အနုပညာ

ကမီယိုပန်းပြောက်

Posted on:

ကမီယိုပန်းပြောက် လူတို့ အဆင်အယင် တန်ဆာ အဖြစ် အသုံးပြုကြသော ပစ္စည်းအမျိုးမျိုးတွင် မိမိတို့ နှစ် သက်ရာ ကိုးကွယ်ရာ အထိမ်းအမှတ်ပြုရာ ရုပ်ပုံများကို အကြွ ထွင်းထုထားသော ကျောက်မျက်ဖြင့် ပြုလုပ်သည့် ပစ္စည်း များလည်းပါဝင်လေသည်။ ထို ကျောက်မျက်များကို ‘ကမီယို” ဟုခေါ်၍ အချိုင့်ထွင်း ကျောက်မျက်များကို ‘အင်တဲလယို’ဟု ခေါ်သည်။ ကမီယိုပန်းပြောက်ကို သုံးသောအလေ့အထသည် လူတို့ တွင် ရှေးအခါမှစ၍ ရှိခဲ့၏။ ရှေးက ကျောက်မျက်များ တွင်သာမက ယောက်သွားခွံများ၊ ခရုခွံများ၊ ကနုကမာများ ပေါ်တွင်လည်း ပုံကြွများဖေါ်၍ ဝတ်ဆင်ခဲ့ကြသည်။ ကျောက်မျက်များကို ပုံကြွဖေါ်ရာတွင် အရောင်နှစ်မျိုးသုံး မျိုးထပ်လျက်ရှိသော ကျောက်မျက်များသည် အလွန်ကောင်း ၏။ အပေါ်ယံအရောင်တွင် […]

အနုပညာ

ကခုန်ခြင်း

Posted on:

ကခုန်ခြင်း။ ။ကခုန်ခြင်းဆိုသည်မှာ ကိုယ်အင်္ဂါအစိတ် အပိုင်းများကို အချက်ကျကျ လှုပ်ရှားခြင်းဖြစ်၍ထိုသို့ လှုပ်ရှားမှုတိုင်းတွင် သဘောသရုပ်အဓိပ္ပါယ်အမျိုးမျိုး ပါရှိ လေသည်။ကခုန်သည့်အခါ တေးသီချင်းများကိုသီဆိုပြီး လျှင်လက်ခုပ်လက်ဝါးတီး၍ စည်းချက်လိုက်ပေးရသည်။ သို့မဟုတ် တူရိယာဂီတများ တီးမှုတ်ပေးရသည်။အချို့သော ရှေးခေတ်အကအခုန်တို့တွင် ခေါင်းခြေထောက်၊ ကျော၊ခါး၊ လက်မောင်း၊ လက်ချောင်းစသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးကိုလှုပ်ရှား၍ တပင်တပန်းလိမ်ကောက်ခုန်ပေါက်က ကြရ၏။ အချို့သောအကများတွင်ကား ခြေလက်များကို လှုပ် သည်ဆိုရုံမျှလှုပ်ရလေသည်။ ရှေးခေတ် ကခုန်ခြင်းတို့တွင် ကြည့် သူနှစ်သက်မှုရရန်ထက် ကသူ ပျော်ရွှင်ကျေနပ်မှုရရန်မှာ အဓိက အချက်ပင်ဖြစ်သည်။ တွဲဖက်၍ ကခြင်းအလေ့သည် အနောက်နိုင်ငံများတွင် ပို၍ ခေတ်စားလာရကား ကခုန်ခြင်းသည် ဖိုမဆက် ဆံရေးနှင့်သာ လုံးဝဆက်သွယ်နေသည်ဟု အချို့က ထင်မြင် ကြသည်။ […]