထိုးထားသည်ကို ရှေးဦးစွာ တွေ့ရသည်။

ကချင်အုပ်စုကွဲများ
ဂျင်းဖေါဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်
များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်
ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို
ဂျင်းဖေါ ဟုခေါ်တွင်၍ အထက်ဖက် (ဝါ)မြစ်ဖျားဖက်
တွင် နေထိုင်ကြသော ကချင်များကိုခခု’ ဟုခေါ်ကြ
လေသည်။ ခခုဆိုသောကချင်စကားမှာ မြစ်ဖျားဟု
အဓိပ္ပါယ်ရရှိသည်။

ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည်
‘ဝချက်ဝ’ဆိုသော ရှေးဦးဖခင်ကြီးမှ ဆင်းသက်ပေါက်
ဖွားလာကြသည်ဟု ယုံကြည်ကြ၏။ ဖခင်ကြီးဝချက်ဝ
မှာ သားငါးဦးရှိရာ အဆိုပါ သားငါးဦးမှ ကြီးစဉ်ငယ်
လိုက် ထင်ရှားသော လူမျိုးအုပ်စုကြီး ၅စုဖြစ်ပေါ်လာ
သည် ဟုအဆိုရှိသည်။ ထိုသူတို့မှာ (၁)မရစ် (၂)လထော
(၃)လဖိုင် (၄)အင်ရမ်နှင့် (၅)မရမ် တို့ဖြစ်ကြသည်။ အစ်
ကို အကြီးဆုံးမှ ပေါက်ဖွားဆင်းသက်သော မရစ်အုပ်စုမှာ
သူတို့လူမျိုးစုတို့ထဲတွင် ဝါအရင့်ဆုံးဖြစ်၍ လဖိုင်အုပ်စုမှာ
အင်အားအကြီးဆုံးဖြစ်သည်။ ဤလူမျိုးအုပ်စု ၅စုတို့
သည် ရှေးယခင်အခါ လူမျိုးချင်း ရောယှက်ခါအတူတကွ
ပင်ရောနှော နေထိုင်လေ့ရှိကြသည်။
ပြဆိုခဲ့သော လူမျိုးအုပ်စု၅စုအပြင် ဖခင်ကြီး ဝချက်ဝ
ဆိုသူ၏ ညီငယ်၇ဦးမှ ဆင်းသက်ပေါက်ဖွားသည် ဆိုသောအခြားလူမျိုးအုပ်စု ၁၅စုလည်းရှိသေးသည်။ သို့သော်
ထိုသူတို့မှာ ထင်ရှားခြင်းမရှိချေ။

ဓလေ့ထုံးစံများ
ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုကိုး
ကွယ်သော လူမျိုးများဖြစ်ကြသည်။ ကျေးရွာများတွင်
ဒုမ်ဆဆိုသော နတ်ဆရာမှာ အထူးပင်အရေးပါအရာရောက်
သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မင်္ဂလာဆောင်သောအခါ
တွင် လည်းကောင်း တစ်စုံတစ်ယောက်သေဆုံ၍ သင်္ဂြိုဟ်မည့်အခါ
တွင်လည်းကောင်း ဒုမ်ဆနတ်ဆရာက ညွှန်ပြရှေ့ဆောင်ရသည်။
ကျေးရွာတိုင်း ကျေးရွာတိုင်းတွင်ဆလိုင်းဟု ခေါ်သော
အရပ်လူကြီးများရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟုအခေါ်
များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း၊
သာရေး၊ နာရေးကိစ္စများ၌ မြန်မာနိုင်ငံတွင် ဆယ်အိမ်မှူး
များနည်းတူ၊ ရှေ့ဆောင်ညွှန်ပြလေသည်။ ဒူးဝါး
ဟု ခေါ်သောအကြီးအကဲများမှာ ကျေးရွာပေါင်း ၂ဝမှ
၁ဝဝအထိ အသီးသီးအုပ်ချုပ်ကြရသည်။ အင်္ဂလိပ်
အစိုးရလက်ထက်၌ တောင်အုပ်ဆိုသူများကိုလည်း ခန့်ထား
လေသည်။ တောင်အုပ်မှာ ဆလိုင်း(အရပ် လူကြီး)နှင့် ဒူးဝါး
တို့ကြားတွင်ရှိသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ
အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့်
ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူဖြစ်သည်။
ကချင်လူမျိုးတို့တွင် မူရင်းစာပေများ မရှိကြချေ။ ခရစ်
ယန် သာသနာပြုပုဂ္ဂိုလ်များက . ရောမအက္ခရာများဖြင့်ကချင်စာကို တီထွင်ပေးခဲ့သည်။ ကချင်လူမျိုးတို့သည်
မိမိတို့ ဘာသာစကားဖြင့် .. ပြော၍မဖြစ်သောအခေါ်
အဝေါ်များကို မြန်မာစကားဖြင့်လည်းကောင်း၊ ရှမ်းစကားဖြင့်
လည်းကောင်း ခေါ်ဝေါ်ကြသည်။

