ကဆုန်လ ။ ။ကဆုန်ဟု ယခုအရေးအခေါ် ပြုနေ သောလ၏အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟုအရေးများသည်။ ပုဂံခေတ်၌ အသုံးတွင် ကျယ်သော … ကုဆုန်၊ ကဆုန်ဟူ သော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။ ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကိုရေသွန်း လ၊ ရေလောင်းလ ဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန် ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျသည်ကိုထောက် သော် မြန်မာနိုင်ငံသို့သာသနာရောက်သည့် အခါမှစ၍ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းအလေ့လည်း တစ်ပြိုင် တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။ တန်ခူး၊ ကဆုန်စသော ဆယ့်နှစ်လတို့တွင် ကဆုန်၊ဝါဆို၊ ဝါခေါင်၊ […]
ကဆုန်လပြည့်နေ့
ကဆုန်လပြည့်နေ့ ||ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာ သနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များကား ၁။ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒ ကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရား ထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။ ၂။မဟာသက္ကရာဇ် ၆၈ခုကဆုန်လပြည့်နေ့တွင် ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော် မူခြင်း။ ၃။မဟာသက္ကရာဇ် ၁၀၃ခုကဆုန်လပြည်နေ့အရုဏ်တက်ချိန်တွင် ဂေါတမဘုရား အလောင်းတော်သည် သဗ္ဗညု တဉာဏ်တော်ကို ရရှိတော်မူခြင်း။ ၄။မဟာသက္ကရာဇ် ၁၄၈ခုကဆုန်လပြည့်နေ့တွင် မလ္လာ မင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင် တော်မူခြင်းတို့ ဖြစ်လေသည်။ ထိုကဲ့သို့ဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ် သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က […]