ကခုန်ခြင်း

ကခုန်ခြင်း။ ။ကခုန်ခြင်းဆိုသည်မှာ ကိုယ်အင်္ဂါအစိတ်
အပိုင်းများကို အချက်ကျကျ လှုပ်ရှားခြင်းဖြစ်၍ထိုသို့
လှုပ်ရှားမှုတိုင်းတွင် သဘောသရုပ်အဓိပ္ပါယ်အမျိုးမျိုး ပါရှိ
လေသည်။ကခုန်သည့်အခါ တေးသီချင်းများကိုသီဆိုပြီး
လျှင်လက်ခုပ်လက်ဝါးတီး၍ စည်းချက်လိုက်ပေးရသည်။
သို့မဟုတ် တူရိယာဂီတများ တီးမှုတ်ပေးရသည်။အချို့သော
ရှေးခေတ်အကအခုန်တို့တွင် ခေါင်းခြေထောက်၊ ကျော၊ခါး၊
လက်မောင်း၊ လက်ချောင်းစသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း
အားလုံးကိုလှုပ်ရှား၍ တပင်တပန်းလိမ်ကောက်ခုန်ပေါက်က
ကြရ၏။ အချို့သောအကများတွင်ကား ခြေလက်များကို
လှုပ် သည်ဆိုရုံမျှလှုပ်ရလေသည်။ ရှေးခေတ် ကခုန်ခြင်းတို့တွင်
ကြည့် သူနှစ်သက်မှုရရန်ထက် ကသူ ပျော်ရွှင်ကျေနပ်မှုရရန်မှာ
အဓိက အချက်ပင်ဖြစ်သည်။

တွဲဖက်၍ ကခြင်းအလေ့သည် အနောက်နိုင်ငံများတွင်
ပို၍ ခေတ်စားလာရကား ကခုန်ခြင်းသည် ဖိုမဆက်
ဆံရေးနှင့်သာ လုံးဝဆက်သွယ်နေသည်ဟု အချို့က ထင်မြင်
ကြသည်။ ထို ထင်မြင်ချက်မှားယွင်းကြောင်းကို ကမ္ဘာပေါ်ရှိ
လူမျိုးအသီးသီးတို့၏ကခုန်မှုဓလေ့ထုံးစံများကို လေ့လာခြင်း
ဖြင့် သိရှိ နိုင်သည်။ အကအခုန်ဟူသရွေ့တွင် ဖိုမဆက်ဆံရေး
သဘော ဖြစ်သော ကာမဂုဏ်အာရုံစိတ်လှုံ့ဆော်မှုများ
မကင်းသော်လည်း ထိုလှုံ့ဆော်မှုမှာ အကြောင်းရင်းမဟုတ်၊
အဆွယ်အပွား အခြင်း အရာတစ်ရပ်သာလျှင် ဖြစ်ချေသည်။
သာဓကပြရသော် မင်းသား မင်းသမီးနှစ် ပါးသွားအက
များတွင် ဖိုမဆက်ဆံရေး သဘောများ သက်ဝင်ပါ
ရှိသော်လည်း အဓိကအားဖြင့် ကြည့် သူကသူနှစ်ဖက်
်သောလူတို့ စိတ်ပေါ့ပါးရွှင်မြူးခြင်း အတွင်း သန္တာန်ကို
ပေါ်လွင်စေသော အမူအရာတစ်ရပ်ပင်ဖြစ်သည်။
လူတိုင်းလူတိုင်းတွင်ကီးမားသောဆန္ဒနှစ်ခုရှိရာ၊
တစ် ခုမှာ
ထင်ပေါ်လိုသောဆန္ဒဖြစ်၍ အခြားတစ်ခုမှာ လူအများနှင့်
ရောနှောဆက်ဆံလိုသောဆန္ဒဖြစ်သည်။ကခုန်ခြင်းသည်
လူတစ်ဦးတစ်ယောက်အား ထိုဆန္ဒကြီးနှစ်ခုစလုံးကို တစ်ပြိုင်
တည်းပြည့်ဝစေနိုင်သည်။အဘယ်ကြောင့်ဆိုသော် ကချေ
သည်တစ်ဦးသည် ပရိသတ်ရှေ့တွင် မိမိ၏အစွမ်းကိုပြသခြင်း
ဖြင့် မိမိကိုယ်ကိုထင်ပေါ်အောင် ပြုလုပ်နိုင်သည်နည်း
တူ၊ အများနှင့် ရောနှောခြင်းဖြင့်လည်း ထင်ပေါ်မှုကို ရရှိ
နိုင်ပေသည်။

တစ်ခါတစ်ရံ ကိုယ်ထီးအစွမ်းပြမှုသည်ပို၍ပေါ်လွင်တတ်လျက်၊

တစ်ခါတစ်ရံတွင်မူ အများနှင့်ရောနှော
ဆက်ဆံမှုသည် ပို၍ပေါ်လွင်တတ်လေသည်။ သို့ရာတွင်
များသောအားဖြင့် ထိုအချက်နှစ်ရပ်စလုံးပင်ကမှု ခုန်မှုတို့၌
အကျုံးဝင်လျက်ရှိသဖြင့်၊ ဆန္ဒကြီးနှစ်ခုစလုံးကို တစ်ကြိမ်
တည်းနှင့်ပင် ဖြည့်စွမ်းနိုင်သည်သာဖြစ်လေသည်။ သို့အား
လျော်စွာလူတို့၏ ဆန္ဒလိုဘပြည့်ဝမှုကို ပေးစွမ်းသော
ကခုန်ခြင်းသည် လူ့လောကတွင် ရှေးပဝေဏီခေတ်မှစ၍
ယနေ့တိုင်အောင် ခေတ်စားလျက်ရှိနေတော့သည်။
ကခုန်ခြင်းသည် မြူးတူး ပျော်ရွှင်မှုကို အရင်းခံ
ထားသည်ဟု ဆိုခဲ့သော်လည်း အချို့သော ကခုန်ခြင်းတို့သည်
ကာမဂုဏ်အာရုံစိတ်ကို သိသိသာသာ လှုံ့ဆော်ပေး၏။
ယင်းမှာငှက်များ၊ တိရစ္ဆာန်များတွင် တွေ့မြင်ကြရသည့်
အကအခုန်များကို အတုယူ ထားဟန် တူလေသည်။
သဘော ပြရသော် ဩစတြေးလီးယားတိုက်နှင့် နယူးဂင်းနီ ကျွန်းစပ်

ကြားရှိ တောရက် ရေလက်ကြားမှကျွန်းစုများတွင် ထူး
ဆန်းသော ရှေးရိုးထုံးစံတစ်ခုရှိ၏။ထိုထုံးစံမှာ မိန်းမပျိုက
လေးများသည် လူပျိုတစ်စုကခုန်နေကြသည်ကိုစောင့်ကြည့်
ကြပြီးနောက်၊မိမိတို့သဘောကျသူကို ရွေးချယ်လျက်
ပခုံးကိုလက်နှင့်တို့၍ ခေါ်ယူသွားသောထုံးစံပင်ဖြစ်သည်။
ထိုမျှမကသေးလူတို့သည်တိရစ္ဆာန်များကိုအတုယူ၍
ကခုန်ခြင်းပြုတတ်ကြ၏ထိုကဲ့သို့သော အကမျိုးကိုမြန်
မာဇာတ်ပွဲများတွင် တွေ့မြင်ကြရပေသည်။ တိရစ္ဆာန်ကဲ့သို့
ကရာတွင်မျက်နှာဖုံးများကိုစွပ်၍လည်းကောင်းဆိုင်ရာတိရစ္ဆာန်
နှင့်တူအောင် ပြုလုပ်ထားသော ကိုယ်ခန္ဓာအတုထဲသို့ဝင်၍

