ကကူရံ

ကကူရံ ။ ။ ကကုရံသည် ပင်လယ်ငါးမျိုး ဖြစ်၍ ရခိုင်
ပြည်ဖက်တွင် ငလက်ခွာဟု၎င်း၊ ထားဝယ်ဖက်၌ ငကွဲယင်
ဟု၎င်း တွင်သည်။ နိုင်ငံခြားတွင်မူ အိန္ဒိယဆာမန်ဟု
ခေါ်လေ့ရှိကြသည်။ ပါဏဗေဒ အလိုအရ ကကုရံသည်
ငပုဏ္ဏားနှင့် အတူ “ပေါ်လီနီမီဒို” မျိုးရင်းတွင် ပါဝင်၍၊
ဤငါးနှစ်မျိုးလုံးပင် မြန်မာနိုင်ငံ၌ လူကြိုက်များသဖြင့်
အရောင်းရ တွင်ကျယ်လေသည်။
ကကုရံသည် ခြောက်ပေ ကျော်ကျော်အထိ ရှည်နိုင်သည်။
နှာယောင်ပွ၍ ဝိုင်းသည်။ မျက်လုံး ကြီးသည်။

ပါးစပ်ကြီး၍ပါးစပ်ပေါက် နက်သည်။ ကျောဆူးတောင် နှစ်ခုပါ၍ ထင်
ရှားပေါ်လွင်သည်။ အမြီးခွနက်သည်။ အနားကြမ်းမျိုး ဖြစ်
သည့် အကြေးများမှာ သေးငယ်၍ ထောင်လိုက်ပေါက်သော
ဆူးတောင်ဖျား အထိပင် ဖုံးအုပ်နေတတ်သည်။ ဤငါး၏
အရောင်မှာ အစိမ်းနှင့် ငွေရောင် ရောစပ်ထားသော အရောင်
မျိုး ဖြစ်၍ ကိုယ်နံဘေးနှင့် ဝမ်းပိုက်ပိုင်းတွင် ဖြူဝါရောင်
သို့ ပြောင်းသွားသည်။ ကျောနှင့် အမြီးဆူးတောင်ထိပ်ဖျား
တို့မှာ မည်း၍ သေးငယ်သော အမည်းပြောက် ကလေးများ
ပါသည်။ ဝမ်းနှင့် စအိုဆူးတောင်တို့၏ အနားတစ်လျှောက်
မှာ အဝါနုရောင် သန်းနေ၏။ ပါးဟက်ဖုံးပေါ်တွင် အမည်း
ကွက် တစ်ခုစီ ပါရှိသည်။ ကကုရံကို အဆိပ်အတောက်
ကင်းသည်ဆိုကာ လူဖျားလူနာများ စားသုံးနိုင်သော ငါးမျိုး
စာရင်းတွင် ထည့်သွင်းထားသည်။ ကကုရံကို မြန်မာနိုင်ငံ
ပင်လယ်မှ အမြောက်အမြား ဖမ်းဆီးရမိလေ့ရှိသည့်အတိုင်း၊
လတ်လတ် ရောင်းချရန်ထက် ပိုလျှံနေသော ငါးများကို
ငါးပုပ်ခြောက်များ ငါးခြောက်များ ပြုလုပ်၍ ရောင်းချ
စားသောက်လေ့ရှိကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *