လူသုံးကုန်

ကန့်ကူဆံ

Posted on:

ကန့်ကူဆံ ။                ။ကန့်ကူဆံမှာ ရှေးအခါက စာရေး ကရိယာကျောက်တံတစ်မျိုးပင်ဖြစ်သည်။ရှေးအခါက မြန်မာများသည် ပုရပိုက်နက်ဟုခေါ်သော အနက်ရောင် စက္ကူရွက်ချပ်အလွှာခေါက် များပေါ်တွင် ကန့်ကူဆံဖြင့် စာရေးကြရသည်။စာပေစတင်သင်ကြားသောအခါ ကန့်ကူဆံကိုကိုင်တွယ်ပုံက အစ သင်ကြားရသဖြင့် ဆရာဦးများကို ဒကန့်ကူလက်လှည့်ဆရာ” ဟူ၍လည်း ခေါ်တွင်ကြသည်။ ကန့်ကူဆံသည် ကန့်ကူခေါ် တွင်းထွက်ပစ္စည်းတစ်မျိုးမှရရှိသော ကျောက်နုဖြစ်၍ အတုံးအခဲအစကလေးများဖြစ်သည်။ ထိုအစများကိုတုတ်ချောင်းငယ်သဏ္ဌာန်အဖျားချွန်၍ဖြစ်စေ၊ ကြေးပြွန်တံငယ်၏ ထိပ်တွင်တပ်၍ဖြစ်စေ ရေးသားကြရလေသည်။ ကန့်ကူဆံသည် အစိမ်းနုရောင်သန်း၍ ဆွတ်ဆွတ်ဖြူလည်း ရှိသည်။ ကန့်ကူအနက်ဟူ၍လည်းရှိသည်။ရှေးအခါက ကန့်ကူဆံများကို ဘုရင့်ဘဏ္ဍာတိုက်သို့ပို့အပ်ရ၍ ဘုရင်ကဆိုင်ရာ စုရေး၊ စုကိုင်၊ စာချီများသို့လည်းကောင်း၊ ရဟန်းသံဃာများသို့လည်းကောင်း ထုတ်ပေးလှူဒါန်းသည်။ မြန်မာရာဇဝင်တွင် […]

လူသုံးကုန်

ကန့်

Posted on:

ကန့် ။       ။ကန့်ကို လူတို့သည် အလွန်ရှေးကျသောခေတ်ကပင် သိရှိခဲ့ကြ၏။ အာရပ်လူမျိုး အဂ္ဂိယတ် ဆရာတို့သည်ကန့်၏ မီးလောင်လွယ်သောဂုဏ်အင်္ဂါကို အစွဲပြုပြီးလျှင်မီးလောင်ရာ၌ လိုအပ်သော အခြေခံပစ္စည်းဟူ၍ သတ်မှတ်ခဲ့ကြသည်။ ကန့်ကိုသဘာဝတွင်အနှံ့အပြား တွေ့ရသည်။အချို့ကိုသန့်သန့်တွေ့ရ၍ အချို့ကိုမူ ပြဒါးနှင့်ပေါင်းစပ်ကာဟင်းသပြဒါးရိုင်းအဖြစ်ဖြင့်လည်းကောင်း၊ သံနှင့်ပေါင်းစပ်ကာဗဟန်းကျောက်အဖြစ်ဖြင့်လည်းကောင်း၊ ခဲနှင့်ပေါင်းစပ်ကာဂလီးနားအဖြစ်ဖြင့်လည်းကောင်းတွေ့ကြရသည်။ ဗဟန်းကျောက်တွင် ကန့်ကြွယ်ဝသဖြင့် တစ်ခါတစ်ရံ ကန့်သို့မ ဟုတ် ဆာလဖါဒိုင်အောက်ဆိုက် ထုတ်ယူရန်အသုံးပြုသည်။မီးတောင်ရှိသောအရပ်ဒေသများတွင် ကန့်သန့်သန့်ကို အများအားဖြင့်တွေ့ရှိရလေရာ ထိုသို့တွေ့ရခြင်းမှာ ဟိုဒရိုဂျင်ဆာလဖိုက်(ဒ)နှင့် ဆာလဖါဒိုင်အောက်ဆိုက် တစ်ခုနှင့်တစ်ခု တွေ့ဆုံကြပြီးလျှင် ဓါတ်ပြောင်းလဲမှု ဖြစ်ပွားခြင်းကြောင့် ဖြစ်သည် ဟု ထင်မှတ်ရသည်။ ရှေးအခါက ကမ္ဘာပေါ်တွင် ရောင်းဝယ်ဖေါက်ကားရာ၌ အသုံးပြုခဲ့သည့် ကန့်အားလုံးကို စစ္စလီကျွန်းမှ ရရှိခဲ့သည်။ သို့သော်ယခုအခါ အီတလီ၊ […]

လူသုံးကုန်
Posted on:

ကုတ်မီးသွေး ။        ။ ကျောက်မီးသွေးမှ ကျောက်မီးသွေးကတ္တရာ၊ ကျောက်မီးသွေးဓါတ်ငွေ့၊ အမ်မိုးနီးယားဓါတ်ငွေ့စသော ပစ္စည်းများကို ထုတ်ယူ၍ ကျောက်မီးသွေးကိုရီတော့ပေါင်းအိုးကဲ့သို့သော ပေါင်းအိုးကြီး ထဲတွင်ထည့်ပြီးလျှင် မီးတိုက်ပေးရ၏။ ဤသို့ မီးပေး၍ ကျောက်မီး သွေးမှ ထိုပစ္စည်းများ ထွက်လာသောအခါ ပေါင်းခံနည်းဖြင့်စုယူ ရသည်။ ထိုအဖိုးတန်ပစ္စည်းများ ထုတ်ယူပြီးနောက်ကျန်နေသော ကျောက်မီးသွေးကို ကုတ်မီးသွေး သို့မဟုတ်အဆီထုတ်ပြီးသော ကျောက်မီးသွေး ဟု ခေါ်၏။ ကျောက်မီးသွေးကို မီးဖုတ်ရာ၌ အသုံးပြုသော ဖို ၂မျိုးရှိသည်။ ပထမဖိုတစ်မျိုးမှာ အဖိုးတန်ပစ္စည်းများကို အဓိကထား၍ထုတ်ယူရင်း ကုတ်မီးသွေးကို ဘေးထွက်ပစ္စည်းအနေနှင့် ထုတ်ယူသောဖိုဖြစ်၏။ ထိုဖိုဖြင့်ရသော ကုတ်မီးသွေးသည် အချည်းနှီးဖြစ်မသွားသောကြောင့် ရရှိသော ရာခိုင်နှုန်းမှာများ၏။ အခြားဖိုတစ်မျိုးမှာကား ပျားအုံနှင့်တူသော […]

လူသုံးကုန်

ကိတ်မုန့်

Posted on:

ကိတ်မုန့် ။                      ။ကိတ်မုန့်ဟုဆိုလိုက်လျှင် အညိုရင့်ရောင်အကာခွံနှင့် အတွင်းမှ အဝါနုရောင်မုံ့သားများပါရှိ၍ အလွန်နူးညံ့ပြီးလျှင်အရသာရှိလှသော အနောက်နိုင်ငံသားများ၏ပလိန်းကိတ်ခေါ် ကိတ်မုန့်မျိုးကိုပြေး၍ မြင်ယောင်မိသူများကြပေမည်။ ပလိန်းကိတ်ခေါ် ရိုးရိုးကိတ်မုန့်အပြင် ကိတ်မုန့်စုံများလည်းရှိပေသေးသည်။ ကိတ်မုန့်စုံမှာ အဝိုင်း၊ လေးထောင့်စသည်ဖြင့်ပုံသဏ္ဌာန် အမျိုးမျိုးရှိ၍ အလွန်လှပအောင် မွမ်းမံခြယ်လယ်ထားသောမုန့်များဖြစ်သည်။ ထိုပြင် စပျစ်သီးခြောက်၊ သစ်သီးဆန်စသော အပိုအဆာများထည့်၍ အနံ့အရသာထူးအောင် ပြုလုပ် ထားသော ကိတ်မုန့်များလည်းရှိပေသေးသည်။ ကိတ်မုန့်များသည် အနောက် နိုင်ငံများတွင်လူတို့နေ့စဉ်နေ့တိုင်းစားသုံးသော အစာအာဟာရဖြစ်သော်လည်း အချို့ကိတ်မုန့်မျိုးကိုသက်ဆိုင်ရာအခမ်းအနားပွဲများ၌သာအသုံးပြုကြ၏။ လက်ထပ်မင်္ဂလာပွဲများ၊ မွေးနေ့များတွင် အထူးတလည် အဆန်း တကြယ် စီမံပြုလုပ်ထားသော မင်္ဂလာ ဆောင်ကိတ်မုန့်၊ […]

