မြို များ

ကိမ်းဗရစ်မြို့

Posted on:

ကိမ်းဗရစ်မြို့ ။              ။ကိမ်းဗရစ်မြို့သည် ကိမ်းဗရစ်ရှိုင်ယာနယ်၏ မြို့တော်ဖြစ်၍ လန်ဒန်မြို့မြောက်ဘက် ၅၆ မိုင် အကွာကမ်းမြစ်ပေါ်တွင် တည်ရှိသည်။ သို့သော် ၁၁ရာစုနှစ်လောက်မှစ၍ ယနေ့ထက်တိုင် ကိမ်းဗရစ်မြို့၏ အမည်မှာ ထင်ရှားဘဲ ကိမ်းဗရစ်တက္ကသိုလ်လျှင် ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောလျက် ရှိလေသည်။ ကိန်းဗရစ်မြို့တွင် လူဦးရေ၇၆၂၆ဝ (၁၉၄၅) မျှ ရှိသည်။ အင်္ဂလန်ပြည်ရှိ အောက်စဖို့မြို့သည်လည်း ကိမ်းဗ၈ရစ် မြို့နည်းတူ မထင်ရှားပေ။အောက်စဖို့ တက္ကသိုလ်သာလျှင် လူသိများလေသည်။ အင်္ဂလန်ပြည်ရှိ ထင်ရှားကျော်စောသော တက္ကသိုလ်ကြီးနှစ်ခုအနက် တခုဖြစ်သော ကိမ်းဗရစ်တက္ကသိုလ်မှာ ၁၂ရာစုနှစ်လောက်တွင် မထင်ရှားလှသေးဘဲ ၁၃ ရာစုနှစ်သို့ရောက်မှ တိုးတက်ထင်ရှားလာလေသည်။ ၁၂ဝ၉ ခုနှစ်တွင်အောက်စဖို့တက္ကသိုလ်မှ […]

မြို များ

ကိပ္ပတောင်းမြို့

Posted on:

ကိပ္ပတောင်းမြို့ ။                ။ကိပ္ပတောင်း မြို့သည် တောင်အာဖရိကပြည်ထောင်စုတွင်ရှေးအကျဆုံးနှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ ထိုပြင် ဂွတ်ဒဟုပ် အငူပြည်နယ်၏ မြို့တော်ဖြစ်၍၊တောင်အာဖရိက ပြည်ထောင်စု အစိုးရရုံးစိုက်ရာမြို့လည်းဖြစ်လေသည်။ မြို့၏တည်နေရာမှာ ဂွတ်ဒဟုပ်အငူ၏မြောက်ဘက် မိုင်၃၀ခန့်အကွာ တေဗယ်ပင်လယ်အော်၏ ကမ်းခြေပေါ်တွင်ဖြစ်သည်။ ကုန်းဘက်ပတ်လည်တွင် မြင့်မားသော တောင်တန်းကြီးများက နယ်နိမိတ်သဖွယ် ကာရံလျက်ရှိသည်။ မြို့နှင့်ကပ်လျက်တည်ရှိသော တေဗယ်တောင်တန်းမှာ နှစ်မိုင်ခန့်ရှည်လျား၍၊ အချို့နေရာများတွင် ပေ ၃၅ဝဝ ကျော်မြင့်သည်။ အရှေ့ဘက်၌ ဒဲဗဲပိခေါ် ‘သေမင်း တောင်ထွတ်”သည် လွင်ပြင်၏ အစွန်းဖြစ်သကဲ့သို့ အနောက်ဘက်၌လိုင်းယင်းစဟက်ခေါ် ခြင်္သေ့ဦးခေါင်း’ တောင်ထိပ်သည်အစွန်းဖြစ်လေသည်။ ထိုတောင်ထိပ်နှစ်ခုကြားရှိလွင်ပြင်၌ကိပ္ပတောင်းမြို့သည် တင့်တယ်ခန့်ညားစွာ တည်ရှိသည်။ ကိပ္ပတောင်းမြို့ကို တည်ခဲ့သည်မှာ […]

မြို များ

ကန်းဗရားမြို့

Posted on:

ကန်းဗရားမြို့ ။               ။ကန်းဗရားမြို့မှာ ဩစတြေးလီးယားဓနသဟာယပြည်ထောင်စု၏ မြို့တော်ဖြစ်၍ စတုရန်းမိုင် ၉ဝဝကျော် ကျယ်ဝန်းသော ပြည်ထောင်စုသီးသန့်နယ်မြေအတွင်း၌ တည်ထားပြီးလျှင် စိမ်းလန်းသည့်တောင်ကုန်းများပေါ်တွင် လှပသော အဆောက်အအုံများဖြင့် တန်ဆာ ဆင်လျက် ရှိသော ကြောင့် ကြည့်ရှု၍မငြီးနိုင်သော ရှုမျှော်ခင်းများရှိသည့်မြို့ဖြစ်၏။ ၁၉ဝဝ ပြည့်နှစ်က ဩစတြေးလီးယား ဓနသဟာယပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ရာ ထိုဥပဒေအရ အစိုးရတည်ရမည့်မြို့တော်ကိုသီးခြား ဖြစ်စိမ့်သောငှာ ဩစတြေးလီးယားတိုက် အရှေ့တောင်ထောင့်ရှိ နယူးဆောက်သဝေး ပြည်နယ်တွင် အထက် ပါ အကွက်အကွင်းကျသော စတုရန်းမိုင် ၉ဝဝ ကျော်ရှိမြေလပ်ကို ပြည်ထောင်စု သီးသန့်နယ်မြေအဖြစ်ရွေးချယ်၍ကန်းဗရားမြို့ကို ၁၉၁၃ ခုနှစ်တွင်တည်ခဲ့လေသည်။ ကန်းဗရားမြို့မှာ […]

မြန်မာ , မြို များ

ကန်ပက်လက်မြို့

Posted on:

ကန်ပက်လက်မြို့ ။                     ။ချင်း ဝိသေသတိုင်ကို စီမံခန့်ခွဲအုပ်ချုပ်ရာ၌ မြောက်ပိုင် းချင်းတောင်ခရိုင်၊ တောင်ပိုင်း  ချင်းတောင်ခရိုင်ဟု ခရိုင် ၂ခု ခွဲထားသည်တွင် တောင်ပိုင်းချင်းတောင် ခရိုင်ဝန် ရုံးစိုက်ရာမြို့မှာ ကန်ပက်လက်မြို့ ဖြစ်သည်။ချင်း ဝိသေသတိုင်းတည်ရာ မြန်မာနိုင်ငံအနောက်ပိုင်းရှိ အနောက်ရိုးမ တောင်မြင့်တန်းကြီးတွင် မြင့်မားသောတောင်ထွတ်တောင်ထိပ်အများရှိသည်အနက် ဝိတိုရိယတောင်ထိပ်ဟု ဗြိတိသျှတို့က ခေါ်ဝေါ်၍ ခေါနုမထုန်း (နတ်မိမယ်) တောင်ဟု ချင်းတို့ကခေါ်သော ပေ ၁ဝဝ၁၈ မြင့်သော တောင်ထွတ်ကြီး၏အရှေ့ဘက် ၁၂မိုင်ကွာပေ ၆၂ရ၄မြင့်သော တောင်ရိုးပေါ်တွင် တည်နေပေသည်။ ထိုတည်နေရာမှ အရှေ့လောင်ဂျီတွဒ် ၉၄ ၄နှင့် […]

မြန်မာ , မြို များ

ကန္နီမြို့

Posted on:

