ပြည်နယ်

ကမ္မရွန်းနယ်

Posted on:

ကမ္မရွန်းနယ်။                ။ကမ္မရွန်းနယ်သည် အာဖရိကတိုက်အနောက်ဖက် ကမ်းခြေတွင် ဂင်းနီပင်လယ်ကွေ့မျက်နှာမူလျက်ရှိသည်။ ပင်လယ်ကမ်းစပ်ရေတိမ်တလျှောက်တွင်ပုဇွန်ကျော့များ အလွန်ပေါများရာ ၁၅ ရာစုနှစ်တွင် ထိုနယ်ဒေသို့ ရှာဖွေတွေ့ရှိ ကြသော ပေါ်တူဂီလူမျိုးများသည်ယင်းတို့၏ ဘာသာအားဖြင့် ကမ္မရိုးဟုခေါ်ဝေါ်ခဲ့ကြ၏။ဆိုလိုသည်မှာ ပုဇွန်ကျော့ ပေါများရာဒေသဟူ၍ ဖြစ်၏။၁၆ ရာစုနှစ်မှ ၁၉ ရာစုနှစ်တိုင်အောင် ဂင်းနီပင်လယ်ကွေ့၏ဝန်းကျင်ဒေသတို့သည် ငွေဝယ်ကျွန် ကုန်ကူးသူတို့၏ ကျက်စားရာအရပ် ဖြစ်ခဲ့လေသည်။ ထိုဒေသတစ်ဝိုက်မှ တိုင်းရင်းသားလူမဲများကို နိုင်ထက်စီးနင်း ဖမ်းဆီး၍ သင်္ဘောကြီးငယ်တို့ဖြင့် အမေရိကတိုက်နှင့်အနောက်အိန္ဒိယကျွန်းစုတို့သို့ တင်ဆောင်ပြီးနောက် စိုက်ခင်း ခြံပိုင်ရှင်ကြီးများထံ ရောင်းစားခြင်းဖြင့် ကျွန်ကုန်သည်တို့သည် စီးပွားလမ်းဖြောင့်ခဲ့ကြလေသည်။ ထိုအခြင်းအရာတို့ကြောင့် ရှေးအခါကမ္မရွန်းနယ် အပါအဝင်ဖြစ်သော အနောက်အာဖရိကသည် အာဖရိကတိုက်မှောင်တွင် […]

ပြည်နယ်

ကန်းဆပ်ပြည်နယ်

Posted on:

ကန်းဆပ်ပြည်နယ် ။              ။အမေရိကန် ပြည်ထောင်စုအလယ်ပိုင်းရှိ၊ ကန်းဆပ်နှင့်အာကင်ဆောမြစ်ဝှမ်းများတွင် တည်ရှိသော ကန်းဆပ်ပြည်နယ်သည် ကျယ်ဝန်းသော မြေပြန့်လွင်ပြင်ကြီးဖြစ်၍ တစ်ခါတစ်ရံပြင်းထန်သောဖုန်မုန်တိုင်းများ၊လေဆင်နှာမောင်းများကျရောက်တတ်သည်မှတစ်ပါး၊ ရာသီဥတုကောင်းမွန်ညီမျှလေသည်။ အရှေ့တောင်ပိုင်းတွင် မိုးများ၍၊အနောက်ပိုင်းတွင်မိုးပါးလှသည်။ ထို့ပြင် တစ်ခါတစ်ရံမိုးခေါင်တတ်၏။ သို့သော် ရေသွင်းစိုက်ပျိုးသဖြင့် ဂျုံအထွက်မှာအမေရိကန်ပြည်ထောင်စုနိုင်ငံတွင် စတုတ္ထစွဲလေသည်။အခြားအရေးပါသော ကောက်သီး ကောက်နှံများမှာပြောင်းဖူး၊ မုယော၊ ရိုင်းစပါး၊ ဘီသွာလျှော်၊ သကြား၊မုန်လာနှင့်သစ်သီးများဖြစ်၏။ မိုးပါးသော အနောက်ပိုင်းတွင် စားကျက်ကောင်းများ ရှိလေရာ နွားများ၊ ဝက်များ အကြီးအကျယ် မွေးမြူသည်။ အမဲလုပ်ငန်းမှာ ကြီးကျယ်သော လုပ်ငန်းတစ်ရပ် ဖြစ်သည်။ ထိုနယ်၏ အရှေ့ပိုင်းတွင် ဝက်သစ်ချပင်နှင့် အခြားသစ်ပင်ကြီးများပေါက်ရောက်လေသည်။ ထိုနယ်တွင် ရေနံ၊ ကျောက်မီးသွေး၊ […]

ပြည်နယ်

ကန္တာရဝတီနယ်

Posted on:

ကန္တာရဝတီနယ်။             ။ကန္တာရဝတီနယ်မှာ ကယားပြည်နယ်၏ အရှေ့ဘက်ပိုင်းဒေသ ဖြစ်သည်။ အကျယ်အဝန်အားဖြင့် စတုရန်းမိုင်ပေါင်း ၃ဝ၁၅ ခန့် ရှိ၏။ မြောက်ဘက်တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မောက်မယ်နယ်များ၊ အရှေ့ဘက်တွင် ယိုးဒယားနယ်စပ်၊ တောင်ဘက်တွင် ဖာပွန်နယ် နှင့်တောင်ငူနယ်၊ အနောက်ဘက်တွင်ကယား ပြည်နယ်၏အနောက်ပိုင်းဒေသဖြစ်သော ဘောလခဲနယ်၊ ကြယ်ဖိုးကြီးနယ်နှင့် မိုးဗြဲနယ်တို့ ဖြစ်ကြသည်။ ကန္တာရဝတီနယ်မှာ မြေပြန့်ကွင်းပြင် အလွန်နည်းပါး၍တောင်ကုန်း ထူထပ်များပြားသောဒေသဖြစ်သည်။ ပထဝီအနေအထားကိုလိုက်၍ ကန္တာရဝတီနယ်ကို အရှေ့ပိုင်း၊အနောက်ပိုင်းဟု ၂ပိုင်းခွဲခြားနိုင်သည်။ အရှေ့ပိုင်းမှာသံလွင်မြစ်မနှင့် ထိုမြစ်အတွင်းသို့စီးဝင်သော လက်တက် များဖြတ်စီးရာကုန်းမြင့် ဒေသများနှင့်၊ သံလွင်မြစ်၏ လက်တက်ကြီးဖြစ်သော ပွန်ချောင်း ဖြတ်သန်းစီးဆင်းရာကုန်းမြင့်ဒေသတို့ ပါဝင်သည်။ သံလွင်မြစ်တစ်လျှောက်ရှိရှားတော၊ ရွာသစ်၊ ပိုင်းချောင်းတစ်လျှောက်ရှိ […]

ပြည်နယ်

ကင်တပ်ကီးပြည်နယ်

Posted on:

ကင်တပ်ကီးပြည်နယ် ။       ။အပြာရောင် မြက်ပင်များ ထူးခြားစွာပေါက်ရောက်ရာ ဒေသဖြစ်၍ ဒမြက်ပြာပြည်နယ်” ဟုခေါ်စမှတ်ပြုကြသော ကင်တပ်ကီးပြည်နယ်သည် အမေရိကန် ပြည်ထောင်စု တောင်ဘက် အလယ်ပိုင်းပြည်နယ်တစ်ခုဖြစ်၏။ ထိုနယ်၏ မြောက်ဘက်တွင် အင်ဒီယားနားပြည်နယ်နှင့် အိုဟိုင်းအိုပြည်နယ်၊အရှေ့ဘက်၌ အနောက်ဗာဂျင်းနီးယားပြည် နယ် ၊တောင်ဖက်၌ တင်နက်ဆီပြည်နယ်၊ အနောက်ဘက်၌မိဇူးရီပြည်နယ်နှင့် အီလီနွိုင် ပြည်နယ်များ ရှိကြသည်။အိုဟိုင်းအိုမြစ်သည် ဤနယ်၏ အနောက်မြောက်နယ်နိမိတ်ဖြစ်သည်။ ကင်တပ်ကီးပြည်နယ်သည်အကျယ်အဝန်းစတုရန်းမိုင်ပေါင်း ၄ဝ၃၉၅ ရှိ၍ လူဦးရေ ၂၉၄၄၈ဝ၆ ယောက်(၁၉၅ဝ) ရှိသည်။ကင်တပ်ကီးပြည်နယ်၏ မြေမျက်နှာပြင်သည်ပေ ၃ဝဝအမြင့်ရှိသော မစ်စစ်စပီမြစ်ဝှန်းမှ အက်ပလက်ချီယန်တောင်တန်းအနောက်ဘက်အထိ တစတစမြင့်တက်သွား၏။ နယ် ၏ အရှေ့တောင်ပိုင်းမှာ တောတောင်ထူထပ်သည်။ နယ်တစ်ခုလုံး၏ ပျမ်းမျှအပူချိန်သည် ဖာရင်ဟိုက် ၅၅ဒီဂရီဖြစ်၏။ကင်တပ်ကီးပြည်နယ်တွင် လယ်ယာစိုက်ပျိုးခြင်း […]

ပြည်နယ်

ကင့်နယ်

Posted on:

ကင့်နယ်။                ။ဗြိတိန်ကျွန်း၏ အရှေ့တောင်ဘက်စွန်း၌အင်္ဂလန်ပြည်၏ ဥယျာဉ်” ဟု အမည်တွင်သော ကင့်နယ်သည် သိမ်းမြစ်ဝကျယ်နှင့် ဒိုဗာရေလက်ကြားတို့အကြားတွင် တည်ရှိ၏။ ထိုနယ်သည်အင်္ဂလန် ပြည့်ရှင်ဘုရင်များ၏ဆွေတော်မျိုးတော်များ၊ မြို့စားနယ်စားကြီးများ အစဉ်အဆက်နေထိုင်ခဲ့ရာဒေသဖြစ်၍ ဗြိတိသျှကျွန်းစုတွင် အထူးထင်ရှားလေသည်။ ထိုပြင် ဥရောပတိုက်နှင့် အနီးကပ်ဆုံးဖြစ်၍ယခင်က အင်္ဂလန်ပြည်သို့လာရောက် တိုက်ခိုက်သူများပထမဆုံး ခြေကုပ်ပြုရာစခန်းလည်း မကြာခဏ ဖြစ်ခဲ့ရသဖြင့်ဗြိတိသျှ နိုင်ငံသမိုင်းတွင် ထင်ရှားခဲ့လေသည်။ မြောက်ဖက်တွင် ဒေါင်းခေါ် မြေဖြူတောင်တန်းသည်အရှေ့မှအနောက်သို့တန်းလျက် တည်ရှိသည်။ အရှေ့တောင်ဘက်နှင့် သိမ်းမြစ်ကမ်းခြတစ်လျှောက်တွင် ညွန်ပျောင်းဒေသရှိ၏။ မက်ဒဝေးမြစ်၊ စတောင်ဝါမြစ်နှင့် ဒဲရင့်မြစ်တို့သည်ထိုနယ်အတွင်း ဖြတ်သန်း စီးဆင်းလေသည်။ မက်ဒဝေးမြစ်သည် ကင့်နယ်ကို အရှေ့ပိုင်း၊ အနောက်ပိုင်း၊ ၂ […]

ပြည်နယ်

ကယ်ရိုလီးနားပြည်နယ်

Posted on:

ကယ်ရိုလီးနားပြည်နယ် ။    ။ကယ်ရိုလီးနား ပြည်နယ် သည်မူလကတနယ်တည်းဖြစ်သော်လည်း နောင်အခါတွင်မြောက်ကယ်ရိုလီးနားနှင့် တောင်ကယ်ရိုလီးနားဟူ၍ ပြည်နယ် ၂နယ်ဖြစ်သွားသည်။ ကယ်ရိုလီးနား ပြည်နယ်၏မြောက်ဘက်တွင် ဗာဂျင်းနီးယားပြည်နယ်၊ အနောက်ဘက်နှင့်တောင်ဘက်တွင် တင်နက်ဆီပြည်နယ်နှင့် ဂျော်ဂျီယာပြည်နယ်၊ အရှေ့ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာရှိလေသည်။မြောက်ကယ်ရိုလီးနား ပြည်နယ်မှာ စတုရန်းမိုင်ပေါင်း ၅၂၇၁၂ကျယ်ဝန်း၍ လူဦးရေမှာ ၄ဝ၆၁၉၂၉ ယောက်ရှိသည်။ မြို့တော်မှာ ရာလေးမြို့ဖြစ်၍ လူဦးရေ ၆၅၆၇၉ယောက်ရှိလေသည်။ တောင် ကယ်ရိုလီးနားပြည်နယ်မှာ စတုရန်း မိုင်ပေါင်း၃၁ဝ၅၅ ကျယ်ဝန်း၍၊ လူဦးရေ ၂၁၁၇ဝ၂၇ ယောက်ရှိသောကြောင့် မြောက်ဘက်ပြည်နယ်ထက်ငယ်ပြီးလျှင် လူဦးရေလည်း နည်းလေသည်။ မြို့တော်မှာ ကိုလမ္ဗီးယားမြို့ဖြစ်၍ လူဦးရေ ၈၆၉၁၄ ယောက် ရှိလေသည်။ ကယ်ရိုလီးနား ပြည်နယ်များတွင် ဝါကို အကြီးအကျယ်စိုက်ပျိုးလုပ်ကိုင်ကြ၏။ ကပ္ပလီလူမျိုးများလည်း […]

ပြည်နယ်

ကုသိနာရုံပြည်

Posted on:

ကုသိနာရုံပြည် ကုသိနာရုံပြည်မှာ အိန္ဒိယနိုင်ငံ၊မဇ္ဈိမဒေသရှိ ပြည်ကြီး ၂ဝ အပါအဝင်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံယူခဲ့သော ပြည်ဖြစ်၍ ဗုဒ္ဓဝါဒီများ အသိများကြသည်။ ထိုပြည်မှာ ဟိမဝန္တာ တောင်ခြေရှိ နီပေါနိုင်ငံနှင့်ဂင်္ဂါမြစ်တို့၏အကြားတွင်တည်ရှိ၍၊ ယခုအခါ ယူပီနယ်၊ ဂိုရက်ပူခရိုင်၌ ကသိယဟု အမည်တွင်သည်။ မြတ်စွာ ဘုရားသခင်သည် သက်တော် ၈၀ တွင် သွေးဝမ်းသွန် ရောဂါကို ပြင်းပြစွာ ခံစားနေရစဉ်၌ပင် ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တွင်းသို့ တပည့်သင်္ဃာများ ခြံရံလျက် ဆိုက်ရောက်လာသည်။ ဆိုက်ရောက်သည့် ည၏ အလွန် မိုးသောက်ယံတွင် မလ္လမင်းတို့ခင်းကျင်းထားအပ်သော ညောင်စောင်း သလွန်ပေါ်၌ လျောင်းစက်ယင်းပရိနိဗ္ဗာန် စံယူတော်မူသည်။ ကုသိနာရုံပြည်ပ၌ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုသည့်အကြောင်းကို ဦးပုည၏ သာသနာလျှောက်စာတမ်းတွင် ဒကောဇာတရာ့လေးဆဲ့ရှစ်၊ […]

ပြည်နယ်

ကာလီဖိုးနီးယားပြည်နယ်

Posted on:

ကာလီဖိုးနီးယားပြည်နယ် သိင်္ဂါရွှေပြည် ဟူ၍လည်း ခေါ်ကြသော ကာလီဖိုးနီးယားပြည်နယ်သည်ပစိဖိတ် သမုဒ္ဒရာကမ်းခြေတွင်ရှိ၍အမေရိကန် ပြည်ထောင် စုတွင် အပါအဝင် ပြည်နယ်တစ်နယ် ဖြစ်သည်။ သိင်္ဂါရွှေပြည်ဟုခေါ်ကြခြင်းမှာ ကမ္ဘာ့အဖိုးတန် ရွှေတွင်းများ ရှိခြင်းကြောင့် ဖြစ်၏။ ၁၆ ရာစုနှစ်လောက်က နယူးစပိန်ဟု အမည်တွင်ခဲ့သောမက္ကဆီကိုနိုင်ငံ၌ လာရောက် နေထိုင်ကြသည့် စပိန် လူမျိုး တို့သည် မြောက်ဘက်တွင် သိင်္ဂါရွှေပြည်အရပ်ရှိသည်ဟုစိတ်ကူးယဉ်ယဉ်နှင့်တွေးကာပြောဆိုခဲ့ ကြသည်။ ထိုသို့ ပြောဆိုကြသော သတင်းစကားကြောင့် ၁၅၄၂-၄၃ ခုနှစ်များတွင် ဟွမ်ရိုဒရီ ဂေကားဗရီးဟိုးဆိုသူ ပေါ်တူဂီလူမျိုး တစ်ဦးသည် စပိန်သင်္ဘော တစ်စင်းဖြင့် ရွှေတွင်းများရှိရာအရပ်ကိုစူးစမ်းရှာဖွေရန်ခရီးထွက်ခဲ့ရာ ဆန်ဒီယေးဂိုး ပင်လယ်အော်ထဲသို့ရောက်ရှိခဲ့လေသည်။ ၁၅၇၉ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဆာဖရစ်စစ် ဒရိတ်သည် ကာလီဖိုးနီးယားကမ်းခြေပေါ်သို့ ပထမဆုံး တက် […]