လည်းကောင်းးကပြက၏။တစ်ခါတစ်ရံတိရစ္ဆာန်နှင့်
တူအောင် ပြုလုပ်ရန် ပစ္စည်းမရှိသည့်အခါ အမူ
အရာနှင့်ပင် တိ ရစ္ဆာန်နှင့်တူအောင်ပြုလုပ်၍ ကပြကြ
သေးသည်။ ဘီလူးက၊မျောက်က၊ဟင်္သာက၊လိပ်ပြာက၊
ကိန္နရာကတိုးနရားက စသောအကများမှာ မြန်မာတို့
အတွက် တိရစ္ဆာန်များမှ အတုခိုးသည့်အကများ ဖြစ်ကြ
သည်။ ဂျားဗါး ကျွန်းသူ ကျွန်းသားများလည်း တိရစ္ဆာန်
အတုခိုးသည့် အကများကို ကခုန်လေ့ရှိကြ၏။ တိဗက်
နိုင်ငံနှင့် တရုတ် နို င် ငံ များတွင်ကား မကောင်းဆိုးရွား
အကများကို ကခုန်တတ်ကြသည်။
အရှေ့တိုင်း အကများသည် အဓိပ္ပာယ်နက်နဲ
၍ စိတ်ပါဝင်စားဖွယ်ရာ ကောင်းလေသည်။ ပျော်ရွှင်
မှုအတွက်သာလျှင် မဟုတ်ဘဲ သာသနာရေး အကြောင်း
များကို သရုပ်ဖေါ်ကာ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့၍
ခင်းကျင်း ပြလေ့ရှိလေသည်။
သာသနာရေးအကများမှ အဆင့်ဆင့်ပြောင်း
လဲ ပေါ်ထွန်းလာသော လူမျိုးဆိုင်ရ အကများ
သည် အရှေ့တိုင်းများတွင်သာမက
များ၌လည်း တွေ့ရှိနိုင်ပေသည်။ သို့အားဖြင့် ဗိုဟီး
အနောက်နိုင်ငံ၊မီးယား၊ ဟန်ဂေရီ၊ အီတလီ၊ စပိန်၊ ပိုလန်၊ အင်္ဂလန်စသော
အနောက်နိုင်ငံများတွင် ရှေးရိုးအကများသည် ကျေးလက်
ဒေသများတွင် ယခုတိုင်အောင် ခေတ်စားလျက်ရှိကြ၏။
အနောက်နိုင်ငံများတွင် သရုပ်ဖေါ်အက “ဗယ်လေ’မှာ
၁၅ရာစုနှစ်တွင်ပေါ်ပေါက်ခေတ်စားခဲ့သည်။(ဗယ်လေ-ရှု
)ယခုခေတ်စားလျက်ရှိသော ဝေါ့ဇစုံတွဲကနည်းမှာ နပိုလီယန်
လက်ထက်တွင်မှ ထင်ရှားလာခဲ့သည်။ ယခုခေတ်တွင်
ကမ္ဘာအရပ်ရပ်၌ ခေတ်စားလျက်ရှိသော အနောက်နိုင်ငံစုံတွဲ
ကနည်းများမှာ ဖေါ့စထရော့၊တန်ဂို၊ ရွမ်းဗါး၊
ဂျစ်တာဗတ်စသော ကနည်းများဖြစ်ကြ၏။
နိုင်ငံခြားများမှာကဲ့သို့ပင် မြန်မာအကပညာသည်လည်း
ရှေးခေတ်လူတို့၏ သာသနာရေး အကများမှ ပေါ်ပေါက်
လာသောသဘင်မှု တစ်ရပ်ဖြစ်ပေသည်။ ယဉ်ကျေးမှုနယ်ပယ်
ကျယ်ဝန်းလာခဲ့သည်နှင့်အမျှ၊ မြန်မာ့ယဉ်ကျေးမှုသည်
အနောက်ဖက်ရှိ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့်ပေါင်းစပ်မိ
လေသည်။သို့ရာတွင် မြန်မာ့ယဉ်ကျေးမှု၏ မူရင်းအသွင်
အပြင်မှာကား ပျောက်ကွယ်သွားခြင်းမရှိခဲ့ချေ။ မြန်မာ
အကပညာသည်လည်း မြန်မာပီပီပင် တည်ရှိခဲ့ပေသည်။
၁၆ ရာစုနှစ်အတွင်း စိုးစံခဲ့လေအိုရင့်နောင်လက်ထက်
နှင့် ၁၈ ရာစုနှစ်အတွင်း စိုးစံခဲ့သော အလောင်းဘုရားလက်
ထက်တို့တွင်ဖြစ်ပွားခဲ့သောယိုးဒယား-မြန်မာစစ်ပွဲများ
ကြောင့်ယိုးဒယား ယဉ်ကျေးမှုများသည် မြန်မာနိုင်ငံတော်အတွင်းသို့

ရောက်ရှိလာခဲ့ရာ၊ ယိုးဒယား ကခြေသည်များ
နှင့် ယိုးဒယား အကပညာလည်းပါဝင်လေသည်။ ယခုခေတ်
တိုင်အောင် မြန်မာဂီတနှင့် ဇာတ်သဘင်လောကတွင်
ခေတ်စားလျက်ရှိသော ယိုးဒယားသီချင်း၊ တီးလုံး၊ တီးကွက်၊
အကစသည်တို့မှာ ယိုးဒယားလူမျိုးများ ထံမှရရှိခဲ့သည့်
ယဉ်ကျေး မှုအမွေအနှစ်များပင် ဖြစ်ပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *