အသုံးအနှုံး

ကုန်သင်္ဘောစု

Posted on:

ကုန်သင်္ဘောစု။                 ။ နိုင်ငံအချင်းချင်း ကူးသန်းရောင်းဝယ်ရာတွင် ပင်လယ်သမုဒ္ဒရာတို့နှင့် ကုန်သင်္ဘောများသည် အထူးပင်အရေးပါခဲ့ ကြသည်။ ကုန်သွယ်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ ပင်လယ်သို့စတင်ကျက်စားသူများမှာ ဖီနီရှန်လူမျိုးများဖြစ်၏။ ဘီစီ ၁၀၀၀ကျော်ခန့်ကပင် ဖီနီရှန်တို့ သည် မြေထဲပင်လယ်တွင်း၌ ရှိသော ဆိပ်ကမ်းမြို့ ကြီးများသို့ကြီးမားခိုင်ခံ့သော လှေကြီးများဖြင့် ဝင်ထွက်သွားလာလျက်ကုန်ရောင်းကုန်ဝယ် ပြုလုပ်ခဲ့ကြလေသည်။ ထိုမျှသာမကဂျီဗြောတားရေလက်ကြားကို ဖြတ်၍ ဗြိတိသျှကျွန်းစုရှိ ကွန်းဝေါနယ်မှ သံဖြူများကိုပင် သွားရောက်ဝယ်ယူခဲ့ကြသည်ဟု ဆိုသည်။ ဖီနီရှန်ခေတ်မှစ၍ နိုင်ငံအသီးသီးတို့သည် ကုန်သွယ်မှုအတွက် လှေသင်္ဘောများ အကြီးအကျယ် ဆောက်လုပ်ခဲ့ကြ၏။ ကုန်သင်္ဘောများပြားတောင့်တင်းသော နိုင်ငံသည်အထူးပင် ကြွယ်ဝလာသည့်ပြင်နိုင်ငံရေးအားဖြင့်လည်းတန်ခိုးတက်လာလေသည်။ ရှေးခေတ် နိုင်ငံသမိုင်းတွင် ကုန်သင်္ဘောအင်အား တောင့်တင်းသောနိုင်ငံများမှာ […]

အသုံးအနှုံး

ကုက္ကား

Posted on:

ကုက္ကား ။           ။ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရားပုထိုးများသို့ သွားရောက်ဖူးမျှော်ကြရာ၌ ပန်းနံ့သာ၊ ဆီမီးဖယောင်း တိုင်တို့ အပြင် ထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွားစသည်တို့ကို လှူဖွယ်တန်းဖွယ်အဖြစ် ယူဆောင်သွားကြသည်။ ထိုလှူဖွယ်ဝတ္ထုများတွင် အပါအဝင်ဖြစ်သော ကုက္ကားသည် ပန်းတိုင်းပွင့် (ပဒိုင်းပွင့်)သဏ္ဌာန်ရှိသော တံခွန်တစ်မျိုးပင်ဖြစ်လေသည်။ အများအားဖြင့် ကုက္ကားကို စက္ကူဖြင့် ပြုလုပ်လေ့ရှိသည်။ စက္ကူကိုအထပ်ထပ်ခေါက်၍ ပြတ်မသွားစေဘဲတွဲစပ်၍နေအောင် ကတ်ကျေးဖြင့်ညှပ်ရသည်။ ထိုနောက်ညှပ်ပြီး စက္ကူကို ပြောင်းပြန်ဖြန့်ယူ၍ ဝါးတံကောက်တွင်တဲရရွဲနေအောင် ချိတ်ဆွဲထားလေသည်။ ကုက္ကားသည် တံခွန်သဖွယ်လေယူရာတိမ်း၍ ယိမ်းကနေသကဲ့သို့ ထင်မှတ်ရသဖြင့် ကြည့်ရှု၍တင့်တယ်လှပေသည်။ ကုက္ကားကို ဘုရားကိုးဆူကပ်ရာ အခမ်းအနားတို့၌လည်း အသုံးပြုကြလေသည်။

အသုံးအနှုံး

ကုက္ကလံ

Posted on:

ကုက္ကလံ။           ။ရှေးအထက်ကျော်ကာရီက မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ်တစ်လျှောက် လှေတက်အများသွားလာ စုန်ဆန်လျက် ကူးသန်းရောင်းဝယ်ကြသည်။ ထိုစဉ်အခါက မီးသင်္ဘော ဟူ၍မရှိသေး၊အညာလှေကြီးများဖြင့်ကုန်စည်များကို တင်ဆောင်ကာ မြစ်စဉ်မြို့ရွာများသို့ ဝင်ထွက်ဆိုက်ကပ်ကြရသည်။ ထိုသို့ကုန်စည်များကို သယ်ယူပို့ဆောင်ရာ၌ ရေစုန်မျှောချရသည်မှာ မပင်ပန်းလှသော်လည်း အညာဒေသသို့ ဆန်တက်ရသည်မှာ မလွယ်ကူလှ ချေ။ လှေတက်များမှာ လူအင်အားအပြင် လေ၏ အကူအညီကိုလည်း စောင့်မျှော်ရယူကြရသည်။ မိုးဦးကျစ၌ မြန်မာနိုင်ငံတွင် ရာသီလေခေါ် မုတ်သုန်လေသည် အနောက်တောင်ထောင့်မှ တိုက်ခတ်သည် ဖြစ်ရာအညာလှေကြီးတို့သည် ကုန်စည်အပြည့်ဖြင့် မိမိတို့ ရပ်ရွာဒေသသို့ ပြန်မြဲဖြစ်၏။ ထိုသို့သောအချိန်မျိုး၌ လေကြောင်းကိုသိရှိရန် အညာလှေကြီးများ၏ ရွက်တိုင်ထိပ်တွင်လည်းကောင်း၊ ပဲ့စင်တွင်လည်းကောင်း၊ အလံနှင့် တူသောကုက္ကလံကို တပ်ဆင်ထားလေသည်။ ကုက္ကလံသည် […]

အသုံးအနှုံး

ကောက်သိမ်းခြင်း

Posted on:

ကောက်သိမ်းခြင်း ။              ။စပါး၊ ဂျုံ၊ မြင်းစားဂျုံ၊ မုယောစသည်တို့သည် ကမ္ဘာပေါ်တွင် ထင်ရှားသောကောက်ပင်များဖြစ်ကြသည်။ မြန်မာ နိုင်ငံကဲ့သို့ စိုက်ပျိုးရေးထွန်းကား သည့်တိုင်းနိုင်ငံတို့တွင် အဆိုပါကောက်ပင်တစ်မျိုးမျိုးကိုစိုက်ပျိုးလုပ်ကိုင်၍ စားနပ်ရိက္ခာလိုသည့် အခြားတိုင်းနိုင်ငံများသို့တင်ပို့ရောင်းချကြသည်။ ထိုကဲ့သို့ ကမ္ဘာပေါ်ရှိလူများအတွက် ရိက္ခာဖြည့်တင်းပေးရန် ကောက်ပင်တစ်မျိုးမျိုးကို စိုက်ပျိုးလျက်ရှိသော တိုင်းနိုင်ငံအသီးသီး တို့တွင် ကောက်သိမ်းချိန်သည် တောင်သူလယ်သမားတို့အဖို့ အလုပ်အများဆုံးအချိန်ဟု ဆိုရပေမည်။ မြန်မာနိုင်ငံ၌ဆိုလျှင် ကောက်သိမ်းချိန်သို့ရောက်သောအခါ လယ်လုပ်သူနှင့် အိမ်သူအိမ်သား၊ ကလေးများသည်လယ်ခင်းသို့ဆင်းကာ ကောက်လှိုင်းစည်းခြင်း၊ကောက်သင်းကောက်ခြင်း စသည့်လုပ်ငန်းများကို အသီးအသီးတာဝန်ယူလျက် တစ်ဖက်ဖက်မှ လစ်ဟင်းခြင်းမရှိရအောင် ဝိုင်းဝန်းကူညီကြရသည်။ ကောက်သိမ်းခြင်းကိစ္စကိုအချိန်မှီပြီးမြောက်စေရန် လူများကိုပင်ရိတ်ခပေး၍ ငှားရမ်းကြရသည်။ ကောက်သိမ်းချိန်တွင် လယ်လုပ်သူများကိုယ်လက်ပင်ပန်းသလောက် စိတ်အရွှင်လန်းဆုံးအချိန်ဖြစ်သည်။ ကောက်သိမ်းချိန်ကိုမြှော်မှန်းလျက် […]

အသုံးအနှုံး

ကက်ပတိန်

Posted on:

ကက်ပတိန် ။                   ။ကက်ပတိန်ဆိုသောအင်္ဂလိပ်စကား သည်အကြီးအကဲဟု အနက်ထင်သည့်လက်တင်စကား‘ကက်ပတ်’မှ ဆင်းသက်လာသည်။ အလယ်ခေတ်က ပြည်နယ်ဘုရင်ခံတို့ကို ကက်ပတ်ဟု ခေါ်ကြ၏။ ထိုသူတို့မှာအများအားဖြင့် စစ်ထဲတွင် အမှုထမ်းများဖြစ်ကြသည်။ အကြီးအကဲဟူ၍ အနက်ရသည့်အတိုင်း စာသင်ကျောင်းကစားသင်းများတွင်ခေါင်းဆောင်များကို ကက်ပတိန်ဟုခေါ်ကြ၏။ ကုန်တင်သင်္ဘောကိုဦးစီးအုပ်ချုပ်သူ၊ ကြည်းတပ်၊ ရေတပ်တို့တွင် ကြီးကြပ်ကွပ်ကဲသူတို့ကိုလည်း ကက်ပတိန်ဟုခေါ်ကြသည်။ စင်စစ်အာဖြင့် ကက်ပတိန် ဟူသောအမည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တစ်ခုခုတွင် အမှထမ်းဆောင်သော တာဝန်ခံအရာရှိတစ်ဦး၏ ရာထူးအဆင့်အတန်းကို တိကျစွာ သတ်မှတ်ခေါ်တွင်သော အမည်ဖြစ်၍ယခုထက်တိုင်တည်မြဲနေသည့် ရှေးအကျဆုံးရာထူးအဆင့်အတန်းအမည် ဖြစ်သည်။ ၁၆ရာစုနှစ်မတိုင်မီက ကက်ပတိန်ရာထူးရရှိသူတစ်ဦးမှာ ယခုခေတ် ကက်ပတိန်ရာထူးခံသူထက် တန်ခိုးအာဏာရှိသည်။ သူသည် […]

အသုံးအနှုံး

ကိုကိုး

Posted on:

ကိုကိုး ။         ။၁၄၉၂ ခုနှစ်တွင် ဥရောပတိုက်မှ စပိန်လူမျိုးတို့အမေရိကတိုက် မက္ကဆီကိုနိုင်ငံသို့ ရောက်သွားကြစဉ်ကတိုင်းရင်းသားများ နှစ်ခြိုက်စွာ သောက်လေ့ရှိသော ကိုကိုးခေါ် ဖျော်ရည်တစ်မျိုးကိုသောက်ကြည့်ရာ ရှုံ့မဲ့သွားမိအောင် ခါးလှသောအရသာကို တွေ့ရသည်။ သို့ရာတွင်ဥရောပတိုက်မှ ပါလာသော သကြားနှင့် စပ်၍ သောက်ကြည့်သောအခါ သက်တက်တက် ချိုအီအီနှင့် ထူးခြားသော အရသာမျိုးနှင့် ပြည့်စုံသည်ကို သိရ၏။ ထိုအဖျော်ရည်ကား ကကေးအိုခေါ်အပင်မှ အသီးဆန်ကို အမှုန့်ကြိတ်၍ရေဖြင့်ရောစပ်ဖျော်ထားခြင်းဖြစ်သည်။  ထိုအခါမှစ၍ စပိန်လူမျိုးတို့မှတစ်ဆင့်ဥရောပတိုက်သို့ရောက်ရှိသွားလေရာ၊ ၁၈ရာစုနှစ်အတွင်းသို့ ရောက်သော် ဥရောပတိုက် နိုင်ငံအများတွင် ကိုကိုးကို အမြတ်တနိုး သောက်သုံးစ ပြုလာကြသည်။ ကကေးအိုပင်မှာ ပူအိုက်စိုစွတ်သော ဒေသများ၌ ပေါက်ရောက်ရာ အမေရိကတိုက်နှင့် အာဖရိကတိုက်ရှိ ပူအိုက်စွတ်စိုသောဒေသများတွင် […]

