ကုဏ္ဍလကေသာထေရီ ။ ။ကုဏ္ဍလကေသာမှာဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် တရားထူးကိုလျင်မြန်စွာ ရသောကြောင့် ခိပ္ပါဘိညာနံတဒင်္ဂဘွဲ့ဖြင့် မြတ်စွာဘုရား ချီးမြောက်တော်မူခြင်းခံရသော ထေရီမတစ်ပါးဖြစ်သည်။ ရာဇဂြိုဟ်ပြည်မှ သဌေးသမီးတစ်ဦးဖြစ်၍ ဘဒ္ဒါ အမည်တွင်သည်။ အရွယ်ရောက်သော် ဗိမ္ဗိသာရမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကြီးတွင် ဖွားမြင်သော သတ္တုကခိုးသားကြီးကိုနှစ်သက်သဖြင့် အပြစ်ဒဏ်စီရင်ခံရမည့်ဆဲဆဲခိုးသားကြီးကိုအာဏာသားတို့လက်မှ တန်ဆိုးပေးကမ်းကယ်ယူ၍ လက် ထပ်သည်။ ထိုနောက် သတ္တုကက သူ့အားသတ်ရန် ကြံစည်သဖြင့်သူလက်မဦးမီ တောင်ပေါ်မှ တွန်းချပြီးနောက် တရားသံဝေဂရကာ ရှေးဦးစွာ နာဋပုတ္တကြီးမှူးသော နိဂဏ္ဍ တက္ကတွန်းတို့ထံရောက်ရှိသွားသည်။ တိတ္ထိတို့က ရဟန်းပြုပေးရာ ဆံပင်များကို ဓားဖြင့်မရိတ်ဘဲနုတ်ခြင်းခံရသဖြင့် အသစ်ပေါက် သောဆံပင်များ တွန့်ခွေနေသည်ကိုအစွဲပြု၍ ကုဏ္ဍလကေသာ(နားဋောင်းလိပ်သဏ္ဌာန် ဆံပင်ရှိသူ) ဟု ခေါ်တွင်သည်။ […]
ကောဏာဂုံမြတ်စွာဘုရား
ကောဏာဂုံမြတ်စွာဘုရား ။ ။ကောဏာဂုံ မြတ်စွာဘုရားသည် ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးဘုရား ၄ ဆူအနက် ဒုတိယ မြောက် ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ သောဘဝတီပြည် ယညဒတ္ထပုဏ္ဏားနှင့် ဥတ္တရာပုဏ္ဏေးမတို့၏ သားတော်ဖြစ်၏။ အရွယ်ရောက်သော် သင့်မြတ် သောသတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏။ သားတော်တစ်ပါးကို ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ၆ လကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ရေသဖန်း ဗောဓိပင်ရင်း ဝယ် သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူသည်။ထိုမြတ်စွာဘုရား၏အဂ္ဂသာဝကတပည့် ၂ ပါးမှာ ရှင်ဘိရောသနှင့် ရှင်ဥတ္တရော ဖြစ်သည်။ အဂ္ဂသာဝိကာမတပည့်မ ၂ ပါးမှာ ဥတ္တရာနှင့် သမုဒ္ဒါ ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော် အမြင့်သည်အတောင်၃ဝ ဖြစ်၏။ သက်တော် […]
ကပိလဝတ်ပြည်
ကပိလဝတ်ပြည် ။ ။ကပိလဝတ်ပြည်သည် ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးစိုးစံတော်မူသော ပြည်ဖြစ်၏။ အိန္ဒိယနိုင်ငံတွင် ရှေးအခါက တိုင်းကြီး ၁၆ တိုင်း၊ ပြည်ကြီး ၂ဝ ဟုကျော် စောခဲ့သည့် အနက်၊ သက္ကတိုင်း ကပိလဝတ်ပြည်တွင် သာကီဝင်တို့ ကြီးစိုးခဲ့သည်။ ဥက္ကာကရာဇ်မင်းကြီးသည် သားတော်နှင့် သမီးတော် များကို ဟိမဝန္တာတောသို့ သွားရောက်နေထိုင်ရန် အမိန့် ရှိခဲ့ရာမှ သား တော်၊ သမီးတော်တို့သည် ကပိရသေ့ကြီး၏ ကျောင်းသင်္ခမ်းအနီးတွင် ရသေ့ကြီး၏ အဆုံးအမကို ခံယူကာ တိုင်းပြည် တည်ထောင်ခဲ့ကြသည်။ ထိုအချက်ကို အစွဲပြု၍ ကပိလဝတ်ပြည်ဟု ခေါ်တွင်သည်။ ကပိလဝတ် ပြည်ကို မြန်မာစာပေများ၌ ကပ္ပိလဝတ်၊ […]
ကထိန်
ကထိန် ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါ ရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်း ကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကိုဖြစ်စေအများ ကို ဖြစ်စေ “ဣမံစီဝရံသံဃဿဒေမိ’ဤသင်္ကန်းကိုသီ ဃာ တော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြလေသည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေ တော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ် တို့သည်မိမိတို့ ဝါဆိုဝါကပ်ရာဖြစ်သော ကေ တပြည်မှ ဝါကျွတ်သောအခါ ခြေလျင် ခရီးဖြင့် ကြွလာ ကြ၏။ ထိုအခါ မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့်ရဟန်း များ မိုးရေ စိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို […]
ကကုသန်မြတ်စွာဘုရား
ကကုသန်မြတ်စွာဘုရား။ ။ ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒ ကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမ ဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏သား ဖြစ်၏။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏။ သားတော်ဥတ္တရကို ဖွားမြင်ပြီး နောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော် မူသည်။ ရှစ်လကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကုက္ကိုဗောဓိပင်ရင်းဝယ် သမ္ဗုညုတဉာဏ်တော်ကို ရ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့် နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိင်္ဂီဝတို့ဖြစ်သည်။ အလုပ် အကျွေး (တပည့်)ကား ရှင်ဗုဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာ ဘုရား၏ဉာဏ်တော်အမြင့်သည်အတောင် လေးဆယ် ဖြစ်၏။ သက်တော် […]