ပြည်နယ်

ကသာခရိုင်

Posted on:

ကသာခရိုင် || ။ကသာခရိုင်သည် အထက်မြန်မာပြည်စစ်ကိုင်းတိုင်း အပါအဝင်ဖြစ်၏။ ခရိုင်၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၉၄၁ ရှိသည့် အနက်၊ စတုရန်းမိုင်၃၇ဝဝ ခန့်မှာ ရှေးကသီးခြားနယ် ဖြစ်ခဲ့သော ဝန်းသိုနယ် ဖြစ်သည်။ အင်္ဂလိပ်တို့ အထကမန်မာပြည်ကို သိမ်းယူသည့်အခါ၊ ဝန်းသိုစော်ဘွား ပုန်ကနခြားနားရာ အင်္ဂလိပ်အစိုး ရကနှိမ်နင်းအောင်မြင်ခဲ့၍ ဝန်းသိုနယ်ကိုသိမ်းယူပြီးလျှင်၁၈၉ဝ ပြည့်နှစ်တွင် ကသာခရိုင်အတွင်းသို့ သွတ်သွင်းခဲ့လေ သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ရှေးက ပတ္တမြားကျောက်တွင်းခရိုင်ဟုခေါ်သော မိုးကုတ်နယ်ကိုလည်း ကသာခရိုင်အတွင်း သို့ထည့်သွင်းခဲ့၏။ သို့သော် မိုးကုတ်နယ်ကို ဒုတိယကမ္ဘာစစ်ပြီးသောအခါ ရွှေဘိုခရိုင် အတွင်းသို့ ပြောင်းလဲ ထည့် သွင်းခဲ့လေသည်။ ကသာခရိုင်၏မြောက်ဘက်တွင် ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်၊တောင်ဘက်တွင် ရွှေဘိုခရိုင်နှင့် အနောက်ဘက် တွင် အထက်ချင်းတွင်းခရိုင်တို့ […]

ပြည်နယ်

ကသ္မီရပြည်နယ်

Posted on:

ကသ္မီရပြည်နယ် ။ ။ကသ္မီရပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဖက် ဟိမဝန္တာတောင်တန်းဒေသတွင် တည်ရှိ၍ တောင်ထူထပ်သည့်ပြင် တောင်ထိပ်တောင်ထွတ်တို့မှာ နှင်းများဖုံးအုပ်လျက် ရှိသည်။ ကသ္မီရ ပြည်နယ်မှာ အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက် တံခါးပေါက်နှင့် ဆက်စပ်နေသည့်ပြင် တိဘက်ပြည်၊ ဆိုဗီယက်နိုင်ငံ၊ ဥရောပတိုက် အရှေ့ပိုင်းဒေသတို့နှင့်လည်း ကူးလူးဆက်ဆံရန် လွယ်သဖြင့်ပထဝီဝင်အရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ အ ထူးအရေးပါသော ပြည်နယ်ဖြစ်သည်။ ထိုပြည်နယ်ကို ရှေးအခါက ဟိန္ဒူမင်းများနှင့်မွတ်စလင်မင်းများ နိုင်ရာနိုင်ရာ အုပ်စိုးခဲ့ကြသည်။ ၁၅၈၆ ခုနှစ်တွင် မဘုရင် အက္ကဗါ၏လက်အောက်သို့ ကျရောက်ခဲ့သည်။ ၁၈၄၂ ခုနှစ်တွင် အမ္မရစ်ဆာ စာချုပ်အရ ကသ္မီရပြည်နယ်ကို ဂူလပ်ဆင်း၏လက်သို့အပ်လိုက်သည်။ ထိုမှစ၍နောက်ဆုံးစိုးစံသော မဟာရာဇာ ဆာဟရီဆင်းလက်ထက်အထိ သားစဉ်မြေးဆက် အုပ်စိုးခဲ့ကြသည်။ သို့သော် ဗြိတိသျှအစိုးရတို့၏ […]