ကချင်ပြည်နယ်

ကချင်ပြည်နယ်၊ ။မြောက်ဖက် သမပိုင်းဇုန်အတွင်း
ပြည်ထောင်စု မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ရှိသော
ကချင်ပြည်နယ်မှာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားမြစ်ဝှမ်း
ဒေသမြေပြန့် များနှင့်တောတောင် ရောပြွမ်းလျက်ရှိသည့်
ပြည်နယ်တစ်ခုဖြစ်သည်။ မြင့်မားညို့မှိုင်းသော တောင်
ထွတ်တောင်တန်းကြီးများ နက်ရှိုင်းသော ထူထပ်သောသစ်
တောကြီးများ၊ ကြည်လင်အေးမြသော မြစ်ချောင်းရေတံခွန်များ၊
အင်းအိုင်ကြီးများနှင့် တန်ဆာဆင်ထားလျက်ရှိ ပေရာ
သဘာဝအားဖြင့်စိမ်းလန်း သာယာလှပေသည်။
မြောက်ဘက်လတ္တီတွဒ်
ဘက်လောင်ဂျီတွဒ် ဒီဂရီ၉၆° ၄၇
ဒီဂရီ၂၃၃၇နှင့် ၂၈၂၅အရှေ့
တို့၏အကြား၊
မြောက်ဘက်နှင့်အရှေ့ဘက်တွင် တရုတ်နိုင်ငံ အနောက်ဘက်တွင်
ကသာခရိုင်၊ အထက်ချင်းတွင်းခရိုင် နာဂတောင်တန်း
နှင့် အာသံပြည်တို့ ဝန်းရံလျက်တည်ရှိသည်။ ပြည်နယ်အ
တွင်းတွင်မြစ်ကီးနားခရိုင်နှင့်ဗန်းမော်ခရိုင်တို့ပါဝင်၍
အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၉၉ဝဝခန့်ရှိသည်။

မြေမျက်နှာပြင်နှင့်ရာသီဥတု
ကချင်ပြည်နယ်မှာ ကုန်းမြင့်ဒေသဖြစ်သည်အလျောက်
ပင်လယ်ရေပြင်ထက် ပျမ်းမျှပေ၃ဝဝဝခန့်မြင့်သည်။
တစ်နှစ်လျှင်ပျမ်းမျှ မိုးရေချိန်လက်မ ၈ဝခန့်ရွာသွန်းသည်။
ပြည်နယ်၏ မြောက်ဖက်ပိုင်းမိုး အများဆုံးသော ဒေသများ
မှာတစ်နှစ်လျှင် လက်မ၁၆ဝ ထိရွာသွန်းသည်။ အပူဆုံး
အချိန်တွင် ဖါရင်ဟိုက်၉၈ဒီဂရ° အအေးဆုံးအချိန်တွင်ဖါ
ရင်ဟိုက်၅၅ဒီဂရီရှိ၍ ရာသီဥတုမှာမျှတပေသည်။
ပြည်နယ်၏ မြောက်ဘက်အစွန်ဒေသမှာ ဧရာဝတီမြစ်နှင့်
ချင်းတွင်းမြစ်တို့ မြစ်ဖျားခံရာဒေသဖြစ်သည်။ အရှေ့ဘက်
ပိုင်းတွင် ဧရာဝတီမြစ်၏ လက်တက်များဖြစ်ကြသော
နှင့် မလိယမြစ်တို့သည်လည်း ကောင်းအနောက်ဘက် တွင်ချင်းတွင်း
မြစ်နှင့်ယင်း၏ လက်ထောက်ဖြစ် သောဥရုချောင်းသည်လည်းကောင်း၊
မြောက်ဘက်မှ တောင်ဘက်သို့စီးဆင်းလာကြသည်။ နမ်း
တပက်ချောင်းနှင် တပိန်မြစ်တို့သည် အရှေ့ဘက်မှာမြစ်ဖျား
ခံ၍ ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြသည်။ မိုးကောင်းချောင်း နှင့်
ကောက်ကွေ့ချောင်းတို့သည် အနောက်ဘက်မှာ မြစ်ဖျားခံ၍
ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြသည်။ ဤပြည်နယ်မှာ
တောင်ထွတ်တောင်ကမ်းပါးကြီးများလျှိုကြီးမြောင်ကြီးများတို့ဖြင့်ပြည်နှက်နေရကား ကုန်းလမ်းခရီးသွားရန် ခဲ
ယဉ်းလှသော်လည်း အထက်တွင်ဆိုခဲ့သော မြစ်ချောင်း
များ၏ အနေအထားတို့ကြောင့် တောင်နှင့်မြောက်သို့
လည်းကောင်း၊ အရှေ့နှင့်အနောက်သို့လည်းကောင်း၊ ရေလမ်း
ခရီးတွင် လှေငယ်များဖြင့်ကူးလူးဆက်သွယ်နိုင်ကြသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အကြီးဆုံးဖြစ်သော
အလျား၁၄မိုင် အနံ၇မိုင်ရှိ အင်းတော်ကြီးအိုင်သည် ဤပြည်
နယ်အတွင်း မိုးကောင်းချောင်းဖျားခံရာ၌ရှိပေသည်။
( အင်း တော်ကြီးရှု) ချင်းတွင်းမြစ်၏မြစ်ဖျားခံရာ ဟူးကောင်း
မြေပြန့်၊ မလိခမြစ်၏ မြစ်ဖျားခံရာ ပူတာအိုမြေပြန့်တို့မှ
တပါးပြည်နယ်၏ ကျန်ဒေသတို့မှာ တောင်ထူထပ်လျက်ရှိ၏။
အထူးသဖြင့်မေခနှင့် မလိခမြစ်၂သွယ်စပ်ကြားရှိ တြိဂံနယ်
မှာမြင့်မားလှသော တောင်တန်းကြီးများ ရှိရကားလူသူ
ရောက်အပေါက် နည်းပါးသည်။ လူရှေကျေးလက် တစ်စိတ်
တစ်ဒေသနှင့် တြိဂံနယ်ဟူးကောင်းတောင်ကြားတို့မှာ လွန်ခဲ့
သည့် နှစ်အနည်းငယ်အတွင်းကမှ အုပ်ချုပ်မှုစည်းဝိုင်း
အတွင်းသို့ ရောက်ရှိလာကြလေသည်။

လူဦးရေနှင့်လူမျိုးစုများ
၁၉၄၁ခုနှစ် သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်၏
လူဦးရေမှာ ၄၂၈ဝဝဝခန့်ဖြစ်၏။ ပျံ့နှံ့နေထိုင်ပုံမှာမြစ်ကြီး
နားခရိုင်တွင် စတုရန်းတစ်မိုင်လျှင်၁၄ယောက်၊ ဗန်းမော်
ခရိုင်၌၂၉ ယောက်မျှစီ ဖြစ်၏။ ပြည်နယ်အတွင်းတွင်
ကချင်၊ ရှမ်း၊လိုလိုမိုဆို ၊မြန်မာ ၊မြန်မာတို့၏ရှေးအနွယ်များ၊
သက်လူမျိုးများနေထိုင်ကြသည်။ ၁၉၄၈ခုနှစ်သန်း
ခေါင်စာရင်း များအရ ကချင်အမျိုးသား ဦးရေမှာ
၂၂ဝဝဝဝ ကျော်ရှိ ကြောင်းသိရသည်။ ကျန်လူမျိုးစုများ
၏ ဦးရေကိုမူ ၁၉၃၁ခုနှစ် သန်းခေါင်စာရင်း အရသာ
သိရှိရသည်။ ထိုစာရင်းအရ ရှမ်းအမျိုး သား၁ဝဝဝဝဝနီး
ပါး ၊မြန်မာနှင့်အဇီ၊ လရှီ၊မာရူး၊မိုင်းသာ၊ဖွန်စသော မြန်မာ
တို့၏ ရှေးအနွယ်များ ၇၀ဝ၀ဝကျော်၊ လိုလိုမိုဆို
၈၀၀၀နီးပါး၊ သက်အစုဝင်များ ၄ဝဝဝမျှ၊တရုတ်
ရဝဝဝမျှရှိသည်ဟုသိရသည်။ (ချင်လူမျိုး ရှု )

သမိုင်းအကျဉ်းချုပ်
ကချင်လူမျိုးတို့မှာ တိဗက်မြန်မာအနွယ်ဝင်များဖြစ်၍မြန်မာတို့နှင့် တနွယ်တည်းမှ ဆင်းသက်လာသူများဖြစ်
ကြသည်။ တိဗက်မြန်မာ အနွယ်ဝင်တို့သည် မြန်မာနိုင်ငံ