အဆိုအကနှင့်တူရိယာများ
ကချင်လူမျိုးတို့သည် ကခုန်ခြင်း၊ သီဆိုခြင်းများတွင်
အထူးဝါသနာထုံသော လူမျိုးများဖြစ်သည်။ မင်္ဂလာ
ပွဲများတွင်လည်းကောင်း၊ အသုဘာကြသည့်အခါ၌ လည်းကောင်း
အခြားနတ်ပွဲများတွင်လည်ကောင်း၊ အစုလိုက်အပြုံလိုက်
သီဆိုကခုန်လေ့ရှိကြသည်။ တစ်ယောက်တည်း ကပြခြင်း
ကား နည်းပါးလှသည်။ ယောက်ျားနှင့်မိန်းမ တွဲဖက်က
ကြရာတွင် တစ်ဦးကိုတစ်ဦးကိုင်တွယ် ခြင်းမရှိကြချေ။
တစ်ဦးနှင့်တစ်ဦး သားမွေးယပ်တောင်များဖြင့် ဆက်သွယ်
လေ့သာရှိကြသည်။ ကချင်ပြည်နယ်၌ ထင်ရှားကျော်စော
လှသော ပွဲတော်ကြီးတခုမှာ ‘မနောပွဲ’ခေါ် နတ်ပူဇော်ပွဲ
ကြီးပင်ဖြစ်သည်။ (မနောပွဲ ရှု)နတ်များကို ပူဇော် ပသသော
အလေ့အထမှာ တိဗက်မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများ
ဖြစ်ဟန်တူသည်။ မြစ်ကြီးနားမြို့တွင် မနောနတ်စင်
ကြီးဆောက်လုပ်ရန် ပြည်ထောင်စုမြန်မာ နိုင်ငံအစိုးရက
ငွေပေါင်း ၁၁၁၈၅ဝိ မျှထုတ်ပေးခဲ့ဘူးသည်။
ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင် ့မောင်း၊ လင်း
ကွင်း၊ ပုံရှည်နှင့်ပြေတူရိယာများကို တီးမှုတ်လေ့ရှိကြသည်။
သို့သော် ယခုအခါ၌တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊မြန်မာပြည်မတို့နှင့်များစွာ ဆက်ဆံမိကြပြီဖြစ်ရကား ညှို့ကြိုးတူရိ
ယာများ၊ဘေးပေါက်ပြွေများ၊ ခရာများကိုမှုတ်တီးနေကြပြီ
ဖြစ်သည်။

လက်မှုပညာများ
ကချင်လူမျိုးများသည် လက်မှုပညာရပ်များတွင် နုံချာ
လှသူများ မဟုတ်ချေ။ နှီးဖြင့်ရက်လုပ်ရသော ယွန်းထည်
ပစ္စည်းများ၊ တောင်း၊ ပလုံး၊ အိမ်သုံးကိရိယာများမှာ လက်စ
လက်န ချောမွေ့လှသည့်ပြင် ခိုင်ခံ့ကောင်းမွန်သည်။ ဓါးအ
မျိုးမျိုး၊ လှံ၊ သေနတ်နှင့်မောင်းများကို ရှေးကာလ ကြာမြင့်
စွာကပင် ခိုင်ခံ့လှပအောင် လုပ်တတ်ကြသည်။ ကြိုးတံတား
များဆောက်လုပ်ခြင်း၊ သစ်သားတံတား၊ ဝါးတံတား များ
ဆောက်လုပ်ခြင်း၊ အိမ်သာဆောက်လုပ်ခြင်းအစရှိသော
လုပ်ငန်းများတွင်လည်း ကျွမ်းကျင် လိမ္မာလှသဖြင့်
သေသပ်ကောင်းမွန်စွာဆောက်လုပ်တတ်ကြလေသည်။

