နိုင်ငံ

ကမ္ဗောဇနိုင်ငံ

Posted on:

ကမ္ဗောဇနိုင်ငံ ။                 ။ရှေးနှစ်ပေါင်း ၁ဝဝဝ ကျော်ခန့်ကအလွန်ကျယ်ပြန့်သော တိုင်းပြည်တစ်ခုဖြစ်ခဲ့သည့် ကမ္ဗောဇနိုင်ငံသည် ပြင်သစ်ပိုင် အင်ဒိုချိုင်းနားတွင် နယ်တစ်နယ်ဖြစ်ခဲ့သည်။ထိုသို့ ပြင်သစ်အစောင့်အရှောက်ခံ တိုင်းရင်းသားဘုရင်အုပ်ချုပ်သည့် ပြည်နယ်ဖြစ်ခဲ့ရာမှ၊ ၁၉၄၆ ခုနှစ်တွင် အင်ဒိုချိုင်းနားပြည်ထောင်စုတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရသောတိုင်းပြည် ဖြစ်လာသည်။ ကမ္ဗောဇနိုင်ငံ၏မြောက်ဘက်နှင့် အနောက်ဘက်တွင် ယိုးဒယားနိုင်ငံတည်ရှိ၍၊ အရှေ့ဘက်တွင် အာနမ်ပြည်၊ အနောက်တောင်ဘက်တွင် ယိုးဒယားပင်လယ်ကွေ့နှင့် အရှေ့တောင်ဘက်တွင် ကိုချင်ချိုင်းနားပြည်တို့ ရှိလေသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၆၇၅၅ဝ မျှ ရှိခဲ့ရာ၊ ၁၉၄၁ခုနှစ်တွင် ယိုးဒယားနိုင်ငံသို့ မြောက်ပိုင်းရှိနယ်အများကိုလွှဲအပ်လိုက်ရသည်။ သို့သော် ၁၉၄၅ ခုနှစ်တွင် ထိုနယ်ပယ်အားလုံးကို ပြန်လည်ရရှိခဲ့သည်။ ကမ္ဗောဇနိုင်ငံတွင် လူဦးရေ၃ဝ၄၆ဝဝဝ […]

နိုင်ငံ

ကိုလုံးဗီးယားနိုင်ငံ

Posted on:

ကိုလုံးဗီးယားနိုင်ငံ။             ။ကိုလုံးဗီးယားနိုင်ငံသည်တောင်အမေရိကတိုက် အနောက်မြောက်ပိုင်း အစွန်ဆုံးတွင်ရှိသော သမ္မတနိုင်ငံတစ်ခုဖြစ်၍ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၄၃၉၈၃ဝ ရှိလေသည်။ ကိုလုံးဗီးယားနိုင်ငံ၏ပင်လယ်ကမ်းရိုးတန်းသည် ကယ်ရစ်ဗျန်ပင်လယ်ဖက်တွင် ၁ဝ၉၄မိုင်ရှည်လျား၍ ပစိဖိတ်သမုဒ္ဒရာဖက်တွင် ၉၁၃ မိုင်ရှည်လျားသည်။နယ်နိမိတ်များမှာ မြောက်ဘက်၌ ကယ်ရစ်ဗျန်ပင်လယ်နှင့်ဗင်နီးဇီးလားနိုင်ငံ၊ တောင်ဘက်၌ ပီးရူးနိုင်ငံနှင့်အက်ကွာဒေါနိုင်ငံ၊ အရှေ့ဘက်၌ ပစိဖိတ်သမုဒ္ဒရာတို့ဖြစ်သည်။ အန်ဒီးတောင်တန်း၏ မြောက်ပိုင်းသည် ကိုလုံးဗီးယားနိုင်ငံတစ်ဝက်ကျော်ကျော်ခန့်ကို ဖြတ်သန်းတည်ရှိလေသည်။အရှေ့၊ အနောက်၊ အလယ်ဟူ၍ ၃ ခု တန်းလျက်ရှိသောကောဒီလားရား တောင်တန်းကြီးများသည် ပေ ၁ဝဝဝဝကျော်မြင့်မားသော ကုန်းပြင်မြင့်ကြီးကို ဝိုင်းရံတည်ရှိ၏။ထိုတောင်တန်းကြီး ၃ခုတို့၏စပ်ကြားတွင် ကောင်ကာနှင့်မက်သားလေးနားမြစ်ကြီး ၂ သွယ်တို့သည် အလယ်ကော်ဒီလားရားတောင်တန်းတွင် မြစ်ဖျားခံ၍ ကယ်ရစ်ဗျန်ပင် လယ်ထဲသို့စီးဝင်ကြ၏။ မက်သားလေးနားမြစ်ဝ၌ ကိုလုံးဗီးယားနိုင်ငံ၏ […]

နိုင်ငံ

ကိုရီးယားနိုင်ငံ

Posted on:

ကိုရီးယားနိုင်ငံ ။             ။ ကိုရီးယား နိုင်ငံသည် အာရှတိုက်အရှေ့ဖက်ကမ်းခြေမှ ဂျပန်ပင်လယ်နှင့် ပင်လယ်ဝါအကြားသို့ ထိုးထွက် နေသော ကျွန်းဆွယ်ပေါ်တွင်တည်ရှိသည်။ဂျပန်ကျွန်းမှ မိုင် ၁၁ဝ ကျယ်သော ရေလက်ကြားကခြားထားသည်။ မြောက်ဘက်တွင် မန်ချူးရီးယားနှင့် ဆိုက်ဗီးရီးယား ပြည်တို့ ရှိကြ၏။ အကျယ်အဝန်းမှာ စတုရန်းမိုင်၈၅၂၂၅ ရှိ၍ လူဦးရေမှာ ၁၉၅၁ ခုနှစ် ခန့်မှန်းခြေအရ၃ဝဝဝဝဝဝဝ မျှရှိသည်။ ကိုရီးယားနိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း ၃ဝဝဝ ကျော်ခန့်ကပင် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားခဲ့၍ ဘီစီ ၁၁၂၂ခုနှစ်တွင် တရုတ်အမတ်ကြီးကီဂျာသည် ကိုရီးယား နိုင်ငံကိုတည်ထောင်ခဲ့သည်ဟုဆို၏။ ထိုအချိန်မှစ၍ ကိုရီးယားယဉ်ကျေးမှုတွင် တရုတ်တို့၏အယူဝါဒနှင့် ပညာရေးအတွေးအခေါ်များ သက်ဝင်လွှမ်းမိုးခဲ့သည်။ လွတ်လပ်စွာနေခဲ့သော […]

နိုင်ငံ , သမ္မတ

ကီးမား အာတာတပ်

Posted on:

ကီးမား အာတာတပ်(ခရစ် ၁၈၈၁-၁၉၃၈) ။ ။’တူရကီတို့၏ ဖခင်”ဟု အနက်ထင်သည့် အာတာတပ်အမည်ကို ခံယူသော မွတ်စတာဖါကီမားသည် ၁၈၈၁ ခုနှစ်တွင်ဂရိနိုင်ငံ ဆယ်လိုနီးကားမြို့တွင် ဖွားမြင်သည်။ သူ၏ဖခင် မှာအကောက်အရာရှိ တစ်ဦးဖြစ်၍၊ မွတ်စတာဖါ ဖွားမြင်ပြီးနောက် မကြာမီကွယ်လွန် သွားလေသည်။ မွတ်စတာဖါသည် ငယ်စဉ်က ဆယ်လိုနီးကားမြို့ရှိ အခြေခံစစ်ပညာသင်ကျောင်းတွင် ပညာသင်ကြားခဲ့စဉ်၊ သင်္ချာဘာသာရပ်တွင် သူမတူအောင် ထူးချွန်ခဲ့သောကြောင့် သူနှင့်နာမည်တူ မွတ်စတာဖါအမည် ရှိသော သူ၏ဆရာက အမည်ရင်းတွင် ‘ကီမား” ဟူသော အမည်တစ်လုံးတိုးပေးခဲ့လေသည်။ ကီမားမှာ အာရဗီဘာသာဖြင့် ပြည့်ဝခြင်း၊ ပြည့်ဝသူဟု အနက်ရ၏။ မွတ်စတာဖါကီမား သည် ငယ်စဉ်မှစ၍ စစ်မှုကိုထမ်းခဲ့သူ ဖြစ်သဖြင့် စစ်ရေးစစ်ရာတွင် ထူးချွန်ခဲ့ရုံမက၊ နိုင်ငံရေးတွင်လည်း […]

နိုင်ငံ

ကော်စတာရီကားနိုင်ငံ

Posted on:

ကော်စတာရီကားနိုင်ငံ ။ကော်စတာရီးကား မှာ အမေရိကတိုက်အလယ်ပိုင်းရှိ သမ္မတနိုင်ငံငယ်တစ်ခုဖြစ်၏။ကော်စတာရီးကား၏ မြောက်ဘက်တွင် နစ်ကရားဂွနိုင်ငံ၊ အရှေ့ဘက်တွင် ကယ်ရစ်ဗျန်ပင်လယ်၊ အရှေ့တောင်ဘက်တွင် ပနားမားနိုင်ငံ၊ အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ အသီးသီးရှိကြ၏။ထိုနိုင်ငံကလေး၏အကျယ် အဝန်းမှာ စတုရန်မိုင်ပေါင်းး ၂၃ဝဝဝ ရှိ၍ လူဦးရေမှာ ၁၉၅၁ ခုနှစ်သန်းခေါင် စာရင်း အရ ၈ဝဝ၈၇၅ ယောက် ဖြစ်သည်။ ကော်စတာရီးကား မှာ ကုန်းမြင့် ဒေသဖြစ်၍ ပင်လယ်ပြင်ထက် ပေ ၃ဝဝဝ မှ ၆ဝဝဝ အထိ မြင့်သည်။ မီးတောင်ရှင်များရှိ၏။ တောင် နှင့်မြောက်ဖြတ်လျက်ရှိသော တောင်တန်းနှစ်ခုရှိ၍ အကြား တွင် ဆန်ဟိုဇေး ကုန်းပြင်မြင့်ရှိသည်။ ပင်လယ်ကမ်းရိုးတန်း မှာ ကယ်ရစ်ဗျန် ပင်လယ်ကမ်းဖက်တွင် ၁၈၁ […]

နိုင်ငံ

ကနေဒါနိုင်ငံ

Posted on:

ကနေဒါနိုင်ငံ ။ ။ကနေဒါနိုင်ငံသည် အမေရိကန် ပြည် ထောင်စု၏ မြောက်ဖက်တွင်တည်ရှိ၍ အနောက်ဖက်စွန်းရှိ အလာစကာနယ် မှတပါး မြောက်အမေရိတိုက်၏ မြောက် ပိုင်းဒေသ အားလုံး ပါဝင်သော နိုင်ငံဖြစ်သည်။ အရှေ့နှင့် အနောက်မှာ မိုင်၂၇ဝဝ ကျော်ရှည်လျား၍ မြောက်ဘက် နှင့် တောင်ဘက်မှာ (အာတိတ် ကျွန်းစုများမပါ) မိုင် ၁၆ဝဝ ခန့်ရှိ ပြီးလျှင်၊ ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၃၈၄၃၁၄၄ မိုင်ခန့်မျှ ကျယ်ဝန်းသည်။ ဥရောပတိုက်နှင့် အကျယ်အဝန်းတူမျှလျက် ကျယ်ပြန့်၍ အဖိုးထိုက်တန် သော သစ်တောကြီးများရှိခြင်း၊ မြေတွင်းမြေပတွင် ပစ္စည်းအား ပြည့်စုံကြွယ်ဝခြင်း တို့ကြောင့် သန်းပေါင်း ၂ဝဝ ခန့်မျှသော လူများပင် ချောင်ချိစွာနေထိုင် အသက် […]

နိုင်ငံ , ပြည်နယ် , လူမျိုး

ကချင်ပြည်နယ်

Posted on:

ကချင်ပြည်နယ်၊ ။မြောက်ဖက် သမပိုင်းဇုန်အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ရှိသော ကချင်ပြည်နယ်မှာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားမြစ်ဝှမ်း ဒေသမြေပြန့် များနှင့်တောတောင် ရောပြွမ်းလျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မြင့်မားညို့မှိုင်းသော တောင် ထွတ်တောင်တန်းကြီးများ နက်ရှိုင်းသော ထူထပ်သောသစ် တောကြီးများ၊ ကြည်လင်အေးမြသော မြစ်ချောင်းရေတံခွန်များ၊ အင်းအိုင်ကြီးများနှင့် တန်ဆာဆင်ထားလျက်ရှိ ပေရာ သဘာဝအားဖြင့်စိမ်းလန်း သာယာလှပေသည်။ မြောက်ဘက်လတ္တီတွဒ် ဘက်လောင်ဂျီတွဒ် ဒီဂရီ၉၆° ၄၇ ဒီဂရီ၂၃၃၇နှင့် ၂၈၂၅အရှေ့ တို့၏အကြား၊ မြောက်ဘက်နှင့်အရှေ့ဘက်တွင် တရုတ်နိုင်ငံ အနောက်ဘက်တွင် ကသာခရိုင်၊ အထက်ချင်းတွင်းခရိုင် နာဂတောင်တန်း နှင့် အာသံပြည်တို့ ဝန်းရံလျက်တည်ရှိသည်။ ပြည်နယ်အ တွင်းတွင်မြစ်ကီးနားခရိုင်နှင့်ဗန်းမော်ခရိုင်တို့ပါဝင်၍ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၉၉ဝဝခန့်ရှိသည်။ မြေမျက်နှာပြင်နှင့်ရာသီဥတု ကချင်ပြည်နယ်မှာ ကုန်းမြင့်ဒေသဖြစ်သည်အလျောက် […]