တွင်းသို့ တသုတ်ပြီးတသုတ် ရွှေ့ပြောင်းဆင်းသက်လာရာ
၁၁ရာစုနှစ်အတွင်းက မြန်မာနိုင်ငံ မြောက်ဖျားအစွန်းသို့
ရောက်ရှိလာကြ၍ ၁၅ ရာစုနှစ်တွင် ပြည်နယ်အတွင်းသို့
ရောက်လာ အခြေစိုက်ကြသည်ဟု ယူဆဖွယ်ရာရှိသည်။
ပုဂံခေတ်အတွင်းက ကချင်ပြည်နယ်တွင် ပါဝင်သော
ဒေသတို့မှာ ပုဂံခေတ်မြန်မာနိုင်ငံအတွင်းပါဝင်ခဲ့၏။ တား
တားတို့ဝင်ရောက် တိုက်ခိုက်၍ ပုဂံမင်းဆက်ပျက်ပြုန်း
သောအခါ ဤပြည်နယ်ဒေသ တစ်ဝိုက်တွင်မောရှမ်းတို့ကြီး
စိုးခဲ့သည်။ တောင်ငူခေတ်မရောက်မီ ခေတ်လယ်တစ်လျှောက်
လုံး မောရှမ်းတို့မှာ ဤပြည်နယ် ဒေသသာမကအဆက်
ဖြစ်သော အနောက်ပိုင်းရှိဒေသများကိုလည်း ကြီးစိုးနိုင်ခဲ့
သည်၊ တခါတရံ တောင်ဖက် မြန်မာနိုင်ငံတွင်းသို့လည်းကောင်း
အရှေ့ဖက် တရုတ်ပြည်အတွင်းသို့လည်းကောင်း ဝင်ရောက်
တိုက်ခိုက်အာဏာ ဖြန့်ခဲ့ကြသဖြင့် ကြီးကျယ်သော စစ်မှုရေးရာ
များကို ပေါ်ပေါက်စေခဲ့သည်။ ထိုစဉ်ကမောရှမ်းတို့
အချက် အချာဒေသမှာ မိုးကောင်းဖြစ်သည်။ ၁၅၃၆ခုနှစ်
လောက်တွင် တောင်ငူမှနေ၍ မြန်မာနိုင်ငံ ပြန်လည်စည်း
လုံးထူထောင်စဉ်က၊ ကချင်ပြည်နယ် ဒေသတစ်ဝိုက်မှာ
မြန်မာနိုင်ငံနှင့် တပူးတပေါင်းတည်း ပြန်လည်ဖြစ်ခဲ့သည်။ ထို
နောက်သော် ကချင်ပြည်နယ်ဒေသမှာ မြန်မာနိုင်ငံအတွင်း
တစည်းတရုံးတည်း တည်တံ့ပါဝင်ခဲ့၏။ မြန်မာနိုင်ငံကိုဗြိတိသျှတို့ သိမ်းပြီးနောက်၁၈၈၅ ခု ဒီဇင်ဘာလအပြီး၂၈
ရက်နေ့တွင် ဗန်းမော်မြို့ကို သိမ်းပိုက်ခဲ့သည်။
ထိုစဉ်က ပြည်နယ်ဒေသအတွင်းရှိ မြန်မာ၊ရှမ်း ကချင်တို့
ပူးပေါင်းကာ ဗြိတိသျှတို့၏အုပ်ချုပ်မှုကို ကာလအတန်ကြာ
တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ခိုင်မြဲစွာဖိနှိပ်အုပ်ချုပ်နိုင်
ရေးအတွက် ဗြိတိသျှတို့သည် ၁၈၉၅ခုနှစ် ဒီဇင်ဘာလအထိ
၁ဝနှစ်မျှ တိုက်ခိုက်ခဲ့ရသည်။ ထိုနောက်သော် ကချင်လူမျိုး
တို့အား နယ်ခြားဒေသအုပ်ချုပ်ရေးစနစ်အောက်တွင် ထား
ခဲ့သဖြင့် ပြည်မအုပ်ချုပ်ရေးနှင့် ကွဲပြားခဲ့လေသည်။
ထိုအုပ်ချုပ်ရေးစနစ်တွင် မြန်မာပြည်ဘုရင်ခံက တိုက်
ရိုက်အုပ်ချုပ်၍ အထက်တန်းအရာရှိများကိုမူ အင်္ဂလန်
ပြည်ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်က ခန့်အပ်လေသည်။
ကချင်တောင်တန်းဒေသ အပါအဝင် ရှမ်းပြည်မြောက်ပိုင်း
ဒေသကို ရှမ်းပြည်မြောက်ပိုင်း … နယ်ခြားဝန်ထောက်ကအုပ်
