ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကျူးရီး၊ အမ် (ခရစ် ၁၈၆၇-၁၉၃၄)

Posted on:

ကျူးရီး၊ အမ် (ခရစ် ၁၈၆၇-၁၉၃၄) ။                 ။ မာရီကျူးရီကို ၁၈၆၇ ခု နိုဝင်ဘာလ ၇ ရက်နေ့တွင် ပိုလန်နိုင်ငံဝါဆောမြို့၌ ဖွားမြင်သည်။ ပိုလန်လူမျိုးမိဖများမှ မွေးဖွားခဲ့သူဖြစ်၍၊ သူ၏ဖခင်မှာ ဝါဆောမြို့ကောလိပ်ကျောင်းမှရူပဗေဒပါမောက္ခ လာဒစ္စလော့စကလိုဒေါ့စကား ဆိုသူဖြစ်ပေသည်။ အသက်အရွယ်ငယ်စဉ်ကပင် မာရီသည် ဖခင်၏လက်တွေ့ စမ်းသပ်ခန်းထဲတွင်သာ အချိန်ဖြုန်းလေ့ ရှိသည်။ဤသို့ဖြင့် ကြီးပြင်းလာသည့်အခါ ဖခင်၏အလုပ်တွင်စိတ်ဝင်စားလာပြီးလျှင် ဖခင်ထံတွင် အခြေခံသိပ္ပံပညာရပ်များကို သင်ကြားခဲ့၏။ ဉာဏ်ပညာထက်မြက်သည့်အလျောက်ဆရာကြီး၏တပည့်များက မာရီအား ပါမောက္ခကလေးဟူ၍ အမည်ပေးခဲ့ကြသည်။ မာရီသည် အသက်၁၆ နှစ်အရွယ်တွင် သင်္ချာနှင့်သိပ္ပံပညာရပ်များ၌ ထူးချွန်သဖြင့်ရွှေတံဆိပ်ဆု ရခဲ့ဘူး၏။ ရုရှားနိုင်ငံတွင် ကလေးထိန်း […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ) , သမိုင်း

ကံရာဇာငယ်

Posted on:

ကံရာဇာငယ် ။               ။ကံရာဇာငယ်သည် မဇ္ဈိမဒေသ ကပိလဝတ်ပြည်မှ ပထမဦးစွာ မြန်မာနိုင်ငံတွင်းသို့ရွှေ့ပြောင်းလာသော သကျသာကီဝင်မင်း အဘိရာဇာ၏သားငယ်ဖြစ်သည်။ အဘိရာဇာမှာ သင်္ကဿရဋ္ဌတကောင်းပြည်ကြီးကိုစတင်တည်ထောင်သော မင်းဖြစ်သည်။ သားတော် ကံရာဇာငယ်သည် ခမည်းတော် အဘိရာဇာနတ်ရွာစံသောအခါ နောင်တော် ကံရာဇာကြီးနှင့် ထီးမွေနန်းမွေ လုကြရာ ရန်စစ်မထိုးဘဲ ကုသိုလ်စစ် ထိုးကြရာတွင်အရေးသာရသဖြင့် တကောင်းပြည်ကို ဆက်ခံစိုးအုပ်ရသည်။ ထိုမင်း၏ သားတော်မှာ ဇမ္ဗူ ပရာဇာဖြစ်သည်။ ကံရာငယ်၏ သား၊ မြေး၊ အစဉ်အဆက်တို့သည် ၃၃ ဆက်တိုင်တကောင်းပြည်၌ပင် ဆက်လက် အုပ်စိုးကြ၍ နောက်ဆုံးဘိန္နကရာဇမင်း လက်ထက် စိန့်ပြည်မှ တရုပ်တရက်တို့နှောင့်ယှက်သဖြင့် ကံရာဇာငယ်စိုးစံခဲ့သော တကောင်းပြည် ကြီး […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ) , သမိုင်း

ကံရာဇာကြီး

Posted on:

ကံရာဇာကြီး။                   ။ကံရာဇာကြီးသည် မဇ္ဈိမဒေသကပိလဝတ်ပြည်၌ ပထမဦးစွာ မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသောသကျသာကီဝင်မင်း အဘိရာဇာ၏သားကြီး ဖြစ်သည်။အဘိရာဇာသည် ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ၊မြန်မာနိုင်ငံမြောက်ပိုင်း ရှေးအကျဆုံးမြို့တော်ဖြစ်သည့် သင်္ကဿဋ္ဌ တကောင်းပြည်ကို စတင်တည်ထောင်သည်။သားတော် ကံရာဇာကြီးသည် ခမည်းတော် အဘိရာဇာနတ်ရွာစံသောအခါ ညီတော်ကံရာဇာငယ်နှင့် ထီးမွေနန်းမွေလုကြရာ ရန်စစ်မထိုးဘဲကုသိုလ်စစ်ထိုးကြရာတွင် အရေးနိမ့်သဖြင့် ဗိုလ်ပါတို့ကို စုရုံးခေါ်ဆောင်ကာ သလ္လာဝတီ မြစ်ကိုဆန်တက်၍ ကလေးတောင်ညိုအရပ်တွင် ရာဇဂြိုဟ် မြို့တော်ကိုတည်ထောင်သည်။ ထိုမြို့တွင်၆ လကြာမျှ ဗိုလ်ပါစုဆောင်းနေသည်။ ထိုမှတဖန် ကစ္ဆပနဒီမြစ် အရှေ့ဖက်သို့ ရွှေ့ပြောင်းပြန်ကာ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်ပြန်သည်။ ထိုမြို့တွင် ၇၄ နှစ်တိုင်စံနေသည်။ထိုမှတဖန် ရှေးမာလာယုမင်းတို့တည်ထောင်ခဲ့သော ဓညဝတီမြို့ဟောင်းကို […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကန့်၊အိုင် (ခရစ် ၁၇၂၄-၁၈ဝ၄)

Posted on:

ကန့်၊အိုင် (ခရစ် ၁၇၂၄-၁၈ဝ၄)။             ။နာမည်ကျော်ဂျာမန်လူမျိုး ယထာဘူတကဝိကြီး အီမန်းနျူအယ်ကန့်သည်၁၇၂၄ ခု ဧပြီလ ၂၂ ရက်နေ့၌ အရှေ့ပရပ်ရှားပြည်၊ ကေးနစ္စဗတ်မြို့တွင် ဖွားမြင်သည်။ အဖိုးဖြစ်သူမှာ စကော့တလန်ပြည်မှ ပြောင်းရွေ့လာခဲ့သူ ဖြစ်၍ ဖခင်မှာကား ထိုမြို့တွင်မြင်းကုန်းနှီးကကြိုးတန်ဆာများ လုပ်ကိုင်ရောင်းချသူ ဖြစ်၏။ ကန့်အားအသက် ၁၀ နှစ်သားလောက်တွင် သီယိုလိုဂျီခေါ် ဗြဟဒေဝဗေဒကို လေ့လာရန်အတွက် ကျောင်းသို့ပို့ခဲ့၏။ သို့သော်ထိုစဉ် ကသူသည် ဂရိနှင့် လက်တင်စာပေတို့ကိုအထူးလေ့လာခဲ့ရာ အလားအလာများစွာ ရှိသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ၁၇၄ဝ ပြည့်နှစ်၌တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးသည့် အခါတွင်လည်း ကန့်သည် သင်္ချာဘာသာနှင့် ရူပဗေဒဘာသာရပ်များ၌ ပိုမိုစိတ်ဝင်စားခဲ့သည်။ […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကတ္တရိုက်၊ အီ(ခရစ် ၁၇၄၃-၁၈၂၃)

Posted on:

ကတ္တရိုက်၊ အီ(ခရစ် ၁၇၄၃-၁၈၂၃) ။            ။၁၈ ရာစုနှစ်အလယ်ပိုင်း အလွန်လောက်တွင် ခြည်ငင်စက်များ ပေါ်ထွက်လာပြီဖြစ်သော်လည်း အထည်ရက်လုပ်ရေးတွင်ကား ရှေးဟောင်း လက်ရက်ကန်းစင်များဖြင့်သာ ရက်လုပ်နေကြသေးသဖြင့် ခရီးရောက်သင့်သလောက် မရောက်သေးပေ။ ချည် ငင်စက် များမှ ချည်မျှင်အထွက်များသလောက် လက်ရက်ကန်းသမားများက နိုင်အောင် မရက်လုပ်နိုင်သောကြောင့်လက်ရက်ကန်းများကို စက်ရက်ကန်းများအဖြစ် ပြုပြင်ပြောင်းလဲပေးရန် အချိန်ကျရောက်လာသည့် အားလျော်စွာလက်ရက်ကန်းလုပ်ငန်းများကိုတစ်မျိုး တစ်ဖုံပြောင်းလဲစေမည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် အင်္ဂလန်ပြည်တွင်အချိန်မှီပေါ် ပေါက်လာခဲ့လေသည်။ ထိုပုဂ္ဂိုလ်ကား အက်ဒမန်ကတ္တရိုက်ဖြစ်သည်။ ကတ္တရိုက်ကို ၁၇၄၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် နော့တင်ဂမ်ရှိုင်ယာနယ်မန်းဟမ်းရွာတွင် ဖွားမြင်သည်။ အစဉ်အလာကြွယ်ဝချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သဖြင့်စာပေကို ကောင်းမွန်စွာ သင်ကြားလေ့လာ နိုင်ခဲ့ပေသည်။နောက်ဆုံးတွင်  […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကစ်ပလင်း’အာ(ခရစ် ၁၈၆၅-၁၉၃၆)

Posted on:

ကစ်ပလင်း’အာ(ခရစ် ၁၈၆၅-၁၉၃၆) ။                 ။ရတ်ဒယတ်ကစ်ပလင်းမှာ အင်္ဂလိပ်လူမျိုး ကဗျာဆရာနှင့် ဝတ္ထုရေးဆရာဖြစ်၍ အိန္ဒိယနိုင်ငံ ဘုံဘိုင်မြို့၌ ၁၈၆၅ ခု ဒီဇင်ဘာလ၃၀ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ ထိုအချိန်ကဘုံဘိုင်မြို့ သုခုမပညာသင်ကျောင်းတွင် ပါမောက္ခတစ်ဦးအဖြစ် ဆောင်ရွက်နေသော ဂျွန်လော့ကဝုကစ်ပလင်း ဖြစ်သည်။ကစ်ပလင်းသည် ၅ နှစ်သားအထိ ဘုံဘိုင်မြို့၌ပင်နေထိုင်ခဲ့ရာ ထိုအတောအတွင်း အိန္ဒိယအမျိုးသမီး နို့ထိန်းများ၏ လက်ပေါ်တွင်ကြီးပြင်းခဲ့လေသည်။ သို့ဖြစ်ရကားကစ်ပလင်းသည် ဟိန္ဒူစတန္နီဘာသာကို ငယ်ရွယ်စဉ်ကပင် နားလည်ခဲ့သဖြင့် ၊ နို့ထိန်းများပြောပြသောအိန္ဒိယလူမျိုးများ၏ ရှေးဟောင်း ပုံပြင်များမှာ သူ၏မှတ်ဉာဏ်တွင် စွဲမြဲနေခဲ့၏။ ၆ နှစ်သားတွင် သူ၏ မိဘများက အင်္ဂလန်ပြည်သို့ […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကစ်ချနာအိပ်၊အိပ်(ခရစ် ၁၈၅ဝ-၁၉၁၆)

Posted on:

ကစ်ချနာအိပ်၊အိပ်(ခရစ် ၁၈၅ဝ-၁၉၁၆) ။             ။ ခါတွင်းစားလော့ကစ်ချနာ ဘွဲ့အမည်ရသည့် ဗြိတိသျှစစ်သူကြီးကားသေချာစွာ ကြိုတင်ပြင်ဆင်၍ နိုင်လောက်သည့်အခြေရောက်မှ ရန်သူကို တိုက်လေ့ရှိသူ ဖြစ်၏။ ထိုကြောင့် တိုက်ပွဲများတွင် အောင်မြင်သည်သာများခဲ့သဖြင့်၊ ဗြိတိသျှလူထုက သူ့အား အောင်ပွဲများ စီစဉ်ပေးနိုင်သူ’ဟု ချီးကျူးကြလေသည်။ ဟိုရေးရှိုးဟားဗတ်ကစ်ချနာသည် စစ်သားမျိုးရိုးမှ ဆင်းသက်လာသူဖြစ်။ ဖခင်ဖြစ်သူမှာ ဒုဗိုလ်မှူးကြီးတစ်ဦးဖြစ်သည်။အင်္ဂလိပ်လူမျိုးပင်ဖြစ်သော်လည်း အိုင်ယာလန်ပြည်တွင် ၁၈၅ဝပြည့် ဇွန်လ ၂၄ရက်နေ့၌ ဖွားမြင်ခဲ့၏။ ၁၈၆၈ခုနှစ်၌ ဝူးလစ်မြို့ ဘုရင့်စစ်တက္ကသိုလ်တွင် စစ်ပညာသင်ယူခဲ့ပြီးနောက်၊ ဘုရင့်အင်ဂျင်နီယာတွင် စတင်အမှုထမ်းခဲ့သည်။ ၁၈၇၇ ခုနှစ်တွင် ဒုဗိုလ် အဖြစ်ခန့်ထားခြင်းခံရသည်။ ထိုသို့ခန့်ထားခြင်းမခံရသေးမီက ပြင်သစ် -ပရပ်ရှားစစ်ပွဲ၌ မိမိသဘောအလျောက် ပြင်သစ်ဖက်မှပါဝင်ကူညီတိုက်ခိုက်ခဲ့၏။ […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကင်းဗဲ အမ် (ခရစ် ၁၈၈၅ ဖွား)

Posted on:

ကင်းဗဲ အမ် (ခရစ် ၁၈၈၅ ဖွား) ။            ။အမြန်စီးမော်တော်ကား ပြိုင်ပွဲများတွင် ဗိုလ်ဆွဲခဲ့သူ ဆာမယ်လကမ်ကင်းဗဲသည် အင်္ဂလန်ပြည် ကင့်နယ်သားတစ်ဦးဖြစ်သည်။ ၁၉ဝ၆ခုနှစ်တွင် ပထမအကြိမ် မော်တော်ဆိုင်ကယ် ပြိုင်ပွဲများ၌ဝင်ရောက်ယှဉ်ပြိုင်ခဲ့၏။ နောင်အခါတွင်မော်တော်ကား နှင့် မော်တော်ဘုတ်ပြိုင်ပွဲများ၌လည်း ဝင်ရောက်ယှဉ်ပြိုင်စံချိန်သစ်များထွင်ခဲ့သည်။ ကင်းဗဲသည် အထူးသဖြင့်အပြိုင် မော်တော်ကားမောင်းသူအဖြစ် ထင်ရှားသည်။ ၁၉ဝ၉ ခုနှစ်တွင် လေယာဉ်ပျံမောင်း အတတ်ကိုသင်ကြားခဲ့၍၊ ပထမကမ္ဘာစစ်အတွင်းကဘုရင့်လေတပ်အဖွဲ့တွင် လေသူရဲတစ်ဦးအဖြစ် စစ်မှုထမ်းခဲ့၏။မော်တော်ကား ပြိုင်ပွဲများတွင် သူ၏ငှက်ပြာအမည်ရှိ အပြိုင်မော်တော်ကားများဖြင့် အလဲအလှယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့၏။ မော်တော်ကားအမြန်မောင်းရာ၌ကမ္ဘာ့စံချိန်ကို ၆ ကြိမ် မျှ ချိုးနိုင်ခဲ့သည်။၁၉၃၅ ခုနှစ်တွင် မိမိ စံချိန်ပြုခဲ့သော တစ်နာရီလျှင် […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကင်းစလေစီ (ခရစ် ၁၈၁၉-၁၈၇၅)

Posted on:

ကင်းစလေစီ (ခရစ် ၁၈၁၉-၁၈၇၅)။                ။တစ်သက်လုံး ဘုန်းကြီးဘဝတွင် နေထိုင်ခဲ့သူတယောက်သည် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ထက်သန်စွာ ဆောင်ရွက်သောစာရေးဆရာကြီးတစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့သည်ဆိုလျှင်အံ့ဩကောင်းအံ့ ဩကြပေမည်။ ထိုသူကားအခြားမဟုတ်။အင်္ဂလိပ် စာပေလောကတွင် ထင်ရှားခဲ့သော စာရေးဆရာကြီး ချားကင်းစလေပင် ဖြစ်ပေသည်။ ကင်းစလေသည် ၁၈၁၉ ခုနှစ်တွင် အင်္ဂလန်ပြည် ဒက်ဗွန်ရှိုင်ယာနယ်၌ဖွားမြင်၏။ သူ၏ ဖခင်မှာ ရေဖျန်းဂိုဏ်းဝင်ဘုန်းကြီးတစ်ပါးဖြစ်သည်။ လန်ဒန်မြို့ ဘုရင့်ကောလိပ်ကျောင်းတွင် ပညာသင်ကြားပြီးနောက် ကင်းဗရစ်တက္ကသိုလ် မောဒလင်ကောလိပ် ကျောင်းတွင် ဆက်လက်၍တက္ကသိုလ်ပညာရပ်များကို ဆည်းပူးခဲ့ရာ၊ ၁၈၂၄ ခုနှစ်တွင်ပထမတန်းဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လေသည်။ ကင်းစလေသည်တက္ကသိုလ်မှ ထွက်ပြီးနောက်ဟမ္ပရှိုင်ယာနယ် အဲဗားဇလီရွာတွင် သင်းထောက်ဆရာ ရာထူးကိုပေးအပ်ခြင်းခံရ၏။ ထိုနောက် များမကြာမီပင် […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကင်းစဖို့စမစ်ယစီ၊အီ(ခရစ် ၁၈၉၇-၁၉၃၅)

Posted on:

ကင်းစဖို့စမစ်ယစီ၊အီ(ခရစ် ၁၈၉၇-၁၉၃၅)။               ။ ပထမကမ္ဘာစစ်ပြီးသည့်နောက် ကမ္ဘာပေါ်၌ထင်ရှားခဲ့ကြသောလေကြောင်း သူရဲများတွင် ဩစတြေးလီးယား တိုက်သားဆာလျားအက်ဒွပ် ကင်းစဖို့စမစ်သည်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ကင်းစဖို့စမစ်သည် ၁၈၉၇ ခုနှစ်တွင် ဗရဇ္ဇဗိန်း မြို့၌ဖွားမြင်၍ ပထမကမ္ဘာစစ်အတွင်းကထူးချွန်စွာအမှုထမ်းခဲ့သည်။ စစ်ပြီးသောအခါ မြို့ပြလေကြောင်းဖက်တွင် ဆက်လက် လုပ်ကိုင်သည်။ ၁၉၂၇ ခုနှစ်တွင် ဩစတြေးလီးယားတိုက်ကို ပတ်၍ ပျံသန်းခဲ့ရာမှ ထင်ရှားကျော်ကြားလာသည်။ ၁၉၂၈ ခုနှစ်၌ အဖေါ် ၃ ဦးနှင့်အတူအမေရိကန်ပြည်ထောင်စုမှ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ဩစတြေးလီးယား တိုက်သို့ ပျံသန်းခဲ့ရာ ကမ္ဘာနှံ့အောင်ကျော်ကြားသွားလေသည်။ ထိုနောက် သူ၏ စွန့်စားပျံသန်းမှုများသည် ကမ္ဘာ့စံချိန်အဖြစ် မှတ်တမ်းတင်ခြင်း ခံရလောက်အောင် ထူးချွန်အောင်မြင်ခဲ့သည်။ ထိုသို့ […]