ကန်ပက်လက်မြို့ ။ ။ချင်း ဝိသေသတိုင်ကို စီမံခန့်ခွဲအုပ်ချုပ်ရာ၌ မြောက်ပိုင် းချင်းတောင်ခရိုင်၊ တောင်ပိုင်း ချင်းတောင်ခရိုင်ဟု ခရိုင် ၂ခု ခွဲထားသည်တွင် တောင်ပိုင်းချင်းတောင် ခရိုင်ဝန် ရုံးစိုက်ရာမြို့မှာ ကန်ပက်လက်မြို့ ဖြစ်သည်။ချင်း ဝိသေသတိုင်းတည်ရာ မြန်မာနိုင်ငံအနောက်ပိုင်းရှိ အနောက်ရိုးမ တောင်မြင့်တန်းကြီးတွင် မြင့်မားသောတောင်ထွတ်တောင်ထိပ်အများရှိသည်အနက် ဝိတိုရိယတောင်ထိပ်ဟု ဗြိတိသျှတို့က ခေါ်ဝေါ်၍ ခေါနုမထုန်း (နတ်မိမယ်) တောင်ဟု ချင်းတို့ကခေါ်သော ပေ ၁ဝဝ၁၈ မြင့်သော တောင်ထွတ်ကြီး၏အရှေ့ဘက် ၁၂မိုင်ကွာပေ ၆၂ရ၄မြင့်သော တောင်ရိုးပေါ်တွင် တည်နေပေသည်။ ထိုတည်နေရာမှ အရှေ့လောင်ဂျီတွဒ် ၉၄ ၄နှင့် […]
ကန္နီမြို့
ကန္နီမြို့ ။ ။ကန္နီမြို့သည် အောက်ချင်းတွင်းခရိုင် ယင်းမာပင်နယ်တွင်ပါဝင်၍ ကန္နီမြို့နယ်မြို့ပိုင် ရုံးစိုက်ရာမြို့ဖြစ်သည်။ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိ၍ပခုက္ကူမြို့မှ ၁ဝ၄ မိုင်ခန့်ဝေးကွာသည်။ မြောက်ဘက်တွင်မင်းကင်းမြို့နယ်၊ အရှေ့ဘက်တွင် ဘုတလင်းမြို့နယ်များရှိပြီးလျှင် အနောက်ဘက်၌ ပုံတောင်တောင်တန်းကြီးရှိသည်။မြို့နယ်အတွင်းသို့ ချောင်းငယ်မြောင်းငယ်များ အများအပြားပင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ကန္နီမြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း၁၇၃၆ ခန့်ရှိသော်လည်းရှေးမြန်မာမင်းများ လက်ထက်ကကန္နီမြို့နယ်လောက် မကျယ်ဝန်းလှချေ။ မြို့၏ မြောက်ဘက်တွင် ပေ ၂ဝဝ ခန့် မြင့်သော ရွှေမြင်းဖြူ တောင်ကုန်းရှိသည်။ထိုကုန်းမှာ ရှေးက မြို့တော်ဟောင်းနေရာဖြစ်သည့်အလျောက် ကျုံးနေရာနှင့်မြို့ရိုး ဟောင်းများကို ယခုတိုင်တွေ့မြင်နိုင်သေးသည်။ ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင်ကန္နီမြို့၌ မြို့စားထားရှိ၍ ကန္နီနော်ရထာဘွဲ့နှင့် အုပ်ချုပ်စေခဲ့သည်။ […]
ကန့်ဘလူမြို့
ကန့်ဘလူမြို့ ။ ။ကန့်ဘလူမြို့သည် ရွှေဘိုခရိုင် ကန့်ဘလူနယ်၏ ရုံးစိုက်ရာမြို့ဖြစ်၍၊ ရွှေဘိုမြို့၏မြောက်ဘက် ၄၆မိုင်ကွာ စစ်ကိုင်း-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ တောင်ဘက်တွင် ခင်ဦးမြို့နယ်နှင့် ဆီဆုံကြီးရွာ၊မြောက်ဘက်တွင် ဒေါင်းယူးချောင်း၊ အရှေ့ဘက်တွင် ဧရာ ဝတီမြစ်၊ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်နှင့် အထက်ချင်းတွင်းနယ်စပ်တို့ တည်ရှိသည်။ မီးရထားဌာနတွင် အရေးပါသော ဘူတာရုံတစ်ခုဖြစ်၍ မီးရထားဖက်ဆိုင်ရာ အရာရှိကြီးငယ်နှင့် အမှုထမ်းများစွာ နေထိုင်ပြီးလျှင် စက်ခေါင်းရုံကြီးများလည်းရှိသည်။ ထိုပြင်မီးရထားရဲဌာနာနှင့် မီးရထားဌာ န ဆေးရုံများ လည်းရှိသည်။ နယ်အုပ်ချုပ်ရေးဆိုင်ရာတွင်လည်း နယ်ပိုင်ဝန်ထောက်ရုံး၊ မြို့ပိုင်ရုံး၊ ရဲဌာနာ၊ စာပို့တိုက်၊ ဆေးရုံ၊ နိုင်ငံတော် မူလတန်းကျောင်း၊ ဈေးနှင့်နယ်စီး တောအုပ်ရုံးများရှိသည်။ […]
ကောင်းတုံမြို့
ကောင်းတုံမြို့ ။ ။ဗန်းမော်ခရိုင်၊ ရွှေဂူမြို့နယ်တွင် ပါဝင်သော မြို့ဖြစ်သည်။ကောင်းတုံမြို့သည် မန္တလေးမြို့မှ ၂၆၃ မိုင်၊ ဗန်းမော်မြို့မှ ၁၂ မိုင်မျှ ဝေးကွာသော ဧရာဝတီမြစ် လက်ဝဲဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ယခုအခါ ကောင်းတုံ မြို့သည် ထင်ပေါ်ကျော်စောသောမြို့မဟုတ်သော်လည်း ရှေးအခါက ကုန်းလမ်းကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် ဖွံ့ဖြိုးခဲ့သည်။ ဤမြို့မှနေ၍ ကုန်းလမ်းခရီးဖြင့် တရုတ်နိုင်ငံသို့လည်းကောင်း၊ ရေလမ်းခရီးဖြင့်ရန်ကုန်မြို့သို့လည်းကောင်း၊ ကူးလူးဆက်ဆံနိုင်ခဲ့သည်။ အ ထူးသဖြင့် ၁၇ ရာစုနှစ်နောက်ပိုင်းတွင် ဗန်းမော်မြို့၌ ဒပ်ချလူမျိုးနှင့် အင်္ဂလိပ်လူမျိုးတို့၏ အလုပ်ရုံကြီးများ ဖွင့်လှစ်လုပ်ဆောင်သောအချိန်များတွင် ပိုမိုစည်ကား၍ လာခဲ့သည်။ရှေးမြန်မာနိုင်ငံ ရေလမ်းကုန်စည်ရောင်းဝယ်ဖောက်ကားမှုနှင့်စပ်လျဉ်း၍ ဒအထက်ကောင်းတုံ၊ အောက်ရန်ကုန်နှင့် စုန်ဆန် ထက်အောက် ဟုပြောဆိုရေးသားလေ့ရှိသည်။ ရှေးမြန်မာမင်းများလက်ထက်က […]
ကောလင်းမြို့
ကောလင်းမြို့။ ။ကောလင်းမြို့သည် အထက်မြန်မာပြည်ကသာခရိုင်အတွင်းကောလင်းနယ်ပိုင် ရုံးစိုက်ရာမြို့ဖြစ်၏။ ကောလင်းမြို့မှာ ထီးချိုင့်မြို့ အနောက်ဘက် မိုင်၄၀ ကွာတွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်၌ရှိသည်။ မြေပြန့်ပေါ်၌ တည်ရှိသော်လည်း ပတ်ပတ်လည်၌တောင်များ ဝန်းရံလျက်ရှိ၏။ ကောလင်းမြို့ သည် ၂၁၇ဧက ကျယ်ဝန်း၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရလူဦးရေ ၃၇၃၅ ယောက်ခန့် ရှိသည်။ မြို့တစ်ဝိုက်တွင်ကျယ်ပြန့်သော စပါးလယ်ကွင်းများကို ကောလင်းကွင်းဟုခေါ်ကြသည်။ ကောလင်းမြို့နယ်ကို ရှေး မြန်မာမင်းများလက်ထက်ကမြို့ဝန်များခန့်ထား၍ အုပ်ချုပ်စေသည်။ မြို့ဟောင်း နေရာမှာ ယခုကောလင်းမြို့၏ အနောက်ဘက် တစ်မိုင်ခန့်ဝေးကွာသော ရွာမ ပင်ဖြစ်သည်။ ယခုကောလင်းမြို့မှာတောင်အင်း နှင့် မြောက်အင်းခေါ် ရွာ ၂ ရွာကို စုပေါင်း၍တည်ခဲ့သော […]
ကာမမြို့ ခေါ် ကံမမြို့
ကာမမြို့။ ။ကာမမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းသရက်ခရိုင်တွင် မြို့နယ်ရုံးစိုက်ရာ ဖြစ်သည်။ သရက်မြို့ တောင်ဘက် ၂၃ မိုင်အကွာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းအတွင်းပိုင်းကျကျတွင် တည်ရှိသည်။ မြို့နယ်၏ အကျယ် အဝန်းမှာစတုရန်းမိုင် ၅၇၅ခန့်ရှိ၍ ၁၉၅၃ခုနှစ်တွင်ကျေးရွာပေါင်း ၁၅၇ ရွာ၊ သူကြီးပိုင် ၅၂ ပိုင်ပါဝင်သည်။ မြို့နယ် တွင် အိမ်ခြေပေါင်း ၉၄၅၉ ခန့်နှင့် လူဦးရေ ၄၄၅၂၈ ရှိသည်။ မြို့ပေါ်တွင်မူ အိမ်ခြေ ၉ဝ၆၊ လူဦးရေ ၃၅၂၃ ရှိသည်။ ကာမမြို့ကို ကံမမြို့ဟု ရှေးကခေါ်တွင်ခဲ့သည် ဟုဆိုသည်။ကံမ သို့မဟုတ် ကမ္မဟု ခေါ်တွင်ခြင်းမှာသက္ကရာဇ် ၅၂၈ခု နှစ်လောက်တွင် အလောင်းစည်သူမင်းသည် ဖေါင်တော်ဖြင့် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာရာ၊ မြို့နေရာအနီးတွင် ဖေါင်တော် […]
ကဝမြို့
ကဝမြို့ ။ ။ပဲခူးမြို့ တောင်ဘက် ပဲခူးမြစ်အရှေ့ဘက်ကမ်းနဖူးပေါ်တွင် ကဝမြို့တည်ရှိ၍ မြို့ပိုင်ရုံးစိုက်သည်။ ရန်ကုန်-ပဲခူး မီးရထားလမ်းမှသွားလျှင် ထုံးကြီးဘူတာမှဆင်း၍ တစ်မိုင်ခန့် ကတ္တရာစေးလမ်းအတိုင်း သွားပြီးနောက် ကဝမြို့ဘက်သို့ ကူးတို့နှင့် ကူးသွားနိုင်သည်။ မြို့၏လူဦးရေ မှာ၁၉၅၃ ခုနှစ် ခန့်မှန်းခြေ သန်းခေါင် စာရင်းအရ ၂၃၃၆ယောက်မျှ ရှိသည်။ ကဝမြို့နယ်တွင် သူကြီးပိုင်ကျေးလက် ၉၃ ပိုင်ရှိသည်။ကဝမြို့နယ်၏ အရှေ့ဘက်အကျဆုံး နေရာတစ်နေရာဖြစ် သည့် သမ္ဗန်ဆိပ်ရွာမှာ ပင်လယ်ကမ်းနှင့် ကပ်လျက်ရှိနေသည်။ ထိုရွာသည့် သထုံခရိုင်မှ ကျိုက်ထီးရိုးတောင်၊ ကေ လာသ တောင်များနှင့် မျက်နှာချင်းဆိုင် တည့်လျက်ရှိသည်။ကဝမြို့နယ် တစ်ခွင်လုံးမှာ မြေပြန့် ကွင်းဖြစ်၍ စပါးအ ကြီးအကျယ် စိုက်ပျိုးသည်။ ကဝမြို့နယ်မှာ စစ်တောင်းမြစ်နှင့် […]
ကလောမြို့
ကလောမြို့ ။ သာစည်မြို့အရှေ့ဘက်တောင်စဉ်တောင်တန်းများရှိ လှိုင်းတက်၊ ယင်းမာပင်၊ ဘုရားသုံးဆူ စသော ရွာများကိုကျော်လွန်၍ ဝက်ဖြူတောင်သို့ တရွေ့ရွေ့တက်လာလျှင်၊ သစ်တောများမှာ သစ်ယာ၊ အင်ကြင်း၊ ပိတောက်၊ ကညင်၊ တောင်သရက်၊ တောင်ပိန္နဲစသော သစ်တောများ မဟုတ်တော့ဘဲ လေထဲတွင် တရှဲရှဲမြည်လေ့ရှိ သော ထင်းရှူးတောကြီးများသို့ ရောက်လာပြီးနောက်၊တောင်ထိပ်အလွန် မြေပြန့်ကွက်ကျယ်တစ်ခုတွင် ကျောင်း ကန်ဘုရားစေတီများ၊ တိုက်တာအိမ်ယားများဖြင့် သာယာလှပသော ကလောမြို့ကို တွေ့ရပေမည်။ ကလောမြို့သည် ရှမ်းပြည်တောင်ပိုင်း သာစည်လမ်းခွဲအရှေ့ဘက် မီးရထားလမ်းပေါ်တွင် သာစည်မြို့မှ ၆၃ မိုင် အကွာ၌တည်ရှိသည်။ မော်တော်ကားလမ်းအတိုင်းဆိုလျှင် မိုင် ၆ဝ ကွာဝေးသည်။ မြို့၏ အကျယ်အဝန်းမှာ စတုရန်း ၉ မိုင်ခွဲခန့်ရှိ၍ လူဦးရေ ၅ဝဝဝ […]
ကလေးဝမြို့
ကလေးဝမြို့။ ။အထက်ချင်းတွင်းခရိုင် မြစ်သာမြစ် နှင့်ချင်းတွင်းမြစ်တို့ ပေါင်းဆုံရာအရပ်၌ ကလေးဝမြို့ တည် ရှိသည်။ ချင်းတွင်းမြစ်ကြောင်းအားဖြင့် ကလေးဝမြို့မှာကင်းတပ်မြို့မှ တောင်ဘက် မိုင် ၄၀ အကွာ ချင်းတွင်း မြစ်၏ လက်ယာကမ်းတွင် တည်ရှိ၍ ကလေးဝနယ်နှင့်ကလေး ဝမြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ကလေးဝ မြို့နယ် တစ်ခု လုံးမှာ အနောက်ရိုးမ တောင်ခြေပေါ်တွင် တည်ရှိ၍တစ်နှစ် လျှင် ပျမ်းမျှမိုးရေချိန် လက်မ ၇ဝခန့် ရွာသွန်း လေသည်။ ကလေးဝ မြို့နယ်ကို ၁၉ဝ၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်မှ မြို့နယ်အဖြစ်အသိအမှတ် ပြုခဲ့၏။ ကလေးဝမြို့၏ လူဦးရေမှာ ၂၂၃၀ (၁၉၅၃ ခု)ဖြစ်သည်။ မြစ်သာမြစ်မှာ ချင်းတောင် […]
ကလေးမြို့
ကလေးမြို့ ။ ။ကလေးမြို့သည် အထက်ချင်းတွင်းခရိုင် ချင်းတောင်တောင်ခြေ၏ အရှေ့ဘက် မြစ်သာမြစ် နှင့် ၂မိုင်ခန့်ကွာဝေးသော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတု ရန်း မိုင်၈၉၂ ခန့်ရှိ၍ ကလေးမြို့၏ အကျယ်အဝန်းမှာစတုရန်း ၂၄ ဖါလုံ ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင် စာ ရင်းအရ ကလေးမြို့တွင် လူဦးရေ ၃၁၅၈ ခန့်နှင့် အိမ်ခြေ၅၆၇ ခန့်ရှိသည်။ ကလေးမြို့သည် ရှေး မြန်မာမင်းတို့လက် ထက်က တည်ထောင်ခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည့်အလျောက် မြို့ရိုးဟောင်း၊ ကျုံးဟောင်းအစရှိသော ယိုယွင်း နေသည့် ရှေးဟောင်းပစ္စည်းများကို ယခုထက်တိုင် တွေ့မြင် နိုင်သေးသည်။ ကလေးမြို့မှာ မြို့ပိုင်ရုံးစိုက်ရာမြို့ […]