ချုပ်ရလေသည်။ ကချင်တောင်တန်းဒေသ အုပ်ချုပ်ရေး
ဥပဒေများမှာ ယင်းဓလေ့ထုံးစံများအပေါ်မှီး၍ ရေး
ဆွဲထားသော စည်းမျဉ်းများဖြစ်လေသည်။ ၁၉၃ဝပြည့်
နှစ်တွင်ထုတ်ပြန်သော “ကချင်တောင်တန်းသားများဆိုင်ရာ
စည်းမျဉ်းဥပဒေများ”နှင်“ ကချင်ပြည်နယ်လက်စွဲ ”စာအုပ်
များမှာ ထင်ရှားသောဥပဒေ စာအုပ်များ ဖြစ်ကြသည်။

ပင်လုံညီလာခံ
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအစိုးရအဖွဲ့တက်လာသောအခါ၊သီးခြား
ကင်းလွတ်နေသော တောင်တန်းဒေသများကို မြန်မာပြည်
မကြီး အတွင်းသို့ သိမ်းသွင်းလိုသဖြင့် တောင်တန်းသား
များနှင့် စကားကမ်းလှမ်းခဲ့လေသည်။ သို့ဖြင့် ၁၉၄၇ ခု
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံမြို့၌ ကျင်းပသောပင်
လုံ ညီလာခံကြီးတွင် တောင်တန်းဒေခေါင်းဆောင်ကြီး
များနှင့် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသောမြန်မာ
ခေါင်းဆောင်ကြီးတို့သည် တောင်တန်းဒေသများအား မြန်
မာပြည်မကြီးနှင့် ပူးပေါင်းရန်ကို တညီတညွတ်တည်း ဆုံး
ဖြတ်ကြလေသည်။ (ပင်လုံညီလာခံ – ရှု)
အဆိုပါ သဘောတူညီချက်အရ ၁၉၄၇ဇွန်လ ၁ရက်
နေ့တွင် စတင်ကျင်းပသော တိုင်းပြည်ပြုလွှတ်တော်မှရေး
ဆွဲအတည်ပြုပေးခဲ့သည် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေ အခန်း(၁)အပိုဒ်(၆)တွင် မြစ်ကြီးနားနှင့်ဗန်း
မော်ခရိုင်များဟူ၍ ယခင်ကခေါ်တွင်ခဲ့သော နယ်မြေများ
ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စု
အဖွဲ့ဝင်တစ်ခု အဖြစ်ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်
ကို ဤမှနောင်အဖို့တွင်“ ကချင်ပြည်နယ်”ဟုခေါ်ရမည်
ဟူ၍ အတိအလင်းရေးသား ဖေါ်ပြထားပေသည်။
၁၉၄၈ခုဇန်နဝါရီလ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်
လပ်ရေး ရရှိပြီးနောက်ဇန်နဝါရီလ၁ဝ ရက်နေ့တွင် ကချင်
ပြည်နယ်ကိုစတင်ဖွဲ့စည်းလိုက်လေသည်။

အုပ်ချုပ်ရေး
ကချင်ပြည်နယ်ကို အုပ်ချုပ်ရန်မဲဆန္ဒအရ ရွေးကောက်
တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော
ကချင်ပြည်နယ်ကောင်စီတစ်ခုရှိ၏။ ထိုကောင်စီတွင်အမတ်
၁၉ဦးရှိ၍ ကချင်လူမျိုးမဟုတ်သော ကိုယ်စားလှယ်များ
လည်း ပါဝင်သည်။ ကချင်ပြည်နယ်ကောင်စီ၏ ထောက်
ခံချက်အရ ကချင်အမျိုးသားအမတ်တစ်ဦးကို နိုင်ငံတော်
သမ္မတကြီးက ကချင်ပြည်နယ်ဝန်ကြီး အဖြစ်ခန့်အပ်ထား
သည်။ ကချင်ပြည်နယ်ဝန်ကြီးသည် ကချင်ပြည်နယ်ဥက္ကဌ
လည်းဖြစ်သည်။ သူသည်ကချင်ပြည်နယ် စီရင်အုပ်ချုပ်
ရေးကိစ္စတို့ ကိုတာဝန်ယူဆောင်ရွက်ရသည်။ ကချင်
အမျိုးသား မဟုတ်သူများနှင့် သက်ဆိုင်သော ကိစ္စများကို
ဆောင်ရွက်ရာ၌ ကချင်အမျိုးသားမဟုတ်သော ကိုယ်စား
လှယ်များ၏ ဆန္ဒကိုသီးခြားရယူပြီးမှသာ ဆောင်ရွက်လေသည်။
ကချင်ပြည်နယ် ဖွဲ့စည်းထားပုံတွင် အခြားနယ်များ
ဖွဲ့စည်းထားပုံနှင့် မတူပဲ ထူးခြားသော အချက်တစ်ခုမှာ
အခြားအခြား ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ အာဏာတည်ပြီး၁ဝ နှစ်အလွန်၌ ပြည်ထောင်စုအတွင်းမှ ခွဲထွက်နိုင်ခွင့်ရှိသော်လည်း ကချင်ပြည်နယ်မှာ
ထိုကဲ့ သို့ခွဲထွက်နိုင်ခွင့်အာဏာများ မယူထားချေ။

ထွက်ကုန်ပစ္စည်းများ

ကချင်ပြည်နယ်မှာ မြေပေါ်မြေအောက် သယံဇာတ
ပစ္စည်းတို့ ကိုလုံကြွယ်ဝသော ပြည်နယ်ဖြစ်သည်။ စိမ်းစို
ထူထပ်သော သစ်တောကြီးများမှာ အဖိုးတန်သောကျွန်း
သစ်များ၊ အခြားသစ်မာများအပြင် သစ်တောထွက်ပစ္စည်း
များရှိသည်။ တိယကမ္ဘာစစ်မဖြစ်မီက သစ်တောကြိုးဝိုင်း
အဖြစ်သတ်မှတ်ကာ သစ်များကိုမွေးမြူထားသည့် မြေ
ဧကပေါင်း ၁၂ဝဝဝကျော်ရှိလေသည်။ ဗန်းမော်
ခရိုင်မှထွက်သော ကျွန်းသစ်တို့သည် အခြားဒေသများမှ
ထွက်သော ကျွန်းသစ်တို့ထက် ပိုမိုကောင်းမွန်အဖိုးထိုက်
တန်ပေသည်။ ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးခဲ့သော
မြေဧကပေါင်းမှာ ၁၅၆ဝဝဝမျှရှိသည်။ စိုက်ပျိုးလက်စ
ရှိလျက်နှင့် မစိုက်ပဲထားခဲ့သော ဧကပေါင်းမှာ ၃၃ဝဝဝ
မျှ ရှိသည်။ ပျမ်းမျှခြင်းအားဖြင့် နှစ်စဉ်နှစ်တိုင်း စပါး
တန်ချိန် ၈၄ဝဝဝမျှ ထွက်ရှိသဖြင့် ပြည်နယ်အတွင်းရှိ
လူဦးရေအတွက် လုံလောက်ရုံသာမက ပိုလျက်ရှိသည်ကို
တွေ့ရပေသည်။ ပြည်နယ်အတွင်း လယ်ယာများကိုလည်းကောင်း၊
သစ်တောများကိုလည်းကောင်း တိုးချဲ့လုပ်ကိုင်မည်ဆိုလျှင်ဧက
ပေါင်းမြောက်မြားစွာကိုပင် တိုးချဲ့လုပ်ကိုင်နိုင်သေးသည်။ ပြည်
နယ်မှထွက်သော မြေအောက် သယံဇာတအဖိုးတန်ပစ္စည်း
များမှာ ကျောက်စိမ်း၊ ပယင်းမြ၊နီလာ၊မြိုင်စိန်၊ပတ္တမြားနှင့်
ရွှေတို့ဖြစ်ကြသည်။ ထိုပစ္စည်းတို့ကို ခေတ်မီစနစ်ဖြင့်တူး
ဖေါ်ထုတ်ယူခြင်း မရှိသေးပေ။ ပယင်းကိုဟူးကောင်း
မြေပြန့်နှင့် မိုင်းကွမ်းတို့တွင်တွေ့ရသည်။ ကျောက်စိမ်း
တွင်းများမှာ မြစ်ကြီးနား အရှေ့မြောက်ဘက်ရှိ မောလုံး၊
ခင်ကန်စီနှင့် တြိဂံနယ်များတွင်ရှိသည်။ ကျောက်နီ နှင့်ပတမြားတို့မှာ နန်းယာဆိပ်ဒေသမှ ထွက်သော်လည်း ယခု
အခါ၌ တူးဖေါ်ခြင်းမရှိချေ။ ပြည်နယ်အတွင်းရှိ မြစ်
ချောင်းများမှ ရွှေကိုကျင်၍ ရနိုင်သော်လည်း စီးပွားရေး
လုပ်ငန်း လုပ်ကိုင်နိုင်လောက်အောင် မများလှပေ။
ကချင်ပြည်နယ်အစိုးရသည် ဓါတ်သတ္တုတူးဖေါ်လုပ်ကိုင်ရေး
ကို ဖွံ့ဖြိုးစေရန်ရည်သန်၍ ဓါတ်သတ္တုရှာဖွေတူးဖေါ်ရေးအဖွဲ့
တစ်ခုဖွဲ့စည်းပြီးလျှင် ဓါတ်သတ္တုတူးဖေါ် ရေးလုပ်ငန်းများ
ကို စနစ်တကျပြုလုပ် ရန်စီမံစိုင်းပြင်းလျက် ရှိလေသည်။

လမ်းပန်းဆက်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ပြည်နယ်အတွင်း တစ်နေရာမှတစ်နေရာသို့ သွားလာရန်
လမ်းကောင်းများ လုံလောက်စွာမရှိချေ။ လားသို့မဟုတ်
ဆင်များမှာ ကူးသန်းသွားလာသူများအတွက် သမားရိုးကျ
ကုန်တင် သတ္တဝါများဖြစ်သည်။ မြစ်ကြီးနားမြို့မှာမန္တ
လေးမြို့နှင့် မီးရထားလမ်းမိုင်ပေါင်း၃၃၇ မိုင် ဝေးကွာ၍
မီးသင်္ဘောများအမြဲတစေ ဝင်ထွက်သွားလာနေသောမြို့
ဖြစ်သည်။ မြစ်ကြီးနားမြို့မှဆင်ဘိုသို့ သင်္ဘောဖြင့်သွားလာ
နိုင်သေးသည်။ မြစ်ကြီးနား၊ ဗန်းမော်နှင့်ပူတာအိုမြို့များ
တွင် လေဆိပ်များရှိရာ ရန်ကုန်မြို့နှင့် ရက်သတ္တတစ်ပတ်လျှင်
၂ကြိမ်ကျဆက်သွယ်ပျံသန်းလျက်ရှိသည်။

ရေလမ်း၊ လေလမ်းများအပြင် အရေးကြီးအသုံးဝင်
သော တောင်ကြားလမ်းများလည်းရှိသေးသည်။ မြစ်ကြီး
နားမှမိုးကောင်း၊
မိုင်းကွမ်းတို့ကိုဖြတ်၍ အိန္ဒိယနိုင်ငံအတွင်းရှိ
လီဒိုမြို့သို့လည်းကောင်း၊ မြစ်ကြီးနားမှ ဆွန်ပရာဘုံကို ဖြတ်၍ တာအို
သို့လည်းကောင်း၊ တရုတ်နိုင်ငံနယ်စပ်အနီးရှိသော ဝေါမြို့သို့
လည်းကောင်း၊ တောင်ကြားလမ်းများရှိ
သည်။ ဗန်းမော်မြို့မှ တပိန်မြစ်ဝှမ်း လမ်းစဉ်ဖြင့် တရုတ်နိုင်ငံသို့ရောက်ရှိနိုင်သည်။
ထိုသို ့ တောင် ကြားလမ်းခရီးများဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများသို့ ဆက်သွယ်နိုင်
သည့် အလျောက် ကချင်ပြည်နယ်တွင် ကုန်းလမ်း ကူးသန်းရောင်းဝယ်မှုများ တဖြည်းဖြည်း ဖွံ့ဖြိုး၍လာသည်။ ထွက်
ကုန် ဝင်ကုန်ကန့်သတ်ရေးဥပဒေများကို ဤပြည်နယ်အတွက်အနည်းငယ် လျှော့ပေါ့၍ ပြင်