လူသုံးကုန်

ကတ္တရာစေး

Posted on:

ကတ္တရာစေး။              ။ကျောက်မီးသွေး၊ သစ်သား၊ အရိုးများနှင့်အခြား အလားတူ သြဂဲနစ်ပစ္စည်းများကို လေအလုံပိတ်ပြီးနောက် မီးပြင်းတိုက်ပေးသောအခါ ထိုပစ္စည်းများမှ အခိုးများထွက်လာသည်။ ထိုအခိုးများကို ပေါင်းခံနည်းဖြင့်အအေးခံယူရာတွင် ပျစ်၍မည်းနေသော ဆီကဲ့သို့သော အရည်ကိုရရှိ၏။ ထိုအရည်မှာ ကတ္တရာစေး ပင်ဖြစ်သည်။အများအားဖြင့် ကတ္တရားစေးကို သစ်သားနှင့် ကျောက်မီးသွေးတို့မှ ထုတ်ယူလေ့ ရှိကြ၏။ ထိုကတ္တရာတို့ကို သစ်သားကတ္တရာနှင့် ကျောက်မီးသွေး ကတ္တရာ ဟူ၍ ခွဲခြားခေါ်ဝေါ်ကြလေသည်။ သစ်သားကတ္တရာကို များသောအားဖြင့် ထင်းရှူးမျိုးဝင်သစ်သားတို့မှထုတ်ယူရရှိရာ ဥရောပတိုက်မြောက်ပိုင်းရှိထင်းရှူးတောများမှလည်းကောင်း၊ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလီးယားပြည်နယ်ရှိ ထင်းရှူးတောများမှလည်းကောင်း၊ အမြောက်အမြားရရှိသည်။ ဆွီဒင်နိုင်ငံ ထင်းရှူးပင်များမှရသော ကတ္တရာစေးများမှာ အလွန်ကောင်းသဖြင့် အထူးပင်နာမည်ရသည်။ ထိုကတ္တရာစေးတွင် ကရီအိုစုတ် […]

လူသုံးကုန်

ကတ္တရာ

Posted on:

ကတ္တရာ ။       ။ကတ္တရာကို ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းအမျိုးမျိုးပါဝင်သည့် ဗစ်တျူမင်ကတ္တရာခေါ် ပစ္စည်းတစ်မျိုးမှရရှိ၏။ ကတ္တရာအရောင်မှာ အညိုသို့မဟုတ် အမည်းဖြစ်၏။အချို့ကတ္တရာသည် မည်း၍ အရောင်လက်၏။ အချို့မှာတွင်းထွက် ကျောက်မီးသွေးများမှ ရသော ကတ္တရာစေးကဲ့သို့ ကပ်စေးစေးရှိ၏။ ကတ္တရာကို တစ်ခုခုတွင်ထည့်၍ မီးတိုက်ပေးသောအခါ အပူချိန်စင်တီဂရိတ် ဒီဂရီ ၁ဝဝ တွင် အလွယ်တကူ အရည်ပျော်၍ ထူထပ်သောမီးခိုးလုံးများထွက်လာ၏။ ကတ္တရာကို တောင်အမေရိကတိုက် အော်ရင်နိုးကိုး မြစ်ဝအလွန်တွင် တည်ရှိသော ထရင်းနီဒက်ကျွန်းမှ အမြောက်အမြားရရှိသည်။ ထိုကျွန်းရှိ ကတ္တရာကျင်းများမှာ ရေကန်ကြီးသဖွယ်ဖြစ်၍ အကျယ်မှာတစ်မိုင်ခန့်ပင်ရှိ၏။ ထိုကတ္တရာကျင်းတည်နေရာသည် ရွှံ့မီးတောင်သေ၏ ထိပ်ဝဖြစ်ဟန်တူ သည်။ ထူးခြားသော အချက်တစ်ရပ်မှာ ကျင်းတစ်ကျင်းမှကတ္တရာကို အမြောက်အမြား ထူးဖော် ထုတ်ယူသော်လည်းကတ္တရာများပြန်၍ ပြည့်လာသော […]

လူသုံးကုန်

ကင်မရာ

Posted on:

ကင်မရာ ။    ။နေသာလျက်ရှိစဉ်၊ အလုံပိတ်ထား၍မှောင်နေသောအခန်းတွင်းသို့ အပြင်မှအလင်းကို အပေါက်ငယ်တစ်ခုမှဖြတ်၍ ဝင်စေသောအခါ၊ ထိုအမှောင်ခန်း၏ အတွင်းဖက်ရှိနံရံပေါ်၌ အပြင်ဖက်ရှိအရာဝတ္ထုတို့၏ ပုံရိပ်များထင်နေပုံကို တွေ့မြင်ရပေမည်။ ဤအမှောင်ခန်းမျိုးကို ရိပ်ထင်မှောင်ခန်း (ကင်မရာ အော့စကျူးရား) ဟုခေါ်သည်။ ရိပ်ထင်မှောင်ခန်းကို ရှေးနှစ်ရာပေါင်းများစွာကပင် နေလကြတ်ပုံများကို ကြည့်ရှုလေ့လာရန်အတွက်အသုံး ပြုခဲ့ကြသည်။ ဓါတ်ပုံ ရိုက်ကရိယာမှာ အဆိုပါအမှောင်ခန်းကိုအခြေပြု၍ ပြုလုပ်ထားသောကရိယာဖြစ်သဖြင့် ကင်မရာဟု ခေါ်တွင်ခြင်းဖြစ်သည်။ ရိုးရိုးကင်မရာတစ်ခုကို လက်တွေ့စမ်းသပ်ပြုလုပ်ကြည့်နိုင်ပေသည်။ အတွင်းအပြင်၂ဖက်စလုံးကို ဆေးမဲသုတ်ထားသောအလုံပိတ်သေတ္တာတစ်လုံးတွင် ထိပ်တဖက်၌အပေါက်ငယ်ဖောက်မည့်အစား မှန်ဘီလူးတစ်ခုကိုတပ်ထားပါ။ မှန်ဘီလူးတပ်ထားခြင်းဖြင့် အပေါက်ငယ်ဖောက်ရုံ ဖောက်ထားသည် ထက် ပိုမိုပြတ်သား ကြည်လင်သော ပုံရိပ်များထင်နိုင်သည်။အခြားတစ်ဖက်တွင် စက္ကူဖြူဖြူပါးပါးတစ်ရွက်ကို ဖြစ်စေ၊မှန်နောက်တစ်ချပ်ကိုဖြစ်စေ ကပ်ထားပါ။ ထိုအခါ မှန်ဘီလူးရှေ့ရှိ ဝတ္ထုပစ္စည်းတို့၏ ပုံရိပ်များသည် စက္ကူဖြူ […]

လူသုံးကုန်

ကိုချင်နီးဆိုးဆေး

Posted on:

ကိုချင်နီးဆိုးဆေး။           ။ကြက်သွေးရောင် သို့မဟုတ်အနီရောင် ဆိုးဆေးတမျိုးကို အမေရိကတိုက်၊ မက္ကဆီကိုနှင့် ပီးရူးနိုင်ငံတို့တွင် တွေ့ရှိရသော ပိုးကောင်ငယ်ကလေးတစ်မျိုးမှ ရရှိသည်။ ထိုပိုးကောင်သည် ‘ဟိမစ်တာရာ”မျိုးစဉ်တွင် ပါဝင်၍၊ များသောအားဖြင့် နိုပယ်ခေါ် ရှားစောင်း ပင်များတွင်နေတတ်သည်။ ထိုကြောင့် အာဖရိကတိုက် မြောက်ပိုင်းအယ်လဂျီးရီးယားနယ်နှင့် စပိန်နိုင်ငံတောင်ပိုင်းတွင်နိုပယ် ရှားစောင်းပင်များကို စိုက်ပျိုးထား ၍၊ ထိုပိုးကောင်များကို ပိုးမွေးသကဲ့သို့ ဂရုတစိုက်မွေးမြူကြသည်။ ကိုချင်နီးဆိုးဆေးမှာ အမှန်စင်စစ် ထိုပိုးကောင်အမတို့၏ကိုယ်များဖြစ်သည်။ ရှားစောင်းပင်၏ အကိုင်းများတွင် တွယ်ကပ်နေသော ပိုးကောင်များကို အသင့်ဆောင်လာသော အိတ်ထဲသို့ ဝက်မှင်ဘီးဖြင့် ဖြီးချရသည်။ထိုနောက် ပိုးကောင်များကို ရေနွေးဆူဆူထဲတွင်သော်လည်းကောင်း၊ မီးဖို၏အပူရှိန်ဖြင့်သော်လည်းကောင်း သေစေသည်။ ပိုးသေကလေးများကို နေပူထဲတွင် အခြောက်လှန်းထားလိုက်ပြီးနောက် အမ်မိုးနီးယားပျော်ဝင်ရည်တွင် […]

