ဘုန်းကြီး

ကျီးသဲလေးထပ်ဆရာတော်

Posted on:

ကျီးသဲလေးထပ်ဆရာတော် ။                 ။ကျီးသဲလေးထပ်ဆရာတော်မှာ ဇိနတ္ထပကာသနီ၊ စွယ်စုံကျော်ထင်အဖြေ၊ကဗျာသာရတ္ထ သင်္ဂဟကျမ်း၊ မင်္ဂလတ္ထဒီပနီနိသျ၊ မဟာဝင်ဝတ္ထု၊ ကျီးသဲမေတ္တာစာစသော ကျမ်းပြုဆရာတော် ဖြစ်သည်။ ဘွဲ့တော်မှာအရှင်မုနိန္ဒာဘိဓဇဖြစ်၍ရွှေတောင်မြို့ကျီးသဲရွာလေးထပ်ကျောင်းကြီးတွင်သီတင်းသုံးတော်မူခဲ့သည်။ သက္ကရာဇ် ၁၁၇၉ ခုသီတင်းကျွတ်လပြည့်ကျော်ရက် ကြာသပတေးနေ့တွင် ရွှေတောင်မြို့ကျီးသဲရွာရှမ်းတန်းကလေးရပ်၌ဖွားမြင် တော်မူ သည် ။ငယ်မည်မှာဦးကင်းဖြစ်သည်။ ငယ်ရွယ်စဉ်ကစ၍ ပိဋကတ်အခြေပြုစာတို့ကို သင်ကြားတတ်မြောက်ခဲ့လျက် ၁၉ နှစ်နှင့်၆ လ အရွယ်တွင် ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် မန္တလေးရတနာပုံ နေပြည်တော်သို့ တက်ကာတံဆိပ်တော် အထပ်ထပ်ရတော်မူသော မောင်းထောင် သာသနာပိုင်ဆရာတော်၊ မိတ္ထီလာဆရာတော်၊ ခင် မကန်ဆရာတော်၊ ရွှေတိုက်ဝန် ဆရာတော်စသော ဆရာတော်ကြီးတို့ထံ၌ ပိဋကတ်ကျမ်း၊ လောကီကျမ်းများကိုသင်ကြားတတ်မြောက်တော်မူသည်။ […]

ဘုန်းကြီး

ကန်တော်မင်းကျောင်းဆရာတော်

Posted on:

ကန်တော်မင်းကျောင်းဆရာတော်။                  ။ကန်တော်မင်းကျောင်းဆရာတော်မှာ မြန်မာဂန္တဝင်တွင် ထင်ရှားသောကန်တော်မင်းကျောင်းမေတ္တာစာနှင့် လောကသာရပျို့များကိုရေးစီရင်ခဲ့သော ဆရာတော်ဖြစ်သည်။ အမှတ်အသားတွေ့ရသမျှဆရာတော်၏ အတ္ထုပ္ပတ္တိမှာဤသို့ဖြစ်သည်။ သက္ကရာဇ် ၈၄၂ ခုနှစ် အင်းဝ ရွှေနန်းကိုသိမ်းမြန်းစိုးစံသော ဒုတိယမင်းခေါင်၏ အရီးတော် ဖြစ်သည့်စစ်ကိုင်းမြို့စား မင်းလှထွတ်၏ဆရာဖြစ်၍ထိုမင်းလှထွတ်၏တူမလည်းဖြစ်၊ ချွေးမလည်း ဖြစ်သော ၈၆၃ ခုနှစ်တွင် နန်းတက်သည့် ရွှေနန်းကြော့ရှင်၏ အရီးတော်လည်းဖြစ်သူဘိုးတော်ဖွားရှင်၏ ဆရာလည်းဖြစ်သည်။ မင်းလှထွတ်လက်ထက်မှ ဘိုးတော်ဖွားရှင်လက်ထက်တိုင် ဆက်လက်ကိုးကွယ်ခြင်းခံရသည်။                              […]

ဘာသာ , ဘုန်းကြီး

ကဿပထေရ်

Posted on:

ကဿပထေရ် ။         ။ သျှင်မဟာကဿပသည် ဂေါတမမြတ်စွာဘုရား၏ကိုယ်တော်နှင့်အမျှထား၍ ချီးမြှောက်ခြင်းခံရသော သာဝကတစ်ပါးဖြစ်သည်။ ဓူတင်တေရသကို ဆောင်နိုင်စွမ်း သောကြောင့် ဓူတင်္ဂဧရဓတဒဂ်အရာ၌ ချီးမြှောက်ခြင်းခံရသည်။ သာဝကများအနက် တတိယ မဟာသာဝကဖြစ်သည်။ သျှင်မဟာကဿပမှာမဂဓရာဇ်တိုင်၊ မဟာတိတ္ထပုဏ္ဏားရွာနေကဿပအနွယ်ဝင် ကဗိလမင်းပုဏ္ဏားတို့မှ ဖွားမြင်သူဖြစ်၍ ငယ်စဉ်က ပိပ္ပလိအမည်တွင်သည်။ အရွယ်ရောက်သောအခါ ဘဒ္ဒကာပိလာနီ သတို့သမီးနှင့်လက်ထပ်သော်လည်း အိမ်ထောင်မှုကို စက်ဆုပ် သဖြင့် ၂ ဦးသဘောတူ တောထွက်ကြသည်။ ဂေါတမမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ စံမြန်းတော်မူစဉ် ပိပ္ပလိ လုလင်ရောက်ရှိ၍ ရဟန်းပြုသည်။အနွယ်ကိုစွဲ၍ သျှင်ကဿပဟုတွင်သည်။ သျှင်မဟာကဿပအလောင်းသည် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ဟံသာဝတီမြို့ ဝေဒေဟသူကြွယ်အဖြစ်ဖြင့် သာဝက ဆုပန်ခဲ့သည်။ ရာဟုလာ၏ […]

ဘုန်းကြီး

ကာဒင်နယ်ဂိုဏ်းချုပ်

Posted on:

ကာဒင်နယ်ဂိုဏ်းချုပ်။ ။ဗရင်ဂျီရဟန်းမင်း၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကာဒင်နယ်ဂိုဏ်းချုပ် ဟုခေါ်သည်။ ဗရင်ဂျီ ဂိုဏ်းတွင် ပုပ်ရဟန်းမင်းမှအပ၊ ကာဒင်နယ်ဂိုဏ်းချုပ်တို့သည်တန်ခိုးအာဏာအရှိဆုံး ဘုန်းကြီးများ ဖြစ်လေသည်။ ကာဒင်နယ်ဆိုသော စကားမှာ ပတ္တာဟု အနက်ထင်သောလက်တင်ဘာသာစကား ကာဒိုမှ ဆင်းသက်လာ၍၊ ကြီး မြတ်သည်ဟု အဓိပ္ပါယ်ရသည်။ ရှေးအခါက အဆောက်အအုံတစ်ခုတွင် တံခါးကို ပတ္တာဖြင့် တွယ်ကပ်ထားသကဲ့သို့ ဘုရားရှိခိုးကျောင်း တစ်ခုခုကို ကြည့်ရှုအုပ်ချုပ်နေသောခရစ်ယန်ဘုန်းကြီးများကို ကာဒင်နယ်ဂိုဏ်းချုပ်ဟု ခေါ်၏။ သို့ရာတွင် ၅ ရာစုနှစ် နောက်ပိုင်းလောက်ကစ၍ ရောမမြို့ရိုပုပ်ရဟန်းမင်းလက်အောက်ခံ ဘုန်းတော်ကြီးများကို သာကာဒင်နယ်ဂိုဏ်းချုပ်ဟု ခေါ်ကြသည်။ ထိုပြင် နှောင်းအခါများတွင်အရေးပါသောဘုရားရှိခိုးကျောင်း ကြီးများမှ ထင်ရှားသောဘုန်းကြီးများကိုကာဒင်နယ်ဂိုဏ်းချုပ်ဟု ခေါ်ပြန်သည်။ သို့သော်၁၅၆၈ ခုနှစ်သို့ ရောက် သည့်အခါပုပ်ရဟန်းမင်းလက်အောက်ရှိ ရောမဘုန်းတော်ကြီးများကိုသာ ကာဒင်နယ်ဂိုဏ်း ချုပ်ဟု […]