ဆင်ထားရကား ခရိုင်ဝန်များက ငွေလဲလှယ်ခြင်းစံနစ် ငွေပြောင်းလွှဲပေးခြင်းစံနစ်များဖောင်ဖွဲ့၍မရှိဘဲ အချို့ကုန်စည်များကို ထုတ်ခွင့်၊ သွင်းခွင့်များပေး
နိုင်လေသည်။
ခေတ်သစ်ကချင်ပြည်နယ်
ပြည်နယ်တွင် လူများစုဖြစ်သော ကချင်လူမျိုးများသည်
တိုးတက်ကြီးပွားလိုသောစိတ်ရှိ၍ သိလွယ်တတ်မြောက်
လွယ်သော လူမျိုးများဖြစ်ကြသည်။ ကချင်လူမျိုးတို့မှာ
အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သော လူမျိုးများ
ဖြစ်သော်လည်း လွန်ခဲ့သောနှစ်အနည်းငယ်က ဗုဒ္ဓအယူဝါဒ
နှင့်ခရစ်ယာန်အယူဝါဒများသို့ အတော်အသင့် ကူးပြောင်း
လာကြသည်။ ခရစ်ယာန်သာသနာပြုပုဂ္ဂိုလ်တို့သည် ကချင်
ပြည်နယ်သို့ ၁၈၅၆ ၅၇ ခုနှစ်လောက်ကပင် စတင်
ရောက်ရှိခဲ့ကြလေသည်။
ကချင်လူမျိုးများတွင် ဘာသာစကားသာရှိ၍စာ
ပေများမရှိခဲ့ချေ။ ယခုအခါခရစ်ယာန်သာသနာပြု
ပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာပေကို
တီထွင်ပေးထားသည်။ ခရစ်ယာန်သာသနာပြုဆရာ ဟင်
ဆန်ဆိုသူက ကချင်အင်္ဂလိပ် အဘိဓာန်တစ်အုပ်ကို
ပြုစုထားခဲ့လေသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဥက္ကဌအပြင် ဝန်
ကြီး၃ဦးရှိသေးသည်။ ဘဏ္ဍာရေးနှင့်အခွန်တော်ဌာနဝန်ကြီး၊
ပညာရေး၊ ကျန်းမာရေးနှင့်ပြည်သူ့ဝန်ထမ်းဌာနဝန်ကြီးနှင့်
လယ်ယာစိုက်ပျိုးရေး၊ သစ်တောရေးနှင့် လမ်း
ပန်းဆက်သွယ်ရေး ဝန်ကြီးများဖြစ်သည်။ ကချင်ပြည်နယ်
အတွင်း အထက်တန်းကျောင်းများ အလယ်တန်းကျောင်းများ အများအပြားပြင် တည်ထောင်ပြီးသည့် အပြင်ဆရာဖြစ်
သင်သိပ္ပံကျောင်းတစ်ခုကို ပင်မြစ်ကြီးနားမြို့၌ စတင်ဖွင့်
လှစ်လိုက်ပြီဖြစ်၏။ လူထုပညာရေးကိုလည်း စတင်ဆောင်
ရွက်နေလေပြီ။ ပညာရေးနှင့်စပ်လျဉ်း၍ ၁၉၅၁-၅၂ ခုနှစ်
တွင် အသုံးစရိတ်ရန်ပုံငွေ ၁၂၀၇၂၈၀ သတ်မှတ်ထား
ခဲ့သည်။ ၁၉၅၂-၅၃ခုနှစ်တွင် ၁၉၇၃၆၃၀အထိတိုးမြှင့်
သတ်မှတ် ထားခဲ့လေသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လယ်ယာစိုက်
ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများသည် အရေး
ပါအရာရောက်သည့်အလျောက် လယ်ယာစိုက်ပျိုးရေးနှင့်
တိရိစ္ဆာန်မွေးမြူရေးအတွက် ကချင်ပြည်နယ်အစိုးရက နှစ်
စဉ်နှစ်တိုင်း အမတော်ငွေများ ထုတ်ချေးခဲ့လေသည်။
၁၉၅၁-၅၂ခုနှစ် အတွင်းတွင် လယ်ယာစိုက်ပျိုးရေးအတွက်
