ကင်းမွန် ။ ။ကင်းမွန်၊ ကင်းမွန်ဘဲလိပ်၊ ဘဝဲတို့သည်‘စက်ဖလိုပိုးဒါး’ မျိုးပေါင်းတွင်ပါဝင်သော ရေသတ္တဝါများဖြစ်၏။ ခေါင်း၌ဦးမှင်ဟုခေါ်သော စမ်းအင်္ဂါများပေါက်သည်။ ကင်းမွန်၊ ကင်းမွန်ဘဲလိပ်များသည် ပင်လယ်တစ်ခွင်ပြဲပြဲစင်အောင် အနှံ့အပြား ကြောက်မက်ဖွယ်ရာ အစာရှာကြသည်။ မကြာခဏ ကမ်းစပ်များတွင် သေးငယ်သောကင်းမွန်၊ ကင်းမွန်ဘဲလိပ်အုပ်များကို တွေ့နိုင်သည်။ သူတို့ထက်ကြီးမားသော ငါးများကိုပင် ဖမ်းယူစားသောက်ကြ၏။ ကင်းမွန်ဘဲလိပ်ကြီးများမှာ သမုဒ္ဒရာနက်ရာဒေသများတွင်နေ၍ လာသမျှအကောင်ကို မရှောင်တမ်းဖမ်းယူစားသောက်ကြသည်။ ‘ဆီပီယာအော့ဖီစီနဲလစ်’ ခေါ် ကင်းမွန်၏ခေါင်း၌ လက်၁ဝ ဖက်ရှိသည်။ ၄ စုံသည် အရင်း၌ တုတ်၍ အဖျားသို့ရှူးသွား၏။ လက်ဖျား၌ခွက်သဏ္ဌာန်ရှိသော စုတ်အင်္ဂါများ၄ တန်းရှိသည်။ ကျန်လက်တစ်စုံမှာ ဦးမှင်ဟု အများအားဖြင့် အမည်တွင်၍ […]
ကော့ဒငါး
ကော့ဒငါး ။ ။ကော့ဒငါးသည် ကမ္ဘာပေါ်တွင် လူသုံး အများဆုံး ငါးတစ်မျိုးဖြစ်သည်။ ဤငါးကို ကမ္ဘာ့မြောက် ဘက်ခြမ်းရှိ သမပိုင်းပင်လယ်များတွင်အမြောက်အမြားတွေ့ ရသည်။ အထူးသဖြင့် ဥရောပတိုက် ပြင်သစ်နိုင်ငံ နှင့်မြောက် အမေရိကတိုက် ဗာဂျင်းနီယားပြည်နယ်တို့၏ မြောက်ဘက်ကျ သော အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေများတွင် အထူးပေါ များသည်။ ကော့ဒငါးသည်ကိုယ်ထည် ခပ်ပြားပြားဖြစ်၍ အမြီးဘက် သို့ သွယ်ဆင်းသွားသည်။ ကျောပိုင်းနှင့် ကိုယ်နံဘေးတွင် အစိမ်းရောင်သန်းကာ အညိုစက်ကလေးများဖြင့် ပြည့် လျက်ရှိ၍ ဝမ်းပိုင်းမှာဖြူသည်။ သို့သော် ကျက်စားရာအ ရပ်ကိုလိုက်၍ အရောင်များ အနည်းငယ် ကွဲလွဲတတ်သည်။ ဆူးတောင်ရှည်လျား၍ မေးအောက်တွင် ငါးနှုတ်ခမ်းမွေး ဟုခေါ်သော အမျှင်နှစ်ပင်ရှိသည်။ သာမန် အရွယ်ရောက်ပြီး သော […]
ကမာ
ကမာ ။ ။ကမာသည် အခွံနှစ်ခြမ်းရှိသော ခရုမျိုး ဖြစ် ၍ ထိုအခွံနှစ်ခြမ်းကို ရုန်းနိုင်၊ ကြုံနိုင်သော အကြော တစ်ခုက တစ်နေရာတွင် ပတ္တာသဖွယ်ဆိုင်းထားသည်။ ယေဘုယျ အားဖြင့် အပေါ်ဖက်အခွံသည်ပြား၍၊ အောက်ဖက်အခွံသည် ခွက်ပြီးလျှင် ထိုအခွက်ထဲ၌ ကမာ၏ကိုယ်ခန္ဓာ တည် ရှိသည်။ ကမာသည် အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ရှိ ပင်လယ် ကမ်းခြေတစ်လျှောက် ရေတိမ်ရာ အရပ်များတွင် နေထိုင် သည်။ အေးလွန်းသော ဝင်ရိုးစွန်းဒေသရှိ ပင်လယ် ကမ်းခြေ များတွင်မူ မတွေ့ရချေ။ ကမာတွင်အရွယ်၊ ပုံသဏ္ဌာန်၊ အလေ့အထ၊ အရသာ၊ အာဟာရဓါတ် အနည်းအများ စသည်တို့ကိုလိုက်၍ အမျိုး ပေါင်း တစ်ရာကျော်မျှရှိ၏။ (ခရုမျိုး-ရှု ) […]
ကနန်း
ကနန်း ။ ။ကျွန်ုပ်တို့ သိသလောက် ရေသတ္တဝါများ၌ ခြေထောက် ပါသည်ကို အလွန်တွေ့ရခဲသည်။ များသော အားဖြင့် ခြေထောက် အတုအယောင်များသာ ပါရှိကြသည်။ ကနန်း (ပုဇွန်လုံး)တွင်ကား ထူးခြားစွာ ခြေထောက် ၁၀ချောင်း ပါရှိသည်ကို တွေ့ရ၏။ ယင်းတို့အနက် ချောင်းကိုသာ လမ်းလျှောက်သွားလာရန် အသုံးချ၍ ကနန်းလက်မခေါ် ကြီးမားသန်စွမ်းသည့် ပထမအစုံကိုမူ လက်သဖွယ်အသုံးချသည်။ ထိုလက်မကြီးများသည် ကနန်းအတွက် အကာအကွယ်လက်နက်လည်းဖြစ်၏။ ကနန်း၏ ကျောကုန်းမှာ အံ့ဖွယ်ကောင်းလောက်အောင် မာကျောသော အခွံထူဖြစ်၍ ဤအခွံကြီးက သူ၏ ကိုယ် ခန္ဓာကို ကာကွယ် ထားသည်။ ကိုယ်အရှေ့ပိုင်းတွင် ရင်အုပ် ကာသံချပ်သဖွယ် အကာအကွယ် ပါရှိ၍ ခြေထောက် ၁၀ ချောင်း […]
ကကူရံ
ကကူရံ ။ ။ ကကုရံသည် ပင်လယ်ငါးမျိုး ဖြစ်၍ ရခိုင် ပြည်ဖက်တွင် ငလက်ခွာဟု၎င်း၊ ထားဝယ်ဖက်၌ ငကွဲယင် ဟု၎င်း တွင်သည်။ နိုင်ငံခြားတွင်မူ အိန္ဒိယဆာမန်ဟု ခေါ်လေ့ရှိကြသည်။ ပါဏဗေဒ အလိုအရ ကကုရံသည် ငပုဏ္ဏားနှင့် အတူ “ပေါ်လီနီမီဒို” မျိုးရင်းတွင် ပါဝင်၍၊ ဤငါးနှစ်မျိုးလုံးပင် မြန်မာနိုင်ငံ၌ လူကြိုက်များသဖြင့် အရောင်းရ တွင်ကျယ်လေသည်။ ကကုရံသည် ခြောက်ပေ ကျော်ကျော်အထိ ရှည်နိုင်သည်။ နှာယောင်ပွ၍ ဝိုင်းသည်။ မျက်လုံး ကြီးသည်။ ပါးစပ်ကြီး၍ပါးစပ်ပေါက် နက်သည်။ ကျောဆူးတောင် နှစ်ခုပါ၍ ထင် ရှားပေါ်လွင်သည်။ အမြီးခွနက်သည်။ အနားကြမ်းမျိုး ဖြစ် သည့် အကြေးများမှာ သေးငယ်၍ ထောင်လိုက်ပေါက်သော […]
ကကတစ်
ကကတစ်။ ။ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ် လျှောက်၌ တွေ့ရသော အရေးကြီးသည့် စားငါး တစ်မျိုးဖြစ် ၍ လူသိများသည်။ ဤငါးသည် ပါဏဗေဒ အလိုအရ ငတောက်တူ၊ ကသမြင်း၊ ငစင်စပ် စသည်တို့နှင့်အတူ ‘ပါစီဒို” မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍ အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေး ရှေ့သို့ငေါထွက်နေသည်။ ခေါင်း၏ဘေး တစ်ဖက်တစ်ချက် တွင် ကြီးမားသော မျက်လုံးနှစ်လုံးရှိသည်။ ကျောဆူးတောင် နှစ်ခုပါ၍ ရှေ့ဆူးတောင်တွင် မာကျောသော ဆူးရိုးများ ပါရှိသည်။ အမြီးမှာ ထိပ်ဝိုင်းမျိုးဖြစ်၏။ အကြေးများမှာ မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။ ဤငါး၏ အရောင်မှာ မွဲပြာရောင် ဖြစ်၍၊ […]