လူသုံးကုန်

ကေဆွန်

Posted on:

ကေဆွန်။   ။မြစ်ကူးချောင်းကူး တံတားကြီးများကိုဆောက်လုပ်ရာ၌ တံတားအုတ်တိုင်ကျောက်တိုင်ကြီးများကို ရေပြင်အောက်မြေကြီးထဲသို့ အတော်နက်အောင် စိုက်၍ဆောက်လုပ်ထား ရလေသည်။ ယင်းသို့ ရေပြင်အောက်ရှိမြေကြီးထဲတွင် အုတ်မြစ်ချ၍ တိုင်စိုက်ထူရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။  အလုပ်သမားများသည် ရေအောက်မြေကြီးထဲတွင် အုတ်မြစ် ချ၍ တိုင်စိုက်ထူနိုင်အောင်ကေဆွန်ခေါ် ရေလုံသေတ္တာများသို့မဟုတ် ပြွန်ခေါင်းများ ထိုးချပြီးသော် ထိုပြွန်ခေါင်းထဲတွင် ဝင်ရောက်လုပ်ကိုင်မှ ဖြစ်နိုင်ပေသည်။ ရှေးအခါက ရေထဲ၌တိုင်စိုက်ထူလိုသည့်အခါတွင် သစ်သားမြေစေးတို့ဖြင့် ရေကာရိုင်ပတ်ပြုလုပ်၍ ရေထုတ်ပြီးမှ တိုင်စိုက်ထူလေ့ရှိသည်။ယခုအခါတွင်လည်း ထိုနည်းအတိုင်းလိုက်နာနေကြပေသေးသည်။ သို့သော်ရေနက်လျှင် သာမန်ရေကာရိုင်ပတ်ဖြင့် တိုင်စိုက်ထူရန် မဖြစ်နိုင်သောကြောင့် ကေဆွန်ခေါ်ပြွန်ခေါင်းများကို အသုံးပြုရလေသည်။ ထိုသို့အသုံးပြုသော ကေဆွန်များမှာ အများအားဖြင့် လေအားသုံးကေဆွန်များဖြစ်သည်။ အလုပ်သမားများဆင်း၍ အလုပ်လုပ်နေသော အောက်ဆုံးအဖျားပိုင်းသည်အောက်ပိတ်မရှိဘဲ သဲထဲရွှံ့ထဲသို့ ထိုးစိုက်စူးဝင်နိုင်ရန်အတွက် ချွန်ထက်ရ၏။ ဤသို့ဖြင့်ကေဆွန်ကို တဖြည်းဖြည်း […]

လူသုံးကုန်

ကာဖီ

Posted on:

ကာဖီ ယခုအခါမြန်မာနိုင်ငံနှင့် တကွ ကမ္ဘာအနှံ့အပြားတွင် ကာဖီကို သောက်သုံးကြသည်မှာ မျက်မြင် ကိုယ်တွေ့ပင်ဖြစ်၏။ ဤမျှ လူကြိုက်များလာသော ကာဖီအကြောင်းကို သိအပ်လှပေသည်။ ၁၇ ရာစုနှစ် မတိုင်မီကဥရောပတိုက်ရှိ လူများသည် ကာဖီကို သောက်ရမှန်း မသိခဲ့ကြသေးချေ။ သို့ရာတွင် ထိုစဉ်က အက်ဗီဆီးနီးယားနိုင်ငံနှင့် အာရေဗျကျွန်းဆွယ် တို၌ကာဖီကို မြိန်ရှက်စွာဖြင့် သောက်သုံးလျက် ရှိနေကြပေပြီ။ မည်သည့်အချိန်ကစတင်သောက်ခဲ့ကြသည်ကိုကား အတိအကျမပြော နိုင်ချေ။ ကာဖီကို စတင်တွေ့ရှိပုံအကြောင်းနှင့် စပ်လျဉ်း၍သမိုင်းပုံပြင် အမြောက်အမြားရှိသည်။ ပုံ ပြင် တစ်ခုက ဤသို့ဆို၏။ ၃ရာစုနှစ် အကုန်လောက်တွင် အာရေဗျ မှ ခရစ်ယန်ဘုန်းကြီး တစ်စု သည် နှိပ်စက်ညှင်းပန်းမှု ဘေးရန်များကြောင့် အက်ဗီဆီးနီးယားနိုင်ငံရှိ တောတောင် ထူထပ် […]