အသုံးအနှုံး

ကူးစက်တတ်သောရောဂါများ

Posted on:

ကူးစက်တတ်သောရောဂါများ။      ။ရှေးအခါက ရောဂါကပ်တစ်ခု ဆိုက်လာလျှင် မကောင်းဆိုးရွား ဝင်လာသဖြင့်ရောဂါဖြစ်သည်ဟု ဆို၏။ ပကတိလူကောင်းအဖြစ်မှ ရောဂါရုတ်တရက် ဖြစ်လာသဖြင့် မကောင်းတစ်ခုခုကြောင့်ဖြစ်ရမည်ဟု ထင်ခဲ့ကြခြင်း ဖြစ်ဟန်တူသည်။ ထိုမကောင်းတစ်ခုခု ကို မမြင်နိုင်သရွေ့ မကောင်းဆိုးရွားဟုပင် ခေါ်ကြပေမည်။ယခုအခါတွင်မူ ထိုမကောင်းတစ်ခုခုကို မြင်ကြရပေပြီ။ ထိုမကောင်းဆိုးရွားခေါ် တစ်ခုခုသည် ပိုးကြောင့်ဟု သိကြရပေပြီ။ ထိုပိုးသည်အလွန်သေးငယ်သဖြင့် အဆပေါင်း ၁၀၀၀ချဲ့နိုင်သည့် မှန်ပြောင်းဖြင့်ကြည့်မှသာ မြင်နိုင်ပေသည်။ပိုးအမျိုးမျိုးရှိရာ ပိုးတိုင်းသည် လူကိုဒုက္ခမပေးချေ။ လူ၏ အကျိုးကိုဆောင်သည့် ပိုးများပင်ရှိသည်။ အချို့ပိုးများသည် မြေဩဇာကို ကောင်းအောင် လုပ်ပေးကြ၏။ အချို့ကား လူနှင့် တိရစ္ဆာန်များ၏ကိုယ်ပေါ်တွင်သာ နေနိုင်ကြသည်။ ထိုပိုးမျိုးကို ဒပါရဆိုက်” ပိုးဟု ခေါ်သည်။ ထိုစကား၏ အဓိပ္ပါယ်မှာ […]

အသုံးအနှုံး

ကူလီ

Posted on:

ကူလီ ။        ။ကူလီဟူသောဝေါဟာရသည် တမိလ်ဘာသာ စကားမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ကူလီ၏ အဓိပ္ပာယ်မှာ ဝန်ပိုးဝန်ထမ်း အလုပ်ကြမ်းသမား ဖြစ်သည်။ အလုပ်ကြမ်းသမားများကို ဟိန္ဒူစတန္နီစကား၊ ဗင်္ဂါလီ စကားများဖြင့်လည်း ကူလီဟုပင် ခေါ်ဆိုသည်သာမက ကမ္ဘာ့ အရှေ့ပိုင်းနိုင်ငံများ၌ ဤစကားလုံးမှာ မိမိတို့ဘာသာ ရင်းဝေါဟာရသဖွယ်ခေါ်ဝေါ်သုံးစွဲ လျက် ရှိကြသည်။ သီပေါမင်းတရား လက်ထက်ယောအတွင်းဝန်ဦးဖိုးလှိုင်ရေးသားသောသုဇာတကကျမ်းတွင် “ဝန်ထမ်းကူလီ” ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။ လယ် တီဆရာတော် ကလည်း မဂ္ဂင်္ဂဒီပနီတွင် ‘ကူလီလုပ်မှ‘ကူလီလုပ်ရာ ဌာန’ ဟု သုံးနှုန်းခဲ့လေသည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများတွင် လူဦးရေများပြားသဖြင့်လည်းကောင်း၊ မိမိတို့နိုင်ငံတွင်အလုပ်သမားများ၏ လုပ်အားကို အစွမ်းကုန် အသုံး မချနိုင်၍လည်းကောင်း၊ […]