ဘာသာ , ဘုန်းကြီး

ကဿပထေရ်

Posted on:

ကဿပထေရ် ။         ။ သျှင်မဟာကဿပသည် ဂေါတမမြတ်စွာဘုရား၏ကိုယ်တော်နှင့်အမျှထား၍ ချီးမြှောက်ခြင်းခံရသော သာဝကတစ်ပါးဖြစ်သည်။ ဓူတင်တေရသကို ဆောင်နိုင်စွမ်း သောကြောင့် ဓူတင်္ဂဧရဓတဒဂ်အရာ၌ ချီးမြှောက်ခြင်းခံရသည်။ သာဝကများအနက် တတိယ မဟာသာဝကဖြစ်သည်။ သျှင်မဟာကဿပမှာမဂဓရာဇ်တိုင်၊ မဟာတိတ္ထပုဏ္ဏားရွာနေကဿပအနွယ်ဝင် ကဗိလမင်းပုဏ္ဏားတို့မှ ဖွားမြင်သူဖြစ်၍ ငယ်စဉ်က ပိပ္ပလိအမည်တွင်သည်။ အရွယ်ရောက်သောအခါ ဘဒ္ဒကာပိလာနီ သတို့သမီးနှင့်လက်ထပ်သော်လည်း အိမ်ထောင်မှုကို စက်ဆုပ် သဖြင့် ၂ ဦးသဘောတူ တောထွက်ကြသည်။ ဂေါတမမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ စံမြန်းတော်မူစဉ် ပိပ္ပလိ လုလင်ရောက်ရှိ၍ ရဟန်းပြုသည်။အနွယ်ကိုစွဲ၍ သျှင်ကဿပဟုတွင်သည်။ သျှင်မဟာကဿပအလောင်းသည် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ဟံသာဝတီမြို့ ဝေဒေဟသူကြွယ်အဖြစ်ဖြင့် သာဝက ဆုပန်ခဲ့သည်။ ရာဟုလာ၏ […]

ဘာသာ

ကိုရန်ကျမ်း

Posted on:

ကိုရန်ကျမ်း။           ။ကိုရန်ကျမ်းသည် အလ္လာဘုရားထံမှတမန်တော်မဟာမက်ပေါ်သို့ ပို့ချပေးသော ကျမ်းစာအုပ်ဖြစ်၍ ကမ္ဘာပေါ်ရှိ ၂၂၅သန်းမျှသော မွတ်စလင်တို့အထွတ်အမြတ်ထားသော ကျမ်းဖြစ်၏။ ကိုရန်ဟူသောစကားမှာ အာရဗီဘာသာမှ ဆင်းသက်လာ၍ ဖတ်ရန်စာဟု အဓိပ္ပါယ်ရသည်။ တမန်တော်မဟာမက်ရှိစဉ် စာရေးတော်ကြီးများသည်သူ၏နှုတ်မှ ထွက်သောစကားများကို သားရေစပေါ်၌လည်းကောင်း၊ သစ်ရွက်ခြောက်ပေါ်၌လည်းကောင်၊ သိုး၏ လက်ပြင်ရိုးပေါ်၌လည်းကောင်း၊ အနီးတွင်ရနိုင်သည့် မည်သည့်ဝတ္ထုပစ္စည်းပေါ်၌မဆို ရေးခြစ်ထားခဲ့၏။ မဟာမက်မကွယ်လွန်မီ ကပင် ထိုအပိုင်းအစများကို စုဆောင်းပြီး၍ကွယ်လွန်သောအခါ . စာတစ်အုပ်ဖြစ်အောင် စုပေါင်း၍အဆင့်ဆင့်ကူးယူခဲ့ကြ၏။ ကိုရန်ကျမ်းမှာ အာရဗိဘာသာဖြင့် ရေးထား၍ခရစ်ယန် ဓမ္မသစ်ကျမ်းခန့် ရှည်လျား၏။ အခန်းပေါင်း ၁၁၄ခန့်ရှိပြီးလျှင် နိုင်ငံသမိုင်း၊ အနာဂတ် ဟောပြောချက်၊ကိုယ်ကျင့်တရားနှင့် ဥပဒေများ ပါဝင်သည်။ ပါဝင်သည့်သမိုင်းအတ္ထုပ္ပတ္တိတို့သည်ကား ဓမ္မဟောင်းကျမ်းမှအတ္ထုပ္ပတ္တိများပင်ဖြစ်၍ သဘောတရားနှင့် […]

ဘာသာ

ကိသာဂေါတမီထေရီ

Posted on:

ကိသာဂေါတမီထေရီ ။ ။ကိသာဂေါတမီ ထေရီမှာဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင်သင်္ကန်း ခေါင်းပါးစွာ ခြိုးခြံ၍ကျင့်ကြံနိုင်ခြင်းကြောင့် လူခစီဝရဓာရနဧတဒဂ်အရာဖြင့် ချီးမြှောက်ခြင်းခံရသော ဘိက္ခုနီ ရဟန္တာမ ဖြစ်သည်။ ကိသာဂေါတမီသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်က စ၍ပါရမီဆည်းပူးခဲ့ရာ ကဿပဘုရားရှင် လက် ထက်တော်တွင် ကိလီမင်းကြီး၏ သမီးတော်ခုနစ်ပါးအနက်ဓမ္မာမင်းသမီးဖြစ်လာသည်။ ဂေါတမ မြတ်စွာဘုရား လက် ထက်တော်တွင် သာဝတ္ထိပြည် သူဌေးကြီးတစ်ဦး၏ သမီးဖြစ်လာသည်။ အမည်မှာ ကိသာဂေါတမီဟု တွင်သည်။ အရွယ်ရောက်သော် မိဘများ ဆင်းရဲသွားသဖြင့် ဆင်းရဲပင်ပန်းစွာ နေရသည်။ ထိုအချိန်တွင် သာဝတ္ထိပြည်ရှိ သူဌေးကြီးတစ်ဦးသည်လည်း သူ၏ပိုင်ဆိုင်သော ရွှေ၊ ငွေများအားလုံးမီးသွေးဖြစ်ကာ ဆင်းရဲသွားသည်။ ထိုအခါ မိတ် ဆွေတစ်ဦး၏ အကြံပေးချက်အရ ထိုက်တန်သူနှင့် တွေ့လျှင်မီးသွေးများ ရွှေငွေအဖြစ်သို့ […]

ဘာသာ

ကာဠုဒါယီထေရ်

Posted on:

ကာဠုဒါယီထေရ် ။ ။ကာဠုဒါယီသည် ဂေါတမမြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထမင်းသားနှင့် တစ်ပြိုင်တည်းဖွား သော ဖွားဖက်တော်တစ်ဦးဖြစ်သည်။ သူငယ်ဖေါ် ကစားဖက်အဖြစ်ကြီးပြင်းခဲ့ရာ၊ သိဒ္ဓတ္ထမင်းသား၏ဖခင် သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီအား အမတ်အဖြစ်ခန့်အပ်မြှောက်စားသည်။ သိဒ္ဓတ္ထမင်းသားသည် ဘုရားဖြစ်တော်မူပြီး၍ ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသော အခါ၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားကို ဖူးတွေ့လိုသဖြင့် ကြွလာတော်မူရန် အမတ်များကို အကြိမ်ကြိမ်လွှတ်၍ပင့်စေသည်။ အပင့်လွှတ်သော အမတ်တို့ လည်း မြတ်စွာဘုရားထံသို့ ရောက်လျှင် အခြွေအရံ များနှင့်အတူ အကျွတ်တရားရ၍ ရဟန္တာဖြစ်ကုန်ကြသဖြင့်ခမည်းတော်၏စကားကို မလျှောက်ထားမိဘဲ ရှိကြသည်။ သုဒ္ဓေါဒနမင်းကြီးလည်း မည်သည့် သတင်းစကားမျှမကြားသိရသဖြင့်စိတ်မချမ်းမသာဖြစ်လျက် နောက်ဆုံး တွင် ကာဠုဒါယီအမတ်ကိုခေါ်၍ အခြွေအရံတစ်ထောင်နှင့်စေလွှတ်ပြန်သည်။ မြတ်စွာဘုရားထံသို့ ရောက်လျှင်ပင် ကာဠုဒါယီအမတ်နှင့် အခြွေအရံများသည် ရဟန္တာဖြစ်ကြပြန်သည်။ […]

ဗုဒ္ဓ , ဘာသာ , ရိုးရာဓလေ့ , ရိုးရာဓ‌ေ

ကထိန်

Posted on:

ကထိန် ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါ ရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်း ကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကိုဖြစ်စေအများ ကို ဖြစ်စေ “ဣမံစီဝရံသံဃဿဒေမိ’ဤသင်္ကန်းကိုသီ ဃာ တော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြလေသည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေ တော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ် တို့သည်မိမိတို့ ဝါဆိုဝါကပ်ရာဖြစ်သော ကေ တပြည်မှ ဝါကျွတ်သောအခါ ခြေလျင် ခရီးဖြင့် ကြွလာ ကြ၏။ ထိုအခါ မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့်ရဟန်း များ မိုးရေ စိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို […]

ဗုဒ္ဓ , ဘာသာ

ကကုသန်မြတ်စွာဘုရား

Posted on:

ကကုသန်မြတ်စွာဘုရား။ ။ ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒ ကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမ ဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏သား ဖြစ်၏။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏။ သားတော်ဥတ္တရကို ဖွားမြင်ပြီး နောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော် မူသည်။ ရှစ်လကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကုက္ကိုဗောဓိပင်ရင်းဝယ် သမ္ဗုညုတဉာဏ်တော်ကို ရ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့် နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိင်္ဂီဝတို့ဖြစ်သည်။ အလုပ် အကျွေး (တပည့်)ကား ရှင်ဗုဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာ ဘုရား၏ဉာဏ်တော်အမြင့်သည်အတောင် လေးဆယ် ဖြစ်၏။ သက်တော် […]