အယူဝါဒ
ကချင်လူမျိုးများသေလျှင် သူတို့သင်းချိုင်း ပတ်ပတ်
လည်တွင် ကျုံးသဖွယ်တူးမြောင်းများ တူးထားပြီးလျှင်
သင်းချိုင်းအပေါ်တွင် ခိုင်ခံ့သော တင်းကုပ်များဆောက်
လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီး
နောက် သူတို့ဝိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ဝိညာဉ်
များရှိရာသို့ သွားရောက်ပူးပေါင်းကြသည်ဟု အယူရှိကြ
သည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထ
ရှိသောဓါး၊ လှံ၊ သေနတ်နှင့်အဝတ်အစားများကို သူနှင့်
အတူမြှုပ်နှံလေ့ရှိသည်။

ခေတ်သစ်ကချင်လူမျိုး
ယခုအခါ ရှေးရိုးအယူဝါဒတို့မှာတဖြည်းဖြည်း ပပျောက်
လာပြီးလျှင် မည်သည့်အရာကိစ္စတွင်မဆို အကျိုးနှင့်
အကြောင်းတရားများကို ဆက်စပ်၍ တွေးတောပြီးမှ လက်
ခံသင့်သည်ကိုသာ လက်ခံလာ ကြတော့သည်။ အထူးသဖြင့်
ခတ်ပညာတတ် လူငယ်လူရွယ်တို့သည် အမှန်တရားကိုသာ
စိစစ်ရှာဖွေလိုသော ဆန္ဒရှိကြသည့်အလျောက် ဟောင်းနွမ်း
သော အယူဝါဒများတွင် ယုံကြည်စိတ်မရှိကြချေ။ များ
စွာသော ခေတ်ပညာတတ် ကချင်လူငယ်များသည် စစ်
ဘက်၌လည်းကောင်း၊ အုပ်ချုပ်ရေးဘက်၌လည်းကောင်း၊
ဝင်ရောက် အမှုထမ်းလျက်ရှိကြသည်။ ကချင်ပြည်နယ်အ
တွက် ရှေးယခင်က ဒေသထုံးတမ်းများကိုမှီး၍ ရေးသားထား
သော တရားဥပဒေများသာရှိခဲ့ရာ၊ ယခုအခါတွင်မူ ကချင်လူ
မျိုးများ၏ ယဉ်ကျေးမှုတိုးတက်လာသည်နှင့် အမျှ တရားစီ
ရင်ထုံးများလည်း ပြောင်းလဲ၍လာခဲ့သည်။ ကချင်ပြည်နယ်
တွင် စက်ရှင်တရားသူကြီးရုံးကို ၁၉၅၁ခုဧပြီလ၁ ရက်နေ့က
ပင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤတရားရုံးမှာ ပြည်ထောင်စု
မြန်မာနိုင်ငံတော်၏ တရားလွှတ်တော် လက်အောက်ခံ
ဖြစ်လေသည်။အထက်တွင် ဖေါ်ပြခဲ့သော အကြောင်းခြင်းရာများ
ကြောင့် ကချင်လူမျိုးတို့မှာ များမကြာမီအတွင်း ပြည်
ထောင်စု မြန်မာနိုင်ငံတော်တွင် အထူးပင် အရေးပါအရာ
ရောက်သော လူမျိုးတစ်မျိုးအဖြစ်နှင့်တွေ့မြင်ရတော့မည်မှာ မလွဲတည်း။

ဦးဘရှင်

 

Leave a Reply

Your email address will not be published. Required fields are marked *