အမတော်ကြေးငွေ ၂သိန်းမျှချေးခဲ့၍ တိရစ္ဆာန် မွေး
မြူရေးအတွက် ငွေပေါင်း၄၈ဝဝဝမျှ ချေးငှားခဲ့လေသည်။
ကျန်းမာရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ မြစ်ကြီးနား
ဗန်းမော်နှင့် ပူတာအိုမြို့များတွင် ပြည်သူ့ဆေးရုံများရှိ
သည့်အပြင် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့တစ်ဖွဲ့နှင့်
ကျန်းမာရေး အဖွဲ့ငယ်ကလေးတစ်ခုတို့မှာ ဗန်းမော်မြို့
တွင် စတင်ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော လက်
ထောက်ကျန်းမာရေးမှူး သင်တန်းကျောင်း၊ သူနာပြုဆရာမ
အတတ်သင်တန်း၊ ကျောက်ထိုးဆရာသင်တန်းများသို့ က
ချင်ပြည်နယ်မှ ကျောင်းသားများ အပတ်စဉ်စေလွှတ်သင်ကြား လျက်ရှိရာ မကြာမီအတွင်း ကျန်းမာရေးစီမံကိန်းများ
ကို အကောင် အထည်ဖေါ်နိုင်ပေတော့မည်။
ကချင်ပြည်နယ်တွင် ပြည်တော်သာစီမံကိန်းအရ ရေး
ဆွဲထားသော လုပ်ငန်းဆောင်တာတို့မှာ အထူးပင်စိတ်
ဝင်စားစရာကောင်းလှသည်။ ဤစီမံကိန်းအရ သစ်ထုတ်
လုပ်ရေးအဖွဲ့ ဓါတ်သတ္တုတူးဖေါ်လုပ်ကိုင်ရေးအဖွဲ့ စက်မှု
လက်မှု ထွန်းကားရေးအဖွဲ့အစရှိသော အဖွဲ့ငယ်ကလေး
များကိုဖွဲ့စည်းလျက် မြေပေါ်မြေအောက် ပစ္စည်းများကို
စနစ်တကျ ထုတ်လုပ်ရောင်းချပြီး လျှင်ခေတ်မီသောပြည်
နယ်အဖြစ် ထူထောင်ရန်ဖြစ်သည်။ ယခုမြစ်ကြီးနားမြို့၌ သ
ကြားစက်တစ်ခုနှင့် လက်မှုပညာသင်တန်းတစ်ခု ဖွင့်လှစ်
ထားခြင်းမှာ လုပ်ငန်းအစပျိုးခြင်း မျှသာရှိသေးသည်။
ထိုမှတစ်ပါး ပြည်နယ်အနှံ့အပြားတွင် စာသင်ကျောင်း
များဖွင့်လှစ်ရေး၊ ဆေးရုံဆေးခန်းများဖွင့်လှစ်ရေး၊ လမ်း
ကြောင်းများဖောက်လုပ်ရေး ကိစ္စတို့ကိုလည်း တပါတည်း
စတင် ဆောင်ရွက်လျက်ရှိပေသည်။ ယခုအခါမြန်မာပြည်မ
ရှိ မတ္တရာအရပ်မှ ဗန်းမော်သို့ မော်တော်ကားလမ်း ဖောက်
လုပ်တော့မည်ဖြစ်ရာ၊ ယခင်က မန္တလေးနှင့်ဗန်းမော်မှာ
ရှမ်းပြည်နယ်ဘက်မှ မော်တော်ကားလမ်းအရ ၃ရ၈မိုင်မျှ
ကွာဝေးခဲ့သော်လည်း ဤလမ်းကြီး ပြီးမြောက်သောအခါ
၂၆၅မိုင်မျှသာ ကွာဝေးပေတော့မည်။ ဆိုခဲ့သောစီမံကိန်း များ
ကြောင့် ကချင်ပြည်နယ်မှာ နေ့ခြင်းညခြင်းပင် တကယ်
ခေတ်မီတိုးတက်သော ပြည်နယ်တစ်ခု ဖြစ်လာတော့မည်ဟု
ယုံကြည်ရလေတော့သည်။
ဦးဘရှင်

Leave a Reply

Your email address will not be published. Required fields are marked *