ကန္နီမြို့ ။              ။ကန္နီမြို့သည် အောက်ချင်းတွင်းခရိုင် ယင်းမာပင်နယ်တွင်ပါဝင်၍ ကန္နီမြို့နယ်မြို့ပိုင် ရုံးစိုက်ရာမြို့ဖြစ်သည်။ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိ၍ပခုက္ကူမြို့မှ ၁ဝ၄ မိုင်ခန့်ဝေးကွာသည်။ မြောက်ဘက်တွင်မင်းကင်းမြို့နယ်၊ အရှေ့ဘက်တွင် ဘုတလင်းမြို့နယ်များရှိပြီးလျှင် အနောက်ဘက်၌ ပုံတောင်တောင်တန်းကြီးရှိသည်။မြို့နယ်အတွင်းသို့ ချောင်းငယ်မြောင်းငယ်များ အများအပြားပင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ကန္နီမြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း၁၇၃၆ ခန့်ရှိသော်လည်းရှေးမြန်မာမင်းများ လက်ထက်ကကန္နီမြို့နယ်လောက် မကျယ်ဝန်းလှချေ။ မြို့၏ မြောက်ဘက်တွင် ပေ ၂ဝဝ ခန့် မြင့်သော ရွှေမြင်းဖြူ တောင်ကုန်းရှိသည်။ထိုကုန်းမှာ ရှေးက မြို့တော်ဟောင်းနေရာဖြစ်သည့်အလျောက် ကျုံးနေရာနှင့်မြို့ရိုး ဟောင်းများကို ယခုတိုင်တွေ့မြင်နိုင်သေးသည်။ ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင်ကန္နီမြို့၌ မြို့စားထားရှိ၍ ကန္နီနော်ရထာဘွဲ့နှင့် အုပ်ချုပ်စေခဲ့သည်။ […]

မြို များ

ကန္ဒီမြို့

Posted on:

ကန္ဒီမြို့ ။                    ။ကန္ဒီမြို့သည် သီဟိုဠ်ကျွန်း၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား၏ စွယ်တော်တိုက်ရှိသဖြင့်လည်းကောင်း၊ ရှေးသီဟိုဠ်ဘုရင်များ၏ အရိုးဂူသင်္ချိုင်းများရှိသဖြင့်လည်းကောင်း၊ အလွန်လှပသောပန်းဥယျာဉ်များ၊ဘုရားပုထိုး တန်ဆောင်းများ ရှိသဖြင့်လည်းကောင်း၊ထင်ရှားကျော်ကြားသော မြို့တစ်မြို့ဖြစ်၍ နှစ်စဉ် ခရီးသည်ပေါင်း များစွာလာရောက်လေ့ရှိသည်။ ကန္ဒီမြို့မှာ သီဟိုဠ်ကဒန်း ဗဟိုပြည်နယ်၏ မြို့တော်ဖြစ်၍ပင်လယ်ပြင်မှပေပေါင်း ၁၆ဝ၂ ပေ မြင့်သော ကုန်းပြင်၌တည်ရှိသည်။ မြို့အနီးတွင် ၁၈ဝ၆ ခုနှစ်က နောက်ဆုံး ကန္ဒီဘုရင် တူးဖေါ်ထားခဲ့သော လှပသည့် ရေကန်ကြီးရှိသည်။ကိုလံဗို မြို့မှ အရှေ့မြောက်ဘက် ၇၅ မိုင် ကွာဝေးသည်။ ကမ္ဘာ့ဗုဒ္ဓ ဘာသာဝင်တို့ အထွတ်အမြတ်ပြုရာ စွယ်တော်တိုက်မှာ […]

မြို များ

ကန်တုန်မြို့

Posted on:

ကန်တုန်မြို့။                ။ကန်တုန်မြို့သည် ကွမ်းတုန်ပြည်နယ်၏မြို့တော်ဖြစ်၍ တရုတ်နိုင်ငံတွင် စတုတ္ထ အကြီးဆုံးသောမြို့ဖြစ်သည်။ ချူးကျန်မြစ်ခေါ် ပုလဲမြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ ပင်လယ်မှမိုင် ၈ဝ ခန့်ကွာဝေးသည်။ ရှေးအခါက တရုတ်နိုင်ငံ၏ အချက်အခြာ ဆိပ်ကမ်း မြို့ကြီးဖြစ်ခဲ့ပြီးလျှင် ယခုခေတ်တွင်လည်း တောင်ပိုင်းတရုတ်နိုင်ငံ၏ ကုန်သွယ်မှု ဗဟိုဌာနကြီးဖြစ်သဖြင့် အထူးပင်စည်ကားလှလေသည်။ အနောက်တိုင်းကုန်သည်များနှင့် ပထမဆုံးဆက်သွယ်ခဲ့ရသော တရုတ်မြို့ကြီးဖြစ်သည်နှင့်အညီ ပေါ်တူဂီ၊ဒပ်ချ၊ အင်္ဂလိပ်၊ ပြင်သစ် လူမျိုးအသီးသီးတို့၏ ယဉ်ကျေးမှုများသည် ထိုမြို့မှတစ်ဆင့် တရုတ်နိုင်ငံအလုံးသို့ ပျံ့နှံ့ခဲ့ရသည်ဖြစ်ရာ တရုတ်နိုင်ငံတွင် ဒအသစ်အဆန်းဟူသမျှ ကန်တုန်ကစသည်”ဟူ၍ပင် တရုတ်လူမျိုးတို့ ပြောစမှတ်မူကြသည်။ နိုင်ငံခြားသို့ သွားရောက်နေထိုင်ကြသော တရုတ်များစွာတို့မှာလည်း ကန်တုန်မြို့သူမြို့သားများဖြစ်ရကားနိုင်ငံခြားသားတို့သည် […]

မြို များ

ကန်တာဗာရီမြို့

Posted on:

ကန်တာဗာရီမြို့ ။              ။အင်္ဂလိပ်စာပေလောကတွင် ပုံပြင်ဝတ္ထုများကို လင်္ကာဖြင့်ရှေးဦးစွာရေးသားခဲ့သူ စာရေးဆရာကြီးဂျက်ဖရီချောစားသည် ကန်တာဗာရီသွားဘုရားဖူးများလမ်းခရီးတွင် အပျင်းပြေပြောကြဟန်ဖြင့် ဒကန်တာဗာရီပုံပြင်များ’ကို ရေးသားခဲ့လေသည်။ ကန်တာဗာရီမြို့သည်ရှေးအခါမှစ၍ ခရစ်ယန်တို့၏ အယူဝါဒရေးဆိုင်ရာ အထွတ်အမြတ်နေရာဖြစ်ခဲ့၏။ ဗြိတိန်ကျွန်းသို့ ဘီစီ ၅၅ ခုနှစ်တွငဂျူးလယပ်ဆီဇာ ချီတက်တိုက်ခိုက်စဉ်ကပင် ကန်တာဗာရီမြို့မှာ အတော်အတန် ထင်ရှားစည်ကားနေလေပြီ။ စိန်အော်ဂပ်စတင်းလက်ထက် အေဒီ ၅၉၇ ခုနှစ်မှစ၍ ကန်တာဗာရီမြို့သည် ရေဖျန်းဂိုဏ်း၏ အချုပ်အခြာ ဗဟိုဌာနဖြစ်ခဲ့လေသည်။ အင်္ဂလန်ပြည်လုံးဆိုင်ရာ အယူဝါဒရေးကိစ္စများကိုကန်တာဗာရီမြို့ရှိ ကန်တာဗာရီဂိုဏ်းချုပ်ကြီးက ကြီးကြပ်အုပ်ချုပ်ရလေသည်။ ကန်တာဗာရီမြို့သည် ကင့်နယ်၏ခရိုင် မဲဆန္ဒမြို့ဖြစ်လျက်လန်ဒန်မြို့၏ အရှေ့တောင်ယွန်းယွန်း ၆၂ မိုင်ကွာတွင်စတောင်ဝါမြစ်ကမ်းပေါ်၌တည်ရှိသည်။ ယခုခေတ်တွင်ကန်တာဗာရီအနီး စတောင်ဝါမြစ်ကမ်းတစ်လျှောက်၌ဂျုံစက်များ၊ သားရေနယ်စက်များနှင့် ဗြစ်ရည်ချက်ရုံများ […]

မြန်မာ , မြို များ

ကန့်ဘလူမြို့

Posted on:

ကန့်ဘလူမြို့ ။            ။ကန့်ဘလူမြို့သည် ရွှေဘိုခရိုင် ကန့်ဘလူနယ်၏ ရုံးစိုက်ရာမြို့ဖြစ်၍၊ ရွှေဘိုမြို့၏မြောက်ဘက် ၄၆မိုင်ကွာ စစ်ကိုင်း-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ တောင်ဘက်တွင် ခင်ဦးမြို့နယ်နှင့် ဆီဆုံကြီးရွာ၊မြောက်ဘက်တွင် ဒေါင်းယူးချောင်း၊ အရှေ့ဘက်တွင် ဧရာ ဝတီမြစ်၊ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်နှင့် အထက်ချင်းတွင်းနယ်စပ်တို့ တည်ရှိသည်။ မီးရထားဌာနတွင် အရေးပါသော ဘူတာရုံတစ်ခုဖြစ်၍ မီးရထားဖက်ဆိုင်ရာ အရာရှိကြီးငယ်နှင့် အမှုထမ်းများစွာ နေထိုင်ပြီးလျှင် စက်ခေါင်းရုံကြီးများလည်းရှိသည်။ ထိုပြင်မီးရထားရဲဌာနာနှင့် မီးရထားဌာ န ဆေးရုံများ လည်းရှိသည်။ နယ်အုပ်ချုပ်ရေးဆိုင်ရာတွင်လည်း နယ်ပိုင်ဝန်ထောက်ရုံး၊ မြို့ပိုင်ရုံး၊ ရဲဌာနာ၊ စာပို့တိုက်၊ ဆေးရုံ၊ နိုင်ငံတော် မူလတန်းကျောင်း၊ ဈေးနှင့်နယ်စီး တောအုပ်ရုံးများရှိသည်။ […]

မြို များ

ကစ်ရှမြို့

Posted on:

ကစ်ရှမြို့။          ။အီရတ်နိုင်ငံ၏ မြို့တော်ဖြစ်သော ဘဂ္ဂဒက်မြို့၏ တောင်ဘက် မိုင် ၁ဝဝ ခန့်အကွာ၊ ယူဖရေးတီးနှင့်တိုင်းဂရစ်မြစ်များအကြားတွင် မြို့ပျက်နေရာတစ်ခုတည်ရှိ၏။ယင်းမှာ ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်က လူနေအိမ်ခြေစည်ကားလျက် ခမ်းနားကြီးကျယ်သော ကစ်ရှမြို့တည်ရာအရပ်ဖြစ်သည်။ ထိုကစ်ရှမြို့မှာ ကမ္ဘာကိုရေလွှမ်းပြီးနောက် ရှေးဦးစွာတည်ဆောက်ခဲ့သောမြို့ ဖြစ်ကြောင်းနှင့် ထိုမြို့ပျက်နေရာအတွင်းမှ တူးဖော်ရရှိသော ကျောက်စာများတွင်ဖော်ပြပါရှိသည်။ ထိုပြင် ဆူမီးယားရီးယန်းလူမျိုးတို့ကောင်းစားစဉ်က မြို့တော်ဟောင်း ကြီးဖြစ်ကြောင်းနှင့် ကမ္ဘာအရှေ့အနီးပိုင်းတွင် ယဉ်ကျေးမှုစတင်ထွန်းကားရာ အရပ်ဖြစ်ခဲ့သည်ဟုလည်း ဆိုကြသည်။ မြို့ပျက်အတွင်းရှိ တောင်ပို့ကြီးတစ်ခုကိုအမြင့်ဆုံး နေရာမှအောက်ပေ ၆ဝ ခန့် နက်အောင် တူးဖော်ကြည့်ရာတွင်ကျောက်လက်နက်များကို အသုံးပြုသော ကျောက်ခေတ်မှခရစ်တော် ပေါ်ထွန်းသည့်ခေတ်အထိ ထိုကာလအပိုင်းအခြားအတွင်း အသုံးပြုခဲ့သော ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ဝတ္ထုပစ္စည်းများကို တွေ့ရှိခဲ့၏။ […]